အပိုင်း( ၃ )

4.3K 327 0
                                    

ဤနေ့၌ ရန်ကုန်မြို့၏ရာသီဥတုမှာ သာယာသည်။နေ့သစ် အသိမိတ်ဆွေတစ်ဦးနှင့် စားသောက်ဆိုင်၌ စကားပြောပြီး ထွက်လာ၏။ ထိုစဥ် ယောက်ျားတစ်ယောက်နှင့် စကားရပ်ပြောနေသောမှူးကို တွေ့လိုက်ရသဖြင့် မမြင်အောင် ကားတစ်စီးအကွယ်တွင် ရပ်လိုက်သည်။ မှူးကို အကဲခတ်ကြည့်တော့ မှူးက ၎င်းအမျိုးသားနှင့် လက်ဆွဲနှုတ်ဆက်ကာ ဖုန်းနံပါတ်ပေးနေလေသည်။ ထိုလူမှာလည်း နွားပွဲစားလို သွားကြီးဖြီးလျက် မှူးကို ပြောနေသည်။ နေ့သစ် မျက်မှောင်ကြုတ်သွားကာ ရင်ထဲကလိကလိနှင့် ထိုလူမျက်နှာကို ဆွဲထိုးပစ်လိုက်ချင်သည်။ နေ့သစ် ကြည့်နေမနိုင်တော့ဘဲ မှူးဆီအမြန်ပြေးသွားကာ ယခုမှမြင်သလို လေသံဖြင့် လှမ်းခေါ်လိုက်သည်၊၊

"မှူး''

မှူးနှင့်ထိုအမျိုးသားမှာ နေ့သစ်ကို လှည့်ကြည့်လာလေသည်။ နေ့သစ် ထိုလူကိုမျက်စောင်းနှင့် ကြည့်လိုက်ပြီး မှူးပခုံးပေါ်လက်တင်ကာ ဖက်လိုက်သည်။

"ဒီမှာဘာလုပ်နေတာလဲ၊ သူက ဘယ်သူလဲ၊ အရင်က မောင်တစ်ခါမှမတွေ့ဖူးပါလား”

မှူးက နေ့သစ်ကို အနည်းငယ်အံ့သြသည့်အမူအရာဖြင့် စောင်းငဲ့ကြည့်ပြီး ရှေ့ရှိ ထိုလူကို ပြန်ကြည့်သည်။

"ဒါဆို ကျွန်မကိုဖြစ်အောင် ဖုန်းဆက်လိုက်ပါနော်ကိုထိုက်၊ ကျွန်မအတွက် ဒီနေ့ပွဲဖြစ်မှအဆင်ပြေမှာမို့ပါ''

"ကျွန်တော့်မှာ ဝယ်လက်တွေအများကြီးရှိတယ်၊ မှူးအဆင်ပြေစေရမယ်၊စိတ်ချပါ''

"ဒါဆိုကျွန်မကိုခွင့်ပြုပါဦး''

မှူးက ဟိုလူကို နှုတ်ဆက်ပြီးတော့ သူမပခုံးပေါ်တင်ထားသည့်နေ့သစ်လက်ကို ဖယ်ချကာ ထွက်သွားလေသည်။ နေ့သစ် အူကြောင်ကြောင်ရပ်နေပြီးမှ မှူး နောက်ကို ပြေးလိုက်ရသည်။

"မှူး မောင့်ကို စောင့်ပါဦး''

မှူးက နောက်သို့ ဖျတ်ခနဲလှည့်ကြည့်လာသဖြင့် နေ့သစ်လန့်သွားသည်။

"လိုက်မလာနဲ့''

နေ့သစ် ထွက်သွားသောမှူးကို ကြည့်ရင်း စိတ်ဆိုးနေကြောင်း သိလိုက်သည်။မှူးစကားနားမထောင်ဘဲ နောက်မှ ပြေးလိုက်သွားရင်း မှူးလက်တစ်ဖက်ကိုဖမ်းဆွဲလိုက်သည်။ မှူးက လက်ကို အားကုန်ရုန်းတော့ နေ့သစ် အတင်းဖမ်းချုပ်ရတော့၏။

ရင်ထဲက မှူး/ရင္ထဲက မႉးWhere stories live. Discover now