[ 6 ]

4.2K 486 10
                                    

[Zawgyi]

ချစ်​ရတဲ့သူဆီက ဒုတိယအကြိမ်​ ထပ်​မံအငြင်းခံရချိန်​မှာ သူ့ရဲ့ ​မျှော်​လင့်​ချက်​​ရောင်​ခြည်​​လေး​တွေက အနည်းငယ်​ ​မှေးမှိန်​စပြုလာသည်​။

တကယ်​ပဲ သူဟာ ကျန့်​​ကောရဲ့ အချစ်​ကို မရနိုင်​​တော့ဘူးလား?

မပြည့်​စုံတဲ့ ဘဝမှာ ​တောင့်​တခဲ့မိဖူးတာ ထိုလူသားတစ်​​ယောက်​တည်းကိုပါ။ ဒါ​ပေမဲ့ ဘာလို့များ အကြင်​သူဟာ သူ့အ​ပေါ် ဒီ​လောက်​ လျစ်​လျူ ရှုရက်​​လေသလဲ။

သူက​ရော? သူက​ရော ဘာလို့ နာကျင်​ရမှန်းသိတာ​တောင်​ ကျန့်​​ကောကို လက်​မလွှတ်​နိုင်​ရ​သေးတာလဲ။ ဒီလူ့ကို ချစ်​ရတာက ​မျှော်​လင့်​ချက်​​တွေမဲ့၊ ယုံကြည်​ချက်​​တွေ ခဏခဏရိုက်​ချိုးခံရတာ​တောင်​ သူမစွန့်​လွှတ်​နိုင်​​သေးဘူး။

"​ရှောင်းကျန့်​"ဆိုတဲ့ ဝဲဂယက်​မှာ သူဟာ လိုလိုလားလားနဲ့ကို နစ်​မြုပ်​​နေမိတုန်းပါပဲ။

"​ရှောင်းကျန့်​"ဆိုတဲ့ ဝင်္ကပါမှာ ပိတ်​မိပြီးကတည်းက သူဟာ ပြန်​လမ်းကို မ​တွေ့​တော့တာပဲ။ မဟုတ်​ဘူး ​လမ်းစရှာ​တွေ့ခဲ့ရင်​​တောင်​ ပြန်​မထွက်​ချင်​​တော့တာဆိုပိုမှန်​မယ်​။

"ရိ​ပေါ်..သားထ​တော့​လေ"

အိပ်​​ပျော်​​နေတုန်း ​ဘေးက လာလှုပ်​နှိုး​နေ​သော အထိအ​တွေ့​ကြောင့်​ မျက်​လုံးကို အသာအယာဖွင့်​ကြည့်​မိ​တော့

"သား​ကျောင်းသွားရဦးမှာမလား..ထ​တော့​နောက်​ကျ​နေပြီ"

သူ့​ဘေးမှာ အိပ်​သည့်​ ရိကျိုး​လေး​တောင်​ ထသွားပြီမို့ သူ​နောက်​ကျ​နေပြီမှန်း​တော့ သိလိုက်​သည်​။

"သားထပြီ​နော်​ပါး..ညက​နောက်​ကျမှအိပ်​ရာဝင်​မိလို့"

"မျက်​ခွံ​တွေအစ်​​နေတာပဲ..သားညကထပ်​ငိုထားတာလား"

ပါးက စိုးရိမ်​တကြီးနှင့်​ သူ့မျက်​ခွံ​လေး​တွေကို အသာပွတ်​​ပေးလာရှာသည်​။

"သားမထိန်းလိုက်​နိုင်​လို့"

"အချစ်​ကြီးသူကရှုံးတယ်​တဲ့...ပါးရဲ့သားကြီးက ပိုချစ်​ရတဲ့သူမလို့ အခုလိုခံစားရတာလို့ပဲ ​ဖြေသိမ့်​လိုက်​ပါ..​တစ်​ချိန်​မှာ​တော့ ​ရှောင်းသခင်​​လေးက သားရဲ့အချစ်​​တွေကို နားလည်​လာမှာပါ"

Gladiolus[Completed]Where stories live. Discover now