[Zawgyi]
ကြောက်လန့်စိတ်နှင့် ဝမ်ရိပေါ်ရင်ခွင်ထဲ အတင်းတိုးဝင်နေမိပြီးခါမှ အကြောက်လည်းပြေသွားရော သူ့မှာ ကြောင်အမ်းအမ်းဖြစ်နေရသည်။
သူ့ကို တစိမ့်စိမ့်ကြည့်နေသော ဝမ်ရိပေါ်ရဲ့အကြည့်စူးစူးများအား ခံနိုင်ရည်မရှိတော့တာကြောင့် နှုတ်ခမ်းထောင့်လေးကို ဖိကိုက်လိုက်ကာ
"ကလေးလေးဆိုတာ ငါ့ကိုခေါ်လိုက်တာလား??"
"ဒီမှာမင်းနဲ့ကိုယ်ပဲရှိတာလေ...မင်းကိုမခေါ်လို့ဘယ်သူ့ကိုခေါ်ရမှာလဲ"
"ငါမင်းထက် လေးနှစ်ကြီးတယ်..ဘာကလေးလေးလဲ"
သူ့စကားကိုကြားတော့ ဝမ်ရိပေါ်က ခပ်ဟဟရယ်လာကာ
"လေးနှစ်ကြီးလည်းဘာဖြစ်တုန်း...ခေါ်ချင်စိတ်ပေါက်ရင်ခေါ်မှာပဲ လျှာမရှည်နဲ့"
ဂျစ်ကန်ကန်ပြောလာသော ဝမ်ရိပေါ်၏စကားကြောင့် သူ့မှာ ဆက်ပင်မပြောနိုင်ဘဲ နင်သွားရသည်။
"ပြန်ရအောင်...ငါဒီမှာမနေချင်တော့ဘူး"
ငိုမဲ့မဲ့ဖြစ်နေသော သူ့ကို ဝမ်ရိပေါ်က သတိထားမိသွားကာ
"ဟုတ်ပြီ ပြန်ကြစို့...ထ"
မတ်တပ်ထရပ်လိုက်ပေမဲ့ ခြေခေါက်လဲထားသည့်ဒဏ်ကြောင့် ခြေကျင်းဝတ်က မခံမရပ်နိုင်အောင် နာနေ၍ ကြာကြာမထောက်နိုင်ဘဲ ပြန်လဲကျသွားသည်။
"ခြေထောက်ထိထားတာလား"
"အင်း"
"ကျစ်...ကိုယ့်ကိုပြကြည့်"
မဟုတ်သေးပါဘူး...တကိုယ်ကိုယ်နဲ့ အဲ့ဒီလူ ဘာဖြစ်နေတာလဲပဲ။
လက်မြန်ခြေမြန်ရှိသည့် ဝမ်ရိပေါ်က သူ့ခြေထောက်ကို ဆွဲယူကာ ဖိနပ်ကိုချွတ်ပြီး ခြေကျင်းဝတ်ကို သေချာစစ်ဆေးနေသည်။
"ညိုမဲသွားတာပဲ...လမ်းလျှောက်နိုင်မှာမဟုတ်လောက်ဘူး"