[Zawgyi]
ရှောင်းကျန့်ဆိုတဲ့ သူ့ဘဝမှာ ဝမ်ရိပေါ်ကလွဲရင် ဘယ်သူ့ကိုမှ နင့်နင့်နဲနဲမချစ်ခဲ့ဖူးဘူး။ အချစ်ဆိုတာက မြူ မှုန်လောက်တောင် အရေးမပါဘူးလို့ တွေးခဲ့ဖူးတဲ့ သူ့ကို ချစ်တတ်လာအောင် သင်ပေးခဲ့တာက ဝမ်ရိပေါ်။
ဝမ်ရိပေါ်လောက် သူ့ကို ဘယ်သူမှ မချစ်ပေးနိုင်ဘူး။ ယုတ်စွအဆုံး သူ့မိဘတွေတောင် ဝမ်ရိပေါ်လောက် သူ့ကို မချစ်ပေးခဲ့ဖူးဘူး။
ဝမ်ရိပေါ်က ဘာလို့ အဲ့လောက်တောင် တုံးအနေရတာလဲ?
သူ့ကိုယ်သူ သေနတ်နဲ့ပြန်ပစ်ပြီး အသက်ပေးလောက်တဲ့အထိတောင် တုံးအရသလား။
ဟုတ်တယ် သူက စစ်သားတစ်ယောက်မို့ တိုင်းပြည်အတွက် ဦးစားပေးသင့်တယ်ဆိုတာ။ ဒါပေမဲ့ သူဆိုတာကလည်း ကျောက်ရုပ်မဟုတ်တဲ့ နှလုံးသားနဲ့လူတစ်ယောက်လေ။ ဝမ်ရိပေါ်ကို ချနင်းပြီးမှ တစ်ပါးသူအကျိုးကို စွမ်းစွမ်းတမံသယ်ပိုးပေးတဲ့ သူရဲကောင်းကြီးတော့ သူမလုပ်ချင်ဘူး။
သစ္စာမရှိဘူးပြောလည်း သူခံနိုင်တယ်။ တာဝန်သိစိတ် မရှိတဲ့လူဆိုပြီး ဝိုင်းဆဲရင်တောင် သူမမှုဘူး။ ဒီကမ္ဘာမှာ သူအကြောက်ဆုံးက ဝမ်ရိပေါ် သူ့ကို ထားသွားမှာကိုပဲ။
ဝမ်ရိပေါ်မရှိရင် မဖြစ်ပါဘူးဆိုတဲ့ သူ့ကို အဲ့ဒီကောင်လေးက ရက်ရက်စက်စက် ထားသွားခဲ့တယ်။ သူ့မှာ တစ်ယောက်တည်း ကျန်ခဲ့ရတာတောင် နောင်တတွေ တပွေ့တပိုက်နှင့်။
"ဝမ်ရိပေါ်ရာ....ဘာလို့ ငါ့ကိုထားခဲ့ရက်တာလဲ"
မင်းမရှိရင် ငါဆိုတာလည်း မရှိနိုင်လောက်တော့ဘူး ရိပေါ်.....။
ကုတင်ပေါ် ထိုင်နေရင်းကနေ အခန်းရဲ့ဘေးဘီဝဲယာကို သူအကဲခတ်ကြည့်လိုက်တော့ နံရံမှာ ညှပ်ထားတဲ့ ကတ်ကြေးတစ်လက်ကို တွေ့တဲ့အခါမှ စိတ်လိုလက်ရ ပြုံးလိုက်မိသည်။
မကြာတော့ဘူး....ခဏနေရင် ငါလည်း မင်းနောက်လိုက်ခဲ့မှာ။