[ 14 ]

4.2K 491 35
                                    

[Zawgyi]

ရှောင်းကျန့်​​ကို တင်းကြပ်​စွာ ဖက်​ထားရင်းနှင့်​ သူ့ရဲ့ပူ​လောင်​​နေတဲ့ စိတ်​​တွေကို ငြိမ်​သက်​​အောင်​ ပြုလုပ်​ရသည်​။

ရင်​ခွင်​ထဲက ​ခေါင်းလုံး​လေး​ကတော့ ​ကြောက်​သွားလို့လား​တော့မသိ၊ သူ့ရင်​ခွင်​ထဲမှာ ငြိမ်​ကုပ်​​နေသည်​။

တ​အောင့်​​လောက်​ကြာ​တော့မှ သူ့ကို လက်​နှင့်​တွန်းလာသည်​မို့ ဖက်​ထားရာမှ လွှတ်​​ပေးလိုက်​​တော့ သူနဲ့​ဝေးရာကို သွား​ပြေးရပ်​သည်​။

သူ့ကို အဲ့​လောက်​​တောင်​ မချစ်​နိုင်​တာလား?

သူ့မှာ ဘာလိုအပ်​ချက်​​တွေများရှိ​နေလို့ အဲ့လူက ဒီ​လောက်​ ခါးခါးသီးသီးဖြစ်​​နေရတာလဲ?

ရှောင်းကျန့်​ကို ​အော်​ဟစ်​ကာ ​ဒေါသထွက်​ပစ်​လိုက်​ချင်​​ပေမဲ့ ခုနကကိစ္စနဲ့တင်​ အ​ကြောက်​မ​ပြေ​လောက်​​သေးတာမို့ ကိုယ့်​​ဒေါသကိုယ်​ ပြန်​မြိုချလိုက်​ရသည်​။

"ခင်​ဗျားဒီမှာခဏ​နေခဲ့...ဒီက​နေ တစ်​ဖဝါးခွာသွားကြည့်​ ခင်​ဗျားကိုရိုက်​သတ်​ပစ်​မှာ"

ဒီ​လောက်​ခြိမ်း​ခြောက်​တာ​တောင်​ ​ခေါင်းမာသည့်​ ​ရှောင်းကျန့်​က သူ့ကိုအဖက်​မလုပ်​ဘဲ ​မျက်​နှာကိုလွှဲထား​သေးသည်​။

"ခင်​ဗျားနဲ့​နောက်​မှရှင်းမယ်​...​နေနှင့်​ဦး"

ရှောင်းကျန့်​ကို ခဏထားခဲ့ပြီး ခုနက ရုတ်​ရုတ်​သဲသဲဖြစ်​ထားသည့်​​နေရာသို့ သူထွက်​လာခဲ့သည်​။

"ခုနက​ကောင်​ ဘယ်​​ရောက်​သွားလဲ"

ဘေးကရပ်​ကြည့်​​နေသည့်​ လူအုပ်​ထဲမှ ​ကောင်​မ​လေးကို ​မေးလိုက်​​တော့ အနှီ​ကောင်​မ​လေးက ​ကြောက်​​ကြောက်​လန့်​လန့်​နှင့်​ ဆိုင်​ထွက်​​ပေါက်​ဘက်​ကို ညွှန်​ပြလာသည်​။

သူမညွှန်​ပြသည့်​ ​နေရာကို ကြည့်​လိုက်​​တော့ ယိုင်​တီးယိုင်​တိုင်​ ​ခြေလှမ်းများနှင့်​ ဒ​ရော​သောပါး​ပြေးမည်​ပြု​နေ​သော ဟိုလူ

"အဟက်​...ဝမ်​ရိ​ပေါ်ရဲ့လူကို လာထိထားပြီး ဒီလို လွယ်​လွယ်​​ပြေးလို့ရမလား"

Gladiolus[Completed]Where stories live. Discover now