[ 5 ]

4.5K 483 4
                                    

[Zawgyi]

1937,ဝမ်​ရိ​ပေါ်16နှစ်​၊ ​ရှောင်းကျန့်​20နှစ်

သုံးနှစ်​........သုံးနှစ်​တိုင်​ခဲ့ပြီ။

ရိ​ပေါ်က ​ရှောင်းကျန့်​​ကောကို ချစ်​မြတ်​နိုးခဲ့ရတာ သုံးနှစ်​ကြာခဲ့ပြီ။ ခုနှစ်​သက္ကရာဇ်​​တွေ ​ပြောင်းလဲလာခဲ့​ပေမဲ့ ​ကောအ​ပေါ်ထားတဲ့ ရိ​ပေါ်ရဲ့ ချစ်​ခြင်း​တွေက​တော့ တစ်​လက်​မက​လေး​တောင်​ တိမ်း​စောင်းခြင်းမရှိခဲ့သလို တစ်​စက်​က​လေး​တောင်​လည်း ​လျော့ပါးသွားခြင်းမရှိခဲ့။

ချစ်​တာ​ပေါ့...ဝမ်​ရိ​ပေါ်ဆိုတဲ့ သူက ​ရှောင်းကျန့်​​ကောကို သိပ်​ချစ်​ရတာ​ပေါ့။ သုံးနှစ်​သုံးမိုး​တောင်​ ချစ်​ခဲ့ရသည်​မို့ သူ့ရဲ့ အချစ်​ထုထည်​က အ​တော်​​တော့ ကြီးမား​နေခဲ့ပြီ။

ချစ်​ခြင်းတရား​ရဲ့ အစပြုရာဟာ ​​"ကော"ဆိုတဲ့လူသား​လေးမို့ ထိုလူသား​လေးကို သူအင်​မတန်​မှ ချစ်​ခင်​ရပါသည်​။ အင်​မတန်​မှလည်း မြတ်​နိုးရပါသည်​။ မသိချင်​​ယောင်​​ဆောင်​ထားတဲ့ ​ကောက​ရော သူ့ကို နည်းနည်း​လေး​တောင်​ ပြန်​မချစ်​နိုင်​​တော့ဘူးလား။

ကောဆိုတဲ့ ဒီလူသား​လေးက ဘာ​ကြောင့်​များ သူ့ရဲ့အချစ်​​တွေကို မခံစားမိရတာလဲ။ သူ့အချစ်​ကပဲ မစစ်​မှန်​လို့ ​ကောက ​ရောင်​ပြန်​မဟပ်​တာများလား?

အ​တွေး​တွေ များလို့ အိပ်​​ရေးပျက်​ခဲ့ရတဲ့ ည​ပေါင်းလည်း များလှပါပြီ ချစ်​​သော​ရေ......။

♡ ♡ ♡

"​ကောကိုချစ်​တယ်​"

သုံးနှစ်​ကြာအပြီးမှ ထပ်​မံဝန်​ခံခဲ့တဲ့ ချစ်​ခြင်းတစ်​ခု။

ကောသတိထားမိ​လောက်​လား​တော့ မသိ​ပေမဲ့ ပထမတစ်​ခါက "သ​ဘောကျတယ်​"ဆိုတဲ့ စကားလုံးကိုပဲ သုံးနှုန်းခဲ့တာ။ အဲ့တုန်း က​လေးအရွယ်​မို့ စိတ်​ကစားတာလည်း ဖြစ်​နိုင်​တာ​ကြောင့်​ သ​ဘောကျတယ်​လို့ပဲ​ပြောခဲ့တာ။ ဒါ​ပေမဲ့ အချိန်​ကြာ​လေ ပိုပိုသိလာရပြန်​တာက သူဟာ ​ကောကို အရမ်းအရမ်းကို ချစ်​​နေမိတယ်​ဆိုတာကိုပဲ။

Gladiolus[Completed]Where stories live. Discover now