အပိုင်း( ၆ )

3.8K 297 2
                                    

အပိုင်း ( ၆ )


နေ့သစ် ဖိနပ်ကြိုးငုံ့ဖြည်၍ တံခါးဝတွင် ချွတ်ထားခဲ့ကာ အိမ်ထဲ ဝင်လာသည်။ အိမ်ထဲ၌ မီးဖွင့်ထားသဖြင့် လင်းနေသည်။ မီးဖိုချောင်ဘက်ထွက်လာကာ အုပ်ဆောင်းဖွင့်လိုက်တော့ သွင်ရိပ်က ထမင်းပွဲပြင်ထား၏။ အုပ်ဆောင်းပြန်ဖုံး၍ သွင်ရိပ်အခန်းသို့ လာကာ ညင်သာစွာ တံခါးတွန်းဖွင့်လိုက်သည်။ အခန်းထဲ၌ သွင်ရိပ်မရှိ။ ဧည့်ဆိုဖာဘက်လှည့်ကြည့်လိုက်တော့ သွင်ရိပ်က ကြိုးဖုန်းတင်ထားသည့် ခုံဘေးမှ ထောင့်နံရံတွင် မှီထိုင်လျက် အိပ်ပျော်နေသည်။ နေ့သစ်ပြုံးမိသွား၏။


"အခန်းထဲ ဝင်မအိပ်ဘဲ ထောင့်မှာ ထိုင်အိပ်နေရတယ်လို့ ဒီကလေးမကတော့လေ"


နေ့သစ် သွင်ရိပ်ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချကာ သွင်ရိပ်ကိုယ်လေးကို စွေ့ခနဲ ပွေ့ချီလိုက်သည်။ နေ့သစ်လက်ထဲ အလိုက်သင့်ပါလာ၏။ ချီ၍ အိပ်ခန်းထဲရှိ ကုတင်ပေါ်၌ ညင်သာစွာ ချပေးလိုက်သည်။ စောင်သေချာခြုံပေးကာ ဖွာနေသည့်ဆံပင်ကို အသာသပ်တင်ပေးလိုက်သည်။


"အိမ်မက်လှလှမက်ပါစေသွင်ရိပ်''


နေ့သစ်အခန်းတံခါး သေချာပြန်ပိတ်ပေးကာ အိပ်ခန်းထဲမှ ထွက်လာသည်။ ဤည အသိမိတ်ဆွေတစ်ဦးနှင့် ဒင်နာအတူစားရင်း မထင်မှတ်ဘဲ ခန့်မှန်းသည်ထက်ပိုနောက်ကျသွားသည်။ သွင်ရိပ်ကို စိတ်ပူသော်လည်း ထွက်လာမရသည်မို့ ဖုန်းဆက်ပြီး ပြောခဲ့သည်။ သွင်ရိပ်က နေ့သစ်ကို စောင့်ရင်း အိပ်ပျော်သွားပုံရသည်။


နေ့သစ်ရေချိူး၍ အိပ်မပျော်သေးသည်မို့ အလုပ်ဆက်လုပ်သည်။ ဓာတ်ပုံများ စစ်ထုတ်ရင်း ညောင်းလာသဖြင့် ကော်ဖီထဖျော်သည်။ ဧည့်ဆိုဖာတွင် ကော်ဖီထိုင်သောက်ရင်း မှူးကို တအုံနွေးနွေး သတိရနေမိသည်။


~


မှူး သူဌေးကို လက်မှတ်ထိုးခိုင်းစရာရှိသဖြင့် ဖိုင်တွဲယူ၍ သူဌေးရုံးခန်းသို့ ထွက်လာသည်။ တံခါးခေါက်ရန် လက်ရွယ်စဥ် မှူးနာမည်ကြားလိုက်သဖြင့် လက်မှာ လေထဲ ရပ်တန့်သွားသည်။


"ရပါတယ်ကိုမင်းသော်ရဲ့၊ ကိုမင်းသော်ကျေးဇူး ကျွန်တော့်အပေါ်မှာ အများကြီးပါဗျာ၊ မှူးကို အလုပ်ခန့်ထားတာ ကျွန်တော့်အတွက် ဘာမှအပန်းမကြီးပါဘူး၊ မှူးက တကယ်အရည်းအချင်းရှိပြီး ထက်မြက်တယ်၊ သမီးဆိုပေမဲ့ ကိုမင်းသော်အားကိုးလို့ရတဲ့သူမျိုးဗျ"

ရင်ထဲက မှူး/ရင္ထဲက မႉးWhere stories live. Discover now