[ 31 ]

3.7K 424 20
                                    

[Zawgyi]

ကောင်းကင်​မှာ ​လမင်းကြီးက အစွမ်းကုန်​လှ​နေ​ပေတယ်​။ ​ဆောင်းရာသီဝင်​ခါစမို့ ​​အရမ်းကြီး မချမ်း​သေး​ပေမဲ့လည်း ဝရံတာမှာ ထွက်​ထိုင်​​နေ​သော ​ရှောင်းကျန့်​က​တော့ အနည်းငယ်​တုန်​ရီစပြုလာတာမို့ အခန်းထဲဝင်​မည်​အပြင်​ ပုခုံးပေါ်​ရောက်​လာ​သော ကုတ်​အင်္ကျီတစ်​ထည်​နှင့်​အတူ သူ့​ဘေးမှာလာရပ်​​​နေ​သော ဝမ်​ရိ​ပေါ်​ကြောင့်​ ​ခြေလှမ်းများကို ရပ်​တန့်​လိုက်​သည်​။

ဘေးတ​စောင်း​အ​နေအထားနှင့်​ မြင်​​နေရ​သော ဝမ်​ရိ​ပေါ်သည်​ လွန်​ခဲ့တဲ့၉နှစ်​က ​ကောင်​​လေးနဲ့ ဘာမှမဆိုင်​​​တော့​လောက်​​အောင်​ကို ​ပြောင်းလဲသွားသည်။ အရင်​က က​လေးရုပ်​​လေး​နေရာမှာ ​ယောက်ျားပီသတဲ့ ​မေးရိုးထင်းထင်းတို့က အစားထိုးဝင်​​ရောက်​လာပြီး တကယ့်​ကို ​ယောက်ျားကြီးတစ်​​ယောက်​ ဖြစ်​လာခဲ့ပြီ။

သူ​ငေးကြည့်​​နေမိသည်​ကို ဝမ်​ရိ​ပေါ်က သတိထားမိသွားကာ

"ဘာ​တွေအဲ့​လောက်​ကြည့်​​နေတာလဲ ​ကော"

"မကြည့်​ပါဘူး"

"လိမ်​​နေပြန်​ပြီ..ဒီလူကြီးက​တော့"

သူ့အကြည့်​​တွေကို ဝမ်​ရိ​ပေါ်ဆီက ပြန်​လွှဲလိုက်​ပြီး ​ကောင်းကင်​ကိုသာ ပြန်​​မော့ကြည့်​​နေလိုက်​သည်​။

ဝမ်​ရိ​ပေါ်က သူ့ကို စူးစိုက်​ကြည့်​​နေမှန်းသိ​ပေမဲ့ မသိချင်​​ယောင်​​ဆောင်​ကာ ​ကောင်းကင်​ကိုပဲ ဆက်​​မော့ကြည့်​​နေလိုက်​​တော့ ​ဘေးကဝမ်​ရိ​ပေါ်က သူ့​နောက်​ကို​ရောက်​လာပြီး ခါးတစ်​ဝိုက်​ကို တင်းကြပ်​စွာ သိုင်းဖက်​လာတာ​ကြောင့်

"ဘာဖြစ်​ပြန်​ပြီလဲရိ​ပေါ်"

ညာဘက်​ပုခုံး​ပေါ်မှာ ဝမ်​ရိ​ပေါ်ရဲ့ ​ခေါင်းလုံး​လေးက လာမှီ​နေတာ​ကြောင့်​ သူ့လည်​တိုင်​တစ်​ဝိုက်​က ​နွေး​ထွေးလို့​နေသည်​။

"​​ကောကိုချစ်​လွန်းလို့ ရူး​တော့မယ်​ထင်​တယ်​"

"ဟုတ်​လား...ဒါဆို ကိုယ်​ကအရူး​တော့ မချစ်​တတ်​ဘူး​နော်​"

Gladiolus[Completed]Where stories live. Discover now