[ 17 ]

4K 469 54
                                    

[Zawgyi]

"မင်းတို့နှစ်​​ယောက်​ ဘာလို့ငြိမ်​​နေကြတာလဲ"

ယူးတိုရဲ့အသံက အတိတ်​ကိုပြန်​​တွေး​နေတဲ့ သူ့ကို ပစ္စုပ္ပန်​သို့ ပြန်​​ရောက်​​စေသည်​။ မင်​​ယောင်​နဲ့သူက ဟိုးအရင်​တုန်းကလို ဆက်​ဆံ​ရေးမျိုးမှမဟုတ်​​တော့တာကို သူက ဘယ်​လိုလုပ်​ အရင်​လိုပြန်​​ခေါ်​ပြော​နေနိုင်​မှာလဲ။

မင်​​ယောင်​​ရော သူ​ရောက လူ​ကောင်း​တွေမဟုတ်​ကြ​ပေမဲ့ ယုတ်​မာတဲ့ပုံချင်းကွာသည်​။ သူက ရိုက်​ရုံနှက်​ရုံ​လောက်​နှင့်​ပဲ ​ကျေနပ်​တတ်​​ပေမဲ့ မင်​​ယောင်​က​တော့ ထိုသို့မဟုတ်​။ သူ့လက်​ထဲ​ရောက်​လာတဲ့ သုံ့ပန်း​တွေက ပင်​ပန်းခက်​ခဲတဲ့ အလုပ်​​တွေလုပ်​ကြရတာကလွဲရင်​ ကျန်​တာ​ဘာမှမပူရဘူး။

ရိ​ပေါ်က လူ​ကောင်း​တော့မဟုတ်​​ပေမဲ့ မယုတ်​မာတတ်​ဘူးလို့ ​ပြောရမည်​။ ဒါ​ပေမဲ့ မင်​​ယောင့်​ဆီ ​ရောက်​သွားရတဲ့လူ​တွေကကျ ခန္ဓာပိုင်းဆိုင်​ရာတင်​မကဘဲ စိတ်​ဓာတ်​ပိုင်းဆိုင်​ရာပါ ​ချေမွဖျက်​ဆီးခြင်းကို ခံကြရသည်​။

သူဟာ စစ်​ပွဲ​ပေါင်းများစွာကို တိုက်​ခိုက်​ခဲ့တဲ့သူဖြစ်​တာ​ကြောင့်​ လက်​နှစ်​ဖက်​လုံး ​သွေးစွန်းခဲ့ဖူး​ပေမဲ့ ပုရွက်​ဆိတ်​​တောင်​ မသတ်​ဖူး​သော ​ပျော့တိ​ပျော့ဖတ်​နှင့်​မင်​​ယောင်​က သူ့ထက်​ ပို​ကြောက်​ဖို့​ကောင်းသည်​။

သူတို့နှစ်​​ယောက်​က ပြဒါးတစ်​လမ်း သံတစ်​လမ်းဖြစ်​တာ​ကြောင့်​ သူ့ဘက်​က အတတ်​နိုင်​ဆုံး ခပ်​ခွာခွာ​နေခဲ့​ပေမဲ့ မင်​​ယောင်​က မထိတထိနှင့်​ ရန်​စ​လေ့ရှိသည်​။ အားနာ​ထောက်​ထား​နေရမဲ့ ယူးတိုသာမရှိရင်​ မင်​​ယောင်​ဟာ ရိ​ပေါ်ရဲ့လက်​ထဲမှာ ​သေပြီးတာ ကြာလှပြီ။

"​​မဟုတ်​ပါဘူးယူးတိုရဲ့...ရိ​ပေါ်က အ​တွေးများစရာ​လေး​တွေရှိလို့ ငြိမ်​​နေတာပါ"

ကာယကံရှင်​ဖြစ်​တဲ့သူ​တောင်​ ငြိမ်​​နေတာကို သူ့အစားထ​ဖြေ​နေတဲ့ မင်​​ယောင့်​မျက်​နှာကို စူးရဲစွာ စိုက်​ကြည့်​လိုက်​​တော့ ထိုသူက သူ့ကို မဲ့ပြုံး​လေးပြုံးပြ​နေသည်​။

Gladiolus[Completed]Where stories live. Discover now