[ 27 ]

3.5K 428 16
                                    

[Zawgyi]

"အချစ်​နဲ့စစ်​မှာ မတရားတာမရှိဘူး"တဲ့။

ဒါဆို သူဘာလို့ ဝမ်​ရိ​ပေါ်ကို သတ်​ချင်​ရတာလဲဆိုတာကို သိပ်​ပြီး ​ပြောစရာလိုမယ်​မထင်​​လောက်​​တော့ဘူး။

ဟုတ်​တယ်​...သူ မင်​​ယောင့်​ကို ချစ်​တယ်​။

သွေးသံတရဲရဲနဲ့ အ​လောင်း​ကောင်​​တွေကြားမှာ သူ့လက်​ကို အားကိုးတကြီးနဲ့ ဆုပ်​ကိုင်​ခဲ့တဲ့ အဲ့က​လေးကို ကြည့်​လိုက်​မိတဲ့အချိန်​ကတည်းက သူ့ရင်​ခုန်​သံ​တွေ မမှန်​နိုင်​​တော့တာကို သူသိခဲ့တယ်​။

တကယ်​ဆို ဝမ်​ရိ​ပေါ်ကို ​မွေးစားခဲ့တာလည်း သူချစ်​ရတဲ့ မင်​​ယောင်​ အထီးမကျန်​​စေဖို့ပဲ။ သိပ်​​အေးလွန်းတဲ့ အဲ့ဒီက​လေးက သူနဲ့​တောင်​ စကား​ပြောခဲ​ပေမဲ့ ဝမ်​ရိ​ပေါ်နဲ့​တော့ အ​တော်​​လေးကို အဆင်​​ပြေ​နေတာမို့ သူ့မှာ ကြိတ်​ပြီး ​ပျော်​​နေခဲ့ရ​သေးတာ။ ကျား​မွေးခဲ့မိတာကို မသိ​သေးခင်​​ပေါ့။

မင်​​ယောင်​နဲ့ သူ့ကြားမှာ အသက်​အရွယ်​၊ အဆင့်​အတန်း စတဲ့ခြားနားချက်​​တွေ အများကြီးရှိမှန်းသိ​ပေမဲ့ ခံစားချက်​​တွေကို​တော့ မရုတ်​သိမ်းနိုင်​ခဲ့ဘူး။ မင်​​ယောင်​မမြင်​​အောင်​ ဖုံးကွယ်​ရင်းနဲ့ကို သူအ​ဝေးက​နေ ချစ်​​နေခဲ့တယ်​။

ဒါ​ပေမဲ့ အဲ့ဒီဝမ်​ရိ​ပေါ်....ဝမ်​ရိ​ပေါ်ကို မင်​​ယောင်​က ချစ်​​နေမှန်း သတိထားမိလာတဲ့အခါ သူ့စိတ်​​တွေ မဖြူ စင်​နိုင်​​တော့ဘူး။ ကိုယ်​အရိပ်​တကြည့်​ကြည့်​နဲ့ ပျိုး​ထောင်​လာခဲ့ရတဲ့ ပန်းက​လေးက တစ်​ပါးသူထံ ​ကြွေဆင်းလိုတဲ့ ​ဆန္ဒရှိ​နေတာကို ဘယ်​ဥယျာဉ်​မှူးက ကြည်​ဖြူ နိုင်​ပါ့မလဲ။

ဝမ်​ရိ​ပေါ်ကို သူသံ​ယောဇဉ်​ရှိပါတယ်​။ ဒါ​ကြောင့်​လည်း အဲ့ဒီက​လေးကို သူအပြတ်​မရှင်းနိုင်​ခဲ့တာ။ မင်​​ယောင့်​ကို ပိုင်​ဆိုင်​ရဖို့ဆိုရင်​ ဝမ်​ရိ​ပေါ်မရှိသင့်​မှန်းသိ​ပေမဲ့ သူမလုပ်​ရက်​ခဲ့ဘူး။ နှလုံးသားရဲ့​စေခိုင်းချက်​ကို ဦး​နှောက်​က ဟန့်​တား​နေခဲ့လို့သာ ဝမ်​ရိ​ပေါ်က ဒီ​နေ့အထိ အသက်​ရှင်​​နေနိုင်​ခဲ့တာ။

Gladiolus[Completed]Where stories live. Discover now