အပိုင်း( ၁၁ )

3.6K 278 2
                                    

အပိုင်း ( ၁၁ )
မနက်ခင်းသည် သာယာလှပနေ၏။ လမ်းပေါ်၌ ရုံးသွားကျောင်းသွားသူများပြည့်ကာ busကားသည်လည်း လူတိုးကြိတ်နေ၏။ မီးပွိုင့်အနီး၌ ပန်းရောင်းသတင်းစားရောင်းနေသည့်ကလေးတို့ဘဝမှာ မလွယ်ကူပါ။ နေပူထဲမှ ဘဝမို့ ရုန်းကန်ရသည်။ ကော်ဖီဆိုင်၌ ကော်ဖီကောင်းကောင်းတစ်ခွက် သုံးဆောင်ရင်း မတူညီသော လူတန်းစားဘဝအဖုံဖုံကို မှူးတွေးနေမိသည်။ ပြီးတော့ စာအုပ်တစ်အုပ်ထုတ်ဖတ်မိသည်။
"မှူး၊ မှူး ကျွန်တော်ခေါ်နေတာကြားရဲ့လားဗျ''
သြရှရှခေါ်သံကြောင့် မှူးမျက်ခုံးပင့်ကြည့်လိုက်သည်။ ကိုစိုင်းမြတ်သူသည် ကော်ဖီတစ်ခွက်ကိုင်၍ မှူးစားပွဲရှေ့ရောက်နေသည်။ ပြီးတော့ ခွင့်မတောင်းဘဲ စားပွဲဝိုင်းတွင် ဝင်ထိုင်နေ၏။ မှူး ဖတ်လက်စစာမျက်နှာမှတ်သား၍ စာအုပ်လေးကို ပိတ်ကာ စားပွဲပေါ်၌ တင်လိုက်သည်။ ပြီးနောက် ကော်ဖီမော့သောက်လိုက်သည်။
"မှူးတို့ မချိန်းထားပါဘူး''
"မှူးက မနက်ဆိုရင် ဒီဆိုင်လေးမှာ ကော်ဖီလာသောက်တတ်တယ်လို့ ယမင်းက ပြောလို့လေ၊ ကျွန်တော်လည်း သိချင်တာနဲ့ လိုက်လာခဲ့တာပါ၊ ဒီဆိုင်လေးက အပြင်အဆင်ဒီဇိုင်းရိုးရှင်းပြီး
လှတယ်နော်၊ ကျွန်တော် အခုမှ ရောက်ဖူးတာ''
စိုင်းမြတ်သူက ဆိုင်ထဲ ဝေ့ကြည့်ရင်း စကားရှာပြောနေတော့ မှူးပြုံးလိုက်သည်။
"ကိုစိုင်းမြတ်သူက ရှေ့နေဆိုတော့ အလုပ်အရမ်းများမှာပဲ၊ ဒီလိုကော်ဖီဆိုင်ထိုင်ဖို့ရော အချိန်ရှိသေးတာလား၊ တရားရုံးတက်ရတာနဲ့ အမှုသည်ပြဿနာဖြေရှင်းရတာနဲ့ ရှုပ်နေမှာနော်”
"ကျွန်တော်က အခုမှသင်ယူနေတုန်းပါဗျာ၊ အလုပ်အပ်တဲ့သူတွေလည်း အရမ်းကြီးမများပါဘူး''
“သြော်…အဲလိုလား''
မှူး ခုံ၌ မှီထိုင်ပြီး စကားဆက်မပြောချင်စွာ ဆိုင်အပြင်ဘက်သို့ ငေးကြည့်နေမိသည်။ မှူး၏နားချိန် ကိုယ်ပိုင်ချိန်ကို သူ့အား ဖဲ့ပေးနေရသဖြင့် စိတ်သိပ်မကြည်ချင်တော့ပေ။
“တကယ်တော့ မှူးကို ကျွန်တော်ပြောစရာရှိပါတယ်၊ ဒါက ပွဲလှန်တိုင်း ဖျာခင်းတာမဟုတ်ပါဘူး၊ မှူးက ကျွန်တော့်ရင်ထဲမှာရှိတဲ့ တစ်ဦးတည်းသောမိန်းကလေးဆိုတာ မှူးသိရဲ့လားဗျာ၊ အဆင့်ကျော်သလိုဖြစ်နိုင်ပေမဲ့ မှူးသာခွင့်ပြုမယ်ဆိုရင် ကျွန်တော် မှူးကို လူကြီးစုံရာနဲ့ မိသားဖသားပီပီ
လာတောင်းယူပါ့မယ်ဗျာ”
မှူး လက်ပိုက်လိုက်ပြီး စိုင်းမြတ်သူကို ပြုံးကြည့်နေမိသည်။
"ကျွန်တော် အရင်ကတည်းက ချစ်တာ မှူးလည်း သိပါတယ်၊ မှူးမှာ ချစ်သူရှိတယ်ဆိုတာ သိကတည်းက ကျွန်တော်နောက်ဆုတ်ပေးခဲ့တယ်၊ မှူးက တစ်ယောက်တည်းဖြစ်နေပြီဆိုတော့ ကျွန်တော်ပြန်ကြိုးစားခွင့်ရှိတယ်မလား၊ ကျွန်တော့်ကို လက်ခံစဥ်းစားပေးပါလားမှူးရယ်”
ချစ်တယ်ဆိုတဲ့စကားက မှူးဘဝမှာ အရယ်ရဆုံးဟာသပြက်လုံးတစ်ခု။ ဒက်ဒီက မာမီ့ကို သိပ်ချစ်တယ်ဆိုပြီး နောက်ဆုံးကျ ဖောက်ပြန်သွားသလို မောင်ကလည်း မှူးကို သိပ်ချစ်ပြဂရုစိုက်ပြပြီးမှ သစ္စာမဲ့ခဲ့တာလေ။ လူတွေက ဘာလို့ ချစ်တယ်ဆိုတဲ့စကားကို လွယ်လွယ်လေးပြောထွက်ရတာလဲ။ ဒီလိုလူတွေကြောင့် အချစ်ဆိုတာကြီးက အပေါစားဆန်သွားတာ ရွံစရာကောင်းသွားတာ။
"အကြောင်းပြချက်က ဘာလဲ၊ မှူးက ဘာလို့ ကိုစိုင်းမြတ်သူကို လက်ခံရမှာလဲ”
"ဗျာ''
စိုင်းမြတ်သူက မှူးကို အူကြောင်ကြောင်ကြည့်နေေသာကြောင့် မှူးခနဲ့တဲ့တဲ့ပြုံးလိုက်သည်။
"မိန်းကလေးတစ်ယောက်ဟာ အိမ်ထောင်ပြုရမဲ့အကြောင်းပြချက်နှစ်ခုရှိတယ်၊ နံပါတ်တစ်အချက်က သူချစ်မိသွားလို့ ချစ်သူကို ချစ်လွန်းတာကြောင့် မခွဲအတူနေချင်လို့ လက်ထပ်မှာပေါ့၊ နံပါတ်နှစ်အချက်က သူအားကိုးရာမဲ့နေလို့ ဒီယောက်ျားကို ယုံကြည်ကိုးစားပြီး သူ့ဘဝနဲ့ လောင်းကြေးထပ် အားကိုးချင်လို့ လက်ထပ်မှာပေါ့ရှင်”
စိုင်းမြတ်သူက မျက်နှာပျက်နေသဖြင့် မှူးနှုတ်ခမ်းထောင့်လေးကို တွန့်ချိုးလိုက်သည်။
"ကျွန်မက ရှင့်ကို ချစ်လည်း မချစ်သလို အားလည်း မကိုးချင်ဘူး၊ ကျွန်မက တခြားတစ်ယောက်ကို မှီခိုအားကိုးချင်လို့ လက်ထပ်မဲ့ ခပ်ညံ့ညံ့မိန်းမမျိုးထဲလည်း မပါဘူး၊ ရှင်စဉ်းစားလေ၊ ကျွန်မက ဘာအကြောင်းကြောင့် ရှင့်ကို လက်ထပ်ရမှာလဲ၊ ဘာအကြောင်းပြချက်ရှိလို့လဲ”
စိုင်းမြတ်သူက ခေါင်းညိတ်နားထောင်နေပြီး မှူးကို မျက်နှာပျက်စွာ ကြည့်သည်။
"ဒါပေမဲ့ မှူးအမြဲတမ်းတစ်ယောက်တည်းနေလို့မရဘူးလေ၊ လူဆိုတာ အရွယ်ရောက်ရင် အိမ်ထောင်ပြုရမယ်၊ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမယ်၊ ပျော်ရွှင်တဲ့မိသားစုဘဝကို ဖန်တီးရမယ်လေ''
မှူး ခနဲ့သလို ဟက်ခနဲရယ်လိုက်သည်။
"အရွယ်ရောက်တာနဲ့ သေချာပေါက် အိမ်ထောင်ပြုရမယ်လို့ ဘယ်ဘုရားက ဟောထားလို့လဲ၊ ဘယ်အစိုးရက အမိန့်ထုတ်ထားတာလဲ၊ ပျော်ရွှင်တဲ့မိသားစုကို ဖန်တီးဖို့တဲ့လား၊ အပိုတွေ မိသားစုမှာလည်း ချစ်ခြင်းမေတ္တာမရှိရင် အလကားပဲ၊ ဘာပျော်စရာမှမရှိနိုင်ဘူး”
စိုင်းမြတ်သူက ခေါင်းငိုက်စိုက်ထိုင်နေသဖြင့် မှူး စာအုပ်ကို အိတ်ထဲကောက်ထည့်ပြီး ကော်ဖီဆိုင်ထဲမှ
ထွက်လာခဲ့သည်။ ဤနေ့တော့ မှူး၏လန်းဆန်းနေသောစိတ်မှာ မနက်ခင်း၌တင် ညစ်ထေးသွားရပြန်၏။
~
သွင်ရိပ် လက်သန်းကြွယ်၌ ဝင်ဆင်ထားသော လက်ထပ်လက်စွပ်ကို အသာအယာချွတ်၍ စားပွဲပေါ် တင်လိုက်သည်။ ခြံတံခါးသော့ပိတ်ပြီးတော့ တစ်နှစ်ကျော် နှစ်နှစ်နီးပါးနေခဲ့ဖူးသည့် တိုက်ပြာလေးကို သွင်ရိပ် နောက်ဆုံးအနေဖြင့် လှည့်ကြည့်လိုက်သည်။
"သွားရအောင်သွင်ရိပ်၊ ခဏနေရင် မှောင်တော့မှာ''
မယမင်းက ကားပေါ်မှ လှမ်းပြောသည်။ သွင်ရိပ် အဝတ်ထုပ်လေးဆွဲ၍ ကားပေါ်တက်လာသည်။ ကားက ဤရပ်ကွက်မှ ထွက်ခွာလာတော့၏။ လောလောဆယ်၌ ကိုကြီးထက်နောင်မျက်နှာဖြင့် မယမင်းအိမ်တွင် လိုက်နေရန် စဉ်းစားထားသည်။ မေမေ့အိမ်လည်း ပြန်တက်မရ။ မေမေက လက်ခံမည်မဟုတ်သလို သွင်ရိပ် ကွာရှင်းလိုက်ကြောင်း ဘွားဘွား သိ၍မဖြစ်ပေ။ ဘွားဘွားသိလျှင် သိပ်စိတ်ထိခိုက်သွားနိုင်၏။ တော်ကြာ ကိုကို့ကို အတင်းဖိအားပေးပြီး ပြန်ပေါင်းခိုင်းလျှင် ကိုကိုစိတ်ညစ်လိမ့်မည်။ ကိုကို့ကို ထပ်ပြီး ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်တော့ပါ။ မယမင်းက ဖုန်းလာ၍ ဖုန်းပြောနေသဖြင့် သွင်ရိပ် ခေါင်းငုံ့ကာ ငြိမ်ထိုင်နေမိသည်။
“ဟင်! ဘာဖြစ်တယ်၊ အဘွားက”
မယမင်းက အလန့်တကြားဖြစ်နေ၍ သွင်ရိပ် ရင်ပူစွာ လှည့်ကြည့်လိုက်သည်။
“အဘွားအရေးပေါ်ဖြစ်လို့ ဆေးရုံတင်လိုက်ရတယ်တဲ့၊ အစ်မတို့ ဆေးရုံလိုက်သွားမှဖြစ်မယ်ကွယ်”
မနေ့တစ်နေ့ကထိ ကျန်းကျန်းမာမာရှိနေသည့်အဘွားမှာ အရေးပေါ်ဖြစ်ကာ ဆေးရုံရောက်နေတယ်ဆိုတော့ သွင်ရိပ် စိုးရိမ်ထိတ်လန့်မိပါသည်။ ဆေးရုံရောက်တော့ သွင်ရိပ်တို့ ကားပေါ်မှ ဆင်း၍ ကောင်တာ၌ မေးကာ အရေးပေါ်ခန်းရှေ့သို့ ပြေးလာသည်။ မေမေ၊ မမရတီ၊ ကိုကြီးထက်နောင်နှင့် မိသားစုအချို့မှာ ကြိုရောက်နေကြ၏။ သွင်ရိပ် အဘွားကို စိတ်ပူလွန်း၍ ဟီးခနဲ ငိုချမိသည်။ ခဏကြာတော့ အရေးပေါ်အခန်းတံခါးပွင့်လာပြီး တစ်ကိုယ်လုံးအား အပိုင်းဖုံးအုပ်ထားသော ခန္ဓာတစ်ခုကို ဒေါက်တာများက တွန်းထုတ်လာသည်။
“စိတ်မကောင်းပါဘူးဗျာ၊ ကုသဖို့ အချိန်မမီလိုက်ပါဘူး၊ လူနာဆုံးသွားပါပြီ”
မယုံကြည်နိုင်အောင် တုန်လှုပ်သွားရသည်။ ဘွားဘွားက ဖေဖေ့လိုမျိုး သွင်ရိပ်ကို ထားခဲ့မှာ သွင်ရိပ်အကြောက်ဆုံးဖြစ်၏။ မြေးအဖြစ် အဘွားတစ်ဦး၏အချစ်ကို အရွယ်ကြီးမှ ခံစားရဖူးသော်လည်း ပျော်ခဲ့သည်။ သွင်ရိပ် ဘွားဘွားကို သိပ်ချစ်ပါသည်။ မမရတီက သွင်ရိပ်ဆီသို့ ပြေးလာပြီး ပခုံးကို ကြမ်းတမ်းစွာ ဆုပ်ကိုင်လာသည်။
“နင် အခုမှငိုပြမနေနဲ့သွင်ရိပ်ချို၊ အဘွားသေရတာ နင့်ကြောင့် နင်မကောင်းလို့ နင့်ကြောင့် အဘွားက အမောထဖောက်ပြီး ရုတ်တရက်ဆုံးရတာ၊ နင်ထွက်သွား ငါ နင့်မျက်နှာကို မမြင်ချင်ဘူး၊ နင့်ကြောင့်ပဲ”
မမရတီက ငိုယိုပြောတော့ သွင်ရိပ်လည်း တသိမ့်သိမ့်ရှိုက်ငိုရင်း ခေါင်းခါမိသည်။ ကိုကြီးထက်နောင်က
မမရတီကို ဝင်ဆွဲကာ ရင်ခွင်ထဲ ထွေးဖက်ပေးရင်း နစ်သိမ့်ပေးနေသည်။ ကိုကြီးက သွင်ရိပ်ကို စိတ်မကောင်းစွာ လှည့်ကြည်သည်။
"အဘွားက သွင်ရိပ်ကွာရှင်းလိုက်တဲ့သတင်းကြားပြီး ရုတ်တရက်အမောဖောက်သွားတာ၊ အဘွား အရမ်းစိတ်ထိခိုက်သွားတယ်၊ အဘွားက သွင်ရိပ်ကို လုံးဝစိတ်မချခဲ့ဘူး”
သွင်ရိပ် ဆက်ရပ်မထားနိုင်လောက်အောင် အားမရှိတော့သဖြင့် ကြမ်းပြင်၌ ပုံလျက်သားထိုင်ချမိသည်။
"ဒီလောက်သိုဝှက်ထားတဲ့ကိစ္စကို ဘယ်သူကများ အခုလိုမြန်မြန်ပြောလိုက်တာလည်း မသိပါဘူး၊ သွင်ရိပ်အပြစ်မဟုတ်တာမို့ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့’’
ကိုကြီးထက်နောက်က သွင်ရိပ်ကို နစ်သိမ့်ပေးသည်။ မေမေက ရင်နာနာဖြင့် ဝင်ပြောလေသည်။
"ဟိုအိမ်ကြီးကို အမွေလိုချင်လို့ တစ်ယောက်ယောက်က ပြောလိုက်တာဖြစ်မှာပေါ့''
သွင်ရိပ် ချစ်ရသူများ အနားမှ တစ်ယောက်ပြီးတစ်ယောက်ထွက်သွားကြသဖြင့် အလွန်နာကျင်ရသည်။
~
အန်းကျဉ်းလေး၌ ဟိုဘက်ဒီဘက် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ရင်း ဘယ်နှစ်ကြိမ်မြောင့်မှန်းမသိစွာ မှူး သက်ပြင်းချမိသည်။ ယမင်းဖြူနှင့် ဖုန်းပြောပြီးကတည်းက မှူးဂဏှာမငြိမ်ဖြစ်နေသည်။ ဤနေ့ နေ့လယ်တွင် သွင်ရိပ်အဘွား၏အသုဘပို့ရှိသည်။ ယမင်းကို မှူးနာမည်နှင့် အလှူငွေထည့်ပေးလိုက်ရန် ပြောထားသော်လည်း အသုဘပို့သွားရမလား မသွားရဘူးလားဆိုတာ စိတ်ထဲ၌ ဒွိဟဖြစ်နေသည်။
“နေပါဦး၊ ငါနဲ့ ဘာဆိုင်လဲ၊ အဲဒီမိသားစုနဲ့ ငါအဆင်ပြေတာမှမဟုတ်တာ၊ မသွားဘူးဟာ လုံးဝမသွားဘူး’’ဟု တွေး၍ စိတ်ထဲမှ ထုတ်ပစ်လိုက်သည်။ လူက သိပ်နေမကောင်းချင်သဖြင့် အခန်းထဲ ဝင်အိပ်နေမိသည်။ ခေါင်းမကြည်ပါ။ ကုတင်ပေါ်တွင် ဟိုဘက်ဒီဘက်လူးလိမ့်နေရင်း အိပ်မရသည်မို့ ထထိုင်လိုက်သည်။
ညက မှူး အိပ်မက်မကောင်းပါ။ အိပ်မက်ထဲ၌ မှူးနောက်သို့ ကျားလိုက်သဖြင့် မှူးထွက်ပြေးခဲ့ရသည်။ ပြီးတော့ မှူးခြေထောက်တွေ ကျားဆွဲခံလိုက်ရသည်။ မှူးခြေထောက်များ ပြတ်သွား၏။ မနက်နိုးလာကတည်းက နုံးချိကာ အကြောင်းမဲ့ မပျော်ရွှင်ဖြစ်နေမိသည်။ အရေးထဲ ယမင်းက သွင်ရိပ်အကြောင်း ဖုန်းဆက်ပြောတော့ ကိုယ့်တာဝန်မကင်းဘူးဟု ခံစားနေရသည်။ မသိချင်ပါဘူးဆိုသည့်အကြောင်းများကို ဘာကြောင့် လာလာပြောနေလည်းမသိ၊၊ စိုင်းမြတ်သူနှင့်လည်း အောင်သွယ်ပေးသည်။ သူငယ်ချင်းမို့ သိပ်ပြီးလည်း မပြောချင်ပါ။ မှူးစိတ်မှူးခံစားချက်သိပါလျက် ယမင်းက တစ်ခါတလေ သူငယ်ချင်းမဆန်စွာ ပြုမူတော့ မှူးသိပ်စိတ်ဆိုးသည်။
မှူး လန်းဆန်းသွားအောင် ရေထချိုးလိုက်ပြီး စားစရာတစ်ခုခုလုပ်ရန် မီးဖိုချောင်သို့ ဝင်လာသည်။ ရေခဲသေတ္တာဖွင့်လိုက်တော့ အသင့်ဝယ်ထားသည့်ဟင်းသီးဟင်းရွက်အချို့ရှိ၏။ ဟင်းရွက်များထုတ်ကာ ဘေစင်၌ ဆေးကြောနေစဥ် လူခေါ်ဘဲလ်မြည်လာသည်။ လက်သုတ်ပဝါယူ၍ လက်သေချာသုတ်ကာ အိမ်ရှေ့ထွက် တံခါးသွားဖွင့်လိုက်သည်။
"နေ့သစ်”
တံခါးရှေ့၌ နေ့သစ်ကို မြင်လိုက်ရ၏။ မှူး တံခါးချက်ချင်းပြန်ပိတ်ရန် ပြင်စဥ် နေ့သစ်က အတင်းတိုးဝင်လာသဖြင့် မှူး စိတ်တိုသွားမိသည်။ အရင်က သေသပ်စွာ ဖြီးလိမ်းထားတတ်သော နေ့သစ်၏ဆံပင်တို့မှာ လမ်းသရဲတစ်ယောက်လို ရှည်ပြီး ဖွာလန်ကျဲနေလေသည်။ အရင်က ဖြူသန့်သော မျက်နှာမှာ ယခုတော့ နေလောင်ဒဏ်ကြောင့် ညှင်းသိုးသိုးဖြင့် ကြမ်းတမ်းနေသည်။ ရုပ်ပျက်ဆင်းပျက်နိုင်လှ၏။ မှူး အစွမ်းကုန်မျက်မှောင်ကြုတ်ပစ်ပြီး နေ့သစ်ကို ကြည့်နေလိုက်သည်။
"မောင် မှူးဆီကို ပြန်လာပြီလေ''
နေ့သစ်က မှူးဆီ တဖြည်းဖြည်းတိုးကပ်လာသည်။ ပခုံးကို ကြမ်းတမ်းစွာ ဆွဲဖက်လာတော့ မှူးမျက်လုံးပြူးသွားသည်။ နံစော်လှသည့်အရက်နံ့ချွေးနံတို့မှာ မှူးနှာဝကို တိုးဝင်လာသည်။ မှူး စိတ်ပျက်လွန်းကြီးစွာ နေ့သစ်ကိုယ်ကို တွန်းထုတ်ပစ်လိုက်သည်။
"နင့်မှာ ငါ့ဆီကို လာပိုင်ခွင့်ရှိလို့လား၊ ဟမ် စောက်ရူးကောင်”
နေ့သစ်က နောက်သို့ အနည်းငယ်ယိုင်သွားသော်လည်း မှူးဆီသို့ ပြန်တိုးလာနေသဖြင့် မှူး နောက်သို့ မသိမသာဆုတ်နေမိသည်။
"နင်မူးနေတာလားနေ့သစ်၊ ပြန်လိုက်ရင် ကောင်းမယ်''
နေ့သစ်က မှူးလက်နှစ်ဖက်ကို အတင်းဆွဲယူကာ မျက်နှာချင်းဆိုင်စေသည်။
"မှူး မောင် သွင်ရိပ်ကို ကွာရှင်းလိုက်ပြီ၊ အဲဒါ ဘာလို့လဲသိလား၊ မောင် မှူးကို ချစ်လို့ မှူးကို အရမ်းချစ်လို့ပေါ့၊ မောင် မှူးကို ဆုံးရှုံးမခံနိုင်ဘူးကွာ”
"လဲသေလိုက်လေ’’
မှူး အံကြိတ်ပြောတော့ နေ့သစ်က စိတ်နှင့်ကိုယ်မကပ်ဖြစ်နေသည့်သူတစ်ယောက်လိုမျိုး စိုက်ကြည့်သည်။ နှုတ်ကလည်း သူလိုရာ ဆွဲကာ လျှောက်ပြောနေတော့၏။
"မောင်တို့ လက်ထပ်ကြမယ်လေနော်၊ မောင် မှူးကို ချစ်တယ်၊ မှူးလည်း မောင့်ကို ချစ်တယ်မဟုတ်လား’’
နေ့သစ်က ပြောပြီးချင်း မှူးမျက်နှာကို အတင်းကြီးဖက်နမ်းလာသောကြောင့် မှူးလန့်ကာ အော်ဟစ်ရုန်းကန်နေမိသည်။
"မချစ်ဘူး၊ ငါ့မှာ နင့်အတွက် အချစ်မရှိတော့ဘူးအရူးရဲ့”
မှူး နေ့သစ်မျက်နှာကို အစွမ်းကုန်တွန်းထုတ်ပစ်လိုက်တော့ နေ့သစ်နောက်သို့ ယိုင်သွားလေသည်။ မှူး မျက်ဝန်း၌ မျက်ရည်များဝေ့သီလာကာ ရင်တွေ တလှပ်လှပ် တုန်ရင်လာသည်။ အံတင်းတင်းကြိတ်၍ တောက်ခေါက်ပစ်လိုက်ပြီး တံခါးဝကို လက်ညိုးထိုးလိုက်သည်။
"ထွက်သွား၊ နင် ငါ့တိုက်ခန်းထဲက ခုချက်ချင်းထွက်သွား နင့်ကို ထွက်သွားလို့ ပြောနေတယ်လေ''
"မသွားဘူး၊ မောင် မှူးနားကနေ ဘယ်မှမသွားဘူး''
"နေ့သစ်ဇော် နင် ငါ့ကို စိန်မခေါ်နဲ့နော်၊ ငါ ရဲစခန်းကို ဖုန်းမဆက်ခင် အခုချက်ချင်းထွက်သွား''
မှူး စိတ်ဆိုးစွာ အသံကုန်အော်ပစ်လိုက်သည်။ နေ့သစ်က ဂရုမစိုက်စွာ အသိစိတ်ပျောက်နေသူနှယ် ရှေ့ကိုပဲ တိုးလာနေသည်။ သူ့ပုံစံက အတော်စိတ်တိုဖွယ်ကောင်း၏။
"နင် ငါ့ကို ယုတ်မာဖို့ ကြံနေတာလား၊ နင် တော်တော်စိတ်ပျက်ဖို့ကောင်းတာပဲ”
မှူး နီးကပ်လာသည့် နေ့သစ်ရင်ဘတ်ကို အရှိန်ဖြင့် တွန်းပစ်လိုက်ပြီး တိုက်ခန်းထဲမှ ပြေးထွက်လာသည်။ နေ့သစ်က ဘီလူးသရဲဝင်စီးနေသူနှယ် နောက်မှ ကမန်းကတမ်းပြေးလိုက်လာသည်။ မှူးလည်း မနားတမ်းပြေးလာမိသည်။ စိတ်လည်း အလွန်တိုရ၏။
သူဘာဖြစ်နေတာလဲ၊ သူ မှူးကို ဘာလို့ ဒီလိုဆက်ဆံရတာလဲ။ ဒီလိုအဆက်အဆံခံရလောက်တဲ့အထိ မှူးက အပေါစားမိန်းမမှမဟုတ်တာ။
နဂိုကတည်းက အပြေးမသန်သဖြင့် ခဏချင်း လိုက်မီသွားပြီး လှေကားထိပ်အရောက်တွင် နေ့သစ်က မှူးကို နောက်ဘက်မှ အတင်းအဓမ္မပွေ့ဖက်ဖမ်းချုပ်လာသည်။ လည်တိုင်ဂုတ်သားနုနုပေါ် ကျရောက်လာသည့် သူ့အနမ်းကြောင့် မှူးအစွမ်းကုန်ရုန်းကန်မိတော့သည်။
"နေ့သစ် နင်ဘာဖြစ်နေတာလဲ၊ လွတ် အရူးကောင် သစ္စာမရှိတဲ့ကောင် လူယုတ်မာကောင် ငါ့ကိုလွတ်''
နေ့သစ်ကို မုန်းတီးရွံရှာသည့်စိတ်မှာ မှူးရင်ထဲ၌ အားကောင်းစွာ ဖြစ်တည်နေသည်။ နေ့သစ်က နောက်တစ်ကြိမ် မှူး၏မာနသိက္ခာတွေကို ရိုက်ချိုးနေပြန်ပြီ။ ရွံစရာကောင်းစွာ တုံ့ပြန်နေ၏။ သူ့မိန်းမနှင့် အိပ်ခဲ့တယ်ဆိုပြီး သူတုံ့ပြန်လေသော လက်စားချေမှုလား။
"မှူးကို ချစ်တယ်၊ မောင် မှူးကို ပိုင်ဆိုင်ချင်တယ်''
"နင့်လို အောက်တန်းစားကောင်ကို ငါသေတာတောင် ပြန်မချစ်တော့ဘူးလူယုတ်မာရဲ့”
မှူး နေ့သစ်မျက်နှာကို လက်နောက်ပြန်၍ လက်သည်းရှည်းတို့ဖြင့် အားရပါးရကုပ်ဆွဲကာ တွန်းဖယ်လိုက်သည်။ နေ့သစ်က ရှောင်ဖယ်နေရင်း ထိထိမိမိကုပ်မိသွားချိန်၌ နာကာ အားလျော့သွားသည်။ မှူး တွန်းပစ်၍ လှေကားထိပ်မှ တရစပ်ပြေးဆင်းရင်း ရုတ်တရက်ခြေချော်ကျသွားသည်။ မှူး ကိုယ်လေးမှာ လှေကားတစ်ဆင့်ချင်း လူးလိမ့်ကျသွားလေသည်။
"မှူး''
မှူး လှေကားခြေရင်း၌ ကျသွားသည်။ မျက်လုံးမှာလည်း ပြာဝေနေသည်။ ခေါင်းမူးနှောက်နေ၏။
"မှူး''
နေ့သစ်၏အက်ကွဲကြေမွသံကြီးကို ကြားလိုက်ရသဖြင့် မှူး အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။ မှူးအသိစိတ်မလွတ်သေးပါ။ သတိရှိနေဆဲမို့ အားယူရင်း ထရန် ကြိုးစားမိသည်။ နေ့သစ်က လှေကားပေါ်မှ အလန့်တကြားပြေးဆင်းလာကာ မှူးကိုယ်လေးကို ပွေ့ထူရန် ကြိုးစားတော့ မှူး ရှိသမျှ အင်အားနှင့် ရုန်းဖယ်မိသည်။
"ငါ့အသားကို မထိနဲ့၊ နင့်ကို ရွံတယ်''
မှူး ကြိုးစားထရပ်ရင်း ခြေလှမ်းများကို လမ်းမဘက်ဦးတည်ကာ ဖြည်းဖြည်းလျှောက်မိသည်။ နားထင်၌ စီးကျနေသည့်သွေးတို့ကို လက်ဖြင့် ဖိကိုင်၍ စိတ်ကို အတတ်နိုင်ဆုံးတင်းထားမိသည်။ မျက်စိရှေ့၌ မြင်သမျှအရာအားလုံးမှာ ဝေဝါးနေသည်။ ခေါင်းတစ်ခုလုံးပတ်ချာလည်နေအောင် မူးနှောက်နေပြီး
ခြေထောက်မှာ ယိုင်နဲ့ပြိုလဲချင်နေသည်။ ကားလမ်းမပေါ်ရောက်လာတော့ တက္ကစီကားငှားရန် လက်တားဖို့ရာ ရီဝေနေသည်။ နားထင်၌ အဆက်မပြတ်စီးကျနေသည့်သွေးများမှာ မှူးကို မေ့မျောရန် ဆွဲခေါ်နေသည်။ ဆက်ရပ်ထားရန် အားအင်မဲ့လာပြီး အရှိန်ဖြင့် မောင်းနှင်လာသည့်ကားရှေ့သို့ မှူးကိုယ်လေးအရုပ်ကြိုးပြတ်လဲကျသွားလေသည်။
"ဒုန်း''
ခြေထောက်မှာ ပြင်းထန်သော နာကျင်မှုဝေဒနာကို အသည်းခိုက်မတတ် ခံစားလိုက်ရပြီး မှူးစိတ်အာရုံတို့ လွင့်ထွက်သွားလေသည်။
"မှူး''
နေ့သစ်၏အော်သံကိုသာ နားထဲ၌ အိမ်မက်လိုလို ကျယ်လောင်စွာ ကြားလိုက်ရလေသည်။
====
ဆက်ရန်။
#ကြွေ
အပိုင္း ( ၁၁ )
မနက္ခင္းသည္ သာယာလွပေန၏။ လမ္းေပၚ၌ ႐ုံးသြားေက်ာင္းသြားသူမ်ားျပည့္ကာ busကားသည္လည္း လူတိုးႀကိတ္ေန၏။ မီးပြိုင့္အနီး၌ ပန္းေရာင္းသတင္းစားေရာင္းေနသည့္ကေလးတို႔ဘဝမွာ မလြယ္ကူပါ။ ေနပူထဲမွ ဘဝမို႔ ႐ုန္းကန္ရသည္။ ေကာ္ဖီဆိုင္၌ ေကာ္ဖီေကာင္းေကာင္းတစ္ခြက္ သုံးေဆာင္ရင္း မတူညီေသာ လူတန္းစားဘဝအဖုံဖုံကို မႉးေတြးေနမိသည္။ ၿပီးေတာ့ စာအုပ္တစ္အုပ္ထုတ္ဖတ္မိသည္။
"မႉး၊ မႉး ကြၽန္ေတာ္ေခၚေနတာၾကားရဲ႕လားဗ်''
ၾသရွရွေခၚသံေၾကာင့္ မႉးမ်က္ခုံးပင့္ၾကည့္လိုက္သည္။ ကိုစိုင္းျမတ္သူသည္ ေကာ္ဖီတစ္ခြက္ကိုင္၍ မႉးစားပြဲေရွ႕ေရာက္ေနသည္။ ၿပီးေတာ့ ခြင့္မေတာင္းဘဲ စားပြဲဝိုင္းတြင္ ဝင္ထိုင္ေန၏။ မႉး ဖတ္လက္စစာမ်က္ႏွာမွတ္သား၍ စာအုပ္ေလးကို ပိတ္ကာ စားပြဲေပၚ၌ တင္လိုက္သည္။ ၿပီးေနာက္ ေကာ္ဖီေမာ့ေသာက္လိုက္သည္။
"မႉးတို႔ မခ်ိန္းထားပါဘူး''
"မႉးက မနက္ဆိုရင္ ဒီဆိုင္ေလးမွာ ေကာ္ဖီလာေသာက္တတ္တယ္လို႔ ယမင္းက ေျပာလို႔ေလ၊ ကြၽန္ေတာ္လည္း သိခ်င္တာနဲ႕ လိုက္လာခဲ့တာပါ၊ ဒီဆိုင္ေလးက အျပင္အဆင္ဒီဇိုင္းရိုးရွင္းၿပီး
လွတယ္ေနာ္၊ ကြၽန္ေတာ္ အခုမွ ေရာက္ဖူးတာ''
စိုင္းျမတ္သူက ဆိုင္ထဲ ေဝ့ၾကည့္ရင္း စကားရွာေျပာေနေတာ့ မႉးၿပဳံးလိုက္သည္။
"ကိုစိုင္းျမတ္သူက ေရွ႕ေနဆိုေတာ့ အလုပ္အရမ္းမ်ားမွာပဲ၊ ဒီလိုေကာ္ဖီဆိုင္ထိုင္ဖို႔ေရာ အခ်ိန္ရွိေသးတာလား၊ တရား႐ုံးတက္ရတာနဲ႕ အမႈသည္ျပႆနာေျဖရွင္းရတာနဲ႕ ရႈပ္ေနမွာေနာ္”
"ကြၽန္ေတာ္က အခုမွသင္ယူေနတုန္းပါဗ်ာ၊ အလုပ္အပ္တဲ့သူေတြလည္း အရမ္းႀကီးမမ်ားပါဘူး''
“ေၾသာ္…အဲလိုလား''
မႉး ခုံ၌ မွီထိုင္ၿပီး စကားဆက္မေျပာခ်င္စြာ ဆိုင္အျပင္ဘက္သို႔ ေငးၾကည့္ေနမိသည္။ မႉး၏နားခ်ိန္ ကိုယ္ပိုင္ခ်ိန္ကို သူ႕အား ဖဲ့ေပးေနရသျဖင့္ စိတ္သိပ္မၾကည္ခ်င္ေတာ့ေပ။
“တကယ္ေတာ့ မႉးကို ကြၽန္ေတာ္ေျပာစရာရွိပါတယ္၊ ဒါက ပြဲလွန္တိုင္း ဖ်ာခင္းတာမဟုတ္ပါဘူး၊ မႉးက ကြၽန္ေတာ့္ရင္ထဲမွာရွိတဲ့ တစ္ဦးတည္းေသာမိန္းကေလးဆိုတာ မႉးသိရဲ႕လားဗ်ာ၊ အဆင့္ေက်ာ္သလိုျဖစ္နိုင္ေပမဲ့ မႉးသာခြင့္ျပဳမယ္ဆိုရင္ ကြၽန္ေတာ္ မႉးကို လူႀကီးစုံရာနဲ႕ မိသားဖသားပီပီ
လာေတာင္းယူပါ့မယ္ဗ်ာ”
မႉး လက္ပိုက္လိုက္ၿပီး စိုင္းျမတ္သူကို ၿပဳံးၾကည့္ေနမိသည္။
"ကြၽန္ေတာ္ အရင္ကတည္းက ခ်စ္တာ မႉးလည္း သိပါတယ္၊ မႉးမွာ ခ်စ္သူရွိတယ္ဆိုတာ သိကတည္းက ကြၽန္ေတာ္ေနာက္ဆုတ္ေပးခဲ့တယ္၊ မႉးက တစ္ေယာက္တည္းျဖစ္ေနၿပီဆိုေတာ့ ကြၽန္ေတာ္ျပန္ႀကိဳးစားခြင့္ရွိတယ္မလား၊ ကြၽန္ေတာ့္ကို လက္ခံစဥ္းစားေပးပါလားမႉးရယ္”
ခ်စ္တယ္ဆိုတဲ့စကားက မႉးဘဝမွာ အရယ္ရဆုံးဟာသျပက္လုံးတစ္ခု။ ဒက္ဒီက မာမီ့ကို သိပ္ခ်စ္တယ္ဆိုၿပီး ေနာက္ဆုံးက် ေဖာက္ျပန္သြားသလို ေမာင္ကလည္း မႉးကို သိပ္ခ်စ္ျပဂ႐ုစိုက္ျပၿပီးမွ သစၥာမဲ့ခဲ့တာေလ။ လူေတြက ဘာလို႔ ခ်စ္တယ္ဆိုတဲ့စကားကို လြယ္လြယ္ေလးေျပာထြက္ရတာလဲ။ ဒီလိုလူေတြေၾကာင့္ အခ်စ္ဆိုတာႀကီးက အေပါစားဆန္သြားတာ ႐ြံစရာေကာင္းသြားတာ။
"အေၾကာင္းျပခ်က္က ဘာလဲ၊ မႉးက ဘာလို႔ ကိုစိုင္းျမတ္သူကို လက္ခံရမွာလဲ”
"ဗ်ာ''
စိုင္းျမတ္သူက မႉးကို အူေၾကာင္ေၾကာင္ၾကည့္ေနေသာေၾကာင့္ မႉးခနဲ႕တဲ့တဲ့ၿပဳံးလိုက္သည္။
"မိန္းကေလးတစ္ေယာက္ဟာ အိမ္ေထာင္ျပဳရမဲ့အေၾကာင္းျပခ်က္ႏွစ္ခုရွိတယ္၊ နံပါတ္တစ္အခ်က္က သူခ်စ္မိသြားလို႔ ခ်စ္သူကို ခ်စ္လြန္းတာေၾကာင့္ မခြဲအတူေနခ်င္လို႔ လက္ထပ္မွာေပါ့၊ နံပါတ္ႏွစ္အခ်က္က သူအားကိုးရာမဲ့ေနလို႔ ဒီေယာက္်ားကို ယုံၾကည္ကိုးစားၿပီး သူ႕ဘဝနဲ႕ ေလာင္းေၾကးထပ္ အားကိုးခ်င္လို႔ လက္ထပ္မွာေပါ့ရွင္”
စိုင္းျမတ္သူက မ်က္ႏွာပ်က္ေနသျဖင့္ မႉးႏႈတ္ခမ္းေထာင့္ေလးကို တြန႔္ခ်ိဳးလိုက္သည္။
"ကြၽန္မက ရွင့္ကို ခ်စ္လည္း မခ်စ္သလို အားလည္း မကိုးခ်င္ဘူး၊ ကြၽန္မက တျခားတစ္ေယာက္ကို မွီခိုအားကိုးခ်င္လို႔ လက္ထပ္မဲ့ ခပ္ညံ့ညံ့မိန္းမမ်ိဳးထဲလည္း မပါဘူး၊ ရွင္စဥ္းစားေလ၊ ကြၽန္မက ဘာအေၾကာင္းေၾကာင့္ ရွင့္ကို လက္ထပ္ရမွာလဲ၊ ဘာအေၾကာင္းျပခ်က္ရွိလို႔လဲ”
စိုင္းျမတ္သူက ေခါင္းညိတ္နားေထာင္ေနၿပီး မႉးကို မ်က္ႏွာပ်က္စြာ ၾကည့္သည္။
"ဒါေပမဲ့ မႉးအၿမဲတမ္းတစ္ေယာက္တည္းေနလို႔မရဘူးေလ၊ လူဆိုတာ အ႐ြယ္ေရာက္ရင္ အိမ္ေထာင္ျပဳရမယ္၊ သီးခ်ိန္တန္သီး ပြင့္ခ်ိန္တန္ပြင့္ရမယ္၊ ေပ်ာ္႐ႊင္တဲ့မိသားစုဘဝကို ဖန္တီးရမယ္ေလ''
မႉး ခနဲ႕သလို ဟက္ခနဲရယ္လိုက္သည္။
"အ႐ြယ္ေရာက္တာနဲ႕ ေသခ်ာေပါက္ အိမ္ေထာင္ျပဳရမယ္လို႔ ဘယ္ဘုရားက ေဟာထားလို႔လဲ၊ ဘယ္အစိုးရက အမိန႔္ထုတ္ထားတာလဲ၊ ေပ်ာ္႐ႊင္တဲ့မိသားစုကို ဖန္တီးဖို႔တဲ့လား၊ အပိုေတြ မိသားစုမွာလည္း ခ်စ္ျခင္းေမတၱာမရွိရင္ အလကားပဲ၊ ဘာေပ်ာ္စရာမွမရွိနိုင္ဘူး”
စိုင္းျမတ္သူက ေခါင္းငိုက္စိုက္ထိုင္ေနသျဖင့္ မႉး စာအုပ္ကို အိတ္ထဲေကာက္ထည့္ၿပီး ေကာ္ဖီဆိုင္ထဲမွ
ထြက္လာခဲ့သည္။ ဤေန႕ေတာ့ မႉး၏လန္းဆန္းေနေသာစိတ္မွာ မနက္ခင္း၌တင္ ညစ္ေထးသြားရျပန္၏။
~
သြင္ရိပ္ လက္သန္းႂကြယ္၌ ဝင္ဆင္ထားေသာ လက္ထပ္လက္စြပ္ကို အသာအယာခြၽတ္၍ စားပြဲေပၚ တင္လိုက္သည္။ ၿခံတံခါးေသာ့ပိတ္ၿပီးေတာ့ တစ္ႏွစ္ေက်ာ္ ႏွစ္ႏွစ္နီးပါးေနခဲ့ဖူးသည့္ တိုက္ျပာေလးကို သြင္ရိပ္ ေနာက္ဆုံးအေနျဖင့္ လွည့္ၾကည့္လိုက္သည္။
"သြားရေအာင္သြင္ရိပ္၊ ခဏေနရင္ ေမွာင္ေတာ့မွာ''
မယမင္းက ကားေပၚမွ လွမ္းေျပာသည္။ သြင္ရိပ္ အဝတ္ထုပ္ေလးဆြဲ၍ ကားေပၚတက္လာသည္။ ကားက ဤရပ္ကြက္မွ ထြက္ခြာလာေတာ့၏။ ေလာေလာဆယ္၌ ကိုႀကီးထက္ေနာင္မ်က္ႏွာျဖင့္ မယမင္းအိမ္တြင္ လိုက္ေနရန္ စဥ္းစားထားသည္။ ေမေမ့အိမ္လည္း ျပန္တက္မရ။ ေမေမက လက္ခံမည္မဟုတ္သလို သြင္ရိပ္ ကြာရွင္းလိုက္ေၾကာင္း ဘြားဘြား သိ၍မျဖစ္ေပ။ ဘြားဘြားသိလွ်င္ သိပ္စိတ္ထိခိုက္သြားနိုင္၏။ ေတာ္ၾကာ ကိုကို႔ကို အတင္းဖိအားေပးၿပီး ျပန္ေပါင္းခိုင္းလွ်င္ ကိုကိုစိတ္ညစ္လိမ့္မည္။ ကိုကို႔ကို ထပ္ၿပီး ဝန္ထုပ္ဝန္ပိုးမျဖစ္ေစခ်င္ေတာ့ပါ။ မယမင္းက ဖုန္းလာ၍ ဖုန္းေျပာေနသျဖင့္ သြင္ရိပ္ ေခါင္းငုံ႕ကာ ၿငိမ္ထိုင္ေနမိသည္။
“ဟင္! ဘာျဖစ္တယ္၊ အဘြားက”
မယမင္းက အလန့္တၾကားျဖစ္ေန၍ သြင္ရိပ္ ရင္ပူစြာ လွည့္ၾကည့္လိုက္သည္။
“အဘြားအေရးေပၚျဖစ္လို႔ ေဆး႐ုံတင္လိုက္ရတယ္တဲ့၊ အစ္မတို႔ ေဆး႐ုံလိုက္သြားမွျဖစ္မယ္ကြယ္”
မေန႕တစ္ေန႕ကထိ က်န္းက်န္းမာမာရွိေနသည့္အဘြားမွာ အေရးေပၚျဖစ္ကာ ေဆး႐ုံေရာက္ေနတယ္ဆိုေတာ့ သြင္ရိပ္ စိုးရိမ္ထိတ္လန့္မိပါသည္။ ေဆး႐ုံေရာက္ေတာ့ သြင္ရိပ္တို႔ ကားေပၚမွ ဆင္း၍ ေကာင္တာ၌ ေမးကာ အေရးေပၚခန္းေရွ႕သို႔ ေျပးလာသည္။ ေမေမ၊ မမရတီ၊ ကိုႀကီးထက္ေနာင္ႏွင့္ မိသားစုအခ်ိဳ႕မွာ ႀကိဳေရာက္ေနၾက၏။ သြင္ရိပ္ အဘြားကို စိတ္ပူလြန္း၍ ဟီးခနဲ ငိုခ်မိသည္။ ခဏၾကာေတာ့ အေရးေပၚအခန္းတံခါးပြင့္လာၿပီး တစ္ကိုယ္လုံးအား အပိုင္းဖုံးအုပ္ထားေသာ ခႏၶာတစ္ခုကို ေဒါက္တာမ်ားက တြန္းထုတ္လာသည္။
“စိတ္မေကာင္းပါဘူးဗ်ာ၊ ကုသဖို႔ အခ်ိန္မမီလိုက္ပါဘူး၊ လူနာဆုံးသြားပါၿပီ”
မယုံၾကည္နိုင္ေအာင္ တုန္လႈပ္သြားရသည္။ ဘြားဘြားက ေဖေဖ့လိုမ်ိဳး သြင္ရိပ္ကို ထားခဲ့မွာ သြင္ရိပ္အေၾကာက္ဆုံးျဖစ္၏။ ေျမးအျဖစ္ အဘြားတစ္ဦး၏အခ်စ္ကို အ႐ြယ္ႀကီးမွ ခံစားရဖူးေသာ္လည္း ေပ်ာ္ခဲ့သည္။ သြင္ရိပ္ ဘြားဘြားကို သိပ္ခ်စ္ပါသည္။ မမရတီက သြင္ရိပ္ဆီသို႔ ေျပးလာၿပီး ပခုံးကို ၾကမ္းတမ္းစြာ ဆုပ္ကိုင္လာသည္။
“နင္ အခုမွငိုျပမေနနဲ႕သြင္ရိပ္ခ်ိဳ၊ အဘြားေသရတာ နင့္ေၾကာင့္ နင္မေကာင္းလို႔ နင့္ေၾကာင့္ အဘြားက အေမာထေဖာက္ၿပီး ႐ုတ္တရက္ဆုံးရတာ၊ နင္ထြက္သြား ငါ နင့္မ်က္ႏွာကို မျမင္ခ်င္ဘူး၊ နင့္ေၾကာင့္ပဲ”
မမရတီက ငိုယိုေျပာေတာ့ သြင္ရိပ္လည္း တသိမ့္သိမ့္ရွိုက္ငိုရင္း ေခါင္းခါမိသည္။ ကိုႀကီးထက္ေနာင္က
မမရတီကို ဝင္ဆြဲကာ ရင္ခြင္ထဲ ေထြးဖက္ေပးရင္း နစ္သိမ့္ေပးေနသည္။ ကိုႀကီးက သြင္ရိပ္ကို စိတ္မေကာင္းစြာ လွည့္ၾကည္သည္။
"အဘြားက သြင္ရိပ္ကြာရွင္းလိုက္တဲ့သတင္းၾကားၿပီး ႐ုတ္တရက္အေမာေဖာက္သြားတာ၊ အဘြား အရမ္းစိတ္ထိခိုက္သြားတယ္၊ အဘြားက သြင္ရိပ္ကို လုံးဝစိတ္မခ်ခဲ့ဘူး”
သြင္ရိပ္ ဆက္ရပ္မထားနိုင္ေလာက္ေအာင္ အားမရွိေတာ့သျဖင့္ ၾကမ္းျပင္၌ ပုံလ်က္သားထိုင္ခ်မိသည္။
"ဒီေလာက္သိုဝွက္ထားတဲ့ကိစၥကို ဘယ္သူကမ်ား အခုလိုျမန္ျမန္ေျပာလိုက္တာလည္း မသိပါဘူး၊ သြင္ရိပ္အျပစ္မဟုတ္တာမို႔ ကိုယ့္ကိုယ္ကိုယ္ အျပစ္မတင္ပါနဲ႕’’
ကိုႀကီးထက္ေနာက္က သြင္ရိပ္ကို နစ္သိမ့္ေပးသည္။ ေမေမက ရင္နာနာျဖင့္ ဝင္ေျပာေလသည္။
"ဟိုအိမ္ႀကီးကို အေမြလိုခ်င္လို႔ တစ္ေယာက္ေယာက္က ေျပာလိုက္တာျဖစ္မွာေပါ့''
သြင္ရိပ္ ခ်စ္ရသူမ်ား အနားမွ တစ္ေယာက္ၿပီးတစ္ေယာက္ထြက္သြားၾကသျဖင့္ အလြန္နာက်င္ရသည္။
~
အန္းက်ဥ္းေလး၌ ဟိုဘက္ဒီဘက္ ေခါက္တုံ႕ေခါက္ျပန္လမ္းေလွ်ာက္ရင္း ဘယ္ႏွစ္ႀကိမ္ေျမာင့္မွန္းမသိစြာ မႉး သက္ျပင္းခ်မိသည္။ ယမင္းျဖဴႏွင့္ ဖုန္းေျပာၿပီးကတည္းက မႉးဂဏွာမၿငိမ္ျဖစ္ေနသည္။ ဤေန႕ ေန႕လယ္တြင္ သြင္ရိပ္အဘြား၏အသုဘပို႔ရွိသည္။ ယမင္းကို မႉးနာမည္ႏွင့္ အလႉေငြထည့္ေပးလိုက္ရန္ ေျပာထားေသာ္လည္း အသုဘပို႔သြားရမလား မသြားရဘူးလားဆိုတာ စိတ္ထဲ၌ ဒြိဟျဖစ္ေနသည္။
“ေနပါဦး၊ ငါနဲ႕ ဘာဆိုင္လဲ၊ အဲဒီမိသားစုနဲ႕ ငါအဆင္ေျပတာမွမဟုတ္တာ၊ မသြားဘူးဟာ လုံးဝမသြားဘူး’’ဟု ေတြး၍ စိတ္ထဲမွ ထုတ္ပစ္လိုက္သည္။ လူက သိပ္ေနမေကာင္းခ်င္သျဖင့္ အခန္းထဲ ဝင္အိပ္ေနမိသည္။ ေခါင္းမၾကည္ပါ။ ကုတင္ေပၚတြင္ ဟိုဘက္ဒီဘက္လူးလိမ့္ေနရင္း အိပ္မရသည္မို႔ ထထိုင္လိုက္သည္။
ညက မႉး အိပ္မက္မေကာင္းပါ။ အိပ္မက္ထဲ၌ မႉးေနာက္သို႔ က်ားလိုက္သျဖင့္ မႉးထြက္ေျပးခဲ့ရသည္။ ၿပီးေတာ့ မႉးေျခေထာက္ေတြ က်ားဆြဲခံလိုက္ရသည္။ မႉးေျခေထာက္မ်ား ျပတ္သြား၏။ မနက္နိုးလာကတည္းက ႏုံးခ်ိကာ အေၾကာင္းမဲ့ မေပ်ာ္႐ႊင္ျဖစ္ေနမိသည္။ အေရးထဲ ယမင္းက သြင္ရိပ္အေၾကာင္း ဖုန္းဆက္ေျပာေတာ့ ကိုယ့္တာဝန္မကင္းဘူးဟု ခံစားေနရသည္။ မသိခ်င္ပါဘူးဆိုသည့္အေၾကာင္းမ်ားကို ဘာေၾကာင့္ လာလာေျပာေနလည္းမသိ၊၊ စိုင္းျမတ္သူႏွင့္လည္း ေအာင္သြယ္ေပးသည္။ သူငယ္ခ်င္းမို႔ သိပ္ၿပီးလည္း မေျပာခ်င္ပါ။ မႉးစိတ္မႉးခံစားခ်က္သိပါလ်က္ ယမင္းက တစ္ခါတေလ သူငယ္ခ်င္းမဆန္စြာ ျပဳမူေတာ့ မႉးသိပ္စိတ္ဆိုးသည္။
မႉး လန္းဆန္းသြားေအာင္ ေရထခ်ိဳးလိုက္ၿပီး စားစရာတစ္ခုခုလုပ္ရန္ မီးဖိုေခ်ာင္သို႔ ဝင္လာသည္။ ေရခဲေသတၱာဖြင့္လိုက္ေတာ့ အသင့္ဝယ္ထားသည့္ဟင္းသီးဟင္း႐ြက္အခ်ိဳ႕ရွိ၏။ ဟင္း႐ြက္မ်ားထုတ္ကာ ေဘစင္၌ ေဆးေၾကာေနစဥ္ လူေခၚဘဲလ္ျမည္လာသည္။ လက္သုတ္ပဝါယူ၍ လက္ေသခ်ာသုတ္ကာ အိမ္ေရွ႕ထြက္ တံခါးသြားဖြင့္လိုက္သည္။
"ေန႕သစ္”
တံခါးေရွ႕၌ ေန႕သစ္ကို ျမင္လိုက္ရ၏။ မႉး တံခါးခ်က္ခ်င္းျပန္ပိတ္ရန္ ျပင္စဥ္ ေန႕သစ္က အတင္းတိုးဝင္လာသျဖင့္ မႉး စိတ္တိုသြားမိသည္။ အရင္က ေသသပ္စြာ ၿဖီးလိမ္းထားတတ္ေသာ ေန႕သစ္၏ဆံပင္တို႔မွာ လမ္းသရဲတစ္ေယာက္လို ရွည္ၿပီး ဖြာလန္က်ဲေနေလသည္။ အရင္က ျဖဴသန႔္ေသာ မ်က္ႏွာမွာ ယခုေတာ့ ေနေလာင္ဒဏ္ေၾကာင့္ ညွင္းသိုးသိုးျဖင့္ ၾကမ္းတမ္းေနသည္။ ႐ုပ္ပ်က္ဆင္းပ်က္နိုင္လွ၏။ မႉး အစြမ္းကုန္မ်က္ေမွာင္ၾကဳတ္ပစ္ၿပီး ေန႕သစ္ကို ၾကည့္ေနလိုက္သည္။
"ေမာင္ မႉးဆီကို ျပန္လာၿပီေလ''
ေန႕သစ္က မႉးဆီ တျဖည္းျဖည္းတိုးကပ္လာသည္။ ပခုံးကို ၾကမ္းတမ္းစြာ ဆြဲဖက္လာေတာ့ မႉးမ်က္လုံးျပဴးသြားသည္။ နံေစာ္လွသည့္အရက္နံ႕ေခြၽးနံတို႔မွာ မႉးႏွာဝကို တိုးဝင္လာသည္။ မႉး စိတ္ပ်က္လြန္းႀကီးစြာ ေန႕သစ္ကိုယ္ကို တြန္းထုတ္ပစ္လိုက္သည္။
"နင့္မွာ ငါ့ဆီကို လာပိုင္ခြင့္ရွိလို႔လား၊ ဟမ္ ေစာက္႐ူးေကာင္”
ေန႕သစ္က ေနာက္သို႔ အနည္းငယ္ယိုင္သြားေသာ္လည္း မႉးဆီသို႔ ျပန္တိုးလာေနသျဖင့္ မႉး ေနာက္သို႔ မသိမသာဆုတ္ေနမိသည္။
"နင္မူးေနတာလားေန႕သစ္၊ ျပန္လိုက္ရင္ ေကာင္းမယ္''
ေန႕သစ္က မႉးလက္ႏွစ္ဖက္ကို အတင္းဆြဲယူကာ မ်က္ႏွာခ်င္းဆိုင္ေစသည္။
"မႉး ေမာင္ သြင္ရိပ္ကို ကြာရွင္းလိုက္ၿပီ၊ အဲဒါ ဘာလို႔လဲသိလား၊ ေမာင္ မႉးကို ခ်စ္လို႔ မႉးကို အရမ္းခ်စ္လို႔ေပါ့၊ ေမာင္ မႉးကို ဆုံးရႈံးမခံနိုင္ဘူးကြာ”
"လဲေသလိုက္ေလ’’
မႉး အံႀကိတ္ေျပာေတာ့ ေန႕သစ္က စိတ္ႏွင့္ကိုယ္မကပ္ျဖစ္ေနသည့္သူတစ္ေယာက္လိုမ်ိဳး စိုက္ၾကည့္သည္။ ႏႈတ္ကလည္း သူလိုရာ ဆြဲကာ ေလွ်ာက္ေျပာေနေတာ့၏။
"ေမာင္တို႔ လက္ထပ္ၾကမယ္ေလေနာ္၊ ေမာင္ မႉးကို ခ်စ္တယ္၊ မႉးလည္း ေမာင့္ကို ခ်စ္တယ္မဟုတ္လား’’
ေန႕သစ္က ေျပာၿပီးခ်င္း မႉးမ်က္ႏွာကို အတင္းႀကီးဖက္နမ္းလာေသာေၾကာင့္ မႉးလန့္ကာ ေအာ္ဟစ္႐ုန္းကန္ေနမိသည္။
"မခ်စ္ဘူး၊ ငါ့မွာ နင့္အတြက္ အခ်စ္မရွိေတာ့ဘူးအ႐ူးရဲ႕”
မႉး ေန႕သစ္မ်က္ႏွာကို အစြမ္းကုန္တြန္းထုတ္ပစ္လိုက္ေတာ့ ေန႕သစ္ေနာက္သို႔ ယိုင္သြားေလသည္။ မႉး မ်က္ဝန္း၌ မ်က္ရည္မ်ားေဝ့သီလာကာ ရင္ေတြ တလွပ္လွပ္ တုန္ရင္လာသည္။ အံတင္းတင္းႀကိတ္၍ ေတာက္ေခါက္ပစ္လိုက္ၿပီး တံခါးဝကို လက္ညိုးထိုးလိုက္သည္။
"ထြက္သြား၊ နင္ ငါ့တိုက္ခန္းထဲက ခုခ်က္ခ်င္းထြက္သြား နင့္ကို ထြက္သြားလို႔ ေျပာေနတယ္ေလ''
"မသြားဘူး၊ ေမာင္ မႉးနားကေန ဘယ္မွမသြားဘူး''
"ေန႕သစ္ေဇာ္ နင္ ငါ့ကို စိန္မေခၚနဲ႕ေနာ္၊ ငါ ရဲစခန္းကို ဖုန္းမဆက္ခင္ အခုခ်က္ခ်င္းထြက္သြား''
မႉး စိတ္ဆိုးစြာ အသံကုန္ေအာ္ပစ္လိုက္သည္။ ေန႕သစ္က ဂ႐ုမစိုက္စြာ အသိစိတ္ေပ်ာက္ေနသူႏွယ္ ေရွ႕ကိုပဲ တိုးလာေနသည္။ သူ႕ပုံစံက အေတာ္စိတ္တိုဖြယ္ေကာင္း၏။
"နင္ ငါ့ကို ယုတ္မာဖို႔ ႀကံေနတာလား၊ နင္ ေတာ္ေတာ္စိတ္ပ်က္ဖို႔ေကာင္းတာပဲ”
မႉး နီးကပ္လာသည့္ ေန႕သစ္ရင္ဘတ္ကို အရွိန္ျဖင့္ တြန္းပစ္လိုက္ၿပီး တိုက္ခန္းထဲမွ ေျပးထြက္လာသည္။ ေန႕သစ္က ဘီလူးသရဲဝင္စီးေနသူႏွယ္ ေနာက္မွ ကမန္းကတမ္းေျပးလိုက္လာသည္။ မႉးလည္း မနားတမ္းေျပးလာမိသည္။ စိတ္လည္း အလြန္တိုရ၏။
သူဘာျဖစ္ေနတာလဲ၊ သူ မႉးကို ဘာလို႔ ဒီလိုဆက္ဆံရတာလဲ။ ဒီလိုအဆက္အဆံခံရေလာက္တဲ့အထိ မႉးက အေပါစားမိန္းမမွမဟုတ္တာ။
နဂိုကတည္းက အေျပးမသန္သျဖင့္ ခဏခ်င္း လိုက္မီသြားၿပီး ေလွကားထိပ္အေရာက္တြင္ ေန႕သစ္က မႉးကို ေနာက္ဘက္မွ အတင္းအဓမၼေပြ႕ဖက္ဖမ္းခ်ဳပ္လာသည္။ လည္တိုင္ဂုတ္သားႏုႏုေပၚ က်ေရာက္လာသည့္ သူ႕အနမ္းေၾကာင့္ မႉးအစြမ္းကုန္႐ုန္းကန္မိေတာ့သည္။
"ေန႕သစ္ နင္ဘာျဖစ္ေနတာလဲ၊ လြတ္ အ႐ူးေကာင္ သစၥာမရွိတဲ့ေကာင္ လူယုတ္မာေကာင္ ငါ့ကိုလြတ္''
ေန႕သစ္ကို မုန္းတီး႐ြံရွာသည့္စိတ္မွာ မႉးရင္ထဲ၌ အားေကာင္းစြာ ျဖစ္တည္ေနသည္။ ေန႕သစ္က ေနာက္တစ္ႀကိမ္ မႉး၏မာနသိကၡာေတြကို ရိုက္ခ်ိဳးေနျပန္ၿပီ။ ႐ြံစရာေကာင္းစြာ တုံ႕ျပန္ေန၏။ သူ႕မိန္းမႏွင့္ အိပ္ခဲ့တယ္ဆိုၿပီး သူတုံ႕ျပန္ေလေသာ လက္စားေခ်မႈလား။
"မႉးကို ခ်စ္တယ္၊ ေမာင္ မႉးကို ပိုင္ဆိုင္ခ်င္တယ္''
"နင့္လို ေအာက္တန္းစားေကာင္ကို ငါေသတာေတာင္ ျပန္မခ်စ္ေတာ့ဘူးလူယုတ္မာရဲ႕”
မႉး ေန႕သစ္မ်က္ႏွာကို လက္ေနာက္ျပန္၍ လက္သည္းရွည္းတို႔ျဖင့္ အားရပါးရကုပ္ဆြဲကာ တြန္းဖယ္လိုက္သည္။ ေန႕သစ္က ေရွာင္ဖယ္ေနရင္း ထိထိမိမိကုပ္မိသြားခ်ိန္၌ နာကာ အားေလ်ာ့သြားသည္။ မႉး တြန္းပစ္၍ ေလွကားထိပ္မွ တရစပ္ေျပးဆင္းရင္း ႐ုတ္တရက္ေျခေခ်ာ္က်သြားသည္။ မႉး ကိုယ္ေလးမွာ ေလွကားတစ္ဆင့္ခ်င္း လူးလိမ့္က်သြားေလသည္။
"မႉး''
မႉး ေလွကားေျခရင္း၌ က်သြားသည္။ မ်က္လုံးမွာလည္း ျပာေဝေနသည္။ ေခါင္းမူးႏွောက္ေန၏။
"မႉး''
ေန႕သစ္၏အက္ကြဲေၾကမြသံႀကီးကို ၾကားလိုက္ရသျဖင့္ မႉး ေအာက္ႏႈတ္ခမ္းကို ဖိကိုက္လိုက္သည္။ မႉးအသိစိတ္မလြတ္ေသးပါ။ သတိရွိေနဆဲမို႔ အားယူရင္း ထရန္ ႀကိဳးစားမိသည္။ ေန႕သစ္က ေလွကားေပၚမွ အလန႔္တၾကားေျပးဆင္းလာကာ မႉးကိုယ္ေလးကို ေပြ႕ထူရန္ ႀကိဳးစားေတာ့ မႉး ရွိသမွ် အင္အားႏွင့္ ႐ုန္းဖယ္မိသည္။
"ငါ့အသားကို မထိနဲ႕၊ နင့္ကို ႐ြံတယ္''
မႉး ႀကိဳးစားထရပ္ရင္း ေျခလွမ္းမ်ားကို လမ္းမဘက္ဦးတည္ကာ ျဖည္းျဖည္းေလွ်ာက္မိသည္။ နားထင္၌ စီးက်ေနသည့္ေသြးတို႔ကို လက္ျဖင့္ ဖိကိုင္၍ စိတ္ကို အတတ္နိုင္ဆုံးတင္းထားမိသည္။ မ်က္စိေရွ႕၌ ျမင္သမွ်အရာအားလုံးမွာ ေဝဝါးေနသည္။ ေခါင္းတစ္ခုလုံးပတ္ခ်ာလည္ေနေအာင္ မူးႏွောက္ေနၿပီး
ေျခေထာက္မွာ ယိုင္နဲ႕ၿပိဳလဲခ်င္ေနသည္။ ကားလမ္းမေပၚေရာက္လာေတာ့ တကၠစီကားငွားရန္ လက္တားဖို႔ရာ ရီေဝေနသည္။ နားထင္၌ အဆက္မျပတ္စီးက်ေနသည့္ေသြးမ်ားမွာ မႉးကို ေမ့ေမ်ာရန္ ဆြဲေခၚေနသည္။ ဆက္ရပ္ထားရန္ အားအင္မဲ့လာၿပီး အရွိန္ျဖင့္ ေမာင္းႏွင္လာသည့္ကားေရွ႕သို႔ မႉးကိုယ္ေလးအ႐ုပ္ႀကိဳးျပတ္လဲက်သြားေလသည္။
"ဒုန္း''
ေျခေထာက္မွာ ျပင္းထန္ေသာ နာက်င္မႈေဝဒနာကို အသည္းခိုက္မတတ္ ခံစားလိုက္ရၿပီး မႉးစိတ္အာ႐ုံတို႔ လြင့္ထြက္သြားေလသည္။
"မႉး''
ေန႕သစ္၏ေအာ္သံကိုသာ နားထဲ၌ အိမ္မက္လိုလို က်ယ္ေလာင္စြာ ၾကားလိုက္ရေလသည္။
====
ဆက္ရန္။
#ေႂကြ

ရင်ထဲက မှူး/ရင္ထဲက မႉးWhere stories live. Discover now