[ 3 ]

5.2K 568 34
                                    

[Zawgyi]

"​ရှောင်းကျန့်​"ဆိုတဲ့ အမည်​နာမကို ရည်​ညွန်းပြီး ​ရေးခဲ့တဲ့ ရိ​ပေါ်ရဲ့ ဒိုင်​ယာရီစာအုပ်​​လေးထဲမှာ "​ကောကိုချစ်​တယ်​"ဆိုတဲ့ စကားစုက အပြည့်​။

ရွယ်​တူ​တွေက ​ပြောကြတယ်​၊ ဝမ်​ရိ​ပေါ်က က​လေး​နေရာက​လေးမ​နေပဲ လူကြီးပုံစံအရမ်းဖမ်းတယ်​တဲ့။ ​ပြောလည်းခံရမှာပါပဲ၊ သူချစ်​မိတဲ့ အစ်​ကိုကြီးက တအားကို ရင့်​ကျက်​လွန်း​နေ​တော့ သူကလည်း အစ်​ကိုကြီးနဲ့အပြိုင်​ ရင့်​ကျက်​ပြနိုင်​မှဖြစ်​မယ်​​လေ။

အမှန်​ဆို ရိ​ပေါ်က သိပ်​စိတ်​ကူးယဉ်​တတ်​တဲ့သူ။ သူငယ်​ငယ်​က​တွေးခဲ့တဲ့ စိတ်​ကူးယဉ်​ဇာတ်​လမ်း​တွေထဲမှာဆို သူက ပုံပြင်​​တွေထဲကလို သူရဲ​ကောင်းကြီးလုပ်​ပြီး မင်းသမီး​လေးကို ကာကွယ်​​စောင့်​​ရှောက်​ချင်​တာ။ ဒါ​ပေမဲ့ ဘယ်​လိုလုပ်​မလဲ၊ သူချစ်​မိသွားတာက မိန်းက​လေးမဟုတ်​ပဲ ​ယောက်ျား​လေးတစ်​​ယောက်​ဖြစ်​​နေတယ်​။ ​ယောက်ျား​လေး​တောင်​မှ တကယ့်​ကို ​ကျောင်းသားတိုင်းရဲ့စံပြ အစ်​ကိုကြီး​ရှောင်းကျန့်​။

သူ​ကောကို သိပ်​ချစ်​တယ်​..ကာကွယ်​​စောင့်​​ရှောက်​​ပေးချင်​တယ်​။ ဒါ​ပေမဲ့ သူက အရမ်းငယ်​​နေ​သေး​တော့ ​ကောက သူ့ကိုအထင်​မကြီးဘူးဖြစ်​​နေတယ်​။ ဖြစ်​နိုင်​ရင်​ ပြဇာတ်​​တွေထဲမှာပါတဲ့ သိကြားမင်းရဲ့ နတ်​​ရေကန်​ထဲ ခုန်​ချပြီး ၁၆နှစ်​သားအ​နေနဲ့ ဘွားကနဲပြန်​​ပေါ်လာချင်​တယ်​၊ အနည်းဆုံး သုံးနှစ်​​လောက်​ ​ကျော်​လို့ရ​တော့​ရော နည်းလား။

တကယ်​ပါ ငယ်​​သေးတဲ့အချစ်​မို့ အထင်​မကြီးရင်​​နေပါ၊ နည်းနည်း​လောက်​​လေး​တော့ အသိအမှတ်​ပြု​ပေး​စေချင်တယ်​ ​ကောရယ်​.....။

"​ကော..အိပ်​​နေပြီလားဟင်​"

ဒိုင်​ယာရီထိုင်​​ရေး​နေတုန်း ရိကျိုး​လေးဆီက အသံကြားသည်​မို့ လှည့်​ကြည့်​လိုက်​​တော့ မျက်​လုံး​လေးကိုပွတ်​ကာ အိပ်​မှုန်​စုံမွှားနှင့်​ သူ့ကိုကြည့်​​နေသည်​။

Gladiolus[Completed]Where stories live. Discover now