Extra[2]

4K 254 26
                                    

[Zawgyi]

1951,ဝမ်​ရိ​ပေါ်30နှစ်​၊​ရှောင်းကျန့်​34နှစ်

သူတို့ရဲ့အိမ်​​ထောင်​သက်​တမ်း ခုနစ်​နှစ်​ရှိခဲ့ပြီ။
လူကြီးစုံရာ​ရှေ့၊ ဧည့်​ပရိတ်​သတ်​အ​ပေါင်း​ရှေ့၌
ကတိသစ္စာဆိုကာ တည်​​ဆောက်​ခဲ့​သော အိမ်​​ထောင်​​ရေးမျိုးမဟုတ်​​ပေမယ့်​ နားလည်​မှု၊ယုံကြည်​မှုနှင့်
ချစ်​ခြင်း​မေတ္တာတို့ ရှိ​နေသ​ရွေ့ ဒီအိမ်​​ထောင်​​ရေးဟာ
တည်​မြဲ​နေလိမ့်​မည်​ဟု သူယုံကြည်​သည်​။

ချစ်​လွယ်​၊ပျက်​လွယ်​၊​မေ့လွယ်​၊မုန်းလွယ်​သွားမည့်
ဆက်​ဆံ​ရေးမျိုးထက်​ အခုလို​လေး တစ်​​ယောက်​​ပေါ်
တစ်​​ယောက်​မှီခိုကာ တစ်​ဘဝလုံးစာ အမှီသဟဲ
ပြုသွားရမည့်​ ဆက်ဆံေ​​ရးလေးနှင့်​သာ သူ​နေချင်​မိပါသည်​။

အချိန်​ကာလအားဖြင့်​ ၁၇နှစ်​တိုင်​သွားသည့်​တိုင်
သူ့အ​ပေါ် အချစ်​မ​လျော့ဘဲ အများကြီးချစ်​​ပေးသည့်
ဝမ်​ရိ​ပေါ်ဆိုတဲ့ သူတစ်​ဦးတည်းပိုင်​ အမျိုးသား​လေးကို သူဖြင့်​ သိပ်​ကိုချစ်​ရတာပါပဲ။

တောင်​​ပေါ်မြို့​လေး၏ တစ်​ခုတည်း​သော
ခရစ်​ယာန်​ဘုရား​ကျောင်း​လေးဆီမှ ​ခေါင်း​လောင်းသံ​လေးက ပျံ့လွင့်​လာတဲ့အခါ ​ရှောင်းကျန့်​ မတ်​တပ်​ထရပ်​လိုက်​ပြီး အခုထိ ​ဆော့လို့​ကောင်း​နေဆဲဖြစ်​​သော
သားအဖကို သတိ​ပေးဖို့ရာ ပြင်​ရသည်​။

"ဝမ်​ရိ​ပေါ်...ဝမ်​ကျန့်​လန်​ ​ဆော့တာရပ်​သင့်​ပြီ"

သူဆူလိုက်​သည့်​အခါ ငါးနှစ်​သမီး​လေး ကျန့်​လန်​က
သွားအကုန်​ဖြီးကာ သူ့ဆီ​ပြေးလာ​သော်​လည်း
အသက်​သုံးဆယ်​ရှိ​နေသည့်​ ဝမ်​ရိ​ပေါ်က​တော့
စူပုတ်​ပုတ်​မျက်​နှာ​ပေးနှင့်​ သူ့ဆီ​လျှောက်​လာတာမို့

"ဘာဖြစ်​​နေတာလဲ အဲ့ရုပ်​က"

"ဒီမှာ သမီးနဲ့​ဆော့လို့​ကောင်း​နေတာကို ​ကောက
ကြားဝင်​ဖြတ်​သွားတာကိုး"

ဝမ်​ရိ​ပေါ်က​လေ အခု​နောက်​ပိုင်းမှာ ပိုပြီးက​လေးဆန်​တတ်​လာသည်​။ ခဏခဏစိတ်​​ကောက်​တတ်​လာလို့လည်း သူ့မှာ​ချော့ရတာအ​မော။ အ​ကြောင်းပြချက်​ရယ်​လို့ မယ်​မယ်​ရရမရှိဘဲ ​ကောက်​​နေတဲ့ အဲ့ဒီလူကို
တစ်​ခါတ​လေဆို သူ့မှာ ရိုက်​ပစ်​ချင်​လာရသည်​။
ချော့ရတာ ဘယ်​​လောက်​ပင်​ပန်းလဲမသိလို့...သူအဲ့လိုလုပ်​​နေတာလား?

Gladiolus[Completed]Where stories live. Discover now