[Zawgyi]
နေဖင်ထိုးတဲ့အထိ အိပ်လေ့မရှိတဲ့ ဝမ်ရိပေါ်ဟာ အခုလည်း ကုတင်အောက်က မြတ်နိုးရာလေးကို တစိမ့်စိမ့်ကြည့်ရင်း သူ့ရဲ့မနက်ခင်းကို စတင်သည်။
နေတအားမမြင့်သေးတာမို့ ထွက်ပေါ်ခါစ နေမင်းကြီးရဲ့ အလင်းဖျော့ဖျော့က ပြတင်းပေါက်ကနေတဆင့် ရှောင်းကျန့်ရဲ့အပေါ်ကို ဖြာကျနေသည်။ အိပ်မောကျနေတဲ့လူက ဘာမှမသိပေမဲ့ သူကတော့ ဒီမြင်ကွင်းလေးကို လုံးဝအကြည့်မလွှဲနိုင်ဘူး။
သူ့ရဲ့ရှောင်းကျန့်က တကယ်ကြီးကို ကျက်သရေရှိရှိ ချောတာ။ ဘာမှမလုပ်ပါဘဲ ဒီတိုင်းလေးအိပ်နေတာတောင် သူ့မှာ ချစ်မဝ။ စစ်ပွဲတွေမှာ ကိုယ်ရှင်သန်ရရေးအတွက် မျက်တောင်မခတ်ဘဲ လူသတ်ခဲ့တဲ့ ဝမ်ရိပေါ်က အချစ်နဲ့တွေ့တဲ့အခါ ဒီလိုနူးညံ့မိနေတော့ ကိုယ့်ဟာကိုယ်လည်း ရယ်ချင်မိသား။
သူကြည့်နေတုန်း ရှောင်းကျန့်က လှုပ်လှုပ်ရှားရှားဖြစ်လာပြီး မျက်တောင်လေးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်နေတော့ သူ့မှာ အသည်းတယားယား။
"နိုးပြီလား"
"အင်း~"
အိပ်ချင်မူးတူးဖြစ်နေသည့် ရှောင်းကျန့်က ဘာလို့ ဒီလောက်တောင် ချစ်ဖို့ကောင်းနေရလေသလဲ။
"နိုးရင်ထတော့...ကိုယ်ကခဏနေသွားရတော့မှာ မနက်စာလေးဘာလေးလုပ်ပေးထားဦး"
"အင်းအင်း"
ရှောင်းကျန့်က ကုန်းရုန်းထလာပြီမို့ သူလည်း ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်ရင်း တစ်ခါတည်းရေပါချိုးလိုက်သည်။
လိုအပ်တဲ့ပစ္စည်းတွေကို ထည့်နေရင်းကနေ ပစ္စတိုတစ်လက်ကို ကျည်ဖြည့်ပြီး သူ့ခါးကြားထဲထိုးကာ အောက်ကို ဖြည်းဖြည်းချင်းဆင်းလာခဲ့ရင်း မီးဖိုထဲမှာ တလှုပ်လှုပ်နှင့် မနက်စာပြင်နေသော ရှောင်းကျန့်ကိုတွေ့တော့ သူတောင်မသိလိုက်ပါဘဲ ပြုံးမိလိုက်သေးသည်။