အပိုင်း( ၁၂ )

3.7K 276 2
                                    

အပိုင်း ( ၁၂ )
တံခါးလေးကို အတွင်းဘက်မြင်ရုံသာ ခပ်ဟဟတွန်းဖွင့်လိုက်သည်။ မှူး၏ ခေါင်းနှင့်ခြေထောက်မှာ ပတ်တီးအဖွေးသားစည်းခံထားရသည်။ လူနာခန်းထဲ၌ သူနာပြုတစ်ဦးနှင့် မိသားစုဖြစ်မည့် အဒေါ်ကြီးတစ်ဦးစောင့်နေကြသည်။ မှူးက သွေးသွင်းထားရပြီး dripချိတ်ထားရသည်။ နေ့သစ် အပြင်ဘက်မှ ငေးရင်း တံခါးကို ခပ်ဖြည်းဖြည်းပြန်ပိတ်ကာ စိတ်ပျက်လက်ပျက် မှီထိုင်ချမိသည်။ ခေါင်းငိုက်စိုက်ကာ ရှိုက်ငိုရင်း ကိုယ့်ကိုယ်ကိုယ် သတ်ပစ်ချင်လောက်အောင် ယူကျုံးမရဖြစ်မိသည်။
"ကိုနေ့သစ် ရှင်မပြန်ရသေးဘူးလား’’
ယမင်းဖြူရောက်လာသဖြင့် နေ့သစ်မျက်ရည်သုတ်ကာ ထရပ်လိုက်သည်။ ယမင်းဖြူလက်ထဲ၌ ဆေးထုပ်များနှင့်ဓာတ်ဘူးကိုင်ထားလေသည်။
"ဆရာဝန်က ဘာပြောလဲ၊ မှူးအခြေအနေ ဘယ်လိုလဲ၊ မှူးဘာမှမဖြစ်နိုင်ဘူးမလားဗျ”
"လှေကားပေါ် လိမ့်ကျတုန်းက ခေါင်းကို နည်းနည်းပဲထိတာဆိုတော့ အသက်အန္တရာယ်မစိုးရိမ်ရတော့ဘူး၊ ဒါပေမဲ့ ပြဿနာက ညာဘက်ခြေထောက်ကားကြိတ်ခံလိုက်ရလို့ အရိုးတွေ ကျိုးကြေသွားတယ်၊ မဖြတ်ပစ်ရတာပဲ အဆိုးထဲက အကောင်းဆိုရမယ်၊ စတီးရိုးထည့်ထားပေမဲ့ အရင်လို သန်သန်မာမာနဲ့ အကောင်းပကတိပြန်မဖြစ်နိုင်တော့ဘူးတဲ့လေ၊ မှူးနိုးလာလို့ ဒါကို သိရင် ဘယ်လောက်စိတ်ထိခိုက်လိုက်မလဲ ကျွန်မဖြင့် စဥ်းတောင်မစဥ်းစားရဲဘူး”
ယမင်းဖြူက သက်ပြင်းတချချဖြင့် ကြေကွဲစွာ ပြောရင်း နေ့သစ်ကို မယုံသင်္ကာစွာ ကြည့်လာ၏။
"မှူး accidentဖြစ်တုန်းက ကိုနေ့သစ် အနားမှာ ရှင်ရှိနေခဲ့တယ်ဆို ဘယ်လိုလုပ်ပြီး ဒီလိုမျိုးဖြစ်ရတာလဲ''
နေ့သစ် ရေငုံနှုတ်ပိတ်နေမိသည်။ မိမိကြောင့် မှူး ယခုကဲ့သို့ဖြစ်ရကြောင်း ပြောမထွက်နိုင်ခဲ့ပေ။
"ကိုနေ့သစ်သိပြီးပြီလား၊ သွင်ရိပ်အဘွားဆုံးသွားတာ''
နေ့သစ် ခေါင်းညိတ်ပြလိုက်သည်။ ယမင်းဖြူက ဘာမှမပြောတော့ဘဲ တံခါးတွန်းဖွင့်ကာ လူနာခန်းထဲ ဝင်သွား၏။ နေ့သစ် မှူးကို အတန်ကြာငေး၍ လှည့်ပြန်ရန် ထွက်လာစဥ် လျှောက်လမ်း၌ သွင်ရိပ်နှင့် တည့်တည့်လာဆုံသည်။ သွင်ရိပ်က နေ့သစ်ရှေ့လာရပ်ကာ မျက်နှာငယ်ဖြင့် မော့ကြည့်နေသည်။
"တကယ်ကိုကိုပဲ၊ ဘယ်တော့မှ မတွေ့ရတော့ဘူးထင်ခဲ့တာ၊ ဖြစ်ခဲ့တာတွေအတွက် သွင်ရိပ်တောင်းပန်ပါတယ်နော်ကိုကို၊ သွင်ရိပ်ကို စိတ်မဆိုးပါနဲ့တော့”
"မှူးက အခုငါ့ကို အရမ်းမုန်းသွားပြီ၊ မင်း ကျေနပ်တယ်မလား’’
နေ့သစ် အံကြိတ်ပြောလိုက်တော့ သွင်ရိပ်က ငိုမဲ့မဲ့လေး ခေါင်းခါရင်း ငြင်းဆန်နေသည်။
"အဲ့လိုမျိုးမဟုတ်ပါဘူး၊ အတိတ်တွေကို မေ့ပစ်ပြီး သွင်ရိပ်တို့ အရင်လိုပြန်နေကြမယ်လေ၊ သွင်ရိပ်က
ကိုကိုရဲ့ညီမလေးလုပ်မယ်လေ၊ မမမှူးကိုလည်း သွင်ရိပ်တို့က မောင်နှမတွေလိုနေတဲ့အကြောင်း ဖြူစင်တဲ့အကြောင်း မမမှူးလက်ခံလာတဲ့အထိ ရှင်းပြပေးပါ့မယ်၊ သွင်ရိပ်ကိုတော့ အထင်မလွဲပါနဲ့နော်”
နေ့သစ် အံကြိတ်၍ တောက်ခေါက်ကာ ထွက်လာခဲ့သည်။ သွင်ရိပ်က ပြူးကြောင်ကြောင်လေး ကျန်ခဲ့၏။
~
မမမှူး၏လက်ဖဝါးနုနုလေးကို ညင်သာစွာ ဆုင်ကိုင်ထားမိသည်။ အပ်များမှာ မမလက်ဖမိုးသွေးကြောထဲသို့ အကြိမ်ကြိမ်ထိုးကာ ဆေးသွင်းထားခဲ့ရသဖြင့် လက်၌ အပ်ရာများ ထင်နေသည်။ ဆေးရုံသို့ သွင်ရိပ် နေ့တိုင်းလာ၍ စောင့်ပေးဖြစ်သည်။ ကြီးကြီးမြကတော့ လူကြီးမို့ အနားယူရအောင် အိမ်ပြန်သွားလေသည်။ မမကို သူနာပြုဆရာမများကလည်း မကြာမကြာလာကြည့်ပေးပါ၏။ သွင်ရိပ် မမမျက်နှာလေးကို ငေးရင်း တမြည့်မြည့် ခံစားနေရသည်။
"သွင်ရိပ်''
မယမင်းက တံခါးဝမှ ခပ်တိုးတိုးခေါ်နေသဖြင့် မမ၏လက်ကို တယုတယချပေး၍ သွင်ရိပ် မယမင်းဆီသို့ ခပ်သုတ်သုတ်လျှောက်လာခဲ့သည်။
"အစ်မအိမ်ပြန်မှဖြစ်မယ်၊ အစ်မကလေးတွေ ကိုထက်နဲ့ အကြာကြီးထားခဲ့ရတာ စိတ်မချဘူး၊ မိုးလည်း ချုပ်နေပြီမို့ သွင်ရိပ်လည်း တစ်ခါတည်းလိုက်ခဲ့ကွယ်”
သွင်ရိပ် မမမှူးကို လှည့်ကြည့်လိုက်သည်။ မမဘေး၌ လူနာစောင့်လည်း တစ်ဦးမှမရှိ။ မိသားစုဝင်လည်း မတွေ့။ မမ၏မာမီတော့ တစ်ခါတလေလာတယ်ဟု ကြီးကြီးမြပြောပြဖူးသော်လည်း သွင်ရိပ်နှင့် တစ်ခါမှမဆုံ။ ဤနေ့တော့ ကြီးကြီးမြလည်းမရှိ၍ သွင်ရိပ်ကပါ ထွက်သွားရန် မဖြစ်ပါ။ မယမင်းက သွင်ရိပ်မျက်နှာရိပ်ကို ဖမ်းရင်း သက်ပြင်းချနေသည်။
"မှူးကို စိတ်မပူပါနဲ့၊ ဒီဆေးရုံက မှူးဒက်ဒီပိုင်တာ၊ ဆရာဝန်တွေ သူနာပြုတွေ မှူးကို သည်းသည်းလှုပ် ဂရုစိုက်ကြလိမ့်မယ်၊ သူတို့ပစ်မထားပါဘူးကွယ်”
"သွင်ရိပ် ဒီညတော့ ဆေးရုံမှာပဲ မမမှူးကို စောင့်အိပ်ချင်တယ်၊ အစ်မပဲ ပြန်လိုက်တော့နော်”
“အင်းလေ၊ သွင်ရိပ်နေခဲ့ချင်တယ်ဆို သဘောပဲ၊ သွင်ရိပ် ဗိုက်ဆာရင် မုန့်ဆင်းဝယ်စားလို့ရအောင် အစ်မပိုက်ဆံပေးခဲ့မယ်၊ မှူးကို ဂရုစိုက်ပေးပါဦးနော်”
မယမင်းက သွင်ရိပ်လက်ထဲ တစ်သောင်းတန်တစ်ရွက်ထည့်ပေးပြီး မမမှူးကို တချက်ကြည့်ကာ ထွက်သွားသည်။ သွင်ရိပ် မမမှူးဆီသို့ ပြန်လျှောက်လာကာ ပန်းရောင်သမ်းနေသည့်မျက်နှာနုလေးကို ငေးကြည့်မိသည်။ စိတ်ကြီးလွန်းသည့်မမက ဤလိုကျတော့လည်း အေးချမ်းနေတော့သည်။
“အဟင်း…နာတယ်၊ နာလိုက်တာ အဟင်း”
မမနှုတ်ဖျားမှ ဝေဒနာထင်ဟတ်စေသော ညည်းညူမှုကြောင့် သွင်ရိပ် ပျာယာခတ်သွားသည်။
"မမ၊ မမသတိရလာပြီလားဟင်''
မမ၏စေ့ပိတ်ထားသော မျက်ခွံကြားမှ မျက်ရည်ပူတို့ စီးကျနေသည်။ မမနားထင်၌ ချွေးစေးများ ထွက်နေပြီး အောက်နှုတ်ခမ်းကို ဖိကိုက်ရင်း မျက်လုံးတို့ ဖွင့်လာသည်။
"အင့် ခေါင်းကိုက်လိုက်တာ၊ ခြေထောက်...ခြေထောက်က အရမ်းနာတယ်၊ မှူးခြေထောက်က နာတယ်”
"ဥုံဖွ ဥုံဖွနော် သွင်ရိပ်ဆရာဝန်သွားခေါ်ပေးမယ်၊ အဟင့်ဟင့် မမမငိုပါနဲ့၊ မနာနဲ့နော်”
သွင်ရိပ် မမသက်သာအောင် ဘာမှမလုပ်ပေးနိုင်သဖြင့် ပျာယာခတ်ရင်း တအိအိငိုချမိသည်။ မမ၏ဝေဒနာခံစားနေပုံကြောင့် သွင်ရိပ်နှလုံးသားကို မီးစဖြင့် အထိုးခံရသလို ထပ်တူနာကျင်ရသည်။ ပြီးတော့ ဆရာဝန်သွားခေါ်ရန် အပြေးထွက်လာသည်။ အထူးကြပ်မတ်ဆောင်မှ ဆရာဝန်တစ်ဦး roundလှည့်ပြီး ထွက်လာတော့ မမသတိရလာကြောင်း ပြောလိုက်သည်။ ထိုဆရာဝန်က မမကို တာဝန်ယူထားသည့်ဆရာဝန်ကို သွားခေါ်ပေးလေသည်။ သွင်ရိပ် လူနာအခန်းရှေ့၌ ဆရာဝန်ကို စိတ်စောစွာ လာစောင့်နေသည်။ ခဏကြာတော့ ဆရာဝန်ကြီးနှင့်သူနာပြုတစ်ဦးရောက်လာ၏။ သွင်ရိပ်လည်း နောက်မှ လိုက်ဝင်သွားသည်။ သွင်ရိပ် ဆရာဝန်ကြီးနောက်၌ မမစိတ်ညစ်မည်စိုး၍ ကွယ်ရပ်နေမိသည်။ မမက သူ့ကိုယ်သူအားယူထထိုင်ရန်ကြိုးစားနေသဖြင့် သွင်ရိပ် ဆရာဝန်ကြီးကို အားကိုးတကြီးကြည့်မိသည်။ ဆရာဝန်ကြီးက မမကို စမ်းသတ်စစ်ဆေးပြီး ကုတင်နောက်မှီကို မြင့်ပေးလိုက်သည်။ မမက ပတ်တီးအပြည့်စည်းနှောင်ထားသော ညာဘက်ခြေထောက်ကို ကြိုးစားကာ လှုပ်ကြည့်နေသည်။
“အရမ်းနာတယ်ဒေါက်တာ၊ အသည်းခိုက်မတတ်နာတယ်၊ ကျွန်မခြေထောက်ဘာဖြစ်တာလဲ”
"အရိုးကျိုးကြေသွားလို့ ခွဲစိတ်မှုလုပ်ပြီး စတီးရိုးထည့်ထားရတယ်၊ အခုချက်ချင်းတော့ သမီးဘယ်လိုမှ လမ်းလျှောက်နိုင်သေးမှာမဟုတ်ဘူး၊ ဝှီးချဲသုံးပြီး နေရလိမ့်မယ်”
"စတီးရိုးထည့်ထားရတာတဲ့လား၊ ကျွန်မ အရင်လိုပြန်မကောင်းနိုင်တော့ဘူးလားဒေါက်တာ၊ ဝှီးချဲသုံးရမယ်ဆိုတော့ ကျွန်မ တစ်သက်လုံး ဒုက္ခိတဖြစ်သွားပြီလို့ဆိုလိုတာလား အဲဒီအဓိပ္ပါယ်မလား”
မမမှူးက အလွန်အမင်းအံ့ဩထိတ်လန့်နေပြီး ဤအခြေအနေကို လက်မခံနိုင်ဖြစ်နေသည်။
"ဒက်ဒီရောမာမီရော ကျွန်မကို လာမကြည့်ကြဘူးလား၊ ကျွန်မ ဒုက္ခိတဖြစ်သွားလို့ စွန့်ပစ်လိုက်ကြပြီလား”
မမက နာကျင်စွာရေရွတ်ရင်း အောက်နှုတ်ခမ်းကို ဖိကိုက်သည်။ မမ၏မျက်နှာ၌ ခံစားချက်မျိုးစုံရောထွေးကာ ဘာတစ်ခုမှ လက်မခံနိုင်ဖြစ်နေသည်။
"ထွက်သွား အားလုံးထွက်သွား ဘယ်သူနဲ့မှ မတွေ့ချင်ဘူး၊ ထွက်သွားလို့ပြောနေတယ်''
မမက ဆရာဝန်ကြီးနှင့်သွင်ရိပ်တို့ကို အခန်းထဲမှ အတင်းနှင်လွတ်နေသဖြင့် သွင်ရိပ် ဘယ်လိုမှ မတတ်နိုင်စွာ ထွက်လာရသည်။ ဆရာဝန်ကြီးက မမ၏ဒက်ဒီကို ဖုန်းဆက်အကြောင်းကြားနေသည်။ ရင်ခေါင်းထဲမှ လှိုက်ခနဲတက်လာသည့် မမ၏ငိုကြွေးသံတို့မှာ အခန်းထဲမှ လွင့်လာသည်။ သွင်ရိပ်လည်း အခန်းပြင်၌ မမနှင့် ထပ်တူငိုကြွေးနေမိ၏။
~
မမမှူး၏ဒက်ဒီက မမမှူးအတွက် လိုအပ်သမျှ အကုန်ဖြည့်ဆည်ပေးထားပုံရ၏။ ညဥ့်ခုနှစ်နာရီ၌ သူနာပြုမလေးက သွင်ရိပ်ကို ခေါ်ကာ ဝှီးချဲလာပေးသည်။ သပ်ရပ်စွာ ဝတ်စားထားသော ဦးလေးထွန်းဆိုသည့် လူကြီးတစ်ဦးမှာ မမမှူးအတွက် ညစာထမင်းဘူးလာပို့ပေးသည်။ မမမှူးကိုလည်း အတော်လေးဂရုတစိုက်ရှိကာ ချော့မော့နစ်သိမ့်ပေးနေ၍ မမမှူး၏ဒက်ဒီဟု သွင်ရိပ်အထင်မှားမိသေး၏။ မမမှူးက ဦးလေးထွန်းဟုခေါ်မှ ဒက်ဒီမဟုတ်မှန်းသိသည်။ ပြန်ခါးနီး၌ ဦးလေးထွန်းက ‘’မှူးလေးအကြိုက်ချည်း မမမြက ရွေးချက်ထားတာ၊ ညစာဖြစ်အောင်စား’’ဟု ပြောသွားသည်။ သွင်ရိပ်ကိုလည်း မမမှူးကို ဂရုစိုက်ပေးရန် သေချာမှာပြီး ဆေးရုံစောင့်ပေး၍ ကျေးဇူးတင်ကြောင်း ပြောသည်။ ပြီးတော့ မုန့်ဖိုးလည်း အတင်းပေးသွား၏။ မယူဘူးဟု ငြင်းလို့တောင်မရပါ။ သွင်ရိပ်က အများမြင်၌ နို့နံ့မစင်သေးသည့်ကလေးရုပ်များပေါက်နေလားမသိ။ လူကြီးများက သွင်ရိပ်ကို သုံးတန်းကလေးကိုတွေ့သလို မုန့်ဖိုးပေးသွားကြသည်။
မမမှူးကတော့ ဦးလေးထွန်းပြန်သွားတည်းက ဘာစကားမှမပြောပါ။ ဆွေးငေးစွာ ထိုင်နေ၏။ သွင်ရိပ် ခေါက်စားပွဲလေးကို ကုတင်ပေါ်ချ၍ ကြီးကြီးမြလက်ရာများကို ပြင်ဆင်ပေးသည်။ မမအကြိုက်ဆိုသည့် ဟင်းများမှာ ပုစွန်ဆီပြန်၊ ဝက်သားပေါင်း၊ ဟင်းနုနယ်ရွက်ကြော်တို့ဖြစ်နေ၍ သွင်ရိပ်အံ့ဩမိသေး၏။ မမအကြိုက်တို့မှာ အဆီအဆိမ့်များဖြစ်နေတော့ မမသည် ငယ်ငယ်ရွယ်ရွယ်နှင့် သွေးတိုးရှိနေခြင်းမှာ အဆန်းမဟုတ်ပေ။ ကြီးကြီးမြလက်ရာမှာလည်း ဆွေမျိုးမေ့လောက်အောင် အနံ့၊အမြင်တို့မှအစ ဆွဲဆောင်နေသည်။
“မမ ထမင်းစားပါလားဟင်၊ အနံမွှေးလွန်းလို့ သွင်ရိပ်တောင် ဗိုက်ဆာလာပြီမမရယ်”
မမက ဆေးရုံပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ညကောင်းကင်ကို ငေးနေရာမှ လှည့်ကြည့်လာသည်။
“မစားချင်ဘူး၊ မင်းစားချင်ရင် စားလိုက်ပေါ့”
သွင်ရိပ် ထမင်းဘူးခြင်းထဲထည့်ထားသောပန်းကန်ယူ၍ ထမင်းနည်းနည်းထည့်လိုက်တော့ မမက တကယ်စားမှာလားဆိုသည့်အကြည့်ဖြင့် လှည့်ကြည့်လာသည်။ သွင်ရိပ် ကြိတ်ပြုံး၍ ရေချိုးခန်းထဲတွင် လက်လာဆေးလိုက်သည်။ မမစားချင်စိတ်ဖြစ်လာအောင် သွင်ရိပ်နည်းနည်းအားရပါးရစားပြမှဖြစ်မည်။ သွင်ရိပ် ကုတင်ဘေးတွင် အကျအနထိုင်ကာ ဝက်သားပေါင်းမှ အသားဖတ်ခပ်ထည့်၍ ထမင်းကို လက်ဖြင့် နယ်ကာ အားပါးတရစားပြလိုက်သည်။ ပါးစပ်မှလည်း အရသာရှိလိုက်တာဟု မကြာမကြာပြောတော့ မမက မျက်စောင်းလှည့်ထိုးလာ၏။
“သွင်ရိပ်တစ်ယောက်တည်း စားရမမြန်လို့ မမလည်း အတူစားပါလားဟင်၊ နှစ်ယောက်စားရင် ပိုစားလို့ ကောင်းမှာပဲ၊ သွင်ရိပ်က ထမင်းကို အမြဲတစ်ယောက်တည်းပဲ စားနေရလို့ ရင်ထဲ ဝမ်းနည်းလိုက်တာ”
“မင်းကလား၊ စားမမြိန်လို့သာပဲ၊ လက်နှင့် အပီအပြင်ဆွဲနေတာ ဘီလူးသရဲဝင်စီးပြီး စားနေသလားမှတ်ရတယ်”
“မမကလည်း ကြီးကြီးမြလက်ရာက အရမ်းကောင်းတာကိုးလို့ ပြီးတော့ သွင်ရိပ်တို့က ဆင်းရဲတော့ မိုးကုတ်မှာတည်းက ထမင်းစားရင် လက်နဲ့ပဲ အားရပါးရစားတာ၊ ရန်ကုန်ရောက်မှ မေမေတို့အဆင့်အတန်းနှင့် ညီအောင် ဇွန်းနဲ့ လိုက်စားပေးရတာ’’
“ဟုတ်ပါပြီ''
“မမ ထမင်းစားမယ်မလားဟင်၊ သွင်ရိပ်နဲ့အတူလေ”
မမက ထမင်းပွဲကို တစ်ချက်လှမ်းကြည့်၍ စားချင်စိတ်ဖြစ်လာပုံရ၏။ ဝှီးချဲဘီးကို မမကိုယ်တိုင် လိမ့်တွန်းလာသဖြင့် သွင်ရိပ်ပြုံးလိုက်သည်။ မမပန်းကန်ထဲသို့ ဘယ်လက်ဖြင့် ပုစွန်တုတ်ခပ်ထည့်ပေးလိုက်သည်။ မမက ဇွန်းခက်ရင်းယူ၍ ပုစွန်းဟင်းဖြင့် တစ်ဇွန်းခပ်စားလာတော့မှ သွင်ရိပ်စိတ်အေးသွားသည်။ မမမှူး မစားမသောက်ဘဲနေမှာ သွင်ရိပ်သိပ်စိတ်ပူခဲ့ရ၏။ မမမှူးက ကြီးကြီးမြ၏လက်ရာကို လွမ်းနေခဲ့သလိုမျိုး အားပါးတရမဟုတ်သော်လည်း သေသေသပ်သပ်စားနေသဖြင့် သွင်ရိပ်မှာ ငေးရင်း မျက်ရည်ကျချင်လာသည်။ မမက အရာရာရင်ဆိုင်နိုင်မည့် သတ္တိရှိသောမိန်းမမို့ အမြဲစိတ်ဓာတ်ကျအရှုံးပေးမည်မဟုတ်ဟု သွင်ရိပ်ယုံကြည်သည်။
ထမင်းစားပြီးတော့ သွင်ရိပ် မမကို ဆေးတိုက်သည်။ မမက ဝှီးချဲဘီး ကိုယ်တိုင်တွန်းကာ tioletထဲ ဝင်သွား၍ သွင်ရိပ်စိတ်ပူမိသေး၏။ သွင်ရိပ်မှာ tioletရှေ့ရပ်၍ မမလဲကျနေမလားစိုးထိတ်ရ၏။ ခဏကြာတော့ မမမှာ စိတ်သွားတိုင်း ကိုယ်ပါရခက်ခဲနေ၍ ဘဝင်မကျသည့်မျက်နှာမျိုးဖြင့် ပြန်ထွက်လာသည်။ စိတ်လည်း ပြန်မကြည့်တော့ပုံမို့ သွင်ရိပ်စကားမပြောရဲတော့ဘဲ သူနာပြုဆရာမကို သွားခေါ်လိုက်သည်။ သူနာပြုဆရာမက မမကို ခြေထောက်ဆေးထည့်ပေးကာ ပတ်တီးအသစ်စီးပေးသည်။ ခြေထောက်တစ်ဖက်တည်း ခိုက်မိ၍ တော်တော့သည်။ ဤညတော့ မမက မအော်ဟစ် မသောင်းကျန်းဘဲ အေးချမ်းစွာ အိပ်သွားသည်။ မမမျက်နှာမှာ ဝမ်းနည်းရိပ်သမ်းနေ၏။ သွင်ရိပ်က ဘေးရှိ လူနာစောင့်ဆိုဖာ၌ အိပ်ရင်း မမကို ငေးကာ ရင်မောနေရသည်။
~
အခန်းထဲ၌ တစ်ဦးတည်း တိတ်ဆိတ်စွာ ထိုင်ရင်း အတိတ်မှ ပုံရိပ်များကို မှူးမြင်ယောင်လာသည်။ ဆေးရုံတွင် နေရသော ထိုရက်များ၌ မတွေးသည့်တိုင် မှူး အတွေးထဲ အလိုလိုဝင်ရောက်လာနေ၏။ မှူး၏မောင်လေးသားဆက်ကို အချိန်တိုင်း သတိရနေခဲ့သည်။ ဒုက္ခိတဆိုသည့်အဖြစ်မှာ တုန်လှုပ်စရာ။
⬅⬅⬅⬅
အတူတူပုန်းတမ်းကစားရန် ကုတင်အောက်၌ မှူး၏ခန္ဓာကိုယ်သေးသေးလေးကို တိုးဝင်လိုက်သည်။ အချိန်အတော်ကြာပုန်းနေသော်လည်း သားဆက်က လာမရှာပါ။ ရှာနေသည့် ခြေသံလည်း မကြားရပေ။ မှူး ကုတင်အောက်မှ အပြင်ဘက်ကို ခေါင်းပြူချောင်းလိုက်သည်။ သားဆက်က လိုက်မရှာသဖြင့် မှူးနှုတ်ခမ်းစူ၍ ကုတင်အောက်မှ တိုးထွက်လိုက်သည်။ အိပ်ခန်းထဲမှ ဟောခန်းကျယ်ကြီးထဲသို့ ပြေးထွက်လာတော့ သားဆက်က ဘောလုံးလေးကို ပိုက်ကာ မှန်နံရံများ ကာရံထားသည့်နေရာမှ အပြင်ဘက်ကို စူပုပ်ပုပ်မျက်နှာဖြင့် ငေးကြည့်နေလေသည်။
"ဘာတွေကြည့်နေတာလဲသားဆက်၊ တူတူပုန်းတမ်းကစားနေတာကို မမကို ဘာလို့လိုက်မရှာတာလဲ”
သားဆက်က မှူးကို ညှိုးငယ်စွာ လှည့်ကြည့်လာသည်။ ပြီးတော့ အပြင်ဘက်ကို လက်ညိုးထိုးလာ၏။
"မမ သားဆက် ဟိုးအပြင်ထွက်ချင်တယ်၊ မမလိုပဲ ဖြူဖြူစိမ်းစိမ်းဝတ်ပြီး ကျောင်းတက်ချင်တယ်''
မှူး စိတ်မကောင်းဖြစ်သွားသည်။ မောင်လေး၏ဆန္ဒကို ဖြည့်ဆည်းပေးရန် ကလေးဦးနှောက်လေးဖြင့် အကြံထုတ်နေမိသည်။ မျက်ဆံထောင့်ကပ်၍ နှုတ်ခမ်းလေးစုကာ စဥ်းစားနေလိုက်သည်။
"မမအကြံရပြီ၊ မမကျောင်းသွားတဲ့အခါကျရင် သားဆက်အတူတူလိုက်ခဲ့ပေါ့၊ မကောင်းဘူးလား၊ ဒက်ဒီ
မသိအောင် တိတ်တိတ်လေးသွားမယ်လေ၊ မမတို့ ဟိုးအပြင်မှာ လျှောက်သွားကြမယ်”
သားဆက်က ဟေးခနဲ ထအော်ပြီး မှူးကို ဝမ်းသာအားရပြေးဖက်လေသည်။ အပျော်လွန်ကာ ခုန်ပေါက်နေသေး၏။
"မမ တကယ်ပြောတာနော်၊ သားဆက်ကို ကျောင်းခေါ်သွားမယ်ဆိုတာ''
"တကယ်ပေါ့မောင်လေးရယ်”
“ဒါဆို ဒီနေ့ မမကျောင်းသွားရင် ခေါ်သွားရမယ်…နော်”
ဤနေ့၌ မှူး ကျောင်းသွားရန် အတက်ကြွဆုံးဖြစ်နေခဲ့သည်။ အမြန်ရေချိုး၍ ကျောင်းဝတ်စုံလဲဝတ်ကာ အလှအပဆုံးပြင်ဆင်နေမိသည်။ မောင်လေးကိုလည်း ရေချိုးပေးကာ အင်္ကျီအသစ်ဝတ်ပေးသည်။ သနပ်ခါးလည်း ဖွေးအောင် လိမ်းပေးထား၏။ ကျောင်းချိန်နီးတော့ တံခါးရှေ့တွင် မောင်နှမနှစ်ဦး ထိုင်စောင့်နေကြသည်။
ကြီးကြီးမြက ကျောင်းချိန်နီးရင် မှူးကို တံခါးလာဖွင့်ပေးတတ်သည်။ မှူးကျောင်းသွားလျှင် အပေါ်ဆုံးထပ်တွင် သားဆက်တစ်ဦးတည်းကျန်ခဲ့ရ၏။ ကြီးကြီးမြကတော့ မှူးမရှိလျှင် သားဆက်ကို အဖော်ပြုပေးသလို အမေရင်းနှင့်မခြား ဂရုစိုက်ပေးသည်။ မိခင်အရင်းဖြစ်သည့် မာမီဒေါ်တေးမာလာကတော့ မှူးတို့မောင်နှမနှစ်ဦးကို တယုတယ ကြင်ကြင်နာနာ ဘယ်တုန်းကမှမရှိခဲ့။ နေ့စဥ် တစ်ကိုယ်လုံးကို ကော့ညွတ်နေအောင် ပြင်ဆင်ပြီး အပျိုလေးလို လူလွတ်တစ်ဦးကဲ့သို့ သူ့အပေါင်းအသင်းများနှင့် အချိန်ကုန်နေခဲ့သည်။ မှူးတို့မောင်နှမနှစ်ဦး၏ဝေယာဝစ္စများကို ၏သည်အဆုံး ဦးလေးထွန်းနှင့်ကြီးကြီးမြက ဂရုစိုက်စောင့်ရှောက်ပေးခဲ့ရသည်။ ထိုကြောင့် မှူးတို့မှာ မိဘထက် ဦးလေးထွန်းနှင့်ကြီးကြီးမြကို သံယောဇဥ်ပိုကာ တွယ်တာရသည်။
"မှူးလေးရေ ကျောင်းသွားမယ်''
ကြီးကြီးမြက တံခါးလာဖွင့်ပေးသည်။ မှူး ကျောဘိုးအိတ်လေးလွယ်ပြီး ထရပ်လိုက်သည်။
သားဆက်ကို အထာဖြင့် ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။
"ကြီးကြီးမြ သားဆက်က ပန်းသီးစားချင်လို့တဲ့လေ၊ အဲဒါ ကြီးကြီးမြသွားယူပေးပါဦး၊ ဒီတံခါးကို မှူးပိတ်ပေးလိုက်မယ်နော်”
"ဟုတ်ပါပြီကွယ်၊ ကြီးကြီးမြယူပေးမယ်၊ မှူးလေးလည်း ကျောင်းကို ဂရုစိုက်သွားနော်''
ကြီးကြီးမြက ဘာမှသံသယမဝင်ဘဲ ပန်းသီးယူရန် ထွက်သွားသည်။ မှူး သားဆက်လက်ဆွဲ၍ လှေကားအတိုင်း ခိုးကြောင်ခိုးဝှက်ဆင်းလာခဲ့သည်။ ဒုတိယထပ်၌ မည်သူမှမရှိပါ။  ကြီးကြီးမြကတော့ ရေခဲသေတ္တာထဲမှ ပန်းသီးထုတ်ယူကာ ပန်းကန်ပြားပေါ် ပန်းသီးကို သေချာစိပ်ထည့်နေလေ၏။ မှူးတို့ လှေကားအောက်ဆုံးထပ်ရောက်တော့ တံခါးဝနှင့် နီးနေသည်မို့ သားဆက်လက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ ခြံထဲသို့ ခြေသံဖွဖွ ဆင်းပြေးလာခဲ့သည်။ ကံဆိုးချင်တော့ ခြံထဲတွင် ဒက်ဒီနှင့်သူ့အလုပ်သမားများရပ်ပြီး စကားပြောနေကြသည်။ မှူးတို့ အနောက်ပြန်ဆုတ်လိုက်စဥ် ဖန်ခွက်ကျကွဲသံမှာ ကျယ်လောင်စွာ ထွက်လာသည်။ မှူးလှည့်ကြည့်လိုက်တော့ မာမီက မှူးတို့ကို တအံ့တသြငေးကြည့်နေသည်။ မာမီ့အကြည့်များမှာ ဒီလိုလုပ်လို့ မဖြစ်ရဘူးမှူးဟု ပြောနေ၏။
"မှူးလေးဘာလုပ်တာလဲ၊ မောင်လေးကို ကျောင်းခေါ်သွားဖို့ လုပ်နေတာလား၊ မှူးရယ် မဖြစ်ဘူးလေ”
မာမီက ရင်ဘတ်ကို လက်ဖိ၍ ရှော့ရနေသည်။ မှူးကိုလည်း မဖြစ်ဘူးဟု အကြိမ်ကြိမ်ပြောနေ၏။ ဒက်ဒီ အိမ်ထဲသို့ ဝင်လာသည်။ မှူးတို့မှာ ဒက်ဒီ့ကို မြင်တော့ အလန့်ကြီးလန့်သွားမိသည်။ သားဆက်က မှူးနောက်တွင် ကြောက်ကြောက်လန့်လန့် ဝင်ပုန်းနေ၏။
"တေးယစ်မှူး၊ လူက လက်သန်းလောက်ပဲရှိသေးတယ်၊ သိပ်တတ်နေတယ်ပေါ့၊ ဒီဒုက္ခိတကျပ်မပြည့်ကောင်ကို ကျောင်းခေါ်သွားပြီး ငါ့ကို အရှက်ခွဲမယ်ပေါ့လေ''
"သားဆက်ကို ဒုက္ခိတလို့မပြောပါနဲ့၊ သူလည်း မှူးလိုပဲ ကျောင်းတက်ချင်တာ ဘာမှားလို့လဲ”
"မိမှူး ဒီအရွယ်လေးနဲ့ ညည်းအဖေကို ပြန်ခံပြောနေတာလား၊ သားဆက်က ဉာဏ်ရည်မမီလို့ ကျောင်းတက်ဖို့ မပြောနဲ့ အိမ်အပြင်တောင် ထွက်ဖို့ ခက်ခဲလှပြီ၊ မှူးကို မာမီပြောထားပြီးသားပဲ”
ဒက်ဒီနှင့်မာမီဆီမှ အပြစ်တင်စကားများ ဆက်တိုက်ထွက်လာသည်။ သားဆက်က ကြောက်လန့်ပြီး ရှူးထွက်ကျသွားလေသည်။
"တွေ့လား ဟမ် ဒီအရွယ်ကြီး ဘောင်းဘီထဲ ရှူးပေါက်ချတဲ့သူက ကျောင်းတက်ချင်သေးတာလား”
ဒက်ဒီက မှူးနောက်တွင် ကြောက်လွန်း၍ တုန်ရီနေသည့် သားဆက်ကို ဂုတ်မှ ဆွဲမ,လိုက်သည်။ ပြီးတော့ ယောင်္ကျားလက်ဝါးကြီးဖြင့် တဘုန်းဘုန်းရိုက်တော့သည်။
"အဟင့် ဟင့် သားကြောက်ပါပြီ၊ အဟင့် သား နောက်တစ်ခါအပြင်ထွက်ဖို့ မလုပ်တော့ပါဘူး၊ သားသားအပြင်မထွက်တော့ပါဘူး၊ အီးဟီးဟီး နာတယ်''
မှူး သားဆက်ကို အတင်းဝင်ကာပေးလိုက်ကာ အံကြိတ်ပစ်လိုက်သည်။
"ဒက်ဒီ ရိုက်ချင်ရင် မှူးကိုရိုက် သားဆက်က ဘာအပြစ်မှမရှိဘူး၊ မှူးက အပြင်ထွက်ရအောင်ခေါ်ခဲ့တာ''
"ရိုက်မယ်၊ ကျပ်မပြည့်တဲ့ကောင်ကို ကာကွယ်ပေးချင်ဦး၊ တောက်”
ဒက်ဒီက မှူးတို့မောင်နှမကို အဆက်မပြတ်ရိုက်လာသည်။ မှူး သားဆက်ကို ရင်ခွင်ထဲ ဖက်ထားရင်း မျက်လုံးမှိတ်ပြီး အရိုက်ခံနေမိသည်။
"တော်ပါတော့ဆရာရယ်၊ ကလေးတွေလည်း မှတ်သွားလိုက်ပါပြီ''
မာမီက ဝင်တားခြင်းမရှိသည့်အပြင် မျက်နှာလွှဲနေသည်။ ကြီးကြီးမြက အမြင်မတော်စွာ ဝင်တားရလေသည်။ ဒက်ဒီက ခါးထောက်ကာ မျက်ထောင့်နီဖြင့် ကြည်သည်။
"သွား နှစ်ယောက်လုံးအပေါ်တက် မိမှူး ကြံ့ကြံ့သတိထားနေ နောက်တစ်ခါ သားဆက်ကို အပြင်ထွက်ဖို့ခေါ်ရင် ညည်းကိုလည်း ကျောင်းတက်ခွင့်မပေးတော့ဘဲ ပိတ်ထားမယ်''
မှူး မျက်ရည်ကြားမှ ဒက်ဒီ့ကို မုန်းတီးစွာ ကြည့်မိသည်။ ကြီးကြီးမြက မှူးတို့မောင်နှမကို ချော့ကာ အပေါ်ဆုံးထပ်သို့ ပြန်ခေါ်လာလေသည်။ အပေါ်ဆုံးထပ်ရောက်တော့ သားဆက်က တရှုံ့ရှုံ့ငိုသည်။ မှူးလည်း သားဆက်ကို ဖက်ကာ ငိုမိသည်။ ခြေထောက်သေးသေးလေး၌ နုနုဖတ်ဖတ်အသားရေမှာ နီရဲနေတော့သည်။
"ဟင့် မုန်းတယ်၊ ဒက်ဒီ့ကို မုန်းတယ်''
ကြီးကြီးမြက မှူးတို့ကို ဒဏ်ရာများ ဆေးလိမ်းပေးရင်း သက်ပြင်းချသည်။
"ကိုယ့်ဒက်ဒီကို မုန်းတယ်လို့ မပြောရဘူးလေမှူးလေးရဲ့”
မှူး တအိအိရှိုက်ငိုရင်း အံကြိတ်မိသည်။
"ပြောမှာပဲ၊ ဒက်ဒီက ဘာလို့ သားဆက်ကို ကျောင်းပေးမတက်တာလဲ၊ မှူးမောင်လေးလည်း လူပါ၊ တိရိစ္ဆာန်မဟုတ်ဘူး၊ ပြီးတော့ ဒုက္ခိတကျပ်မပြည့်ကောင်လို့ ပြောသေးတယ်၊ မှူးတို့က ဒက်ဒီ့သားသမီးအရင်းတွေရော ဟုတ်ရဲ့လား၊ မှူးတို့ကိုလည်း ရိုက်တယ် အဟင့်”
➡➡➡➡
ဤအခြေအနေများသည် ကလေးတစ်ဦးအဖို့ နာကျင်စရာ စိတ်ဒဏ်ရာများဖြစ်ခဲ့သည်။ အတိတ်ကို ပြန်တွေးရင်း မှူးပါးပြင်ထက်ဝယ် မျက်ရည်စီးကြောင်းများ အဆက်မပြတ်စီးကျနေ၏။ မှူးကို တမြည့်မြည့်နာကျင်နေစေသည်။ နှုတ်ခမ်းမှာ ခြောက်ကပ်နေသော်လည်း ရေသောက်ရန် မကြိုးစာမိပါ။
"သားဆက် မမကို ကြည့်နေလားမောင်လေး၊ မမ အခု မောင်လေးလိုပဲ ဒုက္ခိတဘဝကို ရောက်နေပြီ၊
မောင်လေးကို ဒက်ဒီနဲ့မာမီက သီရိမြုံစံအိမ်ကြီးမှာ ပိတ်ထားခဲ့ကြသလို မမလည်း ပစ်ပယ်ခံရတော့မယ်''
မှူး သားဆက်ကို တိုင်တည်ပြောဆိုရင်း နာကျင်စွာ ရှိုက်ငိုနေမိသည်။
ကိုယ့်ကိုယ်ကိုယ်သာ အားကိုးတတ်သည့် မှူးက ချက်ချင်းကြီး တခြားသူ၏အကူအညီရှိမှ ရှင်သန်နေထိုင်နိုင်မည်ဟု တွေးမိလေ သေမတတ်နာကျင်မိလေ။ ဝမ်းနည်းအားငယ်စိတ်မှာ မှူးခေါင်းထဲ ကြီးစိုးဝင်ရောက်နေသည်။ တင်းမခံထားနိုင်လောက်အောင် စိတ်ဓာတ်ကျကာ မှူး မျက်ရည်ကျမိသည်။
မှူးမျက်ရည်သုတ်နေစဥ် မာမီက တံခါးတွန်းဖွင့်ကာ အခန်းထဲသို့ ဝင်လာ၏။ မှူးတစ်ယောက်လုံး ဆေးရုံတက်နေရသော်လည်း မာမီ့မျက်နှာတွင် မိတ်ကပ်မပျက်ပါ။ သောကမရှိသလိုမျိုး အလှဆုံးပြင်ဆင်ထားသေးသည်။ မှူး မျက်နှာတည်သွားပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။
"မာမီ့သမီးလေး နေကောင်းတယ်မဟုတ်လားကွယ်”
မာမီက မှူးလက်ကိုင်ကာ မေးလာသဖြင့် မှူး အခြားဘက်သို့ မျက်နှာလွဲထားလိုက်သည်။ မာမီက သက်ပြင်းခပ်သဲ့သဲ့ချလေသည်။
"မှူးခိုင်းချင်တာခိုင်းလို့ရအောင် မှူးဒက်ဒီက သက်တော်စောင့်နှစ်ယောက်ကို အခန်းပြင်မှာ စောင့်ခိုင်းထားတယ်၊ မှူးရဲ့ကြီးကြီးမြလည်း မကြာမကြာလာနေတယ်မဟုတ်လား၊ မာမီလည်း အရေးကြီးကိစ္စရှိနေလို့ မှူးအနားမှာ နေပေးချင်ပေမဲ့ ပြန်သွားရဦးမယ်၊ မာမီ မနက်ဖြန်တော့ မှူးကို လာစောင့်အိပ်ပေးမှာပါကွယ်”
မာမီက မှူးမျက်နှာလေးကို ကိုင်ပြီး ချော့မြူပြောနေ၏။ မှူးစိတ်ဆိုးမှာ မာမီသိနေ၏။ သိလျက် မာမီ မှူးကို အချိန်မပေးနိုင်ပါ။ မှူးက မာမီ့အတွက် ပထမဦးစားပေးမဟုတ်ခဲ့ပေ။
“မာမီ ညနေပြန်လာခဲ့မယ်နော်၊ အခုတော့ မှူးအပျင်းပြေစကားပြောလို့ရအောင် သူနာပြုတစ်ယောက်လွတ်ပေးလိုက်မယ်၊ ဟုတ်ပြီလား”
မှူး ငိုချင်စိတ်ကို မျိုသိပ်ကာ ထိန်းရင်း မာမီ့ကို ကြည့်လိုက်သည်။ မာမီက မှူးနဖူးကို ဖွဖွအနမ်းခြွေကာ နစ်သိမ့်တော့ ဝမ်းနည်းလာသည်။ မှူးအနား၌ နေပေးပါဟု ဆွဲထားချင်သော်လည်း နှုတ်မှ ထွက်မလာ။ မှူး၏မာနက တောင်းဆိုရန် ခွင့်မပြုနေခဲ့ပါ။ မှူးတောင်းဆိုမိ၍ မာမီက ငြင်းလာလျှင် မှူးနာကျင်ရမည်။
မှူးလို ဒုက္ခိတနား၌ ဘယ်သူက နေချင်ပါ့မလဲ။ မှူးက မာမီ့အတွက် အရေးမှမကြီးတာ။
မာမီ မှူးကို နှုတ်ဆက်ကာ ပြန်သွားသည်။ မှူး ဤအတိုင်းသား ငေးကြည့်နေခဲ့ရသည်။ ခဏကြာတော့ သူနာပြုဆရာမရောက်လာသော်လည်း မှူး စကားပြောချင်စိတ်မရှိသဖြင့် ပြန်လွတ်လိုက်သည်။ အချိန်များ တဖြည်းဖြည်း ကုန်ဆုံးလာ၏။ မှူးကတော့ မလှုပ်မယှက် ငြိမ်သက်စွာ ထိုင်နေမိသည်။
ထိုစဥ် အခန်းပြင်၌ ရုတ်တရက် ဆူညံသံကြားလိုက်ရသည်။ မှူး တံခါးကို မျက်လုံးပင့်ကြည့်မိသည်။ တံခါးက ဂျိမ်းခနဲ ပွင့်လာကာ နေ့သစ်က အခန်းထဲသို့ အတင်းဝင်ရန် ကြိုးစားနေသည်။ ဒက်ဒီ့သက်တော်စောင့်နှစ်ဦးက နေ့သစ်ကို ဝင်ခွင့်မပေးဘဲ တားထားကြ၏
"မှူး မောင်ပါ မောင် မှူးကို လာတွေ့တာပါ၊ မောင် မှူးကို တောင်းပန်ချင်လို့ပါမှူးရယ်”
နေ့သစ်က မှူးကို အကူအညီလှမ်းတောင်းနေ၏။ မှူး နာကြည်းစွာ ကြည့်လိုက်သည်။
"ပေးဝင်လိုက်''
မှူး အမိန့်ပေးလိုက်တော့ ဒယ်ဒီ့တပည့်တွေက နေ့သစ်ကို လွတ်ပေးလိုက်လေသည်။ နေ့သစ်က နှင်းဆီပန်းစည်းကိုင်လျက် အခန်းထဲသို့ ဝင်လာသည်။ မှူးကို မဝံ့မရဲ ပန်းစည်းပေးလာ၏။ မှူး အောက်နှုတ်ခမ်းကို ပေါက်လုမတတ်ကိုက်ထားမိသည်။ ပန်းစည်းယူလိုက်တော့ နေ့သစ်က ပြုံးလာသည်။ မျှော်လင့်ချက်များပြည့်နေသော သူ့မျက်နှာက မှူးကို မဲ့ပြုံးစေ၏။
“အနားကို တိုးလာ''
မှူးအံကြိတ်ပြောလိုက်တော့ နေ့သစ်က အူကြောင်ကြောင်မျက်နှာဖြင့် ခြေလှမ်းကို ရှေ့တိုးလာရပ်သည်။ မှူး ပန်းစည်းကို ခပ်တင်းတင်းဆုပ်ကိုင်ကာ နေ့သစ်ကိုယ်ကို တဘုန်းဘုန်းရိုက်ပစ်လိုက်သည်။ ပန်းစည်းများ ကြွေကျကာ မှူးလက်များနာလာသည်အထိ အဆက်မပြတ်ရိုက်မိသည်။ နေ့သစ်က နည်းနည်းလေးမှမရှောင်ဖယ်ဘဲ မှူးရိုက်တာကို ခေါင်းငုံ့ငြိမ်ခံနေလေသည်။ ပန်းစည်းမှာ အောက်တွင် တစ်စစီပြန်ကျဲသွားသည်။ မှူးလည်း မောပန်းလာသဖြင့် ရပ်လိုက်သည်။
"ခွင့်မလွတ်ဘူး၊ နင့်ကို ဘယ်တော့မှ ခွင့်မလွတ်ဘူးမို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့စိတ်နဲ့ တစ်သက်လုံးနေလိုက်''
"မှူး မောင်တောင်းပန်ပါတယ်ကွာ''
နေ့သစ်က မှူးရှေ့၌ ဒူးထောက်ထိုင်ချလိုက်တော့ မှူးမျက်နှာလွဲပစ်လိုက်သည်။
"သူ့ကို ငါ့မျက်စိရှေ့က ဆွဲထုတ်သွား၊ နောက်လည်း သူဆိုရင် အခန်းထဲ လုံးဝမဝင်စေနဲ့”
ဒက်ဒီ့တပည့်နှစ်ဦးမှာ နေ့သစ်ကို အတင်းလာဆွဲထုတ်သွားကြတော့ မှူးရှုတည်တည်ကြည့်နေလိုက်သည်။

====

ဆက်ရန်။
#ကြွေ
အပိုင္း ( ၁၂ )
တံခါးေလးကို အတြင္းဘက္ျမင္႐ုံသာ ခပ္ဟဟတြန္းဖြင့္လိုက္သည္။ မႉး၏ ေခါင္းႏွင့္ေျခေထာက္မွာ ပတ္တီးအေဖြးသားစည္းခံထားရသည္။ လူနာခန္းထဲ၌ သူနာျပဳတစ္ဦးႏွင့္ မိသားစုျဖစ္မည့္ အေဒၚႀကီးတစ္ဦးေစာင့္ေနၾကသည္။ မႉးက ေသြးသြင္းထားရၿပီး dripခ်ိတ္ထားရသည္။ ေန႕သစ္ အျပင္ဘက္မွ ေငးရင္း တံခါးကို ခပ္ျဖည္းျဖည္းျပန္ပိတ္ကာ စိတ္ပ်က္လက္ပ်က္ မွီထိုင္ခ်မိသည္။ ေခါင္းငိုက္စိုက္ကာ ရွိုက္ငိုရင္း ကိုယ့္ကိုယ္ကိုယ္ သတ္ပစ္ခ်င္ေလာက္ေအာင္ ယူက်ဳံးမရျဖစ္မိသည္။
"ကိုေန႕သစ္ ရွင္မျပန္ရေသးဘူးလား’’
ယမင္းျဖဴေရာက္လာသျဖင့္ ေန႕သစ္မ်က္ရည္သုတ္ကာ ထရပ္လိုက္သည္။ ယမင္းျဖဴလက္ထဲ၌ ေဆးထုပ္မ်ားႏွင့္ဓာတ္ဘူးကိုင္ထားေလသည္။
"ဆရာဝန္က ဘာေျပာလဲ၊ မႉးအေျခအေန ဘယ္လိုလဲ၊ မႉးဘာမွမျဖစ္နိုင္ဘူးမလားဗ်”
"ေလွကားေပၚ လိမ့္က်တဳန္းက ေခါင္းကို နည္းနည္းပဲထိတာဆိုေတာ့ အသက္အႏၱရာယ္မစိုးရိမ္ရေတာ့ဘူး၊ ဒါေပမဲ့ ျပႆနာက ညာဘက္ေျခေထာက္ကားႀကိတ္ခံလိုက္ရလို႔ အရိုးေတြ က်ိဳးေၾကသြားတယ္၊ မျဖတ္ပစ္ရတာပဲ အဆိုးထဲက အေကာင္းဆိုရမယ္၊ စတီးရိုးထည့္ထားေပမဲ့ အရင္လို သန္သန္မာမာနဲ႕ အေကာင္းပကတိျပန္မျဖစ္နိုင္ေတာ့ဘူးတဲ့ေလ၊ မႉးနိုးလာလို႔ ဒါကို သိရင္ ဘယ္ေလာက္စိတ္ထိခိုက္လိုက္မလဲ ကြၽန္မျဖင့္ စဥ္းေတာင္မစဥ္းစားရဲဘူး”
ယမင္းျဖဴက သက္ျပင္းတခ်ခ်ျဖင့္ ေၾကကြဲစြာ ေျပာရင္း ေန႕သစ္ကို မယုံသကၤာစြာ ၾကည့္လာ၏။
"မႉး accidentျဖစ္တုန္းက ကိုေန႕သစ္ အနားမွာ ရွင္ရွိေနခဲ့တယ္ဆို ဘယ္လိုလုပ္ၿပီး ဒီလိုမ်ိဳးျဖစ္ရတာလဲ''
ေန႕သစ္ ေရငုံႏႈတ္ပိတ္ေနမိသည္။ မိမိေၾကာင့္ မႉး ယခုကဲ့သို႔ျဖစ္ရေၾကာင္း ေျပာမထြက္နိုင္ခဲ့ေပ။
"ကိုေန႕သစ္သိၿပီးၿပီလား၊ သြင္ရိပ္အဘြားဆုံးသြားတာ''
ေန႕သစ္ ေခါင္းညိတ္ျပလိုက္သည္။ ယမင္းျဖဴက ဘာမွမေျပာေတာ့ဘဲ တံခါးတြန္းဖြင့္ကာ လူနာခန္းထဲ ဝင္သြား၏။ ေန႕သစ္ မႉးကို အတန္ၾကာေငး၍ လွည့္ျပန္ရန္ ထြက္လာစဥ္ ေလွ်ာက္လမ္း၌ သြင္ရိပ္ႏွင့္ တည့္တည့္လာဆုံသည္။ သြင္ရိပ္က ေန႕သစ္ေရွ႕လာရပ္ကာ မ်က္ႏွာငယ္ျဖင့္ ေမာ့ၾကည့္ေနသည္။
"တကယ္ကိုကိုပဲ၊ ဘယ္ေတာ့မွ မေတြ႕ရေတာ့ဘူးထင္ခဲ့တာ၊ ျဖစ္ခဲ့တာေတြအတြက္ သြင္ရိပ္ေတာင္းပန္ပါတယ္ေနာ္ကိုကို၊ သြင္ရိပ္ကို စိတ္မဆိုးပါနဲ႕ေတာ့”
"မႉးက အခုငါ့ကို အရမ္းမုန္းသြားၿပီ၊ မင္း ေက်နပ္တယ္မလား’’
ေန႕သစ္ အံႀကိတ္ေျပာလိုက္ေတာ့ သြင္ရိပ္က ငိုမဲ့မဲ့ေလး ေခါင္းခါရင္း ျငင္းဆန္ေနသည္။
"အဲ့လိုမ်ိဳးမဟုတ္ပါဘူး၊ အတိတ္ေတြကို ေမ့ပစ္ၿပီး သြင္ရိပ္တို႔ အရင္လိုျပန္ေနၾကမယ္ေလ၊ သြင္ရိပ္က
ကိုကိုရဲ႕ညီမေလးလုပ္မယ္ေလ၊ မမမႉးကိုလည္း သြင္ရိပ္တို႔က ေမာင္ႏွမေတြလိုေနတဲ့အေၾကာင္း ျဖဴစင္တဲ့အေၾကာင္း မမမႉးလက္ခံလာတဲ့အထိ ရွင္းျပေပးပါ့မယ္၊ သြင္ရိပ္ကိုေတာ့ အထင္မလြဲပါနဲ႕ေနာ္”
ေန႕သစ္ အံႀကိတ္၍ ေတာက္ေခါက္ကာ ထြက္လာခဲ့သည္။ သြင္ရိပ္က ျပဴးေၾကာင္ေၾကာင္ေလး က်န္ခဲ့၏။
~
မမမႉး၏လက္ဖဝါးႏုႏုေလးကို ညင္သာစြာ ဆုင္ကိုင္ထားမိသည္။ အပ္မ်ားမွာ မမလက္ဖမိုးေသြးေၾကာထဲသို႔ အႀကိမ္ႀကိမ္ထိုးကာ ေဆးသြင္းထားခဲ့ရသျဖင့္ လက္၌ အပ္ရာမ်ား ထင္ေနသည္။ ေဆး႐ုံသို႔ သြင္ရိပ္ ေန႕တိုင္းလာ၍ ေစာင့္ေပးျဖစ္သည္။ ႀကီးႀကီးျမကေတာ့ လူႀကီးမို႔ အနားယူရေအာင္ အိမ္ျပန္သြားေလသည္။ မမကို သူနာျပဳဆရာမမ်ားကလည္း မၾကာမၾကာလာၾကည့္ေပးပါ၏။ သြင္ရိပ္ မမမ်က္ႏွာေလးကို ေငးရင္း တျမည့္ျမည့္ ခံစားေနရသည္။
"သြင္ရိပ္''
မယမင္းက တံခါးဝမွ ခပ္တိုးတိုးေခၚေနသျဖင့္ မမ၏လက္ကို တယုတယခ်ေပး၍ သြင္ရိပ္ မယမင္းဆီသို႔ ခပ္သုတ္သုတ္ေလွ်ာက္လာခဲ့သည္။
"အစ္မအိမ္ျပန္မွျဖစ္မယ္၊ အစ္မကေလးေတြ ကိုထက္နဲ႕ အၾကာႀကီးထားခဲ့ရတာ စိတ္မခ်ဘဴး၊ မိုးလည္း ခ်ဳပ္ေနၿပီမို႔ သြင္ရိပ္လည္း တစ္ခါတည္းလိုက္ခဲ့ကြယ္”
သြင္ရိပ္ မမမႉးကို လွည့္ၾကည့္လိုက္သည္။ မမေဘး၌ လူနာေစာင့္လည္း တစ္ဦးမွမရွိ။ မိသားစုဝင္လည္း မေတြ႕။ မမ၏မာမီေတာ့ တစ္ခါတေလလာတယ္ဟု ႀကီးႀကီးျမေျပာျပဖူးေသာ္လည္း သြင္ရိပ္ႏွင့္ တစ္ခါမွမဆုံ။ ဤေန႕ေတာ့ ႀကီးႀကီးျမလည္းမရွိ၍ သြင္ရိပ္ကပါ ထြက္သြားရန္ မျဖစ္ပါ။ မယမင္းက သြင္ရိပ္မ်က္ႏွာရိပ္ကို ဖမ္းရင္း သက္ျပင္းခ်ေနသည္။
"မႉးကို စိတ္မပူပါနဲ႕၊ ဒီေဆး႐ုံက မႉးဒက္ဒီပိုင္တာ၊ ဆရာဝန္ေတြ သူနာျပဳေတြ မႉးကို သည္းသည္းလႈပ္ ဂ႐ုစိုက္ၾကလိမ့္မယ္၊ သူတို႔ပစ္မထားပါဘူးကြယ္”
"သြင္ရိပ္ ဒီညေတာ့ ေဆး႐ုံမွာပဲ မမမႉးကို ေစာင့္အိပ္ခ်င္တယ္၊ အစ္မပဲ ျပန္လိုက္ေတာ့ေနာ္”
“အင္းေလ၊ သြင္ရိပ္ေနခဲ့ခ်င္တယ္ဆို သေဘာပဲ၊ သြင္ရိပ္ ဗိုက္ဆာရင္ မုန့္ဆင္းဝယ္စားလို႔ရေအာင္ အစ္မပိုက္ဆံေပးခဲ့မယ္၊ မႉးကို ဂ႐ုစိုက္ေပးပါဦးေနာ္”
မယမင္းက သြင္ရိပ္လက္ထဲ တစ္ေသာင္းတန္တစ္႐ြက္ထည့္ေပးၿပီး မမမႉးကို တခ်က္ၾကည့္ကာ ထြက္သြားသည္။ သြင္ရိပ္ မမမႉးဆီသို႔ ျပန္ေလွ်ာက္လာကာ ပန္းေရာင္သမ္းေနသည့္မ်က္ႏွာႏုေလးကို ေငးၾကည့္မိသည္။ စိတ္ႀကီးလြန္းသည့္မမက ဤလိုက်ေတာ့လည္း ေအးခ်မ္းေနေတာ့သည္။
“အဟင္း…နာတယ္၊ နာလိုက္တာ အဟင္း”
မမႏႈတ္ဖ်ားမွ ေဝဒနာထင္ဟတ္ေစေသာ ညည္းၫူမႈေၾကာင့္ သြင္ရိပ္ ပ်ာယာခတ္သြားသည္။
"မမ၊ မမသတိရလာၿပီလားဟင္''
မမ၏ေစ့ပိတ္ထားေသာ မ်က္ခြံၾကားမွ မ်က္ရည္ပူတို႔ စီးက်ေနသည္။ မမနားထင္၌ ေခြၽးေစးမ်ား ထြက္ေနၿပီး ေအာက္ႏႈတ္ခမ္းကို ဖိကိုက္ရင္း မ်က္လုံးတို႔ ဖြင့္လာသည္။
"အင့္ ေခါင္းကိုက္လိုက္တာ၊ ေျခေထာက္...ေျခေထာက္က အရမ္းနာတယ္၊ မႉးေျခေထာက္က နာတယ္”
"ၪုံဖြ ၪုံဖြေနာ္ သြင္ရိပ္ဆရာဝန္သြားေခၚေပးမယ္၊ အဟင့္ဟင့္ မမမငိုပါနဲ႕၊ မနာနဲ႕ေနာ္”
သြင္ရိပ္ မမသက္သာေအာင္ ဘာမွမလုပ္ေပးနိုင္သျဖင့္ ပ်ာယာခတ္ရင္း တအိအိငိုခ်မိသည္။ မမ၏ေဝဒနာခံစားေနပုံေၾကာင့္ သြင္ရိပ္ႏွလုံးသားကို မီးစျဖင့္ အထိုးခံရသလို ထပ္တူနာက်င္ရသည္။ ၿပီးေတာ့ ဆရာဝန္သြားေခၚရန္ အေျပးထြက္လာသည္။ အထူးၾကပ္မတ္ေဆာင္မွ ဆရာဝန္တစ္ဦး roundလွည့္ၿပီး ထြက္လာေတာ့ မမသတိရလာေၾကာင္း ေျပာလိုက္သည္။ ထိုဆရာဝန္က မမကို တာဝန္ယူထားသည့္ဆရာဝန္ကို သြားေခၚေပးေလသည္။ သြင္ရိပ္ လူနာအခန္းေရွ႕၌ ဆရာဝန္ကို စိတ္ေစာစြာ လာေစာင့္ေနသည္။ ခဏၾကာေတာ့ ဆရာဝန္ႀကီးႏွင့္သူနာျပဳတစ္ဦးေရာက္လာ၏။ သြင္ရိပ္လည္း ေနာက္မွ လိုက္ဝင္သြားသည္။ သြင္ရိပ္ ဆရာဝန္ႀကီးေနာက္၌ မမစိတ္ညစ္မည္စိုး၍ ကြယ္ရပ္ေနမိသည္။ မမက သူ႕ကိုယ္သူအားယူထထိုင္ရန္ႀကိဳးစားေနသျဖင့္ သြင္ရိပ္ ဆရာဝန္ႀကီးကို အားကိုးတႀကီးၾကည့္မိသည္။ ဆရာဝန္ႀကီးက မမကို စမ္းသတ္စစ္ေဆးၿပီး ကုတင္ေနာက္မွီကို ျမင့္ေပးလိုက္သည္။ မမက ပတ္တီးအျပည့္စည္းႏွောင္ထားေသာ ညာဘက္ေျခေထာက္ကို ႀကိဳးစားကာ လႈပ္ၾကည့္ေနသည္။
“အရမ္းနာတယ္ေဒါက္တာ၊ အသည္းခိုက္မတတ္နာတယ္၊ ကြၽန္မေျခေထာက္ဘာျဖစ္တာလဲ”
"အရိုးက်ိဳးေၾကသြားလို႔ ခြဲစိတ္မႈလုပ္ၿပီး စတီးရိုးထည့္ထားရတယ္၊ အခုခ်က္ခ်င္းေတာ့ သမီးဘယ္လိုမွ လမ္းေလွ်ာက္နိုင္ေသးမွာမဟုတ္ဘူး၊ ဝွီးခ်ဲသုံးၿပီး ေနရလိမ့္မယ္”
"စတီးရိုးထည့္ထားရတာတဲ့လား၊ ကြၽန္မ အရင္လိုျပန္မေကာင္းနိုင္ေတာ့ဘူးလားေဒါက္တာ၊ ဝွီးခ်ဲသုံးရမယ္ဆိုေတာ့ ကြၽန္မ တစ္သက္လုံး ဒုကၡိတျဖစ္သြားၿပီလို႔ဆိုလိုတာလား အဲဒီအဓိပၸါယ္မလား”
မမမႉးက အလြန္အမင္းအံ့ဩထိတ္လန့္ေနၿပီး ဤအေျခအေနကို လက္မခံနိုင္ျဖစ္ေနသည္။
"ဒက္ဒီေရာမာမီေရာ ကြၽန္မကို လာမၾကည့္ၾကဘူးလား၊ ကြၽန္မ ဒုကၡိတျဖစ္သြားလို႔ စြန႔္ပစ္လိုက္ၾကၿပီလား”
မမက နာက်င္စြာေရ႐ြတ္ရင္း ေအာက္ႏႈတ္ခမ္းကို ဖိကိုက္သည္။ မမ၏မ်က္ႏွာ၌ ခံစားခ်က္မ်ိဳးစုံေရာေထြးကာ ဘာတစ္ခုမွ လက္မခံနိုင္ျဖစ္ေနသည္။
"ထြက္သြား အားလုံးထြက္သြား ဘယ္သူနဲ႕မွ မေတြ႕ခ်င္ဘူး၊ ထြက္သြားလို႔ေျပာေနတယ္''
မမက ဆရာဝန္ႀကီးႏွင့္သြင္ရိပ္တို႔ကို အခန္းထဲမွ အတင္းႏွင္လြတ္ေနသျဖင့္ သြင္ရိပ္ ဘယ္လိုမွ မတတ္နိုင္စြာ ထြက္လာရသည္။ ဆရာဝန္ႀကီးက မမ၏ဒက္ဒီကို ဖုန္းဆက္အေၾကာင္းၾကားေနသည္။ ရင္ေခါင္းထဲမွ လွိုက္ခနဲတက္လာသည့္ မမ၏ငိုေႂကြးသံတို႔မွာ အခန္းထဲမွ လြင့္လာသည္။ သြင္ရိပ္လည္း အခန္းျပင္၌ မမႏွင့္ ထပ္တူငိုေႂကြးေနမိ၏။
~
မမမႉး၏ဒက္ဒီက မမမႉးအတြက္ လိုအပ္သမွ် အကုန္ျဖည့္ဆည္ေပးထားပုံရ၏။ ညဥ့္ခုႏွစ္နာရီ၌ သူနာျပဳမေလးက သြင္ရိပ္ကို ေခၚကာ ဝွီးခ်ဲလာေပးသည္။ သပ္ရပ္စြာ ဝတ္စားထားေသာ ဦးေလးထြန္းဆိုသည့္ လူႀကီးတစ္ဦးမွာ မမမႉးအတြက္ ညစာထမင္းဘူးလာပို႔ေပးသည္။ မမမႉးကိုလည္း အေတာ္ေလးဂ႐ုတစိုက္ရွိကာ ေခ်ာ့ေမာ့နစ္သိမ့္ေပးေန၍ မမမႉး၏ဒက္ဒီဟု သြင္ရိပ္အထင္မွားမိေသး၏။ မမမႉးက ဦးေလးထြန္းဟုေခၚမွ ဒက္ဒီမဟုတ္မွန္းသိသည္။ ျပန္ခါးနီး၌ ဦးေလးထြန္းက ‘’မႉးေလးအႀကိဳက္ခ်ည္း မမျမက ေ႐ြးခ်က္ထားတာ၊ ညစာျဖစ္ေအာင္စား’’ဟု ေျပာသြားသည္။ သြင္ရိပ္ကိုလည္း မမမႉးကို ဂ႐ုစိုက္ေပးရန္ ေသခ်ာမွာၿပီး ေဆး႐ုံေစာင့္ေပး၍ ေက်းဇူးတင္ေၾကာင္း ေျပာသည္။ ၿပီးေတာ့ မုန့္ဖိုးလည္း အတင္းေပးသြား၏။ မယူဘူးဟု ျငင္းလို႔ေတာင္မရပါ။ သြင္ရိပ္က အမ်ားျမင္၌ နို႔နံ႕မစင္ေသးသည့္ကေလး႐ုပ္မ်ားေပါက္ေနလားမသိ။ လူႀကီးမ်ားက သြင္ရိပ္ကို သုံးတန္းကေလးကိုေတြ႕သလို မုန့္ဖိုးေပးသြားၾကသည္။
မမမႉးကေတာ့ ဦးေလးထြန္းျပန္သြားတည္းက ဘာစကားမွမေျပာပါ။ ေဆြးေငးစြာ ထိုင္ေန၏။ သြင္ရိပ္ ေခါက္စားပြဲေလးကို ကုတင္ေပၚခ်၍ ႀကီးႀကီးျမလက္ရာမ်ားကို ျပင္ဆင္ေပးသည္။ မမအႀကိဳက္ဆိုသည့္ ဟင္းမ်ားမွာ ပုစြန္ဆီျပန္၊ ဝက္သားေပါင္း၊ ဟင္းႏုနယ္႐ြက္ေၾကာ္တို႔ျဖစ္ေန၍ သြင္ရိပ္အံ့ဩမိေသး၏။ မမအႀကိဳက္တို႔မွာ အဆီအဆိမ့္မ်ားျဖစ္ေနေတာ့ မမသည္ ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ ေသြးတိုးရွိေနျခင္းမွာ အဆန္းမဟုတ္ေပ။ ႀကီးႀကီးျမလက္ရာမွာလည္း ေဆြမ်ိဳးေမ့ေလာက္ေအာင္ အနံ႕၊အျမင္တို႔မွအစ ဆြဲေဆာင္ေနသည္။
“မမ ထမင္းစားပါလားဟင္၊ အနံေမႊးလြန္းလို႔ သြင္ရိပ္ေတာင္ ဗိုက္ဆာလာၿပီမမရယ္”
မမက ေဆး႐ုံျပတင္းေပါက္မွတစ္ဆင့္ အျပင္ဘက္ညေကာင္းကင္ကို ေငးေနရာမွ လွည့္ၾကည့္လာသည္။
“မစားခ်င္ဘူး၊ မင္းစားခ်င္ရင္ စားလိုက္ေပါ့”
သြင္ရိပ္ ထမင္းဘူးျခင္းထဲထည့္ထားေသာပန္းကန္ယူ၍ ထမင္းနည္းနည္းထည့္လိုက္ေတာ့ မမက တကယ္စားမွာလားဆိုသည့္အၾကည့္ျဖင့္ လွည့္ၾကည့္လာသည္။ သြင္ရိပ္ ႀကိတ္ၿပဳံး၍ ေရခ်ိဳးခန္းထဲတြင္ လက္လာေဆးလိုက္သည္။ မမစားခ်င္စိတ္ျဖစ္လာေအာင္ သြင္ရိပ္နည္းနည္းအားရပါးရစားျပမွျဖစ္မည္။ သြင္ရိပ္ ကုတင္ေဘးတြင္ အက်အနထိုင္ကာ ဝက္သားေပါင္းမွ အသားဖတ္ခပ္ထည့္၍ ထမင္းကို လက္ျဖင့္ နယ္ကာ အားပါးတရစားျပလိုက္သည္။ ပါးစပ္မွလည္း အရသာရွိလိုက္တာဟု မၾကာမၾကာေျပာေတာ့ မမက မ်က္ေစာင္းလွည့္ထိုးလာ၏။
“သြင္ရိပ္တစ္ေယာက္တည္း စားရမျမန္လို႔ မမလည္း အတူစားပါလားဟင္၊ ႏွစ္ေယာက္စားရင္ ပိုစားလို႔ ေကာင္းမွာပဲ၊ သြင္ရိပ္က ထမင္းကို အၿမဲတစ္ေယာက္တည္းပဲ စားေနရလို႔ ရင္ထဲ ဝမ္းနည္းလိုက္တာ”
“မင္းကလား၊ စားမၿမိန္လို႔သာပဲ၊ လက္ႏွင့္ အပီအျပင္ဆြဲေနတာ ဘီလူးသရဲဝင္စီးၿပီး စားေနသလားမွတ္ရတယ္”
“မမကလည္း ႀကီးႀကီးျမလက္ရာက အရမ္းေကာင္းတာကိုးလို႔ ၿပီးေတာ့ သြင္ရိပ္တို႔က ဆင္းရဲေတာ့ မိုးကုတ္မွာတည္းက ထမင္းစားရင္ လက္နဲ႕ပဲ အားရပါးရစားတာ၊ ရန္ကုန္ေရာက္မွ ေမေမတို႔အဆင့္အတန္းႏွင့္ ညီေအာင္ ဇြန္းနဲ႕ လိုက္စားေပးရတာ’’
“ဟုတ္ပါၿပီ''
“မမ ထမင္းစားမယ္မလားဟင္၊ သြင္ရိပ္နဲ႕အတူေလ”
မမက ထမင္းပြဲကို တစ္ခ်က္လွမ္းၾကည့္၍ စားခ်င္စိတ္ျဖစ္လာပုံရ၏။ ဝွီးခ်ဲဘီးကို မမကိုယ္တိုင္ လိမ့္တြန္းလာသျဖင့္ သြင္ရိပ္ၿပဳံးလိုက္သည္။ မမပန္းကန္ထဲသို႔ ဘယ္လက္ျဖင့္ ပုစြန္တုတ္ခပ္ထည့္ေပးလိုက္သည္။ မမက ဇြန္းခက္ရင္းယူ၍ ပုစြန္းဟင္းျဖင့္ တစ္ဇြန္းခပ္စားလာေတာ့မွ သြင္ရိပ္စိတ္ေအးသြားသည္။ မမမႉး မစားမေသာက္ဘဲေနမွာ သြင္ရိပ္သိပ္စိတ္ပူခဲ့ရ၏။ မမမႉးက ႀကီးႀကီးျမ၏လက္ရာကို လြမ္းေနခဲ့သလိုမ်ိဳး အားပါးတရမဟုတ္ေသာ္လည္း ေသေသသပ္သပ္စားေနသျဖင့္ သြင္ရိပ္မွာ ေငးရင္း မ်က္ရည္က်ခ်င္လာသည္။ မမက အရာရာရင္ဆိုင္နိုင္မည့္ သတၱိရွိေသာမိန္းမမို႔ အၿမဲစိတ္ဓာတ္က်အရႈံးေပးမည္မဟုတ္ဟု သြင္ရိပ္ယုံၾကည္သည္။
ထမင္းစားၿပီးေတာ့ သြင္ရိပ္ မမကို ေဆးတိုက္သည္။ မမက ဝွီးခ်ဲဘီး ကိုယ္တိုင္တြန္းကာ tioletထဲ ဝင္သြား၍ သြင္ရိပ္စိတ္ပူမိေသး၏။ သြင္ရိပ္မွာ tioletေရွ႕ရပ္၍ မမလဲက်ေနမလားစိုးထိတ္ရ၏။ ခဏၾကာေတာ့ မမမွာ စိတ္သြားတိုင္း ကိုယ္ပါရခက္ခဲေန၍ ဘဝင္မက်သည့္မ်က္ႏွာမ်ိဳးျဖင့္ ျပန္ထြက္လာသည္။ စိတ္လည္း ျပန္မၾကည့္ေတာ့ပုံမို႔ သြင္ရိပ္စကားမေျပာရဲေတာ့ဘဲ သူနာျပဳဆရာမကို သြားေခၚလိုက္သည္။ သူနာျပဳဆရာမက မမကို ေျခေထာက္ေဆးထည့္ေပးကာ ပတ္တီးအသစ္စီးေပးသည္။ ေျခေထာက္တစ္ဖက္တည္း ခိုက္မိ၍ ေတာ္ေတာ့သည္။ ဤညေတာ့ မမက မေအာ္ဟစ္ မေသာင္းက်န္းဘဲ ေအးခ်မ္းစြာ အိပ္သြားသည္။ မမမ်က္ႏွာမွာ ဝမ္းနည္းရိပ္သမ္းေန၏။ သြင္ရိပ္က ေဘးရွိ လူနာေစာင့္ဆိုဖာ၌ အိပ္ရင္း မမကို ေငးကာ ရင္ေမာေနရသည္။
~
အခန္းထဲ၌ တစ္ဦးတည္း တိတ္ဆိတ္စြာ ထိုင္ရင္း အတိတ္မွ ပုံရိပ္မ်ားကို မႉးျမင္ေယာင္လာသည္။ ေဆး႐ုံတြင္ ေနရေသာ ထိုရက္မ်ား၌ မေတြးသည့္တိုင္ မႉး အေတြးထဲ အလိုလိုဝင္ေရာက္လာေန၏။ မႉး၏ေမာင္ေလးသားဆက္ကို အခ်ိန္တိုင္း သတိရေနခဲ့သည္။ ဒုကၡိတဆိုသည့္အျဖစ္မွာ တုန္လႈပ္စရာ။
⬅⬅⬅⬅
အတူတူပုန္းတမ္းကစားရန္ ကုတင္ေအာက္၌ မႉး၏ခႏၶာကိုယ္ေသးေသးေလးကို တိုးဝင္လိုက္သည္။ အခ်ိန္အေတာ္ၾကာပုန္းေနေသာ္လည္း သားဆက္က လာမရွာပါ။ ရွာေနသည့္ ေျခသံလည္း မၾကားရေပ။ မႉး ကုတင္ေအာက္မွ အျပင္ဘက္ကို ေခါင္းျပဴေခ်ာင္းလိုက္သည္။ သားဆက္က လိုက္မရွာသျဖင့္ မႉးႏႈတ္ခမ္းစူ၍ ကုတင္ေအာက္မွ တိုးထြက္လိုက္သည္။ အိပ္ခန္းထဲမွ ေဟာခန္းက်ယ္ႀကီးထဲသို႔ ေျပးထြက္လာေတာ့ သားဆက္က ေဘာလုံးေလးကို ပိုက္ကာ မွန္နံရံမ်ား ကာရံထားသည့္ေနရာမွ အျပင္ဘက္ကို စူပုပ္ပုပ္မ်က္ႏွာျဖင့္ ေငးၾကည့္ေနေလသည္။
"ဘာေတြၾကည့္ေနတာလဲသားဆက္၊ တူတူပုန္းတမ္းကစားေနတာကို မမကို ဘာလို႔လိုက္မရွာတာလဲ”
သားဆက္က မႉးကို ညွိုးငယ္စြာ လွည့္ၾကည့္လာသည္။ ၿပီးေတာ့ အျပင္ဘက္ကို လက္ညိုးထိုးလာ၏။
"မမ သားဆက္ ဟိုးအျပင္ထြက္ခ်င္တယ္၊ မမလိုပဲ ျဖဴျဖဴစိမ္းစိမ္းဝတ္ၿပီး ေက်ာင္းတက္ခ်င္တယ္''
မႉး စိတ္မေကာင္းျဖစ္သြားသည္။ ေမာင္ေလး၏ဆႏၵကို ျဖည့္ဆည္းေပးရန္ ကေလးဦးႏွောက္ေလးျဖင့္ အႀကံထုတ္ေနမိသည္။ မ်က္ဆံေထာင့္ကပ္၍ ႏႈတ္ခမ္းေလးစုကာ စဥ္းစားေနလိုက္သည္။
"မမအႀကံရၿပီ၊ မမေက်ာင္းသြားတဲ့အခါက်ရင္ သားဆက္အတူတူလိုက္ခဲ့ေပါ့၊ မေကာင္းဘူးလား၊ ဒက္ဒီ
မသိေအာင္ တိတ္တိတ္ေလးသြားမယ္ေလ၊ မမတို႔ ဟိုးအျပင္မွာ ေလွ်ာက္သြားၾကမယ္”
သားဆက္က ေဟးခနဲ ထေအာ္ၿပီး မႉးကို ဝမ္းသာအားရေျပးဖက္ေလသည္။ အေပ်ာ္လြန္ကာ ခုန္ေပါက္ေနေသး၏။
"မမ တကယ္ေျပာတာေနာ္၊ သားဆက္ကို ေက်ာင္းေခၚသြားမယ္ဆိုတာ''
"တကယ္ေပါ့ေမာင္ေလးရယ္”
“ဒါဆို ဒီေန႕ မမေက်ာင္းသြားရင္ ေခၚသြားရမယ္…ေနာ္”
ဤေန႕၌ မႉး ေက်ာင္းသြားရန္ အတက္ႂကြဆုံးျဖစ္ေနခဲ့သည္။ အျမန္ေရခ်ိဳး၍ ေက်ာင္းဝတ္စုံလဲဝတ္ကာ အလွအပဆုံးျပင္ဆင္ေနမိသည္။ ေမာင္ေလးကိုလည္း ေရခ်ိဳးေပးကာ အကၤ်ီအသစ္ဝတ္ေပးသည္။ သနပ္ခါးလည္း ေဖြးေအာင္ လိမ္းေပးထား၏။ ေက်ာင္းခ်ိန္နီးေတာ့ တံခါးေရွ႕တြင္ ေမာင္ႏွမႏွစ္ဦး ထိုင္ေစာင့္ေနၾကသည္။
ႀကီးႀကီးျမက ေက်ာင္းခ်ိန္နီးရင္ မႉးကို တံခါးလာဖြင့္ေပးတတ္သည္။ မႉးေက်ာင္းသြားလွ်င္ အေပၚဆုံးထပ္တြင္ သားဆက္တစ္ဦးတည္းက်န္ခဲ့ရ၏။ ႀကီးႀကီးျမကေတာ့ မႉးမရွိလွ်င္ သားဆက္ကို အေဖာ္ျပဳေပးသလို အေမရင္းႏွင့္မျခား ဂ႐ုစိုက္ေပးသည္။ မိခင္အရင္းျဖစ္သည့္ မာမီေဒၚေတးမာလာကေတာ့ မႉးတို႔ေမာင္ႏွမႏွစ္ဦးကို တယုတယ ၾကင္ၾကင္နာနာ ဘယ္တုန္းကမွမရွိခဲ့။ ေန႕စဥ္ တစ္ကိုယ္လုံးကို ေကာ့ၫြတ္ေနေအာင္ ျပင္ဆင္ၿပီး အပ်ိဳေလးလို လူလြတ္တစ္ဦးကဲ့သို႔ သူ႕အေပါင္းအသင္းမ်ားႏွင့္ အခ်ိန္ကုန္ေနခဲ့သည္။ မႉးတို႔ေမာင္ႏွမႏွစ္ဦး၏ေဝယာဝစၥမ်ားကို ၏သည္အဆုံး ဦးေလးထြန္းႏွင့္ႀကီးႀကီးျမက ဂ႐ုစိုက္ေစာင့္ေရွာက္ေပးခဲ့ရသည္။ ထိုေၾကာင့္ မႉးတို႔မွာ မိဘထက္ ဦးေလးထြန္းႏွင့္ႀကီးႀကီးျမကို သံေယာဇဥ္ပိုကာ တြယ္တာရသည္။
"မႉးေလးေရ ေက်ာင္းသြားမယ္''
ႀကီးႀကီးျမက တံခါးလာဖြင့္ေပးသည္။ မႉး ေက်ာဘိုးအိတ္ေလးလြယ္ၿပီး ထရပ္လိုက္သည္။
သားဆက္ကို အထာျဖင့္ ၾကည့္ၿပီး ေခါင္းညိတ္ျပလိုက္သည္။
"ႀကီးႀကီးျမ သားဆက္က ပန္းသီးစားခ်င္လို႔တဲ့ေလ၊ အဲဒါ ႀကီးႀကီးျမသြားယူေပးပါဦး၊ ဒီတံခါးကို မႉးပိတ္ေပးလိုက္မယ္ေနာ္”
"ဟုတ္ပါၿပီကြယ္၊ ႀကီးႀကီးျမယူေပးမယ္၊ မႉးေလးလည္း ေက်ာင္းကို ဂ႐ုစိုက္သြားေနာ္''
ႀကီးႀကီးျမက ဘာမွသံသယမဝင္ဘဲ ပန္းသီးယူရန္ ထြက္သြားသည္။ မႉး သားဆက္လက္ဆြဲ၍ ေလွကားအတိုင္း ခိုးေၾကာင္ခိုးဝွက္ဆင္းလာခဲ့သည္။ ဒုတိယထပ္၌ မည္သူမွမရွိပါ။  ႀကီးႀကီးျမကေတာ့ ေရခဲေသတၱာထဲမွ ပန္းသီးထုတ္ယူကာ ပန္းကန္ျပားေပၚ ပန္းသီးကို ေသခ်ာစိပ္ထည့္ေနေလ၏။ မႉးတို႔ ေလွကားေအာက္ဆုံးထပ္ေရာက္ေတာ့ တံခါးဝႏွင့္ နီးေနသည္မို႔ သားဆက္လက္ကို တင္းတင္းဆုပ္ကိုင္လိုက္သည္။ ၿခံထဲသို႔ ေျခသံဖြဖြ ဆင္းေျပးလာခဲ့သည္။ ကံဆိုးခ်င္ေတာ့ ၿခံထဲတြင္ ဒက္ဒီႏွင့္သူ႕အလုပ္သမားမ်ားရပ္ၿပီး စကားေျပာေနၾကသည္။ မႉးတို႔ အေနာက္ျပန္ဆုတ္လိုက္စဥ္ ဖန္ခြက္က်ကြဲသံမွာ က်ယ္ေလာင္စြာ ထြက္လာသည္။ မႉးလွည့္ၾကည့္လိုက္ေတာ့ မာမီက မႉးတို႔ကို တအံ့တၾသေငးၾကည့္ေနသည္။ မာမီ့အၾကည့္မ်ားမွာ ဒီလိုလုပ္လို႔ မျဖစ္ရဘူးမႉးဟု ေျပာေန၏။
"မႉးေလးဘာလုပ္တာလဲ၊ ေမာင္ေလးကို ေက်ာင္းေခၚသြားဖို႔ လုပ္ေနတာလား၊ မႉးရယ္ မျဖစ္ဘူးေလ”
မာမီက ရင္ဘတ္ကို လက္ဖိ၍ ေရွာ့ရေနသည္။ မႉးကိုလည္း မျဖစ္ဘူးဟု အႀကိမ္ႀကိမ္ေျပာေန၏။ ဒက္ဒီ အိမ္ထဲသို႔ ဝင္လာသည္။ မႉးတို႔မွာ ဒက္ဒီ့ကို ျမင္ေတာ့ အလန့္ႀကီးလန့္သြားမိသည္။ သားဆက္က မႉးေနာက္တြင္ ေၾကာက္ေၾကာက္လန့္လန့္ ဝင္ပုန္းေန၏။
"ေတးယစ္မႉး၊ လူက လက္သန္းေလာက္ပဲရွိေသးတယ္၊ သိပ္တတ္ေနတယ္ေပါ့၊ ဒီဒုကၡိတက်ပ္မျပည့္ေကာင္ကို ေက်ာင္းေခၚသြားၿပီး ငါ့ကို အရွက္ခြဲမယ္ေပါ့ေလ''
"သားဆက္ကို ဒုကၡိတလို႔မေျပာပါနဲ႕၊ သူလည္း မႉးလိုပဲ ေက်ာင္းတက္ခ်င္တာ ဘာမွားလို႔လဲ”
"မိမႉး ဒီအ႐ြယ္ေလးနဲ႕ ညည္းအေဖကို ျပန္ခံေျပာေနတာလား၊ သားဆက္က ဉာဏ္ရည္မမီလို႔ ေက်ာင္းတက္ဖို႔ မေျပာနဲ႕ အိမ္အျပင္ေတာင္ ထြက္ဖို႔ ခက္ခဲလွၿပီ၊ မႉးကို မာမီေျပာထားၿပီးသားပဲ”
ဒက္ဒီႏွင့္မာမီဆီမွ အျပစ္တင္စကားမ်ား ဆက္တိုက္ထြက္လာသည္။ သားဆက္က ေၾကာက္လန႔္ၿပီး ရႉးထြက္က်သြားေလသည္။
"ေတြ႕လား ဟမ္ ဒီအ႐ြယ္ႀကီး ေဘာင္းဘီထဲ ရႉးေပါက္ခ်တဲ့သူက ေက်ာင္းတက္ခ်င္ေသးတာလား”
ဒက္ဒီက မႉးေနာက္တြင္ ေၾကာက္လြန္း၍ တုန္ရီေနသည့္ သားဆက္ကို ဂုတ္မွ ဆြဲမ,လိုက္သည္။ ၿပီးေတာ့ ေယာကၤ်ားလက္ဝါးႀကီးျဖင့္ တဘုန္းဘုန္းရိုက္ေတာ့သည္။
"အဟင့္ ဟင့္ သားေၾကာက္ပါၿပီ၊ အဟင့္ သား ေနာက္တစ္ခါအျပင္ထြက္ဖို႔ မလုပ္ေတာ့ပါဘူး၊ သားသားအျပင္မထြက္ေတာ့ပါဘူး၊ အီးဟီးဟီး နာတယ္''
မႉး သားဆက္ကို အတင္းဝင္ကာေပးလိုက္ကာ အံႀကိတ္ပစ္လိုက္သည္။
"ဒက္ဒီ ရိုက္ခ်င္ရင္ မႉးကိုရိုက္ သားဆက္က ဘာအျပစ္မွမရွိဘူး၊ မႉးက အျပင္ထြက္ရေအာင္ေခၚခဲ့တာ''
"ရိုက္မယ္၊ က်ပ္မျပည့္တဲ့ေကာင္ကို ကာကြယ္ေပးခ်င္ဦး၊ ေတာက္”
ဒက္ဒီက မႉးတို႔ေမာင္ႏွမကို အဆက္မျပတ္ရိုက္လာသည္။ မႉး သားဆက္ကို ရင္ခြင္ထဲ ဖက္ထားရင္း မ်က္လုံးမွိတ္ၿပီး အရိုက္ခံေနမိသည္။
"ေတာ္ပါေတာ့ဆရာရယ္၊ ကေလးေတြလည္း မွတ္သြားလိုက္ပါၿပီ''
မာမီက ဝင္တားျခင္းမရွိသည့္အျပင္ မ်က္ႏွာလႊဲေနသည္။ ႀကီးႀကီးျမက အျမင္မေတာ္စြာ ဝင္တားရေလသည္။ ဒက္ဒီက ခါးေထာက္ကာ မ်က္ေထာင့္နီျဖင့္ ၾကည္သည္။
"သြား ႏွစ္ေယာက္လုံးအေပၚတက္ မိမႉး ႀကံ့ႀကံ့သတိထားေန ေနာက္တစ္ခါ သားဆက္ကို အျပင္ထြက္ဖို႔ေခၚရင္ ညည္းကိုလည္း ေက်ာင္းတက္ခြင့္မေပးေတာ့ဘဲ ပိတ္ထားမယ္''
မႉး မ်က္ရည္ၾကားမွ ဒက္ဒီ့ကို မုန္းတီးစြာ ၾကည့္မိသည္။ ႀကီးႀကီးျမက မႉးတို႔ေမာင္ႏွမကို ေခ်ာ့ကာ အေပၚဆုံးထပ္သို႔ ျပန္ေခၚလာေလသည္။ အေပၚဆုံးထပ္ေရာက္ေတာ့ သားဆက္က တရႈံ႕ရႈံ႕ငိုသည္။ မႉးလည္း သားဆက္ကို ဖက္ကာ ငိုမိသည္။ ေျခေထာက္ေသးေသးေလး၌ ႏုႏုဖတ္ဖတ္အသားေရမွာ နီရဲေနေတာ့သည္။
"ဟင့္ မုန္းတယ္၊ ဒက္ဒီ့ကို မုန္းတယ္''
ႀကီးႀကီးျမက မႉးတို႔ကို ဒဏ္ရာမ်ား ေဆးလိမ္းေပးရင္း သက္ျပင္းခ်သည္။
"ကိုယ့္ဒက္ဒီကို မုန္းတယ္လို႔ မေျပာရဘူးေလမႉးေလးရဲ႕”
မႉး တအိအိရွိုက္ငိုရင္း အံႀကိတ္မိသည္။
"ေျပာမွာပဲ၊ ဒက္ဒီက ဘာလို႔ သားဆက္ကို ေက်ာင္းေပးမတက္တာလဲ၊ မႉးေမာင္ေလးလည္း လူပါ၊ တိရိစ္ဆာန္မဟုတ္ဘူး၊ ၿပီးေတာ့ ဒုကၡိတက်ပ္မျပည့္ေကာင္လို႔ ေျပာေသးတယ္၊ မႉးတို႔က ဒက္ဒီ့သားသမီးအရင္းေတြေရာ ဟုတ္ရဲ႕လား၊ မႉးတို႔ကိုလည္း ရိုက္တယ္ အဟင့္”
➡➡➡➡
ဤအေျခအေနမ်ားသည္ ကေလးတစ္ဦးအဖို႔ နာက်င္စရာ စိတ္ဒဏ္ရာမ်ားျဖစ္ခဲ့သည္။ အတိတ္ကို ျပန္ေတြးရင္း မႉးပါးျပင္ထက္ဝယ္ မ်က္ရည္စီးေၾကာင္းမ်ား အဆက္မျပတ္စီးက်ေန၏။ မႉးကို တျမည့္ျမည့္နာက်င္ေနေစသည္။ ႏႈတ္ခမ္းမွာ ေျခာက္ကပ္ေနေသာ္လည္း ေရေသာက္ရန္ မႀကိဳးစာမိပါ။
"သားဆက္ မမကို ၾကည့္ေနလားေမာင္ေလး၊ မမ အခု ေမာင္ေလးလိုပဲ ဒုကၡိတဘဝကို ေရာက္ေနၿပီ၊
ေမာင္ေလးကို ဒက္ဒီနဲ႕မာမီက သီရိၿမဳံစံအိမ္ႀကီးမွာ ပိတ္ထားခဲ့ၾကသလို မမလည္း ပစ္ပယ္ခံရေတာ့မယ္''
မႉး သားဆက္ကို တိုင္တည္ေျပာဆိုရင္း နာက်င္စြာ ရွိုက္ငိုေနမိသည္။
ကိုယ့္ကိုယ္ကိုယ္သာ အားကိုးတတ္သည့္ မႉးက ခ်က္ခ်င္းႀကီး တျခားသူ၏အကူအညီရွိမွ ရွင္သန္ေနထိုင္နိုင္မည္ဟု ေတြးမိေလ ေသမတတ္နာက်င္မိေလ။ ဝမ္းနည္းအားငယ္စိတ္မွာ မႉးေခါင္းထဲ ႀကီးစိုးဝင္ေရာက္ေနသည္။ တင္းမခံထားနိုင္ေလာက္ေအာင္ စိတ္ဓာတ္က်ကာ မႉး မ်က္ရည္က်မိသည္။
မႉးမ်က္ရည္သုတ္ေနစဥ္ မာမီက တံခါးတြန္းဖြင့္ကာ အခန္းထဲသို႔ ဝင္လာ၏။ မႉးတစ္ေယာက္လုံး ေဆး႐ုံတက္ေနရေသာ္လည္း မာမီ့မ်က္ႏွာတြင္ မိတ္ကပ္မပ်က္ပါ။ ေသာကမရွိသလိုမ်ိဳး အလွဆုံးျပင္ဆင္ထားေသးသည္။ မႉး မ်က္ႏွာတည္သြားၿပီး ႏႈတ္ခမ္းကို တင္းတင္းေစ့ထားမိသည္။
"မာမီ့သမီးေလး ေနေကာင္းတယ္မဟုတ္လားကြယ္”
မာမီက မႉးလက္ကိုင္ကာ ေမးလာသျဖင့္ မႉး အျခားဘက္သို႔ မ်က္ႏွာလြဲထားလိုက္သည္။ မာမီက သက္ျပင္းခပ္သဲ့သဲ့ခ်ေလသည္။
"မႉးခိုင္းခ်င္တာခိုင္းလို႔ရေအာင္ မႉးဒက္ဒီက သက္ေတာ္ေစာင့္ႏွစ္ေယာက္ကို အခန္းျပင္မွာ ေစာင့္ခိုင္းထားတယ္၊ မႉးရဲ႕ႀကီးႀကီးျမလည္း မၾကာမၾကာလာေနတယ္မဟုတ္လား၊ မာမီလည္း အေရးႀကီးကိစၥရွိေနလို႔ မႉးအနားမွာ ေနေပးခ်င္ေပမဲ့ ျပန္သြားရဦးမယ္၊ မာမီ မနက္ျဖန္ေတာ့ မႉးကို လာေစာင့္အိပ္ေပးမွာပါကြယ္”
မာမီက မႉးမ်က္ႏွာေလးကို ကိုင္ၿပီး ေခ်ာ့ျမဴေျပာေန၏။ မႉးစိတ္ဆိုးမွာ မာမီသိေန၏။ သိလ်က္ မာမီ မႉးကို အခ်ိန္မေပးနိုင္ပါ။ မႉးက မာမီ့အတြက္ ပထမဦးစားေပးမဟုတ္ခဲ့ေပ။
“မာမီ ညေနျပန္လာခဲ့မယ္ေနာ္၊ အခုေတာ့ မႉးအပ်င္းေျပစကားေျပာလို႔ရေအာင္ သူနာျပဳတစ္ေယာက္လြတ္ေပးလိုက္မယ္၊ ဟုတ္ၿပီလား”
မႉး ငိုခ်င္စိတ္ကို မ်ိဳသိပ္ကာ ထိန္းရင္း မာမီ့ကို ၾကည့္လိုက္သည္။ မာမီက မႉးနဖူးကို ဖြဖြအနမ္းေႁခြကာ နစ္သိမ့္ေတာ့ ဝမ္းနည္းလာသည္။ မႉးအနား၌ ေနေပးပါဟု ဆြဲထားခ်င္ေသာ္လည္း ႏႈတ္မွ ထြက္မလာ။ မႉး၏မာနက ေတာင္းဆိုရန္ ခြင့္မျပဳေနခဲ့ပါ။ မႉးေတာင္းဆိုမိ၍ မာမီက ျငင္းလာလွ်င္ မႉးနာက်င္ရမည္။
မႉးလို ဒုကၡိတနား၌ ဘယ္သူက ေနခ်င္ပါ့မလဲ။ မႉးက မာမီ့အတြက္ အေရးမွမႀကီးတာ။
မာမီ မႉးကို ႏႈတ္ဆက္ကာ ျပန္သြားသည္။ မႉး ဤအတိုင္းသား ေငးၾကည့္ေနခဲ့ရသည္။ ခဏၾကာေတာ့ သူနာျပဳဆရာမေရာက္လာေသာ္လည္း မႉး စကားေျပာခ်င္စိတ္မရွိသျဖင့္ ျပန္လြတ္လိုက္သည္။ အခ်ိန္မ်ား တျဖည္းျဖည္း ကုန္ဆုံးလာ၏။ မႉးကေတာ့ မလႈပ္မယွက္ ၿငိမ္သက္စြာ ထိုင္ေနမိသည္။
ထိုစဥ္ အခန္းျပင္၌ ႐ုတ္တရက္ ဆူညံသံၾကားလိုက္ရသည္။ မႉး တံခါးကို မ်က္လုံးပင့္ၾကည့္မိသည္။ တံခါးက ဂ်ိမ္းခနဲ ပြင့္လာကာ ေန႕သစ္က အခန္းထဲသို႔ အတင္းဝင္ရန္ ႀကိဳးစားေနသည္။ ဒက္ဒီ့သက္ေတာ္ေစာင့္ႏွစ္ဦးက ေန႕သစ္ကို ဝင္ခြင့္မေပးဘဲ တားထားၾက၏
"မႉး ေမာင္ပါ ေမာင္ မႉးကို လာေတြ႕တာပါ၊ ေမာင္ မႉးကို ေတာင္းပန္ခ်င္လို႔ပါမႉးရယ္”
ေန႕သစ္က မႉးကို အကူအညီလွမ္းေတာင္းေန၏။ မႉး နာၾကည္းစြာ ၾကည့္လိုက္သည္။
"ေပးဝင္လိုက္''
မႉး အမိန႔္ေပးလိုက္ေတာ့ ဒယ္ဒီ့တပည့္ေတြက ေန႕သစ္ကို လြတ္ေပးလိုက္ေလသည္။ ေန႕သစ္က ႏွင္းဆီပန္းစည္းကိုင္လ်က္ အခန္းထဲသို႔ ဝင္လာသည္။ မႉးကို မဝံ့မရဲ ပန္းစည္းေပးလာ၏။ မႉး ေအာက္ႏႈတ္ခမ္းကို ေပါက္လုမတတ္ကိုက္ထားမိသည္။ ပန္းစည္းယူလိုက္ေတာ့ ေန႕သစ္က ၿပဳံးလာသည္။ ေမွ်ာ္လင့္ခ်က္မ်ားျပည့္ေနေသာ သူ႕မ်က္ႏွာက မႉးကို မဲ့ၿပဳံးေစ၏။
“အနားကို တိုးလာ''
မႉးအံႀကိတ္ေျပာလိုက္ေတာ့ ေန႕သစ္က အူေၾကာင္ေၾကာင္မ်က္ႏွာျဖင့္ ေျခလွမ္းကို ေရွ႕တိုးလာရပ္သည္။ မႉး ပန္းစည္းကို ခပ္တင္းတင္းဆုပ္ကိုင္ကာ ေန႕သစ္ကိုယ္ကို တဘုန္းဘုန္းရိုက္ပစ္လိုက္သည္။ ပန္းစည္းမ်ား ေႂကြက်ကာ မႉးလက္မ်ားနာလာသည္အထိ အဆက္မျပတ္ရိုက္မိသည္။ ေန႕သစ္က နည္းနည္းေလးမွမေရွာင္ဖယ္ဘဲ မႉးရိုက္တာကို ေခါင္းငုံ႕ၿငိမ္ခံေနေလသည္။ ပန္းစည္းမွာ ေအာက္တြင္ တစ္စစီျပန္က်ဲသြားသည္။ မႉးလည္း ေမာပန္းလာသျဖင့္ ရပ္လိုက္သည္။
"ခြင့္မလြတ္ဘူး၊ နင့္ကို ဘယ္ေတာ့မွ ခြင့္မလြတ္ဘူးမို႔ ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္တဲ့စိတ္နဲ႕ တစ္သက္လုံးေနလိုက္''
"မႉး ေမာင္ေတာင္းပန္ပါတယ္ကြာ''
ေန႕သစ္က မႉးေရွ႕၌ ဒူးေထာက္ထိုင္ခ်လိဳက္ေတာ့ မႉးမ်က္ႏွာလြဲပစ္လိုက္သည္။
"သူ႕ကို ငါ့မ်က္စိေရွ႕က ဆြဲထုတ္သြား၊ ေနာက္လည္း သူဆိုရင္ အခန္းထဲ လုံးဝမဝင္ေစနဲ႕”
ဒက္ဒီ့တပည့္ႏွစ္ဦးမွာ ေန႕သစ္ကို အတင္းလာဆြဲထုတ္သြားၾကေတာ့ မႉးရႈတည္တည္ၾကည့္ေနလိုက္သည္။

====
ဆက္ရန္။
#ေႂကြ

ရင်ထဲက မှူး/ရင္ထဲက မႉးWhere stories live. Discover now