[ 9 ]

4K 460 8
                                    

[Zawgyi]

အချိန်​က တစ်​စတစ်​စနဲ့ကုန်​လာလိုက်​တာ အခုဆို သူ​ကောလိပ်​ပြန်​တက်​​နေရတာ​တောင်​ တစ်​လ​ကျော်​ပြီ။ နိုင်​ငံ​ရေးအ​ခြေအ​နေကလည်း မတည်​ငြိမ်​တာ​ကြောင့်​ ​ကျောင်းသား​တွေခမျာလည်း အသက်​ကိုဉာဏ်​​စောင့်​​ကာ နေကြရသည်​။

ရှောင်းကျန့်​လည်း စာသာသင်​​နေရ​ပေမဲ့ စိတ်​က စာထဲမှာမရှိ။ ချူံ ချင်းမှာရှိ​နေသည့်​ မိဘ​တွေကို သူစိတ်​ပူသည်​။ ပါးတို့မားတို့​ရော အဆင်​​ပြေကြရဲ့လားသိချင်​သည်​။

စာကို အာရုံစိုက်​ဖို့ ကြိုးစား​ပေမဲ့ သူ့​ခေါင်းထဲ ဘယ်​လိုမှထည့်​မရ။ ဆရာ မလာ​သေးတာမို့ ဖတ်​လက်​စ စာအုပ်​ကို ပြန်​ပိတ်​ကာ မျက်​နှာကို လက်​နှစ်​ဖက်​နှင့်​ပွတ်​ကာ စိတ်​​ပြေရာ​ပြေ​ကြောင်း လုပ်​​နေမိသည်​။

"​ရှောင်းကျန့်​..မင်းအတွက်​​ကြေးနန်း​ရောက်​​နေတယ်​တဲ့"

အခန်း​ရှေ့က လာ​ခေါ်သည့်​ အသံကြားတာနှင့်​ စာအုပ်​​တွေကို ဖြစ်​သလိုသိမ်းကာ သူ​ကြေးနန်းရုံးကို အမြန်​​ပြေးသွားလိုက်​သည်​။ အတန်းချိန်​ရှိတာကိုလည်း ဂရုစိုက်​မ​နေနိုင်​​တော့ဘူး။

ကျေးဇူးပြုပြီး မားတို့ဘာမှမဖြစ်​ပါ​စေနဲ့!

သူ​ကြေးနန်းရုံးကို​ရောက်​​တော့ ​ကြေးနန်းစာ​ရေးကြီးက သူ့ကို "ခဏ​စောင့်​ဦး"ဆိုသည့်​ သ​ဘောနှင့်​ လက်​လှမ်းပြတာမို့ သူလည်း နီးရာခုံတစ်​ခုံကိုဆွဲယူကာ ထိုင်​​စောင့်​​နေလိုက်​သည်​။

တ​အောင့်​​လောက်​ကြာ​တော့မှ စာ​ရေးကြီးက သူရှိရာကို ​လျှောက်​လာပြီး စာ​ရွက်​​လေးတစ်​ရွက်​ကို လာ​ပေးသည်​။

သူလည်း စာရွက်​ကို အမြန်ယူကာ ဖတ်​ကြည့်​လိုက်​​တော့

"ရတဲ့နည်းနဲ့ ချူံ ချင်းကို အမြန်​ဆုံးပြန်​ခဲ့ပါ ​ရှောင်းကျန့်​"

ပါးဆီက ​ကြေးနန်းစာကို လက်​ခံရရှိသည့်​အခါမှာ သူ့​ခြေ​ထောက်​​တွေ ​ခွေကျလုမတတ်​ပဲ။ ဒီ​လောက်​ အ​ရေးတကြီးပြန်​လာခိုင်းတယ်​ဆို​တော့ ​သေချာတာ ပါးဆီမှာ အ​တော်​ကိုအ​ရေးကြီးတဲ့ ကိစ္စရှိလို့ပဲ။

Gladiolus[Completed]Where stories live. Discover now