[Zawgyi]
နေ့ရက်တွေက ပုံမှန်အတိုင်းပဲ လည်ပတ်နေကာ တရွေ့ရွေ့ကုန်ဆုံးနေသည်။ ရှေ့ရေးကို ကြိုမတွေးရဲတာမို့ လက်ရှိကာလလေးမှာပဲ ရိပေါ်နှင့် ပျော်ရွှင်စွာ သူနေထိုင်သည်။
သူ့မျက်နှာ တစ်ကမ္ဘာတည်နေတဲ့ ရိပေါ်လိုပဲ သူ့ရဲ့ အရာရာဟာလည်း ဝမ်ရိပေါ်ဆိုတဲ့ လူသားသာ။
ဆွဲလက်စ ပန်းချီကားကို လက်စသတ်ရင်း ရိပေါ်ရှိရာကို လှမ်းကြည့်မိတော့ သူနှင့်မလှမ်းမကမ်းက မြေပြင်ပေါ်မှာ ဒိုက်ထိုးနေသော ရိပေါ်ကိုတွေ့သည်။
နားထင်မှတစ်ဆင့် စီးကျနေသော ချွေးစက်များကိုပင် မသုတ်ဘဲ ပြင်းပြင်းထန်ထန် ဒိုက်ထိုးနေသော ရိပေါ်ကြောင့် မနေနိုင်သော သူကပဲ အိတ်ကပ်ထဲက လက်ကိုင်ပုဝါကို ထုတ်ကာ တကူးတက သွားသုတ်ပေးရသည်။
"၇၈...၇၉...၈၀"
နံပါတ်စဉ်ရေကာ ဒိုက်ထိုးနေသော ရိပေါ်ရဲ့မျက်နှာထက် သူ့လက်ကိုင်ပုဝါကျရောက်သွားတော့ အနှီလူသားက သူ့ကို မော့ကြည့်လာတာမို့
"ချွေးတွေအရမ်းထွက်နေတယ်လေ...အဲ့တာ ချွေးနဲ့အအေးပတ်မှာစိုးလို့"
အလျင်အမြန် ဖြေရှင်းချက်ထုတ်လိုက်သော သူ့ကိုကြည့်ရင်း ရိပေါ်က ခပ်ဖွဖွရယ်လာသည်။
"ဘယ်သူက ဘာပြောနေလို့လဲ"
ပြီတီတီမျက်နှာပေးနှင့် သူ့ကို စိုက်ကြည့်နေသော ဝမ်ရိပေါ်ရဲ့ လက်ပြင်ကို သူတစ်ချက်ပိတ်ထိုးလိုက်တော့
"အာ့...နာတယ်ဗျ"
"နာအောင်ကိုထိုးတာ"
ခြေနှစ်ချောင်းကို ဆန့်ထားပြီး မြေပြင်ပေါ်မှာ အားရပါးရထိုင်နေသော ရိပေါ်ဘေးမှာ သူလည်း ကပ်ထိုင်လိုက်တော့ ရိပေါ်က သူ့ဘက်ကို လှည့်ကြည့်လာတာကြောင့် နှစ်ယောက်သား အကြည့်ချင်းဆုံသွားသည်။
"ကျန့်ကော"
"အင်း"
"ချစ်တယ်"