[ 8 ]

4.1K 459 16
                                    

[Zawgyi]

ပါးရဲ့ဈာပနပြီးကတည်းက သူ​တို့သားအမိ​တွေ မားရဲ့အစ်​ကိုဝမ်းကွဲအိမ်​ကို ​ပြောင်း​ရွှေ့လာခဲ့သည်​။ ဦး​လေးကလည်း မိသားစုများသူမို့ ဦး​လေးရဲ့မိန်းမက သူတို့ကို သိပ်​မကြည်​ဖြူ ။

မကြည်​ဖြူ တာသိ​သော်​ငြား အခုလက်​ရှိအ​ခြေအ​နေအရက ဒီ​နေရာမှလွဲ၍ တခြားသွားစရာမရှိ​သေးတာ​ကြောင့်​ သည်းခံ​နေရသည်​။

သူတို့​ပေးတဲ့ အခန်းကျဉ်း​လေးထဲမှာ ပါလာတဲ့ အထုပ်​အပိုး​တွေကို ​နေရာချရင်း အခန်းပတ်​ပတ်​လည်​ကို မျက်​စိကစားလိုက်​သည်​။

လူသုံး​ယောက်​ ​နေဖို့ရာအတွက်​ ကျဉ်းသည်​ဆို​ပေမဲ့လည်း ဒီအခန်း​လေး​ပေးတာကိုပင်​ ​ကျေးဇူးတင်​ရမည်​​လေ။ ဒီ​လောက်​ ကူညီ​ပေးတာနဲ့တင်​ အရမ်း​ကျေးဇူးတင်​​နေပါပြီ။

"မား...သားအပြင်​ခဏထွက်​ဦးမယ်​"

"ဘယ်​သွားမှာလဲသား"

"ဦး​လေးရဲ့မိန်းမနဲ့ခဏသွား​တွေ့မလို့ပါ"

"​အေး​အေး..သား"

အခန်း​လေးထဲက​နေ အပြင်​ထွက်​ကာ ဦး​လေးရဲ့အိမ်​ထဲ လှည့်​ပတ်​ကြည့်​လိုက်​သည်​။ ဦး​လေးတို့မိသားစုက ချမ်းသာတယ်​ရယ်​​တော့မဟုတ်​​ပေမဲ့ သူတို့ထက်​စာရင်​ အများကြီးအဆင်​​ပြေတယ်​ဟု ဆိုရမည်​။

ကိုယ်​ပိုင်​အိမ်​နှင့်​ ​နေနိုင်​သည့်​အပြင်​ အလုပ်​အကိုင်​တိတိကျကျရှိ​သော ဦး​လေး​ကြောင့်​လည်း စားဝတ်​​နေ​ရေးအဆင်​​ပြေကြသည်​။

အိမ်​ထဲ လှည့်​ပတ်​ကြည့်​ရင်း ​ဈေးခြင်း​တောင်းကိုင်​ကာ ထွက်​လာ​သော ဦး​လေးရဲ့မိန်းမကို မြင်​တာ​ကြောင့်​ သူအမြန်​အနားကပ်​သွားလိုက်​သည်​။

"​ဒေါ်​လေး​ဈေးသွားမလို့လား...ကျွန်​​တော်​ခြင်း​တောင်းကူဆွဲ​ပေးမယ်​​လေ"

"ဆွဲ​ပေးရင်​​တော့​ကောင်းတာ​ပေါ့​အေ"

ဒေါ်​လေးက သူ့လက်​ထဲ ခြင်း​တောင်းထည့်​ကာ ​ရှေ့က​နေ ထွက်​သွားတာမို့ သူ​နောက်​က​နေ အမြန်​​ပြေးလိုက်​ရသည်​။

Gladiolus[Completed]Where stories live. Discover now