အပိုင်း( ၂၃ )

3.3K 239 0
                                    

လင်ခရုဆာကားကြီးသည် ကတ္တရာလမ်းမပေါ် အရှိန်ဖြင့် ပြေးလွှားနေသည်။ မနက်ခင်း ကျောင်းသွားရုံးသွားချိန်မို့ ကားလမ်းများ အတော်ပိတ်၏။ မှူးမှာ လမ်းကြားများဘက် ကွေ့ရှောင်မောင်းရင်း အတော်စိတ်မရှည်ဖြစ်နေသည်။ ဤနေ့ ကျောင်းသားဟောင်းများတွေ့ဆုံကာ ဆရာကန်တော့ပွဲရှိ၏။ ယမင်းကလည်း ဖုန်းဆက်နေသည်။ နောက်ကျနေပြီမို့ အတတ်နိုင်ဆုံးအရှိန်မြင့်လိုက်တော့ ဘေးတွင် လမ်းလျှောက်နေသော မိန်းကလေးမှာ မှူး ကားဖြတ်ချိန် လဲကျသွား၏။ ကားမတိုက်မိမပွန်းမိပါဘဲ သူ့ဘာသာ လဲကျသွား၍ စိတ်တိုစွာ တောက်ခေါက်လိုက်သည်။ မှူး ကားရပ်၍ တုတ်ကောက်ဖြင့် ထောက်ရင်း ထိုမိန်းကလေးကို ဆင်းကြည့်လိုက်သည်။ စုလေးနိုင်ဖြစ်နေ၍ မှူး အတော်စိတ်မကြည်ဖြစ်သွားသည်။
“တေးယစ်မှူး နင်ကိုး ဟဲ့ နင်ကားဘယ်လိုမောင်းတာလဲ၊ လမ်းဘေးမှာ သွားနေတဲ့သူကို လူမထင်တာလား၊ ငါ့ခြေထောက်နာသွားပြီ၊ နင်ဘာပြန်လုပ်ပေးမလဲ၊ ရုံးလဲ နောက်ကျရပြီ”
စုလေးနိုင်က လက်ပတ်နာရီငုံ့ကြည့်ကာ ရန်လိုနေသဖြင့် မှူးအတော်စိတ်ထိန်းလိုက်သည်။
“ငါ့ကြောင့် ဖြစ်တာမှမဟုတ်တာ၊ နင့်ဟာနင် မိုးမမြင်လေမမြင်ဖြစ်နေလို့ ခလုတ်တိုက်တာ”
“နင်မဟုတ်ရင် ဘယ်သရဲက နှောက်ယှက်မှာလဲ၊ ငါ့ကို ရုံးလိုက်ပို့”
စုလေးနိုင်က အကောင်းပကတိအတိုင်း ထ၍ မှူးကားပေါ်သို့ မျက်နှာမာစွာ တက်သွားသဖြင့် မှူးဒေါသထိန်းလိုက်သည်။ မပို့ပေးချင်သော်လည်း မကောင်းတတ်၍ တင်ခေါ်လာသည်။ မှူး ဟိုအရင်က လုပ်ခဲ့ဖူးသော ရုံးသို့ မောင်းလာခဲ့သည်။ ခဏကြာတော့ စုလေးနိုင်ဘက်မှ စကားစလာသည်။
“နင် နိုင်ငံခြားထွက်သွားတယ်လို့ ငါကြားပါတယ်၊ ခြေတစ်ဖက်မသန်တဲ့ ဒုက္ခိတမလေးဖြစ်သွားလို့ စိတ်မကောင်းပါဘူး၊ နေ့သစ်နဲ့ ကွဲသွားလို့ နင်လဲ စိတ်ထိခိုက်ရှာမှာပေါ့”
“နင်တော်တော်စကားတတ်နေတယ်ပေါ့မြေခွေးလိုကောင်မ၊ ငါ့ကိုများ ဒုက္ခိတ နင်သာ မကျိုးအောင်နေ ငါ့မှာက နိုင်ငံခြားမှာ သွားကုဖို့ ချမ်းသာတဲ့မိဘရှိသေးတယ်၊ နင်ဆိုရင် အသေခံမှပဲရမယ်”
မှူး ဘဝ၌ လူများကို ငွေကြေးကြွယ်ဝမှုဖြင့် တိုင်းတာ၍ ဘယ်တော့မှ မချိုးနှိမ်ခဲ့။ ဒက်ဒီတို့ ချမ်းသာလွန်း၍လည်း ဘယ်တော့မှ ဂုဏ်မမောက်ခဲ့။ မှူးက သူဌေးသမီးဟုပင် လူသိမခံချင်၍ သာမန်လူများကဲ့သို့ နေထိုင်သွားလာသည်။ ကိုယ်ဒူးကိုယ်ချွန်ခဲ့သည်။ ဒက်ဒီ၏စည်းစိမ်များသည် မှူးအပိုင်ဟု တစ်ခါမှ မတွေးဖူးခဲ့ပေ။ ယခုတော့ စုလေးနိုင်က မှူးကို ဒုက္ခိတမလေးဟု နှိမ်သဖြင့် မခံချင်စိတ်ကြောင့်သာ ချမ်းသာမှုအား ဂုဏ်ယူသလို ပြောခဲ့မိသည်။
"လူတိုင်းလူတိုင်းက ကိုယ့်ချစ်သူဆီက ဂရုစိုက်ကြင်နာမှုလိုချင်ကြတယ်၊ ချစ်တယ်လို့ တဖွဖွပြောတာ ကြားချင်တယ်၊ ကိုယ့်အတွက် ရည်ရွယ်တဲ့အရာတွေကို မက်မောကြတယ်၊ နင့်လို နှလုံသားမဲ့တဲ့မိန်းမကို ဘယ်သူမှအကြာကြီးမချစ်နိုင်ဘူး၊ ကိုနေ့သစ်ကိုပဲကြည့်၊ နင့်ကြွယ်ဝမှုက နင့်ကို မပျော်စေပါဘူးဟယ်”
“ဘယ်သူမှ အကြာကြီးမချစ်လဲ ငါဂရုမစိုက်လို့ စိတ်မဝင်စားလို့ ကြားထဲက နင်ပူလောင်မနေနဲ့၊ ငါ့နေထိုင်မှုပုံစံကို နင်ဝေဖန်စရာမလိုဘူး၊ ငါ့ကို လူတွေ ချစ်လာအောင် အပေါ်ယံမျက်နှာဖုံးတပ်ပြီး ပြုံးပြနေမှာမဟုတ်ဘူး၊ အဲဒါက ငါ့ရဲ့အဓိကပြဿနာဆိုရင် ငါဒီပုံစံအတိုင်းဆက်နေသွားမှာပဲ”
စုလေးနိုင်က မှူးကို ဂရုဏာသက်သလို သရော်သလို ကြည့်လာသည်။
"နင့်အနားမှာ တစ်ယောက်မှမရှိတောင် အဆင်ပြေချင်ယောင်ဆောင်နေမှာပေါ့၊ တော်တော်သနားစရာကောင်းနေပြီတေးယစ်မှူး”
မှူး ကားကို လမ်းဘေးထိုးရပ်ပစ်လိုက်သည်။
"ဆင်း ငါ့ကားပေါ်က အခုချက်ချင်းဆင်းလိုက် မဆင်းရင် ငါတွန်းချပစ်ရလိမ့်မယ်”
“အရိုင်းအစိုင်းမ၊ နင့်ကားကို သိပ်စီးချင်နေတယ်မထင်နဲ့၊ မိဘဂုဏ်နဲ့ ထည်နေတဲ့ဟာကများ”
စုလေးနိုင်က ဆဲဆို၍ ဆင်းသွားသဖြင့် မှူး တောက်ခေါက်ပစ်လိုက်သည်။ မှူးဘဝ၌ ဤမျှထိ ပေါ်တင် မနာလိုမုန်းထားစိတ်များသောမိန်းမကို တစ်ခါမှ မတွေ့ဖူး။ မှူးတို့မှာ ကြီးမားသော ကိုယ်ရေးကိုယ်တာရန်ငြိုးမရှိပါဘဲ စုလေးနိုင်က မှူး၏အရာရာကို မကောင်းမြင်စိတ်များထားနေသဖြင့် အံ့ဩရသည်။ ဆရာကန်တော့ပွဲသို့ သွားရန်အဖို့ မှူးမှာ စိတ်လည်း မကြည်တော့ပေ။
~
ကြီးကြီးမြကို ထမင်းပွဲကူပြင်ပေးရင်း သွင်ရိပ် အပြင်သို့ ခဏခဏလှမ်းကြည့်ကာ ဂဏှာမငြိမ်ဖြစ်နေသည်။ ညခုနှစ်နာရီထိုးသော်လည်း မမမှူး အိမ်ပြန်မရောက်သေး၍ သွင်ရိပ်မှာ နေထိုင်မရအောင် စိတ်ပူနေရသည်။ ၎င်းခံစားချက်ကို သွင်ရိပ်တစ်ဦးတည်းသာ ခံစားနေရ၏။ အဘယ်ကြောင့်ဆိုသော် သွင်ရိပ်မှ လွဲ၍ မမအိမ်ပြန်နောက်ကျနေခြင်းအား တစ်စုံတစ်ဦးမှ အလေးထားပြီး ပူပန်မနေကြပေ။
ထမင်းစားပွဲ၌ ဒေါ်တေးမာလာနှင့်ကိုရဲရင့်တို့ ထိုင်နေကြသည်။ သွင်ရိပ်က ထမင်းခူးထည့်ပေးပြီး လိုအပ်သမျှ ယူပေးရန် ခပ်လှမ်းလှမ်း၌ ရပ်နေမိသည်။
"အတူစားမယ်လေသွင်ရိပ်၊ ဘာလို့ အဲမှာ ရပ်နေတာလဲ”
"သွင်ရိပ်မဆာသေးလို့ပါ၊ ဆာမှပဲ စားလိုက်တော့မယ်''
"လင်မယားချင်းအတူတူစားရမှာပေါ့ကွ၊ မင်းက ဘာလို့''
"ရဲရင့်တော်တော့၊ မင်းဒက်ဒီ မအိပ်သေးဘူး အကုန်ကြားရတယ်၊ ဆူညံအောင် မလုပ်နဲ့''
ကိုရဲရင့်က သွင်ရိပ်ကို စိတ်အလိုမကျဖြစ်ကာ အပြစ်ပြောချင်နေ၍ ဒေါ်တေးမာလာက ဟန့်တားလိုက်သည်။ ကိုရဲရင့်က ဒေါသကြီးပြီး စိတ်ဆတ်သော်လည်း ဒေါ်တေးမာလာကိုတော့ ဘာမှမပြောရဲ။ ခေါင်းငုံ့နာခံတတ်၏။ ဒေါ်တေးမာလာမှာလည်း ဩဇာရှိလှသည်။ သူလက်ခံထား၍ ဤနေရာသို့ ရောက်လာသည်ဆိုသောအချိုးမျိုးမို့ ကိုရဲရင့်က ဒေါ်တေးမာလာကို အပိုးကျိုးသည်။
"သွင်ရိပ် သမီး ဒက်ဒီ့ကို ဆေးတိုက်ပြီးပြီလား”
"ဟုတ်ကဲ့မာမီ၊ ခုနကတည်းက ထမင်းကျွေးပြီးတာနဲ့ ဆေးတိုက်ပြီးပါပြီ၊ အခုအနားယူနေတယ်''
“အင်း ကောင်းတယ်၊ သွင်ရိပ်လဲ အိမ်မှာ နေပြီး အိမ်မှုကိစ္စပဲ လုပ်မနေနဲ့၊ ကိုယ့်မှာ အလုပ်ရှိတယ်မလား၊ သစ်ခွခြံကို မကြာခဏသွားကြည့် စစ်ဆေးပေါ့၊ လက်အောက်ငယ်သားနဲ့ချည်း လွတ်မထားနဲ့ကွယ်၊ လူတစ်ယောက်ကို ယုံတယ်ဆိုတာ အတိုင်းအတာရှိသင့်တယ်”
ပုံမှန်ဆိုလျှင် ဒေါ်တေးမာလာက သွင်ရိပ်ကို ဤမျှထိ အရေးတယူလုပ်ကာ ချိုသာစွာ စကားမပြောတတ်ပေ။ အထိုက်အလျောက်နေပြီး ဂရုမစိုက်။ ဘာစကားမှ မပြောဘဲ မျက်နှာထားတင်းနေခြင်းမှာ ပိုများသဖြင့် သွင်ရိပ်မှာ အနေအစားကြပ်ကာ အလိုလိုရှိန်သည်။
ဤစံအိမ်ရှိ လူအားလုံးမှာ သွင်ရိပ်နေခဲ့ဖူးသော ပတ်ဝန်းကျင်မှ လူများကဲ့သို့မဟုတ်။ မိသားစုဆိုပြီး နွေးထွေးမှုမရှိသလို မျက်နှာချင်းဆိုင်ဆုံသော်မှ အလိုမရှိလျှင် စကားမပြောကြ။ သွင်ရိပ်သိပ်ချစ်ရသောမမသည် ဤပတ်ဝန်းကျင်မျိုး၌ ကြီးပြင်းလာရ၏။ သွင်ရိပ် မီးဖိုချောင်သို့ တိတ်ဆိတ်စွာ ထွက်လာခဲ့သည်။ ကြီးကြီးမြက မီးဖိုချောင်ထဲ တရားစာအုပ်ထိုင်ဖတ်နေ၏။
"မနက်ကတည်းက အပြင်ထွက်သွားတာ အခုထိ ပြန်မလာသေးဘူး၊ ကြီးကြီးမြ တရားစာအုပ်ပဲ ဖတ်နေတော့မှာလား၊ မမမှူးကို ဖုန်းမဆက်ဘူးလားဟင်''
သွင်ရိပ် စိတ်အလိုမကျ၍ ကြီးကြီးမြကို ပူညံပူညံလုပ်မိသည်။
"မှူးလေးက ကလေးမှ မဟုတ်တာကွယ်၊ သူ့ကိုယ်သူ ထိမ်းသိမ်းစောင့်ရှောက်နိုင်ပါတယ်၊ အရင်ကဆို အိမ်ပြန်မလာတဲ့ညတွေရှိတယ်ကွယ့်၊ ဒီကလေးမနှယ် စိုးရိမ်တတ်ရန်ကော”
"ဟင်! ပြန်မလာတော့ မမက ဘယ်မှာ အိပ်တာလဲ၊ ဘာလို့ ပြန်မလာတာလဲဟင်''
"ဟိုတယ်မှာ သွားအိပ်တတ်တယ်လေ၊ ဒီသီရိမြုံစံအိမ်ကြီးက မွှန်းကြပ်လို့ ဖြစ်မှာပေါ့ကွယ်''
သွင်ရိပ် မျက်လုံးလေးပြူးကာ မေးတော့ ကြီးကြီးမြက ခပ်လေးလေးပြန်ဖြေနေသည်။ လေးနက်သော အဓိပ္ပါယ်တို့ ပါဝင်နေ၏။ ကိုရဲရင့်က ဒက်ဒီခေါ်နေတယ်ဟုဆိုကာ သွင်ရိပ်ကို လာခေါ်သဖြင့် သွင်ရိပ် လေးပင်စွာ ထလိုက်လာမိသည်။ ဒက်ဒီ့အိပ်ခန်းထဲ၌ နံရံကပ်TVကြီးကို အသံပိတ်ကာ သတင်းဖွင့်ထား၏။ ဒက်ဒီက ကုတင်ပေါ် ထိုင်နေပြီး ဒေါ်တေးမာလာနှင့်မမမှူးက ဆိုဖာရှည်တွင် ထိုင်နေကြသည်။ မမမှူး အိမ်ပြန်ရောက်ပြီမို့ သွင်ရိပ်မှာ စိုးရိမ်စိတ်ကလေးလျော့သွားရသည်။ သွင်ရိပ်တို့ မမ၏မျက်စောင်းထိုးဆိုဖာတွင် ဝင်ထိုင်လိုက်ကြသည်။
"ကျွန်တော်ခွင့်တောင်းစရာလေးရှိလို့ပါ၊ ဒက်ဒီလဲ အတော်အသင့်နေပြန်ကောင်းနေပြီဆိုတော့ ကျွန်တော်တို့နှစ်ယောက် ဟမ်းနီးမွန်းသွားမလားလို့လေ၊ ဒက်ဒီဘယ်လိူသဘောရလဲ”
ဘာတစ်ခုမှ မတိုင်ပင်ထားတော့ သွင်ရိပ် ကိုရဲရင့်ကို အံ့ဩတကြီး လှည့်ကြည့်လိုက်သည်။
"ဒက်ဒီက ဘာမှကန့်ကွက်စရာမရှိဘူး၊ မင်းတို့သဘောပဲလေ၊ အလုပ်မှာ လစ်ဟင်းမှုမရှိရင် ရပြီ''
"မှူးကတော့ ကန့်ကွက်တယ်''
ဘယ်လိုမှ မထင်မှတ်မထားသည့် မမထံမှ စကားကြောင့် သွင်ရိပ် အားကိုးတကြီးကြည့်မိသည်။
"မင်းခရီးထွက်ရင် ကုမ္ပဏီကို ဘယ်သူဦးစီးမှာလဲ၊ လုပ်ငန်းက တစ်ခုတည်းမဟုတ်ဘူးနော်၊ အခုတောင် ဒက်ဒီနေမကောင်းဖြစ်နေတဲ့အတောအတွင်း ရှယ်ယာဈေးထိုးကျပြီး ယိုင်နဲ့ချင်နေတာလေ၊ ရှယ်ယာဝင်တွေကို မင်းရဲ့အရည်းအချင်းမပြနိုင်သေးဘဲ ဟန်းနီးမွန်းထွက်ချင်သေးတာလား”
"အဲဒါ မမမှမကူညီတာ၊ ကျွန်တော့်ကိုချည်း အပြစ်တင်မနေပါနဲ့၊ ကျွန်တော်အကောင်းဆုံးကြိုးစားတာပဲ”
ကိုရဲရင့်က မမကို မကျေနပ်စွာ ပြန်ခံပြောနေသဖြင့် သွင်ရိပ်စိတ်ညစ်လာသည်။
"တတ်နိုင်သလောက် တို့ကူညီပေးတာပဲ၊ ဒီလောက်လေးမှ အဖြစ်မရှိရင် ဦးဆောင်ပြီး မအုပ်ချုပ်နိုင်ဘူးဆိုရင် လက်ရှိရာထူးက နှုတ်ထွက်ပြီး အရင်လို သူများခိုင်းမှ လုပ်တတ်တဲ့ လခစားပဲ လုပ်နေလိုက်တော့၊ ကုမ္ပဏီကို တို့ဦးစီးလိုက်တော့မယ်၊ မင်းကျေနပ်လား”
"မိမှူး ကိုယ့်မောင်လေးကို အနိုင်လိုချင်စိတ်နဲ့ ရိုင်းရိုင်းစိုင်းစိုင်းမပြောနဲ့''
ဦးမင်းသော်က မမမှူးကို အော်လိုက်သဖြင့် သွင်ရိပ်လန့်သွားမိသည်။ မမက ဂရုမထားသလို မျက်နှာကို ခပ်မဲ့မဲ့တင်းထား၏။ ကိုရဲရင့်က အံကြိတ်ကာ ဒေါသထိန်းနေသည်။
"ကာယကံရှင်ကို မေးမယ်၊ ကလေးမလေးရော ဘယ်လိုသဘောရလဲ၊ ဟန်းနီးမွန်းထွက်ချင်လား”
"သွင်ရိပ်ဆန္ဒအရဆိုရင် ဟန်းနီးမွန်းမထွက်လဲ အဆင်ပြေပါတယ်၊ ဒက်ဒီက အရမ်းနေမကောင်းသေးတော့ သွင်ရိပ်ပြုစုပါရစေ၊ သစ်ခွခြံကိုလဲ အချိန်ပေးရဦးမယ်ဆိုတော့ ခရီးက နောက်မှ သွားလဲ ဘာမှမဖြစ်ပါဘူး''
"ကြားကြတယ်နော်၊ သွင်ရိပ်က နောက်မှသွားမယ်တဲ့၊ သွင်ရိပ်သဘောအတိုင်း လုပ်လိုက်ကြ''
ကိုရဲရင့်က သွင်ရိပ်လက်ကောက်ဝတ်ကို ခပ်ကြမ်းကြမ်းဆွဲခေါ်သွားသည်။ သွင်ရိပ် မမကို ငေးရင်း လိုက်သွားရ၏။ ဒုတိယထပ်သို့ ကြောင်လိမ်လှေကားအတိုင်း ဆွဲခေါ်လာသည်။ ကိုရဲရင့်က အခန်းထဲ ရောက်တော့ သွင်ရိပ်ကို တွန်းပစ်လိုက်သည်။
“မင်း ငါ့ကို အရှက်ခွဲလိုက်တာလား၊ ဟမ် မင်းကွာ မင်းက ဘာလို့ ငါ့ဘက်က မပါဘဲ ဟိုမိန်းမဘက်က ပါနေရတာလဲ၊ မင်း ခေါင်းထဲ ဘာတွေတွေးနေလဲကွ”
"ဟိုမိန်းမလို့ မပြောပါနဲ့၊ ရှင့်အစ်မပါ''
တစ်ခါမှ ဒေါသမထွက်စဖူး မမကို ထိတော့ သွင်ရိပ် တော်တော်စိတ်တိုသွားသည်။
"အစ်မဖြစ်နေလို့ပေါ့ကွ၊ တော်တော်လေးသည်းခံထားရတာ၊ သွေးတစ်ဝက်သာမတူရင် သတ်ပစ်မိလိမ့်မယ်၊ ဒီမိန်းမက ငါ့ကို ဘယ်တုန်းကမှ မောင်လေးလို့ မသတ်မှတ်ခဲ့ဖူးဘူးကွ”
သွင်ရိပ် ကိုရဲရင့်ကို ပါးစပ်အဟောင်းသားကြည့်နေမိသည်။ ကိုရဲရင့်နှင့်မမမှူးက မတည့်သော်လည်း ဒေါသကြီးပုံချင်းမှာ အလွန်တူနေ၍ အံ့ဩရပါသေးသည်။
~
သွင်ရိပ် သစ်သီးလင်ဗန်းကိုင်၍ အပေါ်ဆုံးထပ်ရှိ ဘုရားဆောင်သို့ တက်လာသည်။ မမအခန်းဘက်လှည့်ကြည့်မိသေး၏။ လမ်းတစ်ဝက်၌ သွင်ရိပ်ခြေလှမ်းတို့ တုံ့နှေးသွားရသည်။ မမမှူးက ဘုရား၌ ပန်းအိုးလဲနေ၏။ အညိုရောင်ချည်သားမြန်မာဝတ်စုံဝတ်ထားပြီး ပခုံးပေါ် ပဝါတင်ထားကာ ဆံနွယ်ရှည်ကို ခပ်နိမ့်နိမ့်စည်းနှောင်ထားသည်။ မမ၏ကျောဘက်ဟန်မှာ သိပ်အေးချမ်းနေ၏။ မမက ဘုရားတွင် နှင်းဆီပန်းကပ်လှူ၍ ရှိခိုးကန်တော့နေသဖြင့် သွင်ရိပ် ရပ်ကြည့်နေရာမှ ဘုရားဆောင်တွင်းသို့ ခြေသံဖွဖွလေးဖြင့် ဝင်လာသည်။ သစ်သီးလင်ဗန်းကို ဆွမ်းတော်တင်၍ မမကို ခိုးကြည့်မိသည်။ မမက မျက်လုံးမှိတ် လက်အုပ်ချီ၍ ဘုရားကန်တော့နေတုန်းမို့ သွင်ရိပ် စူးစမ်းကြည့်မိသည်။ မမက ပါးနှစ်ဖက်၌ သနပ်ခါးပါးကွက်ကြားကို ညီနေအောင် လိမ်းထားသည်။ မမက ချမ်းသာလွန်းသော်လည်း ရိုးရိုးရှင်းရှင်း နေတတ်၍ သွင်ရိပ်သဘောကျမိသည်။ မမ ဘုရား.ရှိခိုးပြီးချိန်ထိ ဘေးတွင် ပုံ့ပုံ့လေး ထိုင်နေမိတော့ မမ ဦးချပြီး မျက်လုံးပြန်ဖွင့်ချိန် ကိုယ်လေးတုန်ကာ လန့်နေ၏။
“အို! လန့်လိုက်တာ၊ အသံမပေးဘာမပေးနဲ့”
“ခစ်ခစ်…မမလန့်တာ ချစ်စရာလေး”
မမက ပခုံးတင်ပဝါကို နေရာတကျထားရင်း သွင်ရိပ်ကို မျက်စောင်းလှည့်ထိုးနေသည်။
“သူများဘုရားခိုးနေတာ နှောက်ယှက်နေတာ မင်းငရဲကြီးမှာ မကြောက်ဘူးလား”
"သွင်ရိပ် ဘယ်မှာ နှောက်ယှက်နေလို့လဲ၊ ဒီတိုင်းလေး မမကို ထိုင်ကြည့်နေတာကို အကြာကြီးပဲနော်၊ ဘာတွေ ဆုတောင်းတာလဲဟင်၊ သွင်ရိပ်ကို နည်းနည်းလေးပြောပြနော်”
မမက ဘုရားဆောင်မှ ထွက်သွားတော့ သွင်ရိပ် နောက်မှ ကပ်လိုက်ကာ မေးနေမိသည်။
"ဘာဆုတောင်းရမှာလဲ၊ နိဗ္ဗာန်ကို အမြန်ဆုံးမျက်မှောက်ပြုနိုင်ရပါလို၏ပေါ့”
"အဲဒါပဲလား၊ နိဗ္ဗာန်မရောက်ခင်စပ်ကြား သွင်ရိပ်နဲ့ ဘဝဆက်တိုင်းဆုံစည်းရပါလို၏ရော မပါဘူးလား၊ သွင်ရိပ်ဆို အမြဲဆုတောင်းတာ''
"နောက်ဆို ဒီလိုမျိုးလုံးဝဆုမတောင်းနဲ့''
မမက ခပ်တင်းတင်းပြော၍ အခန်းထဲ ဝင်သွားတော့ သွင်ရိပ် ဝင်လိုက်သွားမိသည်။
"ဘာလို့လဲ၊ သွင်ရိပ်က မမကို ချစ်တယ်လေ၊ ကိုယ်ချစ်တဲ့သူနဲ့ ဘဝဆက်တိုင်း ဆုံစည်းချင်တာပေါ့''
မမက ဘီရိုဖွင့်၍ တစ်ခုခုကို ရှာဖွေနေသည်။ သွင်ရိပ် မမခါးကို နောက်မှ ဖက်လိုက်သည်။ မမက သက်ပြင်းဟင်းခနဲချ၍ သွင်ရိပ်လက်ကို ဖယ်ချကာ ကုတင်ပေါ် ခြေဆင်းထိုင်တော့ သွင်ရိပ်လည်း ဘေးတွင် ကပ်ထိုင်လိုက်သည်။
"ပဋာစာရီဇာတ်ကြောင်း သွင်ရိပ်ကြားဖူးလား၊ လင်ကို မြွေကိုက် သားကြီးရေနစ် သားငယ်စွန်ချီ မိဘနှစ်ပါးနဲ့အစ်ကိုကြီး မုန်းတိုင်းကြောင့် အိမ်ဖိ အသက်ဆုံးလို့ အဝတ်မကပ်နိုင်အောင် ရူးသွားတဲ့ အမျိုးသမီးလေ''
"ဟုတ်၊ သွင်ရိပ်ကြားဖူးပါတယ်မမ”
"တကယ်တော့ ဒီခြောက်ဦးက အတိတ်ဘဝတုန်းက ဓားပြတွေဖြစ်ခဲ့တာလေ၊ ပဋာစာရီရဲ့မိသားစုအားလုံးကို ရက်ရက်စက်စက်သတ်ပြီး အိမ်ကို မီးရှို့ခဲ့ကြတယ်၊ ဒါကြောင့် ပဋာစာရီက နောက်ဘဝကျရင် အဲဒီဓားပြတွေ သူ့မျက်စိရှေ့မှာ အသက်သေဆုံးတာ မြင်ရပါလို၏လို့ ဆုတောင်းခဲ့တာ၊ နောက်ဘဝကျတော့ သူမုန်းတဲ့ဓားပြတွေက ချစ်တဲ့မိသားစုလာဖြစ်နေပြီး ဆုတောင်းကြောင့် သူ့မျက်စိရှေ့ သေပွဲဝင်သွားတာလေ''
"အဲဒါ သူဆုတောင်းမှားခဲ့လို့ပေါ့နော်၊ သနားပါတယ်''
“ဒါကြောင့် မင်းလဲ နောက်ဘဝကျရင် မမနဲ့ ဆုံစည်းရပါလို၏ဆုမတောင်းပါနဲ့၊ နောင်ဘဝကျ မမက မင်းမုန်းတဲ့သူလဲ ဖြစ်နေနိုင်တာပဲ၊ အဲဒီအချိန်ကျ ကိုယ်မုန်းတဲ့သူနဲ့ ဆုံစည်းနေရရင် နာကျင်ဖို့ကောင်းတယ်၊ အခုတောင် အတိတ်ဘဝတုန်းက ဆုတောင်းမှားခဲ့သလားမှမသိတာ”
"မမကို ချစ်မိတဲ့အတွက် သွင်ရိပ်နောင်တမရပါဘူး၊ သွင်ရိပ်လေ မမအနားမှာ ရှိနေချင်ရုံနဲ့ ဘာကိုမှမတွေးနိုင်ဘဲ ဒီအိမ်ကို ရောက်လာခဲ့တာပါ၊ မမအနားမှာ ရှိရရင် အခုလိုလေးနေရလဲ သွင်ရိပ်ကျေနပ်တယ်”
သွင်ရိပ် မမလက်ကို အသာဆုပ်ကိုင်၍ မမမျက်နှာကို ကြည့်နေမိသည်။ မမကလည်း သွင်ရိပ်ကို ရှုပ်ထွေးတွေဝေစွာ ပြန်ကြည့်နေ၏။ သွင်ရိပ် မမနှုတ်ခမ်းကို ထိတယ်ဆိုရုံ အသာမော့နမ်းလိုက်သည်။ မမက မတွန်းဖယ်သလို ရုန်းကန်ခြင်းလည်းမရှိ။ ငြိမ်သက်နေခြင်းမှာ မီးစိမ်းပြခြင်းမျိုးလည်းမဟုတ်။
"ဒေါက်...ဒေါက်''
"မမ ကျွန်တော်ပါ၊ တံခါးဖွင့်ပါဦး''
ကိုရဲရင့်က အခန်းတံခါးလာထုနေသဖြင့် သွင်ရိပ်လန့်ကာ ထရပ်လိုက်သည်။ မမက သွင်ရိပ်ကို တစ်ချက်ကြည့်၍ တံခါးဖွင့်ရန် ထတော့ သွင်ရိပ် မမလက်ကို လှမ်းဆွဲမိတော့သည်။
"သွင်ရိပ်ရှိနေတာ မပြောပါနဲ့နော်၊ သွင်ရိပ်ဒုက္ခရောက်သွားနိုင်လို့ မမကူညီပေးပါနော်”
မမက နှုတ်ခမ်းမဲ့ပစ်၍ သွင်ရိပ်ကို သရော်သလို ကြည့်သည်။
"မင်း ဘာလုပ်နေလဲဆိုတာရော တွေးမိရဲ့လား၊ မင်းက ရဲရင့်မိန်းမဆိုတာ မေ့နေတာလား၊ မင်း မမနဲ့ လာဖောက်ပြန်နေတာလေ၊ မင်းနဲ့အတူရောပြီး လိုက်မိုက်နေမယ်ထင်နေလား”
"ဖောက်ပြန်နေတာမဟုတ်ပါဘူး၊ သွင်ရိပ်တို့က အခုချိန်ထိ လင်မယားအရာလဲ မမြှောက်ဘူး၊ သွင်ရိပ်လဲ အသိအမှတ်မပြုဘူး၊ သွင်ရိပ် ညတိုင်း မမနဲ့ပဲ လာအိပ်တယ်၊ မမတစ်ယောက်ထဲကိုပဲ ချစ်ခဲ့တာလေ”
မမက သွင်ရိပ်လက်ကို ဖြုတ်ချ၍ တံခါးသွားဖွင့်နေသဖြင့် သွင်ရိပ် အခန်းထောင့်၌ ကွယ်ရပ်လိုက်သည်။
"ကျွန်တော် သွင်ရိပ်ကို မတွေ့လို့ ဒီမှာများရှိမလားလို့လာရှာတာပါ၊ မမရော တွေ့သေးလား&
“သွင်ရိပ်ပျောက်တာနဲ့ တို့အခန်းမှာ လာရှာရအောင် ဒီနေရာက မည်သူမဆို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရတဲ့ ဇရပ်အိုမဟုတ်ဘူး၊ ပြန်သွားလိုက်ပါ”
ကိုရဲရင့်က အခန်းတွင်း တစ်ချက်ဝေ့ကြည့်၍ စိတ်လျှော့ကာ အောက်ထပ်သို့ ပြန်ဆင်းသွားသည်။ သွင်ရိပ် ခဏကြာမှ ထောင့်မှ ထွက်၍ မမကို ညှိုးငယ်စွာ ရပ်ကြည့်နေမိသည်။ မမက ဘာစကားမှမပြောဘဲ စာကြည့်စားပွဲ၌ Laptopဖွင့်ကာ အလုပ်လုပ်နေသဖြင့် သွင်ရိပ် တိတ်ဆိတ်စွာ ပင့်သက်ရှိုက်မိသည်။
====
ဆက်ရန်။
#ကြွေ
လင္ခ႐ုဆာကားႀကီးသည္ ကတၱရာလမ္းမေပၚ အရွိန္ျဖင့္ ေျပးလႊားေနသည္။ မနက္ခင္း ေက်ာင္းသြား႐ုံးသြားခ်ိန္မို႔ ကားလမ္းမ်ား အေတာ္ပိတ္၏။ မႉးမွာ လမ္းၾကားမ်ားဘက္ ေကြ႕ေရွာင္ေမာင္းရင္း အေတာ္စိတ္မရွည္ျဖစ္ေနသည္။ ဤေန႕ ေက်ာင္းသားေဟာင္းမ်ားေတြ႕ဆုံကာ ဆရာကန္ေတာ့ပြဲရွိ၏။ ယမင္းကလည္း ဖုန္းဆက္ေနသည္။ ေနာက္က်ေနၿပီမို႔ အတတ္နိုင္ဆုံးအရွိန္ျမင့္လိုက္ေတာ့ ေဘးတြင္ လမ္းေလွ်ာက္ေနေသာ မိန္းကေလးမွာ မႉး ကားျဖတ္ခ်ိန္ လဲက်သြား၏။ ကားမတိုက္မိမပြန္းမိပါဘဲ သူ႕ဘာသာ လဲက်သြား၍ စိတ္တိုစြာ ေတာက္ေခါက္လိုက္သည္။ မႉး ကားရပ္၍ တုတ္ေကာက္ျဖင့္ ေထာက္ရင္း ထိုမိန္းကေလးကို ဆင္းၾကည့္လိုက္သည္။ စုေလးနိုင္ျဖစ္ေန၍ မႉး အေတာ္စိတ္မၾကည္ျဖစ္သြားသည္။
“ေတးယစ္မႉး နင္ကိုး ဟဲ့ နင္ကားဘယ္လိုေမာင္းတာလဲ၊ လမ္းေဘးမွာ သြားေနတဲ့သူကို လူမထင္တာလား၊ ငါ့ေျခေထာက္နာသြားၿပီ၊ နင္ဘာျပန္လုပ္ေပးမလဲ၊ ႐ုံးလဲ ေနာက္က်ရၿပီ”
စုေလးနိုင္က လက္ပတ္နာရီငုံ႕ၾကည့္ကာ ရန္လိုေနသျဖင့္ မႉးအေတာ္စိတ္ထိန္းလိုက္သည္။
“ငါ့ေၾကာင့္ ျဖစ္တာမွမဟုတ္တာ၊ နင့္ဟာနင္ မိုးမျမင္ေလမျမင္ျဖစ္ေနလို႔ ခလုတ္တိုက္တာ”
“နင္မဟုတ္ရင္ ဘယ္သရဲက ႏွောက္ယွက္မွာလဲ၊ ငါ့ကို ႐ုံးလိုက္ပို႔”
စုေလးနိုင္က အေကာင္းပကတိအတိုင္း ထ၍ မႉးကားေပၚသို႔ မ်က္ႏွာမာစြာ တက္သြားသျဖင့္ မႉးေဒါသထိန္းလိုက္သည္။ မပို႔ေပးခ်င္ေသာ္လည္း မေကာင္းတတ္၍ တင္ေခၚလာသည္။ မႉး ဟိုအရင္က လုပ္ခဲ့ဖူးေသာ ႐ုံးသို႔ ေမာင္းလာခဲ့သည္။ ခဏၾကာေတာ့ စုေလးနိုင္ဘက္မွ စကားစလာသည္။
“နင္ နိုင္ငံျခားထြက္သြားတယ္လို႔ ငါၾကားပါတယ္၊ ေျခတစ္ဖက္မသန္တဲ့ ဒုကၡိတမေလးျဖစ္သြားလို႔ စိတ္မေကာင္းပါဘူး၊ ေန႕သစ္နဲ႕ ကြဲသြားလို႔ နင္လဲ စိတ္ထိခိုက္ရွာမွာေပါ့”
“နင္ေတာ္ေတာ္စကားတတ္ေနတယ္ေပါ့ေျမေခြးလိုေကာင္မ၊ ငါ့ကိုမ်ား ဒုကၡိတ နင္သာ မက်ိဳးေအာင္ေန ငါ့မွာက နိုင္ငံျခားမွာ သြားကုဖို႔ ခ်မ္းသာတဲ့မိဘရွိေသးတယ္၊ နင္ဆိုရင္ အေသခံမွပဲရမယ္”
မႉး ဘဝ၌ လူမ်ားကို ေငြေၾကးႂကြယ္ဝမႈျဖင့္ တိုင္းတာ၍ ဘယ္ေတာ့မွ မခ်ိဳးႏွိမ္ခဲ့။ ဒက္ဒီတို႔ ခ်မ္းသာလြန္း၍လည္း ဘယ္ေတာ့မွ ဂုဏ္မေမာက္ခဲ့။ မႉးက သူေဌးသမီးဟုပင္ လူသိမခံခ်င္၍ သာမန္လူမ်ားကဲ့သို႔ ေနထိုင္သြားလာသည္။ ကိုယ္ဒူးကိုယ္ခြၽန္ခဲ့သည္။ ဒက္ဒီ၏စည္းစိမ္မ်ားသည္ မႉးအပိုင္ဟု တစ္ခါမွ မေတြးဖူးခဲ့ေပ။ ယခုေတာ့ စုေလးနိုင္က မႉးကို ဒုကၡိတမေလးဟု ႏွိမ္သျဖင့္ မခံခ်င္စိတ္ေၾကာင့္သာ ခ်မ္းသာမႈအား ဂုဏ္ယူသလို ေျပာခဲ့မိသည္။
"လူတိုင္းလူတိုင္းက ကိုယ့္ခ်စ္သူဆီက ဂ႐ုစိုက္ၾကင္နာမႈလိုခ်င္ၾကတယ္၊ ခ်စ္တယ္လို႔ တဖြဖြေျပာတာ ၾကားခ်င္တယ္၊ ကိုယ့္အတြက္ ရည္႐ြယ္တဲ့အရာေတြကို မက္ေမာၾကတယ္၊ နင့္လို ႏွလုံသားမဲ့တဲ့မိန္းမကို ဘယ္သူမွအၾကာႀကီးမခ်စ္နိုင္ဘူး၊ ကိုေန႕သစ္ကိုပဲၾကည့္၊ နင့္ႂကြယ္ဝမႈက နင့္ကို မေပ်ာ္ေစပါဘူးဟယ္”
“ဘယ္သူမွ အၾကာႀကီးမခ်စ္လဲ ငါဂ႐ုမစိုက္လို႔ စိတ္မဝင္စားလို႔ ၾကားထဲက နင္ပူေလာင္မေနနဲ႕၊ ငါ့ေနထိုင္မႈပုံစံကို နင္ေဝဖန္စရာမလိုဘူး၊ ငါ့ကို လူေတြ ခ်စ္လာေအာင္ အေပၚယံမ်က္ႏွာဖုံးတပ္ၿပီး ၿပဳံးျပေနမွာမဟုတ္ဘူး၊ အဲဒါက ငါ့ရဲ႕အဓိကျပႆနာဆိုရင္ ငါဒီပုံစံအတိုင္းဆက္ေနသြားမွာပဲ”
စုေလးနိုင္က မႉးကို ဂ႐ုဏာသက္သလို သေရာ္သလို ၾကည့္လာသည္။
"နင့္အနားမွာ တစ္ေယာက္မွမရွိေတာင္ အဆင္ေျပခ်င္ေယာင္ေဆာင္ေနမွာေပါ့၊ ေတာ္ေတာ္သနားစရာေကာင္းေနၿပီေတးယစ္မႉး”
မႉး ကားကို လမ္းေဘးထိုးရပ္ပစ္လိုက္သည္။
"ဆင္း ငါ့ကားေပၚက အခုခ်က္ခ်င္းဆင္းလိုက္ မဆင္းရင္ ငါတြန္းခ်ပစ္ရလိမ့္မယ္”
“အရိုင္းအစိုင္းမ၊ နင့္ကားကို သိပ္စီးခ်င္ေနတယ္မထင္နဲ႕၊ မိဘဂုဏ္နဲ႕ ထည္ေနတဲ့ဟာကမ်ား”
စုေလးနိုင္က ဆဲဆို၍ ဆင္းသြားသျဖင့္ မႉး ေတာက္ေခါက္ပစ္လိုက္သည္။ မႉးဘဝ၌ ဤမွ်ထိ ေပၚတင္ မနာလိုမုန္းထားစိတ္မ်ားေသာမိန္းမကို တစ္ခါမွ မေတြ႕ဖူး။ မႉးတို႔မွာ ႀကီးမားေသာ ကိုယ္ေရးကိုယ္တာရန္ၿငိဳးမရွိပါဘဲ စုေလးနိုင္က မႉး၏အရာရာကို မေကာင္းျမင္စိတ္မ်ားထားေနသျဖင့္ အံ့ဩရသည္။ ဆရာကန္ေတာ့ပြဲသို႔ သြားရန္အဖို႔ မႉးမွာ စိတ္လည္း မၾကည္ေတာ့ေပ။
~
ႀကီးႀကီးျမကို ထမင္းပြဲကူျပင္ေပးရင္း သြင္ရိပ္ အျပင္သို႔ ခဏခဏလွမ္းၾကည့္ကာ ဂဏွာမၿငိမ္ျဖစ္ေနသည္။ ညခုႏွစ္နာရီထိုးေသာ္လည္း မမမႉး အိမ္ျပန္မေရာက္ေသး၍ သြင္ရိပ္မွာ ေနထိုင္မရေအာင္ စိတ္ပူေနရသည္။ ၎ခံစားခ်က္ကို သြင္ရိပ္တစ္ဦးတည္းသာ ခံစားေနရ၏။ အဘယ္ေၾကာင့္ဆိုေသာ္ သြင္ရိပ္မွ လြဲ၍ မမအိမ္ျပန္ေနာက္က်ေနျခင္းအား တစ္စုံတစ္ဦးမွ အေလးထားၿပီး ပူပန္မေနၾကေပ။
ထမင္းစားပြဲ၌ ေဒၚေတးမာလာႏွင့္ကိုရဲရင့္တို႔ ထိုင္ေနၾကသည္။ သြင္ရိပ္က ထမင္းခူးထည့္ေပးၿပီး လိုအပ္သမွ် ယူေပးရန္ ခပ္လွမ္းလွမ္း၌ ရပ္ေနမိသည္။
"အတူစားမယ္ေလသြင္ရိပ္၊ ဘာလို႔ အဲမွာ ရပ္ေနတာလဲ”
"သြင္ရိပ္မဆာေသးလို႔ပါ၊ ဆာမွပဲ စားလိုက္ေတာ့မယ္''
"လင္မယားခ်င္းအတူတူစားရမွာေပါ့ကြ၊ မင္းက ဘာလို႔''
"ရဲရင့္ေတာ္ေတာ့၊ မင္းဒက္ဒီ မအိပ္ေသးဘူး အကုန္ၾကားရတယ္၊ ဆူညံေအာင္ မလုပ္နဲ႕''
ကိုရဲရင့္က သြင္ရိပ္ကို စိတ္အလိုမက်ျဖစ္ကာ အျပစ္ေျပာခ်င္ေန၍ ေဒၚေတးမာလာက ဟန႔္တားလိုက္သည္။ ကိုရဲရင့္က ေဒါသႀကီးၿပီး စိတ္ဆတ္ေသာ္လည္း ေဒၚေတးမာလာကိုေတာ့ ဘာမွမေျပာရဲ။ ေခါင္းငုံ႕နာခံတတ္၏။ ေဒၚေတးမာလာမွာလည္း ဩဇာရွိလွသည္။ သူလက္ခံထား၍ ဤေနရာသို႔ ေရာက္လာသည္ဆိုေသာအခ်ိဳးမ်ိဳးမို႔ ကိုရဲရင့္က ေဒၚေတးမာလာကို အပိုးက်ိဳးသည္။
"သြင္ရိပ္ သမီး ဒက္ဒီ့ကို ေဆးတိုက္ၿပီးၿပီလား”
"ဟုတ္ကဲ့မာမီ၊ ခုနကတည္းက ထမင္းေကြၽးၿပီးတာနဲ႕ ေဆးတိုက္ၿပီးပါၿပီ၊ အခုအနားယူေနတယ္''
“အင္း ေကာင္းတယ္၊ သြင္ရိပ္လဲ အိမ္မွာ ေနၿပီး အိမ္မႈကိစၥပဲ လုပ္မေနနဲ႕၊ ကိုယ့္မွာ အလုပ္ရွိတယ္မလား၊ သစ္ခြၿခံကို မၾကာခဏသြားၾကည့္ စစ္ေဆးေပါ့၊ လက္ေအာက္ငယ္သားနဲ႕ခ်ည္း လြတ္မထားနဲ႕ကြယ္၊ လူတစ္ေယာက္ကို ယုံတယ္ဆိုတာ အတိုင္းအတာရွိသင့္တယ္”
ပုံမွန္ဆိုလွ်င္ ေဒၚေတးမာလာက သြင္ရိပ္ကို ဤမွ်ထိ အေရးတယူလုပ္ကာ ခ်ိဳသာစြာ စကားမေျပာတတ္ေပ။ အထိုက္အေလ်ာက္ေနၿပီး ဂ႐ုမစိုက္။ ဘာစကားမွ မေျပာဘဲ မ်က္ႏွာထားတင္းေနျခင္းမွာ ပိုမ်ားသျဖင့္ သြင္ရိပ္မွာ အေနအစားၾကပ္ကာ အလိုလိုရွိန္သည္။
ဤစံအိမ္ရွိ လူအားလုံးမွာ သြင္ရိပ္ေနခဲ့ဖူးေသာ ပတ္ဝန္းက်င္မွ လူမ်ားကဲ့သို႔မဟုတ္။ မိသားစုဆိုၿပီး ႏြေးေထြးမႈမရွိသလို မ်က္ႏွာခ်င္းဆိုင္ဆုံေသာ္မွ အလိုမရွိလွ်င္ စကားမေျပာၾက။ သြင္ရိပ္သိပ္ခ်စ္ရေသာမမသည္ ဤပတ္ဝန္းက်င္မ်ိဳး၌ ႀကီးျပင္းလာရ၏။ သြင္ရိပ္ မီးဖိုေခ်ာင္သို႔ တိတ္ဆိတ္စြာ ထြက္လာခဲ့သည္။ ႀကီးႀကီးျမက မီးဖိုေခ်ာင္ထဲ တရားစာအုပ္ထိုင္ဖတ္ေန၏။
"မနက္ကတည္းက အျပင္ထြက္သြားတာ အခုထိ ျပန္မလာေသးဘူး၊ ႀကီးႀကီးျမ တရားစာအုပ္ပဲ ဖတ္ေနေတာ့မွာလား၊ မမမႉးကို ဖုန္းမဆက္ဘူးလားဟင္''
သြင္ရိပ္ စိတ္အလိုမက်၍ ႀကီးႀကီးျမကို ပူညံပူညံလုပ္မိသည္။
"မႉးေလးက ကေလးမွ မဟုတ္တာကြယ္၊ သူ႕ကိုယ္သူ ထိမ္းသိမ္းေစာင့္ေရွာက္နိုင္ပါတယ္၊ အရင္ကဆို အိမ္ျပန္မလာတဲ့ညေတြရွိတယ္ကြယ့္၊ ဒီကေလးမႏွယ္ စိုးရိမ္တတ္ရန္ေကာ”
"ဟင္! ျပန္မလာေတာ့ မမက ဘယ္မွာ အိပ္တာလဲ၊ ဘာလို႔ ျပန္မလာတာလဲဟင္''
"ဟိုတယ္မွာ သြားအိပ္တတ္တယ္ေလ၊ ဒီသီရိၿမဳံစံအိမ္ႀကီးက မႊန္းၾကပ္လို႔ ျဖစ္မွာေပါ့ကြယ္''
သြင္ရိပ္ မ်က္လုံးေလးျပဴးကာ ေမးေတာ့ ႀကီးႀကီးျမက ခပ္ေလးေလးျပန္ေျဖေနသည္။ ေလးနက္ေသာ အဓိပၸါယ္တို႔ ပါဝင္ေန၏။ ကိုရဲရင့္က ဒက္ဒီေခၚေနတယ္ဟုဆိုကာ သြင္ရိပ္ကို လာေခၚသျဖင့္ သြင္ရိပ္ ေလးပင္စြာ ထလိုက္လာမိသည္။ ဒက္ဒီ့အိပ္ခန္းထဲ၌ နံရံကပ္TVႀကီးကို အသံပိတ္ကာ သတင္းဖြင့္ထား၏။ ဒက္ဒီက ကုတင္ေပၚ ထိုင္ေနၿပီး ေဒၚေတးမာလာႏွင့္မမမႉးက ဆိုဖာရွည္တြင္ ထိုင္ေနၾကသည္။ မမမႉး အိမ္ျပန္ေရာက္ၿပီမို႔ သြင္ရိပ္မွာ စိုးရိမ္စိတ္ကေလးေလ်ာ့သြားရသည္။ သြင္ရိပ္တို႔ မမ၏မ်က္ေစာင္းထိုးဆိုဖာတြင္ ဝင္ထိုင္လိုက္ၾကသည္။
"ကြၽန္ေတာ္ခြင့္ေတာင္းစရာေလးရွိလို႔ပါ၊ ဒက္ဒီလဲ အေတာ္အသင့္ေနျပန္ေကာင္းေနၿပီဆိုေတာ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ဟမ္းနီးမြန္းသြားမလားလို႔ေလ၊ ဒက္ဒီဘယ္လိူသေဘာရလဲ”
ဘာတစ္ခုမွ မတိုင္ပင္ထားေတာ့ သြင္ရိပ္ ကိုရဲရင့္ကို အံ့ဩတႀကီး လွည့္ၾကည့္လိုက္သည္။
"ဒက္ဒီက ဘာမွကန႔္ကြက္စရာမရွိဘူး၊ မင္းတို႔သေဘာပဲေလ၊ အလုပ္မွာ လစ္ဟင္းမႈမရွိရင္ ရၿပီ''
"မႉးကေတာ့ ကန႔္ကြက္တယ္''
ဘယ္လိုမွ မထင္မွတ္မထားသည့္ မမထံမွ စကားေၾကာင့္ သြင္ရိပ္ အားကိုးတႀကီးၾကည့္မိသည္။
"မင္းခရီးထြက္ရင္ ကုမၸဏီကို ဘယ္သူဦးစီးမွာလဲ၊ လုပ္ငန္းက တစ္ခုတည္းမဟုတ္ဘူးေနာ္၊ အခုေတာင္ ဒက္ဒီေနမေကာင္းျဖစ္ေနတဲ့အေတာအတြင္း ရွယ္ယာေဈးထိုးက်ၿပီး ယိုင္နဲ႕ခ်င္ေနတာေလ၊ ရွယ္ယာဝင္ေတြကို မင္းရဲ႕အရည္းအခ်င္းမျပနိုင္ေသးဘဲ ဟန္းနီးမြန္းထြက္ခ်င္ေသးတာလား”
"အဲဒါ မမမွမကူညီတာ၊ ကြၽန္ေတာ့္ကိုခ်ည္း အျပစ္တင္မေနပါနဲ႕၊ ကြၽန္ေတာ္အေကာင္းဆုံးႀကိဳးစားတာပဲ”
ကိုရဲရင့္က မမကို မေက်နပ္စြာ ျပန္ခံေျပာေနသျဖင့္ သြင္ရိပ္စိတ္ညစ္လာသည္။
"တတ္နိုင္သေလာက္ တို႔ကူညီေပးတာပဲ၊ ဒီေလာက္ေလးမွ အျဖစ္မရွိရင္ ဦးေဆာင္ၿပီး မအုပ္ခ်ဳပ္နိုင္ဘူးဆိုရင္ လက္ရွိရာထူးက ႏႈတ္ထြက္ၿပီး အရင္လို သူမ်ားခိုင္းမွ လုပ္တတ္တဲ့ လခစားပဲ လုပ္ေနလိုက္ေတာ့၊ ကုမၸဏီကို တို႔ဦးစီးလိုက္ေတာ့မယ္၊ မင္းေက်နပ္လား”
"မိမႉး ကိုယ့္ေမာင္ေလးကို အနိုင္လိုခ်င္စိတ္နဲ႕ ရိုင္းရိုင္းစိုင္းစိုင္းမေျပာနဲ႕''
ဦးမင္းေသာ္က မမမႉးကို ေအာ္လိုက္သျဖင့္ သြင္ရိပ္လန့္သြားမိသည္။ မမက ဂ႐ုမထားသလို မ်က္ႏွာကို ခပ္မဲ့မဲ့တင္းထား၏။ ကိုရဲရင့္က အံႀကိတ္ကာ ေဒါသထိန္းေနသည္။
"ကာယကံရွင္ကို ေမးမယ္၊ ကေလးမေလးေရာ ဘယ္လိုသေဘာရလဲ၊ ဟန္းနီးမြန္းထြက္ခ်င္လား”
"သြင္ရိပ္ဆႏၵအရဆိုရင္ ဟန္းနီးမြန္းမထြက္လဲ အဆင္ေျပပါတယ္၊ ဒက္ဒီက အရမ္းေနမေကာင္းေသးေတာ့ သြင္ရိပ္ျပဳစုပါရေစ၊ သစ္ခြၿခံကိုလဲ အခ်ိန္ေပးရဦးမယ္ဆိုေတာ့ ခရီးက ေနာက္မွ သြားလဲ ဘာမွမျဖစ္ပါဘူး''
"ၾကားၾကတယ္ေနာ္၊ သြင္ရိပ္က ေနာက္မွသြားမယ္တဲ့၊ သြင္ရိပ္သေဘာအတိုင္း လုပ္လိုက္ၾက''
ကိုရဲရင့္က သြင္ရိပ္လက္ေကာက္ဝတ္ကို ခပ္ၾကမ္းၾကမ္းဆြဲေခၚသြားသည္။ သြင္ရိပ္ မမကို ေငးရင္း လိုက္သြားရ၏။ ဒုတိယထပ္သို႔ ေၾကာင္လိမ္ေလွကားအတိုင္း ဆြဲေခၚလာသည္။ ကိုရဲရင့္က အခန္းထဲ ေရာက္ေတာ့ သြင္ရိပ္ကို တြန္းပစ္လိုက္သည္။
“မင္း ငါ့ကို အရွက္ခြဲလိုက္တာလား၊ ဟမ္ မင္းကြာ မင္းက ဘာလို႔ ငါ့ဘက္က မပါဘဲ ဟိုမိန္းမဘက္က ပါေနရတာလဲ၊ မင္း ေခါင္းထဲ ဘာေတြေတြးေနလဲကြ”
"ဟိုမိန္းမလို႔ မေျပာပါနဲ႕၊ ရွင့္အစ္မပါ''
တစ္ခါမွ ေဒါသမထြက္စဖူး မမကို ထိေတာ့ သြင္ရိပ္ ေတာ္ေတာ္စိတ္တိုသြားသည္။
"အစ္မျဖစ္ေနလို႔ေပါ့ကြ၊ ေတာ္ေတာ္ေလးသည္းခံထားရတာ၊ ေသြးတစ္ဝက္သာမတူရင္ သတ္ပစ္မိလိမ့္မယ္၊ ဒီမိန္းမက ငါ့ကို ဘယ္တုန္းကမွ ေမာင္ေလးလို႔ မသတ္မွတ္ခဲ့ဖူးဘူးကြ”
သြင္ရိပ္ ကိုရဲရင့္ကို ပါးစပ္အေဟာင္းသားၾကည့္ေနမိသည္။ ကိုရဲရင့္ႏွင့္မမမႉးက မတည့္ေသာ္လည္း ေဒါသႀကီးပုံခ်င္းမွာ အလြန္တူေန၍ အံ့ဩရပါေသးသည္။
~
သြင္ရိပ္ သစ္သီးလင္ဗန္းကိုင္၍ အေပၚဆုံးထပ္ရွိ ဘုရားေဆာင္သို႔ တက္လာသည္။ မမအခန္းဘက္လွည့္ၾကည့္မိေသး၏။ လမ္းတစ္ဝက္၌ သြင္ရိပ္ေျခလွမ္းတို႔ တုံ႕ႏွေးသြားရသည္။ မမမႉးက ဘုရား၌ ပန္းအိုးလဲေန၏။ အညိုေရာင္ခ်ည္သားျမန္မာဝတ္စုံဝတ္ထားၿပီး ပခုံးေပၚ ပဝါတင္ထားကာ ဆံႏြယ္ရွည္ကို ခပ္နိမ့္နိမ့္စည္းႏွောင္ထားသည္။ မမ၏ေက်ာဘက္ဟန္မွာ သိပ္ေအးခ်မ္းေန၏။ မမက ဘုရားတြင္ ႏွင္းဆီပန္းကပ္လႉ၍ ရွိခိုးကန္ေတာ့ေနသျဖင့္ သြင္ရိပ္ ရပ္ၾကည့္ေနရာမွ ဘုရားေဆာင္တြင္းသို႔ ေျခသံဖြဖြေလးျဖင့္ ဝင္လာသည္။ သစ္သီးလင္ဗန္းကို ဆြမ္းေတာ္တင္၍ မမကို ခိုးၾကည့္မိသည္။ မမက မ်က္လုံးမွိတ္ လက္အုပ္ခ်ီ၍ ဘုရားကန္ေတာ့ေနတုန္းမို႔ သြင္ရိပ္ စူးစမ္းၾကည့္မိသည္။ မမက ပါးႏွစ္ဖက္၌ သနပ္ခါးပါးကြက္ၾကားကို ညီေနေအာင္ လိမ္းထားသည္။ မမက ခ်မ္းသာလြန္းေသာ္လည္း ရိုးရိုးရွင္းရွင္း ေနတတ္၍ သြင္ရိပ္သေဘာက်မိသည္။ မမ ဘုရား.ရွိခိုးၿပီးခ်ိန္ထိ ေဘးတြင္ ပုံ႕ပုံ႕ေလး ထိုင္ေနမိေတာ့ မမ ဦးခ်ၿပီး မ်က္လုံးျပန္ဖြင့္ခ်ိန္ ကိုယ္ေလးတုန္ကာ လန့္ေန၏။
“အို! လန့္လိုက္တာ၊ အသံမေပးဘာမေပးနဲ႕”
“ခစ္ခစ္…မမလန့္တာ ခ်စ္စရာေလး”
မမက ပခုံးတင္ပဝါကို ေနရာတက်ထားရင္း သြင္ရိပ္ကို မ်က္ေစာင္းလွည့္ထိုးေနသည္။
“သူမ်ားဘုရားခိုးေနတာ ႏွောက္ယွက္ေနတာ မင္းငရဲႀကီးမွာ မေၾကာက္ဘူးလား”
"သြင္ရိပ္ ဘယ္မွာ ႏွောက္ယွက္ေနလို႔လဲ၊ ဒီတိုင္းေလး မမကို ထိုင္ၾကည့္ေနတာကို အၾကာႀကီးပဲေနာ္၊ ဘာေတြ ဆုေတာင္းတာလဲဟင္၊ သြင္ရိပ္ကို နည္းနည္းေလးေျပာျပေနာ္”
မမက ဘုရားေဆာင္မွ ထြက္သြားေတာ့ သြင္ရိပ္ ေနာက္မွ ကပ္လိုက္ကာ ေမးေနမိသည္။
"ဘာဆုေတာင္းရမွာလဲ၊ နိဗၺာန္ကို အျမန္ဆုံးမ်က္ေမွာက္ျပဳနိုင္ရပါလို၏ေပါ့”
"အဲဒါပဲလား၊ နိဗၺာန္မေရာက္ခင္စပ္ၾကား သြင္ရိပ္နဲ႕ ဘဝဆက္တိုင္းဆုံစည္းရပါလို၏ေရာ မပါဘူးလား၊ သြင္ရိပ္ဆို အၿမဲဆုေတာင္းတာ''
"ေနာက္ဆို ဒီလိုမ်ိဳးလုံးဝဆုမေတာင္းနဲ႕''
မမက ခပ္တင္းတင္းေျပာ၍ အခန္းထဲ ဝင္သြားေတာ့ သြင္ရိပ္ ဝင္လိုက္သြားမိသည္။
"ဘာလို႔လဲ၊ သြင္ရိပ္က မမကို ခ်စ္တယ္ေလ၊ ကိုယ္ခ်စ္တဲ့သူနဲ႕ ဘဝဆက္တိုင္း ဆုံစည္းခ်င္တာေပါ့''
မမက ဘီရိုဖြင့္၍ တစ္ခုခုကို ရွာေဖြေနသည္။ သြင္ရိပ္ မမခါးကို ေနာက္မွ ဖက္လိုက္သည္။ မမက သက္ျပင္းဟင္းခနဲခ်၍ သြင္ရိပ္လက္ကို ဖယ္ခ်ကာ ကုတင္ေပၚ ေျခဆင္းထိုင္ေတာ့ သြင္ရိပ္လည္း ေဘးတြင္ ကပ္ထိုင္လိုက္သည္။
"ပဋာစာရီဇာတ္ေၾကာင္း သြင္ရိပ္ၾကားဖူးလား၊ လင္ကို ေႁမြကိုက္ သားႀကီးေရနစ္ သားငယ္စြန္ခ်ီ မိဘႏွစ္ပါးနဲ႕အစ္ကိုႀကီး မုန္းတိုင္းေၾကာင့္ အိမ္ဖိ အသက္ဆုံးလို႔ အဝတ္မကပ္နိုင္ေအာင္ ႐ူးသြားတဲ့ အမ်ိဳးသမီးေလ''
"ဟုတ္၊ သြင္ရိပ္ၾကားဖူးပါတယ္မမ”
"တကယ္ေတာ့ ဒီေျခာက္ဦးက အတိတ္ဘဝတုန္းက ဓားျပေတြျဖစ္ခဲ့တာေလ၊ ပဋာစာရီရဲ႕မိသားစုအားလုံးကို ရက္ရက္စက္စက္သတ္ၿပီး အိမ္ကို မီးရွို႔ခဲ့ၾကတယ္၊ ဒါေၾကာင့္ ပဋာစာရီက ေနာက္ဘဝက်ရင္ အဲဒီဓားျပေတြ သူ႕မ်က္စိေရွ႕မွာ အသက္ေသဆုံးတာ ျမင္ရပါလို၏လို႔ ဆုေတာင္းခဲ့တာ၊ ေနာက္ဘဝက်ေတာ့ သူမုန္းတဲ့ဓားျပေတြက ခ်စ္တဲ့မိသားစုလာျဖစ္ေနၿပီး ဆုေတာင္းေၾကာင့္ သူ႕မ်က္စိေရွ႕ ေသပြဲဝင္သြားတာေလ''
"အဲဒါ သူဆုေတာင္းမွားခဲ့လို႔ေပါ့ေနာ္၊ သနားပါတယ္''
“ဒါေၾကာင့္ မင္းလဲ ေနာက္ဘဝက်ရင္ မမနဲ႕ ဆုံစည္းရပါလို၏ဆုမေတာင္းပါနဲ႕၊ ေနာင္ဘဝက် မမက မင္းမုန္းတဲ့သူလဲ ျဖစ္ေနနိုင္တာပဲ၊ အဲဒီအခ်ိန္က် ကိုယ္မုန္းတဲ့သူနဲ႕ ဆုံစည္းေနရရင္ နာက်င္ဖို႔ေကာင္းတယ္၊ အခုေတာင္ အတိတ္ဘဝတုန္းက ဆုေတာင္းမွားခဲ့သလားမွမသိတာ”
"မမကို ခ်စ္မိတဲ့အတြက္ သြင္ရိပ္ေနာင္တမရပါဘူး၊ သြင္ရိပ္ေလ မမအနားမွာ ရွိေနခ်င္႐ုံနဲ႕ ဘာကိုမွမေတြးနိုင္ဘဲ ဒီအိမ္ကို ေရာက္လာခဲ့တာပါ၊ မမအနားမွာ ရွိရရင္ အခုလိုေလးေနရလဲ သြင္ရိပ္ေက်နပ္တယ္”
သြင္ရိပ္ မမလက္ကို အသာဆုပ္ကိုင္၍ မမမ်က္ႏွာကို ၾကည့္ေနမိသည္။ မမကလည္း သြင္ရိပ္ကို ရႈပ္ေထြးေတြေဝစြာ ျပန္ၾကည့္ေန၏။ သြင္ရိပ္ မမႏႈတ္ခမ္းကို ထိတယ္ဆို႐ုံ အသာေမာ့နမ္းလိုက္သည္။ မမက မတြန္းဖယ္သလို ႐ုန္းကန္ျခင္းလည္းမရွိ။ ၿငိမ္သက္ေနျခင္းမွာ မီးစိမ္းျပျခင္းမ်ိဳးလည္းမဟုတ္။
"ေဒါက္...ေဒါက္''
"မမ ကြၽန္ေတာ္ပါ၊ တံခါးဖြင့္ပါဦး''
ကိုရဲရင့္က အခန္းတံခါးလာထုေနသျဖင့္ သြင္ရိပ္လန့္ကာ ထရပ္လိုက္သည္။ မမက သြင္ရိပ္ကို တစ္ခ်က္ၾကည့္၍ တံခါးဖြင့္ရန္ ထေတာ့ သြင္ရိပ္ မမလက္ကို လွမ္းဆြဲမိေတာ့သည္။
"သြင္ရိပ္ရွိေနတာ မေျပာပါနဲ႕ေနာ္၊ သြင္ရိပ္ဒုကၡေရာက္သြားနိုင္လို႔ မမကူညီေပးပါေနာ္”
မမက ႏႈတ္ခမ္းမဲ့ပစ္၍ သြင္ရိပ္ကို သေရာ္သလို ၾကည့္သည္။
"မင္း ဘာလုပ္ေနလဲဆိုတာေရာ ေတြးမိရဲ႕လား၊ မင္းက ရဲရင့္မိန္းမဆိုတာ ေမ့ေနတာလား၊ မင္း မမနဲ႕ လာေဖာက္ျပန္ေနတာေလ၊ မင္းနဲ႕အတူေရာၿပီး လိုက္မိုက္ေနမယ္ထင္ေနလား”
"ေဖာက္ျပန္ေနတာမဟုတ္ပါဘူး၊ သြင္ရိပ္တို႔က အခုခ်ိန္ထိ လင္မယားအရာလဲ မျမႇောက္ဘူး၊ သြင္ရိပ္လဲ အသိအမွတ္မျပဳဘူး၊ သြင္ရိပ္ ညတိုင္း မမနဲ႕ပဲ လာအိပ္တယ္၊ မမတစ္ေယာက္ထဲကိုပဲ ခ်စ္ခဲ့တာေလ”
မမက သြင္ရိပ္လက္ကို ျဖဳတ္ခ်၍ တံခါးသြားဖြင့္ေနသျဖင့္ သြင္ရိပ္ အခန္းေထာင့္၌ ကြယ္ရပ္လိုက္သည္။
"ကြၽန္ေတာ္ သြင္ရိပ္ကို မေတြ႕လို႔ ဒီမွာမ်ားရွိမလားလို႔လာရွာတာပါ၊ မမေရာ ေတြ႕ေသးလား&
“သြင္ရိပ္ေပ်ာက္တာနဲ႕ တို႔အခန္းမွာ လာရွာရေအာင္ ဒီေနရာက မည္သူမဆို ဝင္ခ်င္တိုင္းဝင္ ထြက္ခ်င္တိုင္းထြက္လို႔ရတဲ့ ဇရပ္အိုမဟုတ္ဘူး၊ ျပန္သြားလိုက္ပါ”
ကိုရဲရင့္က အခန္းတြင္း တစ္ခ်က္ေဝ့ၾကည့္၍ စိတ္ေလွ်ာ့ကာ ေအာက္ထပ္သို႔ ျပန္ဆင္းသြားသည္။ သြင္ရိပ္ ခဏၾကာမွ ေထာင့္မွ ထြက္၍ မမကို ညွိုးငယ္စြာ ရပ္ၾကည့္ေနမိသည္။ မမက ဘာစကားမွမေျပာဘဲ စာၾကည့္စားပြဲ၌ Laptopဖြင့္ကာ အလုပ္လုပ္ေနသျဖင့္ သြင္ရိပ္ တိတ္ဆိတ္စြာ ပင့္သက္ရွိုက္မိသည္။
====
ဆက္ရန္။
#ေႂကြ

ရင်ထဲက မှူး/ရင္ထဲက မႉးWhere stories live. Discover now