[ 37 ]

5.2K 443 19
                                    

[Zawgyi]

တကယ်​​တော့ ​ရှောင်းကျန့်​ဆီ ပြန်​လာနိုင်​ဖို့အတွက်
သူ မနည်းကြိုးစားခဲ့ရသည်​။ ကိုယ့်​ဟာကိုယ်​​တော့ အ​သေပဲလို့ ​တွေးပြီး ​ခေါင်းတည့်​တည့်​ကို ပစ်​ဖို့ ကြံရွယ်​ခဲ့​ပေမဲ့ ရုတ်​တရက်​ လာဝင်​လုံးတဲ့ ကျန့်​​ကော​ကြောင့်
ကျည်​ဆန်​က ဗိုက်​ကိုပဲ ထိခဲ့သည်​။

ကျန့်​​ကောကို သတိ​မေ့​အောင်​ လုပ်​ပြီး ထမ်း​ပြေးသွားတဲ့ လူကိုကြည့်​ရင်း သူ့ရင်​​တွေ နာကျင်​ရသည်​။ ရင်​ဘတ်​ထဲက နာကျင်​မှု​ကြောင့်​ ဝမ်းဗိုက်​ဆီက ဒဏ်​ရာကို​တောင်​ သူအာရုံမရ​တော့ဘူး။

ဒီတစ်​ခါလည်း သူ ကျန့်​​ကောကို လက်​လွှတ်​ရပြန်​ပြီ။ ဘာပဲဖြစ်​ဖြစ်​ ကျန့်​​ကောက သူ့ကို ​ရွေးချယ်​ခဲ့​ပေးလို့ ဖြေသာနိုင်​ပါ​သေးသည်​။

ရှောင်းကျန့်​ကို ရင်​နဲ့မဆန့်​​အောင်​ ချစ်​တယ်​။ ချစ်​လွန်းလို့ ပါးစပ်​ထဲ ထည့်​ငုံထားချင်​တဲ့အထိ မြတ်​နိုးတယ်​။ ဒီလူနဲ့ ဒီဘဝမှာ မ​ပေါင်းဖက်​ရရင်​​တောင်​ တစ်​ခဏတာ နီးစပ်​ခဲ့ဖူးတဲ့ အမှတ်​တရ​တွေကို ပြန်​​တွေးရင်း သူ​ဖြေသိမ့်​နိုင်​ပါသည်​။

သူက​တော့ ဒီလိုနဲ့ပဲ ဇာတ်​သိမ်းရ​တော့မှာပါဆိုပြီး ကိုယ့်​ဘဝကိုယ်​​တွေးမိတဲ့ အခိုက်​အတန့်​မှာ သူမျက်​လုံးမှိတ်​ပြီး ​သေခြင်းတရားကိုပဲ ​စောင့်​​မျှော်​​နေလိုက်​​တော့တယ်​။

မျက်​စိကိုမှိတ်​ကာ ဝမ်း​ဗိုက်​က ဒဏ်​ရာရဲ့ နာကျင်​မှုကို ကြိတ်​ခံစား​နေတုန်း

"ရိ​ပေါ်...ဝမ်​ရိ​ပေါ် သတိထားဦး"

သူ့ခန္ဓာကိုယ်​ကို တစ်​စုံတစ်​​ယောက်​က ဆွဲထူလိုက်​သလို ခံစားရတာ​ကြောင့်​ မျက်​လုံးများကို အားယူကာ ဖွင့်​ကြည့်​လိုက်​​တော့ သူ့ကို စိုးရိမ်​တကြီးနှင့်​ ကြည့်​​နေသည့်​ ယူးတို။

"ဘာလာလုပ်​တာလဲ...​အ​လောင်းလာ​ကောက်​​ပေးတာလား"

သူနာနာကျင်​ကျင်​နှင့်​ ​ပြောမိ​တော့ ယူးတိုက ငိုလာသည်​။ သူနဲ့ယူးတို သိလာတဲ့ ကာလတစ်​​လျှောက်​မှာ အဲ့ဒီလူရဲ့ မျက်​ရည်​ဆိုတာကို တစ်​ခါမှမမြင်​ဖူးခဲ့တာမို့ သူအံ့ဩ​နေခဲ့တာ​တော့ အမှန်​။

Gladiolus[Completed]Where stories live. Discover now