အပိုင်း( ၁၅ )

3.6K 282 1
                                    

ကျယ်ဝန်းလှသောခြံကျယ်ကြီးတစ်ခြံ၌ ပါတီပွဲတစ်ခု ခမ်းနားစွာ ကျင်းပနေသည်။ လူလုပ်အပင်ပုများ၌ ရောင်စုံမီးသီးများ တပ်ဆင်ထားပြီး စားပွဲထိုးတို့မှာ လင်ဗန်းကိုင်လျက် စားဖွယ်များ ပို့ဆောင်ပေးနေကြသည်။ တူရိယာအဖွဲ့များကို စျေးကြီးပေးဌားထားသဖြင့် တယောပညာရှင်များမှာ တယောသံများ သာယာငြိမ့်ညောင်းစွာ ထွက်ပေါ်နေအောင် ဖန်တီးနေကြသည်။ လူကုံထံအသိုင်းအဝိုင်းမှာ ရယ်မောကာ ပါတီကို ဆင်နွှဲနေ၏။
တက္ကစီကားတစ်စီးသည် ၎င်းခြံရှေ့၌ ရပ်သွားသည်။ ကားပေါ်မှ အနက်ရောင်ကတီပါညှပ်ဖိနပ်အပါးလေးစီးထားသော မိန်းကလေးတစ်ဦး၏ခြေထောက်တစ်ဖက် ဦးစွာဆင်းလာသည်။ နောက်တော့ ရွှေအိုရောင်တုတ်ကောက်နှင့်အတူ နောက်ထပ်ခြေထောက်တစ်ဖက်မှာ လှပစွာ ဆင်းလာသည်။ မိန်းကလေးသည် တုတ်ကောက်ဖြင့် အသာထိန်းထောက်၍ ခြံရှေ့တွင် လာရပ်သည်။ မိန်းကလေး၏အခြားလက်တစ်ဖက်မှာ ခြံတံခါးတိုင်ကို ဆုပ်ကိုင်ထားပြီး အကြည့်များမှာ ပါတီပွဲသို့ ရောက်နေပြီး နာကြည်းမှုများပြည့်နေသည်။ အောက်နှုတ်ခမ်းကို ပေါက်လုမတတ် ဖိကိုက်ထားလေသည်။ ထိုမိန်းကလေးမှာ ၎င်းခြံပိုင်ရှင်၏သမီး တေးယစ်မှူးဖြစ်သည်။
မှူး လူခေါ်ဘဲလ်ကို နှိပ်လိုက်တော့ လူခြံရေးနှစ်ဦးရောက်လာသည်။
"ဘယ်သူပါလဲ၊ ဖိတ်စာမပါဘဲ ဝင်လို့ မရပါဘူး၊ လူကြီးလူကောင်းတွေ ပွဲကျင်းပနေတာ”
“တံခါးဖွင့်စမ်း၊ ဒါ ကျွန်မအိမ် ဦးမင်းသာ်က ကျွန်မဒက်ဒီ''
"လာနောက်နေတာလားမိန်းကလေး၊ သူဌေးကြီးဦးမင်းသော်မှာ ဒုက္ခိတသမီးလေးရှိတယ်လို့ တစ်ခါမှမကြားမိပါဘူး''
"ဟုတ်ပါ့ကွာ၊ ဟေ့ မိန်းကလေး စားစရာလိုချင်တာလား၊ ခဏစောင့် သွားတောင်းပေးမယ်၊ အရှုပ်ထုပ်တော့ လာမလုပ်နဲ့”
ဒေါသကြောင့် မှူးကိုယ်လေးတဆတ်ဆတ်တုန်လာလေသည်။ ခြံတံခါးတိုင်ကို ဆုပ်ကိုင်ထားသော လက်မှာ ပိုတင်းလာပြီး အံကြိတ်ထားသဖြင့် နားထင်မှ သွေးကြောတို့မှာ စိမ်းမြနေ၏။ ထိုစဥ် ဦးလေးထွန်းက ပြေးထွက်လာသဖြင့် မှူး စိတ်လျှော့ချလိုက်သည်။
"မှူးလေး၊ မှူးဟုတ်ပါတယ်နော်၊ မှူးပြန်လာပြီ၊ မင်းတို့ ဘာလုပ်နေကြတာလဲ၊ တံခါးဖွင့်ကြစမ်း”
ဦးလေးထွန်းအော်လိုက်မှ လုံခြုံရေးများမှာ တံခါးဖွင့်ပေးကြသည်။ ဦးလေးထွန်းက မှူးလက်တစ်ဖက်ကို ကူတွဲ၍ အိမ်ထဲသို့ ခေါ်လာသည်။ ပါတီပွဲဘေးမှ ဖြတ်တော့ မှူး နာကြည်းစွာ စောင်းငဲ့ကြည့်မိသည်။ ဒက်ဒီနှင့်မာမီက လက်ချင်းတွဲချိတ်လျက် သူတို့၏လူကုံထံဧည့်သည်များကို ဧည့်ခံနေသည်။ သူတို့ဘေး၌ မှူးထက် ငယ်ပုံရသော အရပ်မြင့်မြင့်၊ ခန္ဓာကိုယ်တောင့်တင်းသော ချောမောသည့်လူငယ်တစ်ဦးရှိနေပြီး ဒက်ဒီတို့အတူ ပြုံးပျော်စွာ တွဲပါနေသည်။ မှူးပါးပြင်ပေါ် မျက်ရည်တို့မှာ အဆက်မပြတ်စီးကျလာ၏။ မှူး အံကြိတ်၍ ခပ်ကြမ်းကြမ်း ဖယ်သုတ်ပစ်လိုက်ရင်း ဧည့်ခန်းတွင် ထိုင်လိုက်သည်။
"ဦးလေးထွန်း အားလုံးသိနေခဲ့တယ်မဟုတ်လား”
ဦးလေးထွန်းက သက်ပြင်းခပ်သဲ့သဲ့ချပြီး ခေါင်းငုံ့နေလေသည်။
"ဆရာ့ကို သွားအကြောင်းကြားပေးပါ့မယ်၊ မှူးလေး ခဏစောင့်ပါ”
ဦးလေးထွန်း ခြံထဲ ဆင်းသွားတော့ မှူး ခြေကုန်လက်ပန်းကျစွာ ထိုင်နေမိသည်။ မှူး ရင်တွေ သိပ်နာနေသည်။ မှူး၏ခံစားချက်ကို ညွှန်းဆိုပြစရာ စကားလုံးမရှိတော့ပေ။
ဧည့်ခန်းထဲသို့ အရပ်မြင့်မြင့် အမျိုးသားတစ်ဦးဝင်လာသည်။ ဤကောင်လေးကို မြင်တော့ မှူး၏ဒေါသမှာ ဆယ်ဆလောက် ဒီဂရီမြင့်တက်လာခဲ့သည်။
"အရင်က မမကို ဓာတ်ပုံထဲမှာပဲ မြင်ဖူးတာ၊ အခုတော့ အပြင်မှာ တွေ့ခွင့်ရပြီ၊ ကျွန်တော်က…”
"နင်မရှက်ဘူးလား၊ နင်တို့တွေ အရှက်တရားမရှိဘူးလား၊ တကယ်ကို ရွံဖို့ကောင်းလိုက်တာ”
ထိုကောင်လေးစကားမဆုံးခင် မှူးထရပ်၍ ပိတ်ပြောလိုက်တော့ ကောင်လေးက မျက်နှာပျက်သွားသည်။ ပြီးတော့ မခုတ်တတ်သော ကြောင်လို သနားစဖွယ်မျက်နှာလေးဖြင့် မှူးကို ကြည့်လာ၏။
“မမ''
"မမဟုတ်လား၊ ငါ့ဒက်ဒီကို လုယူ ငါတို့မိသားစုကို ဖျက်ဆီးပြီး ငါ့မောင်လေးလုပ်ချင်သေးတာလား၊ တော်တော်မျက်နှာပြောင်တိုက်တာပဲ၊ ငါ့ကိုများ မမတဲ့”
မှူး၏အပြောမှာ လှောင်ပြောင်သရော်မှုများ ရောယှက်နေသဖြင့် ထိုကောင်လေးမှာ မျက်လုံးအကြည့်များပြောင်းသွားသည်။ မကျေနပ်ဖြစ်သွားပုံရ၏။
"ဟက် ငါ့မောင်လေးက မျက်လုံးတစ်ဖက်ကွယ်နေတာ၊ နင့်မျက်လုံးကတော့ အကောင်းကြီးပဲ၊ ငါ့မောင်လေးက အိမ်ထဲမှာ နှစ်ပေါင်းများစွာ ပိတ်ခံခဲ့ရပြီး သေခဲ့တာ၊ နင်က သားဆက်နေရာကို ဝင်ပြီး အယောင်ဆောင်နေတယ်ပေါ့လေ၊ ရယ်စရာကောင်းလိုက်တာ”
"ကျွန်တော်က သားဆက်မဟုတ်တာတော့ မှန်ပါတယ်၊ ဒါပေမဲ့ ခင်ဗျားရဲ့မောင်လေးပဲလေ၊ ကျွန်တော်လဲ သားဆက်လိုပဲ ဒယ်ဒီရဲ့သားပါဗျ၊ ကျွန်တော့်ကို မနှိမ်ပါနဲ့”
"ဒါဆိုလဲ ကိုယ့်နေရာကိုယ်နေလေ၊ သားဆက်နာမည်နဲ့ ဘာလို့ ပွဲထွက်နေတာလဲ၊ တော်တော်အကြံပက်စက်တယ်၊ နင့်ကြောင့်ပဲ ငါ စွန့်ပစ်ခံခဲ့ရတာ၊ နင် တရားခံ”
ဧည့်ခန်းထဲသို့ ဦးမင်းသော်ရောက်လာ၏။ ခုံ၌ ခပ်မိန့်မိန့်ဝင်ထိုင်သဖြင့် မှူးအံကြိတ်လိုက်သည်။
"သားဆက် ဧည့်သည်တွေကို သွားဧည့်ခံနေလိုက်၊ ဒက်ဒီ မင်းမမနဲ့ ဆက်ပြောလိုက်မယ်''
"ဟုတ်ကဲ့ဒက်ဒီ”
ထိုကောင်လေးထွက်သွားတော့ ဦးမင်းသော်က မှူးကို ကြည့်သည်။
"ဒက်ဒီ့ခွင့်ပြုချက်မရဘဲ ဘာလို့ မြန်မာပြည်ကို ပြန်လာရတာလဲ”
မတွေ့တာကြာပြီဖြစ်သော ဖခင်တစ်ဦး၏ပထမဦးဆုံးနှုတ်ဆက်စကားမှာ ရင်နာစရာ။ နေကောင်းရဲ့လား၊ ခြေထောက်ဒဏ်ရာဘယ်လိုနေသေးလဲ၊ သတိရနေခဲ့တာ စသဖြင့် ဒီလိုမျိုးမဟုတ်ဘဲ ဘာကြောင့် ပြန်လာရတာလဲတဲ့။ မှူး ဒက်ဒီ့ကို နာကြည်းစွာ ကြည့်မိသည်။
"ဘယ်တော့မှ ပြန်ခေါ်ဖို့ စိတ်ကူးမရှိခဲ့ဘူးမဟုတ်လား၊ မှူးသာ ဒက်ဒီ့စကားကို ယုံကြည်ပြီး ဆက်စောင့်နေခဲ့ရင် အိုပြီး သေသွားရင်တောင် ပြန်ခေါ်ဖို့အတွေး အစကတည်းက မရှိခဲ့တာ၊ မှူး အလိမ်ခံလိုက်ရတာပဲ”
ဦးမင်းသော်က အမှန်တရားမို့ ဘာမှမငြင်းနိုင်ဘဲ မှူးကို စိတ်ပျက်စွာ ကြည့်နေလေသည်။
"ဘာလို့စွန့်ပစ်တာလဲ၊ မှူးက ဒီလောက်တောင် မုန်းစရာကောင်းလား၊ မှူးက ဘာအမှားတွေများလုပ်မိလို့လဲ”
မှူး လည်ချောင်းနာသည်အထိ အော်ပစ်လိုက်သည်။
"ဒက်ဒီ မှူးကို အရမ်းအားကိုးခဲ့တယ်၊ ဒက်ဒီမရှိတော့တဲ့အချိန်ကျရင် ဒက်ဒီလုပ်ငန်းတွေအားလုံးဆက်ခံဖို့ မှူးကို ရည်ရွယ်ခဲ့တာ၊ ဒါပေမဲ့ မှူးက accidentဖြစ်သွားတော့”
"ဒုက္ခိတဖြစ်သွားတဲ့သမီးမို့ စင်္ကာပူကို လိမ်ပို့ပြီး စွန့်ပစ်ခဲ့တာ၊ အဲ့လိုလား”
ဦးမင်းသော်စကားမဆုံးခင် မှူးဖြတ်ပြောလိုက်တော့ ဦးမင်းသော်က မှူးကို ကြည့်ပြီး သက်ပြင်းချလေသည်။
"တရားမဝင်ရတဲ့သားကို သားဆက်နေရာ အစားဝင်ခိုင်းပြီး မြှောက်စားခဲ့တာ ဒီလိုမျိုးမဟုတ်လား၊ ဒက်ဒီ အရမ်းကို ဉာဏ်ကောင်းလွန်းပါတယ်''
မှူး စိတ်ထိန်းကာ ကျဆင်းလာသော မျက်ရည်တွေကို ဖယ်သုတ်ပစ်လိုက်သည်။
"သားဆက်ဆုံးသွားပြီးကတည်းက မှူးမှာ မောင်နှမမရှိဘူးထင်ထားခဲ့တာ၊ မထင်မှတ်ဘဲ ဒီလိုမျိုးပိုက်ဆံအာဏာမက်တဲ့ မျက်နှာရူးမောင်တစ်ယောက်ရှိနေသေးတာပဲ”
"ငယ်ငယ်တုန်းကလို ဘာလို့ အကန်တွေချည်းပြောရတာလဲ၊ မှူးက ကလေးမဟုတ်တော့ဘူးနော်၊ ရင့်ကျက်သင့်နေပြီ၊ ဒက်ဒီ မှူးကို စွန့်ပစ်တာမဟုတ်ဘူး၊ လိုလေသေးမရှိ အားလုံးဖြည့်ဆည်းပေးထားတာကို ဘာလို့ ဒက်ဒီ့ကို လူဆိုးကြီးလို မြင်နေရတာလဲ”
မှူး ခနဲ့တဲ့တဲ့ ရယ်မောမိသည်။ ရယ်သံမှာ အက်ကွဲကြေမွကာ ခြောက်ကပ်နေ၏။
"အများကြီးမတောင်းဆိုပါဘူး၊ အခုပါတီပွဲက ဧည့်သည်တွေရှေ့ သတင်းထောက်တွေရှေ့မှာ ခြေတစ်ဖက်မသန်တဲ့သမီးကို လက်ဆွဲပြီး ဒါ ကျွန်တော့်သမီးပါလို့ ပြောရဲလား၊ ပြောရဲရင် မှူး ထိုင်ကန်တော့ပြီး တောင်းပန်ပါ့မယ်’’
“ဟက် မလုပ်ရဲဘူးမလား၊ ရှယ်ယာရှင်တွေ ဒါရိုင်တာအဖွဲ့ဝင်တွေ ရှေ့မို့ လုပ်ငန်းစုဂုဏ်သိက္ခာကျဆင်းမှာ စိုးလို့ဆိုပြီး ပေးပါဦး အကြောင်းပြချက်တွေ”
ဦးမင်းသော်က သက်ပြင်းချကာ ခေါင်းခါပြီး ထွက်သွားသဖြင့် မှူး ပါးပြင်သို့ မျက်ရည်များ ထပ်စီးကျလာသည်။
လွန်ခဲ့တဲ့ငါးနှစ်တုန်းက ဒက်ဒီ မှူးကို ဆေးရုံ၌ လာတွေ့ခဲ့သည်။ မှူးခြေထောက်ကို စင်္ကာပူ၌ ဆေးသွားကုရန် တိုက်တွန်းခဲ့သည်။ ဆေးကုပြီး ပြန်လာလျှင် ဒက်ဒီက မှူးဆန္ဒမှန်သမျှလိုက်လျောပေးမည်ဟု ပြော၏။ မှူးဖြစ်စေချင်သလို မိသားစုကို အချိန်ပေးမည်။ မိန်းမကိစ္စကင်းရှင်းမည်ဟု မှူးကို ကတိပေးခဲ့သည်။ ယောင်္ကျားအရင့်မာလူကြီးလူကောင်းတစ်ဦးက ပေးသောကတိမို့ မှူးယုံကြည်ခဲ့မိသည်။ နိုင်ငံခြားကို အထင်မကြီးသည့်မှူးက ဒယ်ဒီ့ကတိတစ်ခုကြောင့် အားလုံးကို ကျောခိုင်း ထွက်သွားခဲ့သည်။
စင်္ကာပူမှာနေသောတစ်လျှောက်လုံး အရမ်းပြန်လာချင်ခဲ့သည်။ ဒက်ဒီက မာမီ့ကိုတောင် မဆက်သွယ်နှင့်ဟုပြော၍ အားလုံးအဆက်ဖြတ်ကာ မှူးသည်းခံနေခဲ့သည်။ ဒက်ဒီပြန်လာခေါ်မည့်နေ့ကို စောင့်ရင်း တစ်နှစ်ပြီးတစ်နှစ်ကုန်လွန်သွားသည်။ ငါးနှစ်တာကုန်လွန်သွားပေမဲ့ ဒယ်ဒီက မှူးကို ပြန်ခေါ်ရန် စကားတစ်ခွန်းမဟခဲ့ပေ။
မှူး မစောင့်နိုင်တော့၍ ဒက်ဒီမသိအောင် တိတ်တိတ်လေး ပြန်လာခဲ့သည်။ ဒက်ဒီပိုင်သည့် ဟိုတယ်၌ တည်းပြီး ဝန်ထမ်းအားလုံးကို နှုတ်ပိတ်ထားခဲ့သည်။ ဒက်ဒီသိမည်စိုး၍ မှူးကို မည်သူမေးမေး မသိဟု ဖြေရန်ဖြစ်သည်။ ပြီးတော့ ဒက်ဒီ့ကို နောက်ယောင်ခံလိုက်ခဲ့သည်။ မထင်မှတ်ဘဲ ဖောက်ပြန်ပြီး ရသော တိတ်တိတ်ပုန်းသားတစ်ဦးကို မှူးမောင်လေးနေရာအစားထိုးကာ မြှောက်စားထားသည်။ နောက်ဆုံးတော့ ဒက်ဒီစကားကို ယုံကြည်ပြီး မျှော်လင့်ခဲ့မိသမျှ ဘာအဓိပ္ပါယ်မှမရှိပါ။
~
ပန်းပင်လေးများကို မြေဩဇာဖို့ရင်း သွင်ရိပ် အလုပ်များနေ၏။ နေအပူရှိန်မှာ ပြင်းသည်။ သွင်ရိပ်တို့ကို မညှာတာဘဲ အပူဓာတ်များ ပေးပို့ထား၏။ ပန်းပင်လေးများကို ပြုစုရင်း ရေလောင်း ပေါင်းသင်သည်။ ပန်းအိုးများကို နေရာရွှေ့ရန် ပြင်တော့ ပြည့်ပြည့်က သွင်ရိပ်လက်ကို ဖမ်းဆွဲလေသည်။
"အလေးတွေမသယ်နဲ့လေသွင်ရိပ်ရဲ့၊ ဦးဘမောင်တို့ကို သယ်ခိုင်းလဲရတာကို”
ပြည့်ပြည့်က အလုပ်သမားများကို လှမ်းခေါ်ကာ ပန်းအိုးများ နေရာဆက်ရွှေ့ခိုင်းနေသည်။ သွင်ရိပ် လက်အိတ်ချွတ်ပြီး နေရာတကျထားကာ နားနေဆောင်သို့ ပြန်လာသည်။ အနီးအနားမှ ရေကန်၌ ခြေလက်သန့်စင်၍ ကောင်တာတွင် လာထိုင်လိုက်သည်။ တစ်ပတ်စာ အော်ဒါအမှာစာရင်းများကို စစ်ကြည့်နေမိသည်။ စစ်ပြီးတော့ လက်ပတ်နာရီကို ငုံ့ကြည့်မိသည်။
"နာရီကို ကြည့်နေတာ ချိန်းထားတာရှိလို့လားဟင်၊ သွားစရာရှိရင် သွားနော်၊ ခြံအတွက် စိတ်မပူနဲ့၊
ပြည့်အဆင်ပြေအောင် လုပ်ပါ့မယ်''
ပြည့်က ပေါက်တူးလာထားရင်း လှမ်းအော်တော့ သွင်ရိပ်ပြုံးမိသည်။
"သွားစရာမရှိပါဘူးပြည့်ရယ်၊ ဒီနာရီပိုင်ရှင်လေးကို သတိရမိလို့ပါ''
“သွင်ရိပ်က ပိုင်ရှင်ပဲ မဟုတ်ဘူးလား”
“ဟုတ်လဲ ဟုတ်ပါတယ်၊ ဒါပေမဲ့ ဟုတ်လဲ မဟုတ်ဘူးလေ”
ပြည့်ပြည့်က နားမလည်တော့ ခေါင်းကုပ်နေသဖြင့် သွင်ရိပ် မယမင်းဆီသို့ ဖုန်းဆက်လိုက်သည်။ မယမင်းက မမမှူးဘယ်မှာလဲဆိုတာ သိနိုင်လောက်သည်။ မယမင်းက အတန်ကြာမှ ဖုန်းကိုင်လာသည်။
“ဟယ်လိုသွင်ရိပ်”
“ဟယ်လိုအစ်မ၊ သွင်ရိပ်ပါ၊ မမမှူးပြန်ရောက်နေပြီဆိုတာ အစ်မသိလား”
“အစ်မကြားတော့ကြားပါတယ်၊ မှူးနဲ့တော့ မတွေ့ရသေးဘူးသွင်ရိပ်ရဲ့”
“သြော်…ဟုတ်ဟုတ်၊ ဒါပဲနော်အစ်မ”
သွင်ရိပ် ဖုန်းချ၍ ထရပ်လိုက်တော့ ပြည့်ပြည့်က လှည့်ကြည့်လာသည်။
“သွင်ရိပ် ကိစ္စရှိလို့ အပြင်ခဏသွားဦးမယ်၊ ပြည့်ပြည့်ကြည့်ထားပေးနော်”
သွင်ရိပ် ပိုက်ဆံအိတ်ယူ၍ ကားလမ်းမကြီးဘက်သို့ လမ်းလျှောက်ထွက်လာသည်။ မမရတီကားမှာ မမရတီပြန်ယူထားသဖြင့် သွင်ရိပ်က တက္ကစီပြန်သုံးနေရသည်။ လမ်းမဘက်တွင် ကားထွက်ဌား၍ သွင်ရိပ် သီရိမြုံစံအိမ်သို့ ထွက်လာသည်။ အရင်တစ်ခါ ကိုကိုနှင့် လာခဲ့ဖူး၍ ကားဆရာကို လမ်းမနည်းညွှန်ပြရသည်။ သီရိမြုံစံအိမ်ရှေ့ရောက်တော့ သွင်ရိပ် မြင့်မားလွန်းသည့် ခြံတံတိုင်းကြီးကို လှမ်းကြည့်မိသည်။ သွင်ရိပ် ခြံရှေ့ ရပ်နေစဥ် ခြံတံခါးပွင့်လာပြီး ခြံထဲမှ ဇိမ်ခံကားတစ်စီးမောင်းထွက်လာသည်။ ၎င်းကားမှာ သွင်ရိပ်ဘေး၌ ရပ်သွားပြီး ကားပေါ်မှ သန့်ပြန့်စွာ ဝတ်ထားသော ခပ်ချောချောလူငယ်တစ်ဦးဆင်းလာသည်။ ဤလူသည် အသားလတ်ပြီး မျက်ခုံးထူသည်။ မမမှူး၏မျက်နှာပေါက်နှင့် ခပ်ဆင်ဆင်။ နှုတ်ခမ်းပြည့်ပြည့်များမှာ တကယ်တူ၏။
"ဘယ်သူနဲ့ တွေ့ချင်တာလဲမသိဘူး၊ ကိုယ်က ဒီအိမ်ကပါ”
"မမမှူးနဲ့ တွေ့ချင်လို့ပါရှင်”
ထိုလူမှာ သဘောမကျပုံဖြင့် မျက်မှောင်ကြုတ်သွားသည်။ စိတ်မပါတော့သလို ကြည့်လာ၏။
"မမမှူးကို လာမေးတဲ့သူတွေ ဘာလို့ဒီလောက်များရတာလဲ၊ ပေါင်းသင်းဆက်ဆံရေး နည်းနည်းမှ ကောင်းတာမဟုတ်ဘဲနဲ့”
သွင်ရိပ် ဤလူကို အမြင်မကြည်တော့ပေ။ စိတ်ထဲ ခုသွားရသည်။
"သူမရှိဘူး၊ မနက်ကတည်းက ရန်ဖြစ်ပြီး ထွက်သွားတယ်၊ ပြန်လာမလားဘာလား သေချာတော့ မသိဘူး၊ အိမ်ထဲ ဝင်စောင့်နေလေ၊ ဒါနဲ့ ခင်ဗျားလေးနာမည်ဘယ်လိုခေါ်လဲ၊ မမနဲ့ ရွယ်တူမဟုတ်တော့ သူငယ်ချင်းလဲ မဟုတ်လောက်ဘူး၊ မမနဲ့ ဘယ်လိုပတ်သက်တာလဲ”
“အစ်ကိုကရော မမနဲ့ ဘယ်လိုပတ်သက်တာလဲ”
“ကိုယ်က သူ့မောင်လေးလေ”
သွင်ရိပ် အလွန်အံ့ဩသွားမိသည်။ ထိုလူက ခပ်ဟဟရယ်၍ နာရီငုံ့ကြည့်ပြီး ကားထဲ ဝင်ကာ မောင်းထွက်သွားသည်။ မသွားခင် see you againဟု ပြောထားခဲ့သဖြင့် သွင်ရိပ်မှာ မှင်သေကျန်ခဲ့သည်။ သွင်ရိပ် ပွင့်နေသည့် ခြံထဲ မရဲတရဲဝင်သွားမိသည်။ နန်းတော်သမျှခမ်းနားကြီးကျယ်သောအိမ်ကြီးမှာ အရှိန်အဝါမြင့်မားစွာ တောက်ပနေ၏။ ခြံပြင်မှ အိမ်ထဲသို့ ရောက်အောင်ပင် ကျယ်လွန်း၍ အတော်လမ်းလျှောက်ယူရသည်။ ခေတ်မီထည်ဝါခမ်းနားလွန်းသော အိမ်အပြင်အဆင်ကြောင့် ငေးမောမိရသည်။
မမမှူးက ဤမျှထိ ချမ်းသာသတဲ့။ သွင်ရိပ်တို့အိမ်နှင့်ယှဉ်လျှင် ဤစံအိမ်မှာ ဆယ်ဆမက ပိုထည်ဝါခမ်းနားသည်။ နန်းတော်လိုအိမ်ရှိလျက် ကွန်ဒိုတိုက်ခန်းသေးသေးလေး၌ မမငှါးနေတာကို အံ့သြမိသည်။ ကြီးကြီးမြက သွင်ရိပ်ကို ဖော်ရွေစွာ ကြိုဆိုသဖြင့် အနည်းငယ်အားတက်ရသည်။ ခဏကြာတော့ ဥပဓိရုပ်ကောင်းသည့်အမျိုးသမီးကြီးတစ်ဦး ဧည့်ခန်းထဲ ဝင်လာသည်။
"ဘယ်သူလဲ”
သွင်ရိပ် ကြောက်ကြောက်လန့်လန့် ထရပ်လိုက်မိသည်။
"မှူးလေးရဲ့မိတ်ဆွေပါကွယ်၊ မှူးလေးဆေးရုံတက်ရတုန်းက ဒီကလေးမက မှူးလေးကို အများကြီးဂရုစိုက်ပေးခဲ့တာလေ၊ အခုလဲ မှူးကို တွေ့ချင်လို့ လာစောင့်နေရှာတာ”
“မှူးက သန်လျင်သွားတာလေ၊ တော်ရုံပြန်ရောက်မှာ မဟုတ်ပါဘူးအေ၊ စောင့်မနေနဲ့”
အမျိုးသမီးကြီးက ဧည့်ခန်းထဲမှ ပြန်ထွက်သွားသည်။ သံပရာရည်တစ်ခွက် သူ့အခန်းလာပို့ပေးရန် အလုပ်သမားကောင်မလေးများကို ခိုင်းနေသံကြားလိုက်သည်။ ထိုအမျိုးသမီးကြီးက သူ့ကိစ္စနှင့်သူ အလုပ်ရှုပ်နေ၍ သွင်ရိပ်ကို ဘယ်သူဘယ်ဝါဟု ဂရုမထား။ အရေးမပါဟုလည်း ထင်နိုင်သလို စိတ်ဝင်တစား မရှိလှပါ။ သွင်ရိပ်ဘယ်သူဖြစ်ဖြစ် ဘာမှအရေးမကြီးဟု သဘောထားသည့်ပုံစံမျိုးး။
"အဲဒါမှူးလေးရဲ့မာမီလေ''
"အဲဒါကြောင့်ထင်တယ်၊ အဲဒီအန်တီကြီးကို မြင်တော့ အလိုလိုလန့်သွားမိတယ်၊ ဒါဆို မမမှူးလဲ မရှိတော့ သွင်ရိပ်ပြန်တော့မယ်နော်ကြီးမြ၊ ကားဆရာကို စောင့်ခိုင်းထားတော့ အားနာလို့ပါ”
ကြီးကြီးမြက နောက်လည်း မကြာမကြာလာလည်ရန် ဖိတ်သည်။ သွင်ရိပ်ခေါင်းညိတ်၍ ကားဆီသို့ ပြန်လာပြီး ကားဆရာကို သန်လျင်ရှိ မသန်မစွမ်းကလေးများ စောင့်ရှောက်ရေးဂေဟာသို့ ပို့ပေးရန် ပြောလိုက်သည်။ မမမှူး သန်လျင်သွားလျှင် ဤနေရာသာဖြစ်နိုင်သည်ဟု သွင်ရိပ်တထစ်ချယုံသည်။ မမမှူးကို တွေ့ရဖို့အရေး စိတ်အားထက်သန်နေသဖြင့် မမမှူးနောက် လိုက်ရန် ဆုံးဖြတ်ထားသည်။
~
မသန်မစွမ်းကလေးများပြုစုစောင့်ရှောက်ရေးဂေဟာ၌ ပညာသင်စရိတ်လှူဒါန်းရင်း ဂေဟာမှူးဆရာမကြီးနှင့် မှူး စကားပြောနေမိသည်။ ထိုဂေဟာ၌ ရှိသည့်ကလေးများတွင် ခန္ဓာကိုယ်တွင်
ကိုယ်လက်အင်္ဂါတစ်ခုခုချို့ယွင်းချက်ရှိကြသူချည်းဖြစ်သည်။ တစ်ချို့ဆိုငယ်ငယ်လေးနှင့်မွေးရာပါခြေထောက်ပြတ်နေသူများတွေ့ရတော့ ဂရုဏာသက်ဝင်မိသည်။ မှူးမှာ ခြေထောက်တစ်ဖက်မသန်ရုံဖြင့် သေမတတ်နာကျင်ပြီး စိတ်ဓာတ်ကျခဲ့ဖူးလျှင် သူတို့တွေဆို အဆပေါင်းများစွာနာကျင်မည်ဟူသော ကိုယ်ချင်းစာစိတ်ဖြစ်မိသည်။ အားငယ်စိတ်လည်း များကြသည်။ ထိုကြောင့် ဂေဟာမှူးက စိတ်ဓာတ်မြင့်တင်ရေးများ မကြာမကြာလုပ်ဆောင်ရကြောင်း ပြောပြသည်။ သူတို့၏ ဝါသနာအလျောက် အသက်မွေးဝမ်းကျောင်းပညာများ သင်ပေးပြီး ဘိလိယက်ကစားနည်းများကို ကျွမ်းကျွမ်းကျင်ကျင်ကစားလေ့ကျင့်နေကြသဖြင့် အံ့အားသင့်မိသည်။ ဤကျောင်းမှ ထွက်ပြီး အရှေ့တောင်အာရှမသန်စွမ်းအားကစားပြိုင်ပွဲများ၌ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ယှဥ်ပြိုင်သွားရောက်နိုင်သူတို့ရှိကြောင်း ဂေဟာမှူးက ပြောပြတော့ မှူးမှာ စိတ်ချမ်းမြေ့ရသည်။ ဂေဟာမှူးက မှူးကို တစ်ခန်းချင်းအလိုက်ပြပေး၏။
"ဒီဂေဟာမှာ မျက်လုံးကွယ်နေတဲ့ကလေးတွေရောရှိလား''
"ရှိတာပေါ့ရှင်၊ ညီမကြည့်ချင်ရင် အစ်မလိုက်ပြပေးမယ်''
မှူး တုတ်ကောက်ထောက်ကာ ဂေဟာမှူးနောက်သို့ လိုက်လာသည်။ လေဝင်လေထွက်ကောင်းသော အခန်းတစ်ခန်းသို့ ခေါ်လာ၏။ ဂေဟာမှူးက သတိပေးလိုက်တော့ ကလေးများက မတ်တတ်ရပ်ကာ တညီတညွတ်တည်း မင်္ဂလာပါဟု မှူးကို နှုတ်ဆက်ကြသည်။ မှူး မင်္ဂလာပါဟု ပြန်နှုတ်ဆက်ရင်း သူတို့လေးတွေကို ခံစားချက်ပြင်းထန်စွာ ငေးကြည့်နေမိသည်။ ပြီးတော့ ဂေဟာမှူးက အခြားအခန်းများဆက်ပြသည်။
“မျက်မမြင်ကလေးတွေထဲမှာ မျက်လုံးပြန်မြင်နိုင်အောင် ကုသလို့ရတဲ့သူတွေရှိလားဆရာမ''
"မျက်ကြည်လွှာအစားထိုးကုသလို့ရတဲ့ ကလေးမလေးတစ်ယောက်တော့ရှိတယ်၊ ကျန်တဲ့ကလေးတွေကတော့ မျက်လုံးတစ်ခုလုံးပျက်စီးနေလို့ ကုလို့မရဘူး''
"အဲဒီကလေးမလေးအတွက် မျက်ကြည်လွှာအလှူရှင်ရလာလို့ရှိရင် မှူးကို ဆက်သွယ်ပေးပါနော်၊ ခွဲစိတ်ကုသစရိတ်ကို မှူးတာဝန်ယူချင်လို့ပါရှင်”
ဆရာမက အားတက်သွားပုံဖြင့် မှူးကို ကျေးဇူးတင်စွာ ကြည့်လာသည်။
"ကျေးဇူးတင်လိုက်တာညီမရယ်၊ အလှူရှင်ရတာနဲ့ အစ်မဆက်သွယ်လိုက်ပါ့မယ်”
မှူး နှစ်လိုဖွယ်ပြုံးလိုက်သည်။ မျက်မမြင်ကလေးများမြင်လျှင် သားဆက်ကို သိပ်သတိရမိသည်။ မှူးမောင်လေးက မျက်လုံးတစ်ဖက်သာကွယ်ေသာ်လည်း ဒီဂေဟာမှ ကလေးများလို လွတ်လပ်စွာ မပျော်ရွှင်ခဲ့ရပေ။
မှူး ဂေဟာမှူးကို နှုတ်ဆက်၍ အဆောက်အဦထဲမှ ထွက်လာသည်။ အရိပ်ရသော သစ်ပင်အောက်မှ ခုံတန်းလေး၌ တစ်ယောက်တည်း လာထိုင်နေမိသည်။
ဤနေ့သည် သားဆက်ဆုံးတာ ၁၆နှစ်ပြည့်ခဲ့ပြီ။ မှူးမောင်လေးက ဒီဂေဟာမှ ကလေးတွေလို စာသင်ခွင့်
မရခဲ့ပါ။ ရွယ်တူသူငယ်ချင်းများနှင့် ဆော့ခွင့်မရခဲ့ပါ။ ယခုတော့ မောင်လေးနေရာ၌ အခြားသူက နာမည်ခံကာ သက်သောင့်သက်သာနေသဖြင့် မှူးရင်နာရသည်။ မှူး ပါးပြင်သို့ မျက်ရည်တစ်စက်မှာ လွင့်စင်ကျလာ၏။ ဂေဟာဘက် လှမ်းကြည့်လိုက်တော့ နေ့သစ်က ဒီဘက်သို့ လျှောက်လာနေသဖြင့် မှူးအံဩသွားမိသည်။ နေ့သစ်က မှူးရှေ့ ငုတ်တုတ်ထိုင်ချ၍ မှူးလက်တစ်ဖက်ကို ဆုပ်ကိုင်ကာ မော့ကြည့်လာသည်။
"မှူး''
"ဘယ်လိုလုပ်ပြီးရောက်လာတာလဲ”
"ဒီလိုနေ့မျိုးဆို မှူး ဒီဂေဟာကို လာတတ်တာ မောင်မမှတ်မိဘဲနေမလား၊ မှူး အောင့်မထားဘဲ ငိုလိုက်ပါ၊
မောင် အနားမှာ ရှိနေပေးမယ်''
မှူး ငိုချင်နေသည့်စိတ်ကို အံကြိတ်ကာ ထိန်းလိုက်ပြီး ဘာမှမပြောဘဲ ကြည့်နေမိသည်။
"မှူးနေကောင်းတယ်မဟုတ်လား၊ အရမ်းကို သတိရနေခဲ့တာမှူးရယ်”
“ဘာလို့ မမေ့ပစ်လဲ၊ မှူးက ဘာများကောင်းတာရှိခဲ့လို့လဲ၊ အဲဒီမလှမပဆုံခြင်းတွေကို နေ့သစ်အပြီးအပိုင်မေ့ပစ်ပြီး ဘဝထဲက ထုတ်ခဲ့ရမှာပေါ့”
“မေ့လို့မရအောင် မှူးကို ချစ်ခဲ့တာမို့လေ၊ မောင့်အမှားအတွက် တောင်းပန်ပါတယ်၊ မှူးအနားမှာ တသက်လုံးနေပြီး အဖော်ပြုပေးပါရစေလား”
"မှူး နေ့သစ်အပေါ်မှာ ဘာခံစားချက်မှမရှိတော့ဘူး”
"မှူး လိမ်နေတာမဟုတ်လား၊ မောင် မယုံဘူး''
နေ့သစ်က ကြေကွဲစွာ ထုတ်ပြောတော့ မှူး နေ့သစ်ပါးပြင်မှ မျက်ရည်ကို ခပ်ဖွဖွဖယ်သုတ်ပေးလိုက်သည်။ နေ့သစ်က မှူးကို ဝမ်းနည်းတကြီး ဆွဲဖက်လာ၏။ နေ့သစ်မျက်ရည်အချို့သည် မှူးပခုံး၌ စိုကုန်သည်။ မှူး နေ့သစ်ကျောကို အသာပုတ်ပေးရင်း ဘေးလမ်းဘက် လှမ်းကြည့်လိုက်တော့ သွင်ရိပ်က ရပ်ကြည့်နေ၏။ ပြီးတော့ မှူးကို မပီမသလေး ပြုံးပြလာသည်။ မှူး နှုတ်ခမ်းပါးလေး တွန့်ချိုးပြုံးပြလိုက်သည်။
====
ဆက်ရန်။
#ကြွေ

က်ယ္ဝန္းလွေသာၿခံက်ယ္ႀကီးတစ္ၿခံ၌ ပါတီပြဲတစ္ခု ခမ္းနားစြာ က်င္းပေနသည္။ လူလုပ္အပင္ပုမ်ား၌ ေရာင္စုံမီးသီးမ်ား တပ္ဆင္ထားၿပီး စားပြဲထိုးတို႔မွာ လင္ဗန္းကိုင္လ်က္ စားဖြယ္မ်ား ပို႔ေဆာင္ေပးေနၾကသည္။ တူရိယာအဖြဲ႕မ်ားကို ေစ်းႀကီးေပးဌားထားသျဖင့္ တေယာပညာရွင္မ်ားမွာ တေယာသံမ်ား သာယာၿငိမ့္ေညာင္းစြာ ထြက္ေပၚေနေအာင္ ဖန္တီးေနၾကသည္။ လူကုံထံအသိုင္းအဝိုင္းမွာ ရယ္ေမာကာ ပါတီကို ဆင္ႏႊဲေန၏။
တကၠစီကားတစ္စီးသည္ ၎ၿခံေရွ႕၌ ရပ္သြားသည္။ ကားေပၚမွ အနက္ေရာင္ကတီပါညွပ္ဖိနပ္အပါးေလးစီးထားေသာ မိန္းကေလးတစ္ဦး၏ေျခေထာက္တစ္ဖက္ ဦးစြာဆင္းလာသည္။ ေနာက္ေတာ့ ေ႐ႊအိုေရာင္တုတ္ေကာက္ႏွင့္အတူ ေနာက္ထပ္ေျခေထာက္တစ္ဖက္မွာ လွပစြာ ဆင္းလာသည္။ မိန္းကေလးသည္ တုတ္ေကာက္ျဖင့္ အသာထိန္းေထာက္၍ ၿခံေရွ႕တြင္ လာရပ္သည္။ မိန္းကေလး၏အျခားလက္တစ္ဖက္မွာ ၿခံတံခါးတိုင္ကို ဆုပ္ကိုင္ထားၿပီး အၾကည့္မ်ားမွာ ပါတီပြဲသို႔ ေရာက္ေနၿပီး နာၾကည္းမႈမ်ားျပည့္ေနသည္။ ေအာက္ႏႈတ္ခမ္းကို ေပါက္လုမတတ္ ဖိကိုက္ထားေလသည္။ ထိုမိန္းကေလးမွာ ၎ၿခံပိုင္ရွင္၏သမီး ေတးယစ္မႉးျဖစ္သည္။
မႉး လူေခၚဘဲလ္ကို ႏွိပ္လိုက္ေတာ့ လူၿခံေရးႏွစ္ဦးေရာက္လာသည္။
"ဘယ္သူပါလဲ၊ ဖိတ္စာမပါဘဲ ဝင္လို႔ မရပါဘူး၊ လူႀကီးလူေကာင္းေတြ ပြဲက်င္းပေနတာ”
“တံခါးဖြင့္စမ္း၊ ဒါ ကြၽန္မအိမ္ ဦးမင္းသာ္က ကြၽန္မဒက္ဒီ''
"လာေနာက္ေနတာလားမိန္းကေလး၊ သူေဌးႀကီးဦးမင္းေသာ္မွာ ဒုကၡိတသမီးေလးရွိတယ္လို႔ တစ္ခါမွမၾကားမိပါဘူး''
"ဟုတ္ပါ့ကြာ၊ ေဟ့ မိန္းကေလး စားစရာလိုခ်င္တာလား၊ ခဏေစာင့္ သြားေတာင္းေပးမယ္၊ အရႈပ္ထုပ္ေတာ့ လာမလုပ္နဲ႕”
ေဒါသေၾကာင့္ မႉးကိုယ္ေလးတဆတ္ဆတ္တုန္လာေလသည္။ ၿခံတံခါးတိုင္ကို ဆုပ္ကိုင္ထားေသာ လက္မွာ ပိုတင္းလာၿပီး အံႀကိတ္ထားသျဖင့္ နားထင္မွ ေသြးေၾကာတို႔မွာ စိမ္းျမေန၏။ ထိုစဥ္ ဦးေလးထြန္းက ေျပးထြက္လာသျဖင့္ မႉး စိတ္ေလွ်ာ့ခ်လိဳက္သည္။
"မႉးေလး၊ မႉးဟုတ္ပါတယ္ေနာ္၊ မႉးျပန္လာၿပီ၊ မင္းတို႔ ဘာလုပ္ေနၾကတာလဲ၊ တံခါးဖြင့္ၾကစမ္း”
ဦးေလးထြန္းေအာ္လိုက္မွ လုံၿခဳံေရးမ်ားမွာ တံခါးဖြင့္ေပးၾကသည္။ ဦးေလးထြန္းက မႉးလက္တစ္ဖက္ကို ကူတြဲ၍ အိမ္ထဲသို႔ ေခၚလာသည္။ ပါတီပြဲေဘးမွ ျဖတ္ေတာ့ မႉး နာၾကည္းစြာ ေစာင္းငဲ့ၾကည့္မိသည္။ ဒက္ဒီႏွင့္မာမီက လက္ခ်င္းတြဲခ်ိတ္လ်က္ သူတို႔၏လူကုံထံဧည့္သည္မ်ားကို ဧည့္ခံေနသည္။ သူတို႔ေဘး၌ မႉးထက္ ငယ္ပုံရေသာ အရပ္ျမင့္ျမင့္၊ ခႏၶာကိုယ္ေတာင့္တင္းေသာ ေခ်ာေမာသည့္လူငယ္တစ္ဦးရွိေနၿပီး ဒက္ဒီတို႔အတူ ၿပဳံးေပ်ာ္စြာ တြဲပါေနသည္။ မႉးပါးျပင္ေပၚ မ်က္ရည္တို႔မွာ အဆက္မျပတ္စီးက်လာ၏။ မႉး အံႀကိတ္၍ ခပ္ၾကမ္းၾကမ္း ဖယ္သုတ္ပစ္လိုက္ရင္း ဧည့္ခန္းတြင္ ထိုင္လိုက္သည္။
"ဦးေလးထြန္း အားလုံးသိေနခဲ့တယ္မဟုတ္လား”
ဦးေလးထြန္းက သက္ျပင္းခပ္သဲ့သဲ့ခ်ၿပီး ေခါင္းငုံ႕ေနေလသည္။
"ဆရာ့ကို သြားအေၾကာင္းၾကားေပးပါ့မယ္၊ မႉးေလး ခဏေစာင့္ပါ”
ဦးေလးထြန္း ၿခံထဲ ဆင္းသြားေတာ့ မႉး ေျခကုန္လက္ပန္းက်စြာ ထိုင္ေနမိသည္။ မႉး ရင္ေတြ သိပ္နာေနသည္။ မႉး၏ခံစားခ်က္ကို ၫႊန္းဆိုျပစရာ စကားလုံးမရွိေတာ့ေပ။
ဧည့္ခန္းထဲသို႔ အရပ္ျမင့္ျမင့္ အမ်ိဳးသားတစ္ဦးဝင္လာသည္။ ဤေကာင္ေလးကို ျမင္ေတာ့ မႉး၏ေဒါသမွာ ဆယ္ဆေလာက္ ဒီဂရီျမင့္တက္လာခဲ့သည္။
"အရင္က မမကို ဓာတ္ပုံထဲမွာပဲ ျမင္ဖူးတာ၊ အခုေတာ့ အျပင္မွာ ေတြ႕ခြင့္ရၿပီ၊ ကြၽန္ေတာ္က…”
"နင္မရွက္ဘူးလား၊ နင္တို႔ေတြ အရွက္တရားမရွိဘူးလား၊ တကယ္ကို ႐ြံဖို႔ေကာင္းလိုက္တာ”
ထိုေကာင္ေလးစကားမဆုံးခင္ မႉးထရပ္၍ ပိတ္ေျပာလိုက္ေတာ့ ေကာင္ေလးက မ်က္ႏွာပ်က္သြားသည္။ ၿပီးေတာ့ မခုတ္တတ္ေသာ ေၾကာင္လို သနားစဖြယ္မ်က္ႏွာေလးျဖင့္ မႉးကို ၾကည့္လာ၏။
“မမ''
"မမဟုတ္လား၊ ငါ့ဒက္ဒီကို လုယူ ငါတို႔မိသားစုကို ဖ်က္ဆီးၿပီး ငါ့ေမာင္ေလးလုပ္ခ်င္ေသးတာလား၊ ေတာ္ေတာ္မ်က္ႏွာေျပာင္တိုက္တာပဲ၊ ငါ့ကိုမ်ား မမတဲ့”
မႉး၏အေျပာမွာ ေလွာင္ေျပာင္သေရာ္မႈမ်ား ေရာယွက္ေနသျဖင့္ ထိုေကာင္ေလးမွာ မ်က္လုံးအၾကည့္မ်ားေျပာင္းသြားသည္။ မေက်နပ္ျဖစ္သြားပုံရ၏။
"ဟက္ ငါ့ေမာင္ေလးက မ်က္လုံးတစ္ဖက္ကြယ္ေနတာ၊ နင့္မ်က္လုံးကေတာ့ အေကာင္းႀကီးပဲ၊ ငါ့ေမာင္ေလးက အိမ္ထဲမွာ ႏွစ္ေပါင္းမ်ားစြာ ပိတ္ခံခဲ့ရၿပီး ေသခဲ့တာ၊ နင္က သားဆက္ေနရာကို ဝင္ၿပီး အေယာင္ေဆာင္ေနတယ္ေပါ့ေလ၊ ရယ္စရာေကာင္းလိုက္တာ”
"ကြၽန္ေတာ္က သားဆက္မဟုတ္တာေတာ့ မွန္ပါတယ္၊ ဒါေပမဲ့ ခင္ဗ်ားရဲ႕ေမာင္ေလးပဲေလ၊ ကြၽန္ေတာ္လဲ သားဆက္လိုပဲ ဒယ္ဒီရဲ႕သားပါဗ်၊ ကြၽန္ေတာ့္ကို မႏွိမ္ပါနဲ႕”
"ဒါဆိုလဲ ကိုယ့္ေနရာကိုယ္ေနေလ၊ သားဆက္နာမည္နဲ႕ ဘာလို႔ ပြဲထြက္ေနတာလဲ၊ ေတာ္ေတာ္အႀကံပက္စက္တယ္၊ နင့္ေၾကာင့္ပဲ ငါ စြန႔္ပစ္ခံခဲ့ရတာ၊ နင္ တရားခံ”
ဧည့္ခန္းထဲသို႔ ဦးမင္းေသာ္ေရာက္လာ၏။ ခုံ၌ ခပ္မိန့္မိန့္ဝင္ထိုင္သျဖင့္ မႉးအံႀကိတ္လိုက္သည္။
"သားဆက္ ဧည့္သည္ေတြကို သြားဧည့္ခံေနလိုက္၊ ဒက္ဒီ မင္းမမနဲ႕ ဆက္ေျပာလိုက္မယ္''
"ဟုတ္ကဲ့ဒက္ဒီ”
ထိုေကာင္ေလးထြက္သြားေတာ့ ဦးမင္းေသာ္က မႉးကို ၾကည့္သည္။
"ဒက္ဒီ့ခြင့္ျပဳခ်က္မရဘဲ ဘာလို႔ ျမန္မာျပည္ကို ျပန္လာရတာလဲ”
မေတြ႕တာၾကာၿပီျဖစ္ေသာ ဖခင္တစ္ဦး၏ပထမဦးဆုံးႏႈတ္ဆက္စကားမွာ ရင္နာစရာ။ ေနေကာင္းရဲ႕လား၊ ေျခေထာက္ဒဏ္ရာဘယ္လိုေနေသးလဲ၊ သတိရေနခဲ့တာ စသျဖင့္ ဒီလိုမ်ိဳးမဟုတ္ဘဲ ဘာေၾကာင့္ ျပန္လာရတာလဲတဲ့။ မႉး ဒက္ဒီ့ကို နာၾကည္းစြာ ၾကည့္မိသည္။
"ဘယ္ေတာ့မွ ျပန္ေခၚဖို႔ စိတ္ကူးမရွိခဲ့ဘူးမဟုတ္လား၊ မႉးသာ ဒက္ဒီ့စကားကို ယုံၾကည္ၿပီး ဆက္ေစာင့္ေနခဲ့ရင္ အိုၿပီး ေသသြားရင္ေတာင္ ျပန္ေခၚဖို႔အေတြး အစကတည္းက မရွိခဲ့တာ၊ မႉး အလိမ္ခံလိုက္ရတာပဲ”
ဦးမင္းေသာ္က အမွန္တရားမို႔ ဘာမွမျငင္းနိုင္ဘဲ မႉးကို စိတ္ပ်က္စြာ ၾကည့္ေနေလသည္။
"ဘာလို႔စြန႔္ပစ္တာလဲ၊ မႉးက ဒီေလာက္ေတာင္ မုန္းစရာေကာင္းလား၊ မႉးက ဘာအမွားေတြမ်ားလုပ္မိလို႔လဲ”
မႉး လည္ေခ်ာင္းနာသည္အထိ ေအာ္ပစ္လိုက္သည္။
"ဒက္ဒီ မႉးကို အရမ္းအားကိုးခဲ့တယ္၊ ဒက္ဒီမရွိေတာ့တဲ့အခ်ိန္က်ရင္ ဒက္ဒီလုပ္ငန္းေတြအားလုံးဆက္ခံဖို႔ မႉးကို ရည္႐ြယ္ခဲ့တာ၊ ဒါေပမဲ့ မႉးက accidentျဖစ္သြားေတာ့”
"ဒုကၡိတျဖစ္သြားတဲ့သမီးမို႔ စကၤာပူကို လိမ္ပို႔ၿပီး စြန႔္ပစ္ခဲ့တာ၊ အဲ့လိုလား”
ဦးမင္းေသာ္စကားမဆုံးခင္ မႉးျဖတ္ေျပာလိုက္ေတာ့ ဦးမင္းေသာ္က မႉးကို ၾကည့္ၿပီး သက္ျပင္းခ်ေလသည္။
"တရားမဝင္ရတဲ့သားကို သားဆက္ေနရာ အစားဝင္ခိုင္းၿပီး ျမႇောက္စားခဲ့တာ ဒီလိုမ်ိဳးမဟုတ္လား၊ ဒက္ဒီ အရမ္းကို ဉာဏ္ေကာင္းလြန္းပါတယ္''
မႉး စိတ္ထိန္းကာ က်ဆင္းလာေသာ မ်က္ရည္ေတြကို ဖယ္သုတ္ပစ္လိုက္သည္။
"သားဆက္ဆုံးသြားၿပီးကတည္းက မႉးမွာ ေမာင္ႏွမမရွိဘူးထင္ထားခဲ့တာ၊ မထင္မွတ္ဘဲ ဒီလိုမ်ိဳးပိုက္ဆံအာဏာမက္တဲ့ မ်က္ႏွာ႐ူးေမာင္တစ္ေယာက္ရွိေနေသးတာပဲ”
"ငယ္ငယ္တုန္းကလို ဘာလို႔ အကန္ေတြခ်ည္းေျပာရတာလဲ၊ မႉးက ကေလးမဟုတ္ေတာ့ဘူးေနာ္၊ ရင့္က်က္သင့္ေနၿပီ၊ ဒက္ဒီ မႉးကို စြန႔္ပစ္တာမဟုတ္ဘူး၊ လိုေလေသးမရွိ အားလုံးျဖည့္ဆည္းေပးထားတာကို ဘာလို႔ ဒက္ဒီ့ကို လူဆိုးႀကီးလို ျမင္ေနရတာလဲ”
မႉး ခနဲ႕တဲ့တဲ့ ရယ္ေမာမိသည္။ ရယ္သံမွာ အက္ကြဲေၾကမြကာ ေျခာက္ကပ္ေန၏။
"အမ်ားႀကီးမေတာင္းဆိုပါဘူး၊ အခုပါတီပြဲက ဧည့္သည္ေတြေရွ႕ သတင္းေထာက္ေတြေရွ႕မွာ ေျခတစ္ဖက္မသန္တဲ့သမီးကို လက္ဆြဲၿပီး ဒါ ကြၽန္ေတာ့္သမီးပါလို႔ ေျပာရဲလား၊ ေျပာရဲရင္ မႉး ထိုင္ကန္ေတာ့ၿပီး ေတာင္းပန္ပါ့မယ္’’
“ဟက္ မလုပ္ရဲဘူးမလား၊ ရွယ္ယာရွင္ေတြ ဒါရိုင္တာအဖြဲ႕ဝင္ေတြ ေရွ႕မို႔ လုပ္ငန္းစုဂုဏ္သိကၡာက်ဆင္းမွာ စိုးလို႔ဆိုၿပီး ေပးပါဦး အေၾကာင္းျပခ်က္ေတြ”
ဦးမင္းေသာ္က သက္ျပင္းခ်ကာ ေခါင္းခါၿပီး ထြက္သြားသျဖင့္ မႉး ပါးျပင္သို႔ မ်က္ရည္မ်ား ထပ္စီးက်လာသည္။
လြန္ခဲ့တဲ့ငါးႏွစ္တုန္းက ဒက္ဒီ မႉးကို ေဆး႐ုံ၌ လာေတြ႕ခဲ့သည္။ မႉးေျခေထာက္ကို စကၤာပူ၌ ေဆးသြားကုရန္ တိုက္တြန္းခဲ့သည္။ ေဆးကုၿပီး ျပန္လာလွ်င္ ဒက္ဒီက မႉးဆႏၵမွန္သမွ်လိုက္ေလ်ာေပးမည္ဟု ေျပာ၏။ မႉးျဖစ္ေစခ်င္သလို မိသားစုကို အခ်ိန္ေပးမည္။ မိန္းမကိစၥကင္းရွင္းမည္ဟု မႉးကို ကတိေပးခဲ့သည္။ ေယာကၤ်ားအရင့္မာလူႀကီးလူေကာင္းတစ္ဦးက ေပးေသာကတိမို႔ မႉးယုံၾကည္ခဲ့မိသည္။ နိုင္ငံျခားကို အထင္မႀကီးသည့္မႉးက ဒယ္ဒီ့ကတိတစ္ခုေၾကာင့္ အားလုံးကို ေက်ာခိုင္း ထြက္သြားခဲ့သည္။
စကၤာပူမွာေနေသာတစ္ေလွ်ာက္လုံး အရမ္းျပန္လာခ်င္ခဲ့သည္။ ဒက္ဒီက မာမီ့ကိုေတာင္ မဆက္သြယ္ႏွင့္ဟုေျပာ၍ အားလုံးအဆက္ျဖတ္ကာ မႉးသည္းခံေနခဲ့သည္။ ဒက္ဒီျပန္လာေခၚမည့္ေန႕ကို ေစာင့္ရင္း တစ္ႏွစ္ၿပီးတစ္ႏွစ္ကုန္လြန္သြားသည္။ ငါးႏွစ္တာကုန္လြန္သြားေပမဲ့ ဒယ္ဒီက မႉးကို ျပန္ေခၚရန္ စကားတစ္ခြန္းမဟခဲ့ေပ။
မႉး မေစာင့္နိုင္ေတာ့၍ ဒက္ဒီမသိေအာင္ တိတ္တိတ္ေလး ျပန္လာခဲ့သည္။ ဒက္ဒီပိုင္သည့္ ဟိုတယ္၌ တည္းၿပီး ဝန္ထမ္းအားလုံးကို ႏႈတ္ပိတ္ထားခဲ့သည္။ ဒက္ဒီသိမည္စိုး၍ မႉးကို မည္သူေမးေမး မသိဟု ေျဖရန္ျဖစ္သည္။ ၿပီးေတာ့ ဒက္ဒီ့ကို ေနာက္ေယာင္ခံလိုက္ခဲ့သည္။ မထင္မွတ္ဘဲ ေဖာက္ျပန္ၿပီး ရေသာ တိတ္တိတ္ပုန္းသားတစ္ဦးကို မႉးေမာင္ေလးေနရာအစားထိုးကာ ျမႇောက္စားထားသည္။ ေနာက္ဆုံးေတာ့ ဒက္ဒီစကားကို ယုံၾကည္ၿပီး ေမွ်ာ္လင့္ခဲ့မိသမွ် ဘာအဓိပၸါယ္မွမရွိပါ။
~
ပန္းပင္ေလးမ်ားကို ေျမဩဇာဖို႔ရင္း သြင္ရိပ္ အလုပ္မ်ားေန၏။ ေနအပူရွိန္မွာ ျပင္းသည္။ သြင္ရိပ္တို႔ကို မညွာတာဘဲ အပူဓာတ္မ်ား ေပးပို႔ထား၏။ ပန္းပင္ေလးမ်ားကို ျပဳစုရင္း ေရေလာင္း ေပါင္းသင္သည္။ ပန္းအိုးမ်ားကို ေနရာေ႐ႊ႕ရန္ ျပင္ေတာ့ ျပည့္ျပည့္က သြင္ရိပ္လက္ကို ဖမ္းဆြဲေလသည္။
"အေလးေတြမသယ္နဲ႕ေလသြင္ရိပ္ရဲ႕၊ ဦးဘေမာင္တို႔ကို သယ္ခိုင္းလဲရတာကို”
ျပည့္ျပည့္က အလုပ္သမားမ်ားကို လွမ္းေခၚကာ ပန္းအိုးမ်ား ေနရာဆက္ေ႐ႊ႕ခိုင္းေနသည္။ သြင္ရိပ္ လက္အိတ္ခြၽတ္ၿပီး ေနရာတက်ထားကာ နားေနေဆာင္သို႔ ျပန္လာသည္။ အနီးအနားမွ ေရကန္၌ ေျခလက္သန႔္စင္၍ ေကာင္တာတြင္ လာထိုင္လိုက္သည္။ တစ္ပတ္စာ ေအာ္ဒါအမွာစာရင္းမ်ားကို စစ္ၾကည့္ေနမိသည္။ စစ္ၿပီးေတာ့ လက္ပတ္နာရီကို ငုံ႕ၾကည့္မိသည္။
"နာရီကို ၾကည့္ေနတာ ခ်ိန္းထားတာရွိလို႔လားဟင္၊ သြားစရာရွိရင္ သြားေနာ္၊ ၿခံအတြက္ စိတ္မပူနဲ႕၊
ျပည့္အဆင္ေျပေအာင္ လုပ္ပါ့မယ္''
ျပည့္က ေပါက္တူးလာထားရင္း လွမ္းေအာ္ေတာ့ သြင္ရိပ္ၿပဳံးမိသည္။
"သြားစရာမရွိပါဘူးျပည့္ရယ္၊ ဒီနာရီပိုင္ရွင္ေလးကို သတိရမိလို႔ပါ''
“သြင္ရိပ္က ပိုင္ရွင္ပဲ မဟုတ္ဘူးလား”
“ဟုတ္လဲ ဟုတ္ပါတယ္၊ ဒါေပမဲ့ ဟုတ္လဲ မဟုတ္ဘူးေလ”
ျပည့္ျပည့္က နားမလည္ေတာ့ ေခါင္းကုပ္ေနသျဖင့္ သြင္ရိပ္ မယမင္းဆီသို႔ ဖုန္းဆက္လိုက္သည္။ မယမင္းက မမမႉးဘယ္မွာလဲဆိုတာ သိနိုင္ေလာက္သည္။ မယမင္းက အတန္ၾကာမွ ဖုန္းကိုင္လာသည္။
“ဟယ္လိုသြင္ရိပ္”
“ဟယ္လိုအစ္မ၊ သြင္ရိပ္ပါ၊ မမမႉးျပန္ေရာက္ေနၿပီဆိုတာ အစ္မသိလား”
“အစ္မၾကားေတာ့ၾကားပါတယ္၊ မႉးနဲ႕ေတာ့ မေတြ႕ရေသးဘူးသြင္ရိပ္ရဲ႕”
“ေၾသာ္…ဟုတ္ဟုတ္၊ ဒါပဲေနာ္အစ္မ”
သြင္ရိပ္ ဖုန္းခ်၍ ထရပ္လိုက္ေတာ့ ျပည့္ျပည့္က လွည့္ၾကည့္လာသည္။
“သြင္ရိပ္ ကိစၥရွိလို႔ အျပင္ခဏသြားဦးမယ္၊ ျပည့္ျပည့္ၾကည့္ထားေပးေနာ္”
သြင္ရိပ္ ပိုက္ဆံအိတ္ယူ၍ ကားလမ္းမႀကီးဘက္သို႔ လမ္းေလွ်ာက္ထြက္လာသည္။ မမရတီကားမွာ မမရတီျပန္ယူထားသျဖင့္ သြင္ရိပ္က တကၠစီျပန္သုံးေနရသည္။ လမ္းမဘက္တြင္ ကားထြက္ဌား၍ သြင္ရိပ္ သီရိၿမဳံစံအိမ္သို႔ ထြက္လာသည္။ အရင္တစ္ခါ ကိုကိုႏွင့္ လာခဲ့ဖူး၍ ကားဆရာကို လမ္းမနည္းၫႊန္ျပရသည္။ သီရိၿမဳံစံအိမ္ေရွ႕ေရာက္ေတာ့ သြင္ရိပ္ ျမင့္မားလြန္းသည့္ ၿခံတံတိုင္းႀကီးကို လွမ္းၾကည့္မိသည္။ သြင္ရိပ္ ၿခံေရွ႕ ရပ္ေနစဥ္ ၿခံတံခါးပြင့္လာၿပီး ၿခံထဲမွ ဇိမ္ခံကားတစ္စီးေမာင္းထြက္လာသည္။ ၎ကားမွာ သြင္ရိပ္ေဘး၌ ရပ္သြားၿပီး ကားေပၚမွ သန့္ျပန့္စြာ ဝတ္ထားေသာ ခပ္ေခ်ာေခ်ာလူငယ္တစ္ဦးဆင္းလာသည္။ ဤလူသည္ အသားလတ္ၿပီး မ်က္ခုံးထူသည္။ မမမႉး၏မ်က္ႏွာေပါက္ႏွင့္ ခပ္ဆင္ဆင္။ ႏႈတ္ခမ္းျပည့္ျပည့္မ်ားမွာ တကယ္တူ၏။
"ဘယ္သူနဲ႕ ေတြ႕ခ်င္တာလဲမသိဘူး၊ ကိုယ္က ဒီအိမ္ကပါ”
"မမမႉးနဲ႕ ေတြ႕ခ်င္လို႔ပါရွင္”
ထိုလူမွာ သေဘာမက်ပဳံျဖင့္ မ်က္ေမွာင္ၾကဳတ္သြားသည္။ စိတ္မပါေတာ့သလို ၾကည့္လာ၏။
"မမမႉးကို လာေမးတဲ့သူေတြ ဘာလို႔ဒီေလာက္မ်ားရတာလဲ၊ ေပါင္းသင္းဆက္ဆံေရး နည္းနည္းမွ ေကာင္းတာမဟုတ္ဘဲနဲ႕”
သြင္ရိပ္ ဤလူကို အျမင္မၾကည္ေတာ့ေပ။ စိတ္ထဲ ခုသြားရသည္။
"သူမရွိဘူး၊ မနက္ကတည္းက ရန္ျဖစ္ၿပီး ထြက္သြားတယ္၊ ျပန္လာမလားဘာလား ေသခ်ာေတာ့ မသိဘူး၊ အိမ္ထဲ ဝင္ေစာင့္ေနေလ၊ ဒါနဲ႕ ခင္ဗ်ားေလးနာမည္ဘယ္လိုေခၚလဲ၊ မမနဲ႕ ႐ြယ္တူမဟုတ္ေတာ့ သူငယ္ခ်င္းလဲ မဟုတ္ေလာက္ဘူး၊ မမနဲ႕ ဘယ္လိုပတ္သက္တာလဲ”
“အစ္ကိုကေရာ မမနဲ႕ ဘယ္လိုပတ္သက္တာလဲ”
“ကိုယ္က သူ႕ေမာင္ေလးေလ”
သြင္ရိပ္ အလြန္အံ့ဩသြားမိသည္။ ထိုလူက ခပ္ဟဟရယ္၍ နာရီငုံ႕ၾကည့္ၿပီး ကားထဲ ဝင္ကာ ေမာင္းထြက္သြားသည္။ မသြားခင္ see you againဟု ေျပာထားခဲ့သျဖင့္ သြင္ရိပ္မွာ မွင္ေသက်န္ခဲ့သည္။ သြင္ရိပ္ ပြင့္ေနသည့္ ၿခံထဲ မရဲတရဲဝင္သြားမိသည္။ နန္းေတာ္သမွ်ခမ္းနားႀကီးက်ယ္ေသာအိမ္ႀကီးမွာ အရွိန္အဝါျမင့္မားစြာ ေတာက္ပေန၏။ ၿခံျပင္မွ အိမ္ထဲသို႔ ေရာက္ေအာင္ပင္ က်ယ္လြန္း၍ အေတာ္လမ္းေလွ်ာက္ယူရသည္။ ေခတ္မီထည္ဝါခမ္းနားလြန္းေသာ အိမ္အျပင္အဆင္ေၾကာင့္ ေငးေမာမိရသည္။
မမမႉးက ဤမွ်ထိ ခ်မ္းသာသတဲ့။ သြင္ရိပ္တို႔အိမ္ႏွင့္ယွဥ္လွ်င္ ဤစံအိမ္မွာ ဆယ္ဆမက ပိုထည္ဝါခမ္းနားသည္။ နန္းေတာ္လိုအိမ္ရွိလ်က္ ကြန္ဒိုတိုက္ခန္းေသးေသးေလး၌ မမငွါးေနတာကို အံ့ၾသမိသည္။ ႀကီးႀကီးျမက သြင္ရိပ္ကို ေဖာ္ေ႐ြစြာ ႀကိဳဆိုသျဖင့္ အနည္းငယ္အားတက္ရသည္။ ခဏၾကာေတာ့ ဥပဓိ႐ုပ္ေကာင္းသည့္အမ်ိဳးသမီးႀကီးတစ္ဦး ဧည့္ခန္းထဲ ဝင္လာသည္။
"ဘယ္သူလဲ”
သြင္ရိပ္ ေၾကာက္ေၾကာက္လန႔္လန႔္ ထရပ္လိုက္မိသည္။
"မႉးေလးရဲ႕မိတ္ေဆြပါကြယ္၊ မႉးေလးေဆး႐ုံတက္ရတုန္းက ဒီကေလးမက မႉးေလးကို အမ်ားႀကီးဂ႐ုစိုက္ေပးခဲ့တာေလ၊ အခုလဲ မႉးကို ေတြ႕ခ်င္လို႔ လာေစာင့္ေနရွာတာ”
“မႉးက သန္လ်င္သြားတာေလ၊ ေတာ္႐ုံျပန္ေရာက္မွာ မဟုတ္ပါဘူးေအ၊ ေစာင့္မေနနဲ႕”
အမ်ိဳးသမီးႀကီးက ဧည့္ခန္းထဲမွ ျပန္ထြက္သြားသည္။ သံပရာရည္တစ္ခြက္ သူ႕အခန္းလာပို႔ေပးရန္ အလုပ္သမားေကာင္မေလးမ်ားကို ခိုင္းေနသံၾကားလိုက္သည္။ ထိုအမ်ိဳးသမီးႀကီးက သူ႕ကိစၥႏွင့္သူ အလုပ္ရႈပ္ေန၍ သြင္ရိပ္ကို ဘယ္သူဘယ္ဝါဟု ဂ႐ုမထား။ အေရးမပါဟုလည္း ထင္နိုင္သလို စိတ္ဝင္တစား မရွိလွပါ။ သြင္ရိပ္ဘယ္သူျဖစ္ျဖစ္ ဘာမွအေရးမႀကီးဟု သေဘာထားသည့္ပုံစံမ်ိဳးး။
"အဲဒါမႉးေလးရဲ႕မာမီေလ''
"အဲဒါေၾကာင့္ထင္တယ္၊ အဲဒီအန္တီႀကီးကို ျမင္ေတာ့ အလိုလိုလန႔္သြားမိတယ္၊ ဒါဆို မမမႉးလဲ မရွိေတာ့ သြင္ရိပ္ျပန္ေတာ့မယ္ေနာ္ႀကီးျမ၊ ကားဆရာကို ေစာင့္ခိုင္းထားေတာ့ အားနာလို႔ပါ”
ႀကီးႀကီးျမက ေနာက္လည္း မၾကာမၾကာလာလည္ရန္ ဖိတ္သည္။ သြင္ရိပ္ေခါင္းညိတ္၍ ကားဆီသို႔ ျပန္လာၿပီး ကားဆရာကို သန္လ်င္ရွိ မသန္မစြမ္းကေလးမ်ား ေစာင့္ေရွာက္ေရးေဂဟာသို႔ ပို႔ေပးရန္ ေျပာလိုက္သည္။ မမမႉး သန္လ်င္သြားလွ်င္ ဤေနရာသာျဖစ္နိုင္သည္ဟု သြင္ရိပ္တထစ္ခ်ယဳံသည္။ မမမႉးကို ေတြ႕ရဖို႔အေရး စိတ္အားထက္သန္ေနသျဖင့္ မမမႉးေနာက္ လိုက္ရန္ ဆုံးျဖတ္ထားသည္။
~
မသန္မစြမ္းကေလးမ်ားျပဳစုေစာင့္ေရွာက္ေရးေဂဟာ၌ ပညာသင္စရိတ္လႉဒါန္းရင္း ေဂဟာမႉးဆရာမႀကီးႏွင့္ မႉး စကားေျပာေနမိသည္။ ထိုေဂဟာ၌ ရွိသည့္ကေလးမ်ားတြင္ ခႏၶာကိုယ္တြင္
ကိုယ္လက္အဂၤါတစ္ခုခုခ်ိဳ႕ယြင္းခ်က္ရွိၾကသူခ်ည္းျဖစ္သည္။ တစ္ခ်ိဳ႕ဆိုငယ္ငယ္ေလးႏွင့္ေမြးရာပါေျခေထာက္ျပတ္ေနသူမ်ားေတြ႕ရေတာ့ ဂ႐ုဏာသက္ဝင္မိသည္။ မႉးမွာ ေျခေထာက္တစ္ဖက္မသန္႐ုံျဖင့္ ေသမတတ္နာက်င္ၿပီး စိတ္ဓာတ္က်ခဲ့ဖူးလွ်င္ သူတို႔ေတြဆို အဆေပါင္းမ်ားစြာနာက်င္မည္ဟူေသာ ကိုယ္ခ်င္းစာစိတ္ျဖစ္မိသည္။ အားငယ္စိတ္လည္း မ်ားၾကသည္။ ထိုေၾကာင့္ ေဂဟာမႉးက စိတ္ဓာတ္ျမင့္တင္ေရးမ်ား မၾကာမၾကာလုပ္ေဆာင္ရေၾကာင္း ေျပာျပသည္။ သူတို႔၏ ဝါသနာအေလ်ာက္ အသက္ေမြးဝမ္းေက်ာင္းပညာမ်ား သင္ေပးၿပီး ဘိလိယက္ကစားနည္းမ်ားကို ကြၽမ္းကြၽမ္းက်င္က်င္ကစားေလ့က်င့္ေနၾကသျဖင့္ အံ့အားသင့္မိသည္။ ဤေက်ာင္းမွ ထြက္ၿပီး အေရွ႕ေတာင္အာရွမသန္စြမ္းအားကစားၿပိဳင္ပြဲမ်ား၌ ျမန္မာနိုင္ငံကိုယ္စားျပဳအျဖစ္ ယွဥ္ၿပိဳင္သြားေရာက္နိုင္သူတို႔ရွိေၾကာင္း ေဂဟာမႉးက ေျပာျပေတာ့ မႉးမွာ စိတ္ခ်မ္းေျမ့ရသည္။ ေဂဟာမႉးက မႉးကို တစ္ခန္းခ်င္းအလိုက္ျပေပး၏။
"ဒီေဂဟာမွာ မ်က္လုံးကြယ္ေနတဲ့ကေလးေတြေရာရွိလား''
"ရွိတာေပါ့ရွင္၊ ညီမၾကည့္ခ်င္ရင္ အစ္မလိုက္ျပေပးမယ္''
မႉး တုတ္ေကာက္ေထာက္ကာ ေဂဟာမႉးေနာက္သို႔ လိုက္လာသည္။ ေလဝင္ေလထြက္ေကာင္းေသာ အခန္းတစ္ခန္းသို႔ ေခၚလာ၏။ ေဂဟာမႉးက သတိေပးလိုက္ေတာ့ ကေလးမ်ားက မတ္တတ္ရပ္ကာ တညီတၫြတ္တည္း မဂၤလာပါဟု မႉးကို ႏႈတ္ဆက္ၾကသည္။ မႉး မဂၤလာပါဟု ျပန္ႏႈတ္ဆက္ရင္း သူတို႔ေလးေတြကို ခံစားခ်က္ျပင္းထန္စြာ ေငးၾကည့္ေနမိသည္။ ၿပီးေတာ့ ေဂဟာမႉးက အျခားအခန္းမ်ားဆက္ျပသည္။
“မ်က္မျမင္ကေလးေတြထဲမွာ မ်က္လုံးျပန္ျမင္နိုင္ေအာင္ ကုသလို႔ရတဲ့သူေတြရွိလားဆရာမ''
"မ်က္ၾကည္လႊာအစားထိုးကုသလို႔ရတဲ့ ကေလးမေလးတစ္ေယာက္ေတာ့ရွိတယ္၊ က်န္တဲ့ကေလးေတြကေတာ့ မ်က္လုံးတစ္ခုလုံးပ်က္စီးေနလို႔ ကုလို႔မရဘူး''
"အဲဒီကေလးမေလးအတြက္ မ်က္ၾကည္လႊာအလႉရွင္ရလာလို႔ရွိရင္ မႉးကို ဆက္သြယ္ေပးပါေနာ္၊ ခြဲစိတ္ကုသစရိတ္ကို မႉးတာဝန္ယူခ်င္လို႔ပါရွင္”
ဆရာမက အားတက္သြားပုံျဖင့္ မႉးကို ေက်းဇူးတင္စြာ ၾကည့္လာသည္။
"ေက်းဇူးတင္လိုက္တာညီမရယ္၊ အလႉရွင္ရတာနဲ႕ အစ္မဆက္သြယ္လိုက္ပါ့မယ္”
မႉး ႏွစ္လိုဖြယ္ၿပဳံးလိုက္သည္။ မ်က္မျမင္ကေလးမ်ားျမင္လွ်င္ သားဆက္ကို သိပ္သတိရမိသည္။ မႉးေမာင္ေလးက မ်က္လုံးတစ္ဖက္သာကြယ္ေသာ္လည္း ဒီေဂဟာမွ ကေလးမ်ားလို လြတ္လပ္စြာ မေပ်ာ္႐ႊင္ခဲ့ရေပ။
မႉး ေဂဟာမႉးကို ႏႈတ္ဆက္၍ အေဆာက္အဦထဲမွ ထြက္လာသည္။ အရိပ္ရေသာ သစ္ပင္ေအာက္မွ ခုံတန္းေလး၌ တစ္ေယာက္တည္း လာထိုင္ေနမိသည္။
ဤေန႕သည္ သားဆက္ဆုံးတာ ၁၆ႏွစ္ျပည့္ခဲ့ၿပီ။ မႉးေမာင္ေလးက ဒီေဂဟာမွ ကေလးေတြလို စာသင္ခြင့္
မရခဲ့ပါ။ ႐ြယ္တူသူငယ္ခ်င္းမ်ားႏွင့္ ေဆာ့ခြင့္မရခဲ့ပါ။ ယခုေတာ့ ေမာင္ေလးေနရာ၌ အျခားသူက နာမည္ခံကာ သက္ေသာင့္သက္သာေနသျဖင့္ မႉးရင္နာရသည္။ မႉး ပါးျပင္သို႔ မ်က္ရည္တစ္စက္မွာ လြင့္စင္က်လာ၏။ ေဂဟာဘက္ လွမ္းၾကည့္လိုက္ေတာ့ ေန႕သစ္က ဒီဘက္သို႔ ေလွ်ာက္လာေနသျဖင့္ မႉးအံဩသြားမိသည္။ ေန႕သစ္က မႉးေရွ႕ ငုတ္တုတ္ထိုင္ခ်၍ မႉးလက္တစ္ဖက္ကို ဆုပ္ကိုင္ကာ ေမာ့ၾကည့္လာသည္။
"မႉး''
"ဘယ္လိုလုပ္ၿပီးေရာက္လာတာလဲ”
"ဒီလိုေန႕မ်ိဳးဆို မႉး ဒီေဂဟာကို လာတတ္တာ ေမာင္မမွတ္မိဘဲေနမလား၊ မႉး ေအာင့္မထားဘဲ ငိုလိုက္ပါ၊
ေမာင္ အနားမွာ ရွိေနေပးမယ္''
မႉး ငိုခ်င္ေနသည့္စိတ္ကို အံႀကိတ္ကာ ထိန္းလိုက္ၿပီး ဘာမွမေျပာဘဲ ၾကည့္ေနမိသည္။
"မႉးေနေကာင္းတယ္မဟုတ္လား၊ အရမ္းကို သတိရေနခဲ့တာမႉးရယ္”
“ဘာလို႔ မေမ့ပစ္လဲ၊ မႉးက ဘာမ်ားေကာင္းတာရွိခဲ့လို႔လဲ၊ အဲဒီမလွမပဆုံျခင္းေတြကို ေန႕သစ္အၿပီးအပိုင္ေမ့ပစ္ၿပီး ဘဝထဲက ထုတ္ခဲ့ရမွာေပါ့”
“ေမ့လို႔မရေအာင္ မႉးကို ခ်စ္ခဲ့တာမို႔ေလ၊ ေမာင့္အမွားအတြက္ ေတာင္းပန္ပါတယ္၊ မႉးအနားမွာ တသက္လုံးေနၿပီး အေဖာ္ျပဳေပးပါရေစလား”
"မႉး ေန႕သစ္အေပၚမွာ ဘာခံစားခ်က္မွမရွိေတာ့ဘူး”
"မႉး လိမ္ေနတာမဟုတ္လား၊ ေမာင္ မယုံဘူး''
ေန႕သစ္က ေၾကကြဲစြာ ထုတ္ေျပာေတာ့ မႉး ေန႕သစ္ပါးျပင္မွ မ်က္ရည္ကို ခပ္ဖြဖြဖယ္သုတ္ေပးလိုက္သည္။ ေန႕သစ္က မႉးကို ဝမ္းနည္းတႀကီး ဆြဲဖက္လာ၏။ ေန႕သစ္မ်က္ရည္အခ်ိဳ႕သည္ မႉးပခုံး၌ စိုကုန္သည္။ မႉး ေန႕သစ္ေက်ာကို အသာပုတ္ေပးရင္း ေဘးလမ္းဘက္ လွမ္းၾကည့္လိုက္ေတာ့ သြင္ရိပ္က ရပ္ၾကည့္ေန၏။ ၿပီးေတာ့ မႉးကို မပီမသေလး ၿပဳံးျပလာသည္။ မႉး ႏႈတ္ခမ္းပါးေလး တြန့္ခ်ိဳးၿပဳံးျပလိုက္သည္။
====
ဆက္ရန္။
#ေႂကြ

ရင်ထဲက မှူး/ရင္ထဲက မႉးWhere stories live. Discover now