အပိုင်း( ၂၉ )

3.9K 235 4
                                    

အပိုင်း( ၂၉ )
ဆေးရုံရောက်တော့ မှူး သွင်ရိပ်ကို ထားခဲ့ကာ ရဲရင့်အခန်းသို့ ထွက်လာသည်။ ရဲများက ရဲရင့်အခန်းမှ ထွက်လာကြသည်။ ရဲများက မာမီ့ကို နှုတ်ဆက်ကာ ပြန်သွားတော့ မှူးဆွံ့အ,နေမိသည်။ မှူး ဇောချွေးများ ပြန်စွာ ရဲရင့်အခန်းထဲ ဝင်သွားလိုက်သည်။ ရဲရင့်က ကုတင်ပေါ် မှီထိုင်နေသည်။
“မှူး မာမီ မှူးဒက်ဒီ ဆေးရုံဆင်းဖို့ကိစ္စစီစဉ်လိုက်ဦးမယ်၊ မောင်နှမနှစ်ယောက်ရန်မဖြစ်ဘဲ အေးအေးဆေးဆေးစကားပြောကြကွယ်၊ မင်းတို့ဒက်ဒီကို သွေးတိုးအောင် မလုပ်ကြနဲ့''
မာမီက သတိပေးကာ အခန်းထဲမှ ထွက်သွားသည်။ မှူး တံခါးပြန်ပိတ်လိုက်တော့ ဆင့်ဆင့်မိုးက ရေချိုးခန်းတွင် ပုန်းနေရာမှ ထွက်လာသဖြင့် အံ့ဩသွားရသည်။ ဆင့်ဆင့်မိုးက ရဲရင့်ဘေးတွင် သွားရပ်ကာ မှူးကို ပြုံးပြနေသည်။ ရဲရင့်က ဆင့်ဆင့်မိုးလက်ကို ဆုပ်ကိုင်လိုက်သည်။
"ကျွန်တော် မမနဲ့ အပေးအယူလုပ်ချင်တယ်''
"အပေးအယူ”
"ဟုတ်တယ်မမ၊ ကျွန်တော် ရဲတွေကို ဘယ်လိုဖြေလိုက်လဲ၊ မမသိချင်လား”
မှူး ဘာမှပြန်မဖြေဘဲ ရဲရင့်မျက်လုံးကို စိုက်ကြည့်လိုက်သည်။
"နေ့သစ်ဇော် အဲဒီကောင် ကျွန်တော့်ကို အသေသတ်ဖို့ ကြိုးစားတာ၊ မမ အချိန်မီရောက်မလာခဲ့ရင် ကျွန်တော်အသက်မရှင်နိုင်ဘူးထင်တယ်၊ အဲဒီကောင်ရူးနေတာမမ၊ သူနဲ့ပတ်သက်နေတာ မမအတွက်လဲ အန္တရာယ်များတယ်၊ အဲဒီကောင်ကိုရှောင် မမကို ကျွန်တော်သတိပေးတာ”
မှူး အလိုက်သင့်ခေါင်းညိတ်၍ သက်ပြင်းချလိုက်သည်။
"ကျွန်တော် ရဲတွေကို ဖြေခဲ့တာက ကျွန်တော် အရက်မူးပြီး အရက်ပြန်မှားသောက်မိတယ်လို့လေ၊ ဘယ်သူမှ မလုပ်ကြံပါဘူးလို့''
“မမဆီက ဘာလိုချင်တာလဲ၊ အားလုံးလုပ်ပေးမယ်၊ ရာထူးအာဏာဆိုရင်တော့ အစကတည်းက မင်းကို ပေးပြီးသားပါ၊ မမက ဘာမှယူမှာမဟုတ်ဘူး၊ ဒက်ဒီ့ကုမ္ပဏီကို မမဦးစီးမှာမဟုတ်ဘူး”
ရဲရင့်က ဆင့်ဆင့်မိုးကို လှမ်းကြည့်ပြီး ပြုံးသည်။
"မိုးနဲ့ကျွန်တော့်ကို ဒက်ဒီသဘောတူအောင် မိုးကို သီရိမြုံစံအိမ်ရဲ့မိသားစုဝင်အဖြစ် ဒက်ဒီလက်ခံလာအောင် မမပြောပေးပါ၊ ဒါ မမကို တောင်းဆိုတဲ့ အပေးအယူပါပဲဗျာ”
ဆင့်ဆင့်မိုးက မှူးကို အားကိုးတကြီးကြည့်နေသည်။ ရဲရင့်ကလည်း မျက်ရည်ဝဲနေ၏။ မှူးပြုံး၍ ရဲရင့်ပခုံးကို ကိုင်လိုက်တော့ ရဲရင့်က မမဟုခေါ်ကာ မှူးပခုံးကို ဖက်လာသည်။ ရဲရင့်က မှူးကို အထင်လွဲကာ ရန်မူမိသည့်အတွက် တောင်းပန်ကြောင်း အထပ်ထပ်ပြောသည်။ ဆင့်ဆင့်မိုးကို ကူညီပေးခဲ့၍ မှူးကို ကျေးဇူးတင်နေသည်။
"မင်းတို့နှစ်ယောက်ကိစ္စကို မမပြောပေးမှာပါ၊ ဒက်ဒီလက်ခံတဲ့အထိပေါ့၊ ပြီးတော့ မင်းနဲ့သွင်ရိပ်က လင်မယားအရာမမြှောက်ခဲ့ဘူးဆိုတာ မင်းက ဒက်ဒီ့ကို သေချပြောပြ သွင်ရိပ်က ရိုးအလို့ မင်းတို့လှည့်စားတာ ခံခဲ့ရတာ၊ မာမီက ရာထူးနဲ့ ခြိမ်းခြောက်ပြီး တွန်းအားပေးလို့ မင်းလိုက်လုပ် တာဖြစ်တဲ့အတွက် မမ မင်းကို အမြင်မကြည်တာမျိုးမရှိတော့ပါဘူး၊ မင်းက မမမောင်လေးပဲ”
“ကျွန်တော် မမကို ကျေးဇူးတင်ပါတယ်ဗျာ”
မှူး ရဲရင့်တို့ကို နှုတ်ဆက်၍ ထွက်လာတော့ ညာဘက်ခြေထောက်မှာ ဆစ်ခနဲနာလာသည်။ လမ်းလျှောက်များ၍ ဒဏ်ပြန်ဖြစ်သလားမသိ။ သိသိသာသာနာလာ၏။ သွင်ရိပ်ကို Receptionအနီး၌ ထားခဲ့သည်မို့ ရှာရန် ထွက်လာခဲ့သည်။ သွင်ရိပ်က မှူးထားသည့်နေရာအတိုင်း ငုတ်တုတ်ထိုင်စောင့်နေသဖြင့် မှူး ခပ်ဝေးဝေးမှ ကြည့်ကာ ပြုံးလိုက်သည်။
~
ဤနေ့ ရဲရင့် ဆေးရုံမှ ဆင်းလာမည်ဟု ကြားသည်။ မှူး ဤအတောအတွင်း သစ်ခွခြံ၌သာ နေဖြစ်၏။ သစ်ခွခြံတွင် သွင်ရိပ်ကို ခြံအလုပ်များ ကူပေးရင်း ထမင်းကို ဆိုင်တွင် ပါဆယ်စားလိုက်သည်များ၏။ အိုးခွက်ပန်းကန်သိပ်မစုံ၍ ကိုယ်တိုင်သိပ်မချက်စားဖြစ်ကြပါ။ သီရိမြုံကိုလည်း မရောက်ဖြစ်။ ယမင်းက မှူးရှိနေတော့ မကြာမကြာလာလည်တတ်သည်။ သူ့သားနှစ်ဦးမှာ အတော်ကြီးနေပြီမို့ သူ့မှာ အရင်လို သိပ်ထိန်းစရာမလိုသဖြင့် လွတ်လပ်နေသည်။ ဤနေ့တော့ မှူး သွင်ရိပ်နှင့်အတူ သော်ကမြိုင်သို့ လာခဲ့သည်။ အဓိကမှာ ရဲရင့်ကိစ္စကို ကူညီပေးမည်ဟု ကတိပေးထားသဖြင့် ကူညီရမည်။ ဆင့်ဆင့်မိုးလည်း OGသွားပြပြီး ယခု သားယောက်ျားလေးသိရတော့ တူလေးဟူသည့် အသိဖြင့် မှူးရင်ခုန်နေမိသည်။ ရဲရင့်ကိုလည်း အဆင်ပြေသွားစေချင်မိသည်။
မှူးတို့ သီရိမြုံရောက်တော့ အိမ်တွင် လူစုံတက်စုံရှိနေသည်။ မာမီကတော့ မှူးတို့ကို ထမင်းစားခေါ်သည်။ ဒက်ဒီကတော့ မှူးပြန်လာ၍ ဝမ်းသာနေပုံရ၏။ မှူးမိဘသည် မှူးအပေါ် အရင်ထက် နွေးထွေးလာကြောင်း အသိစိတ်၌ မှူးခံစားမိပါသည်။ စကားပြောနေစဥ် ရဲရင့်ကို ဧည့်ခန်းအပြင်၌ စောင့်ခိုင်းထားလိုက်သည်။
"ဒက်ဒီ့မှာ မြေးတစ်ယောက်ရလာမယ်ဆိုရင် ဒက်ဒီလက်ခံနိုင်မလားဆိုတာ မှူးသိချင်တယ်”
ဒက်ဒီက ရေနွေးကြမ်းသောက်နေရင်း သွင်ရိပ်ကို လှမ်းကြည့်သည်။ မာမီကလည်း ထိုနည်းအတိုင်း တအံ့တဩဖြစ်နေ၍ မှူးမျက်မှောင်ကြုတ်လိုက်သည်။ သွင်ရိပ်က မှူးလက်ကို ချိတ်ကာ ထိုင်နေရင်း ခေါင်းတဆတ်ဆတ်ခါတော့၏။
“သွင်ရိပ်မှာ ကိုယ်ဝန်မရှိပါဘူး၊ အထင်မလွဲပါနဲ့၊ ကိုရဲရင့်နဲ့သွင်ရိပ်က အဲလိုဆက်ဆံရေးမျိုးမရှိသလို အိမ်ထောင်ဘက်အစစ်တွေ မဟုတ်ပါဘူး၊ သွင်ရိပ်က မမမှူးကိုပဲ ချစ်တာပါ”
သွင်ရိပ်အသံမှာ အဖျားခတ်တိမ်ဝင်သွားသည်။ ဒက်ဒီက သက်ပြင်းဟင်းခနဲချကာ မှူးကို ကြည့်၏။
“ရဲရင့်မှာ ချစ်သူကောင်မလေးရှိတယ်၊ ရဲရင့်ဆေးရုံတက်တုန်းက သွင်ရိပ်သူငယ်ချင်းဆိုပြီး လာကြည့်ပေးတဲ့ညီမလေးဆင့်ဆင့်မိုးမှာ ရဲရင့်နဲ့ ရတဲ့ ရင်သွေးရှိနေတယ်၊ ဒက်ဒီနဲ့မာမီ ရဲရင့်ကို ဖိအားမပေးကြပါနဲ့၊ ဂုဏ်သိက္ခာအတွက် သူ့ချစ်သူကို သီရိမြုံရဲ့ချွေးမအဖြစ် လက်ခံပေးစေချင်တယ်”
"ဒက်ဒီ ကျွန်တော်တောင်းပန်ပါတယ်၊ ဒက်ဒီ့ကို စိတ်ပျက်စေမိပြီ''
ရဲရင့်က အခန်းထဲ ပြေးဝင်လာပြီး ဒက်ဒီရှေ့ ဒူးထောက်ကာ တောင်းပန်သည်။
"ဖြစ်ပြီးတာတွေ ဘာတတ်နိုင်မှာလဲ၊ မင်းကောင်မလေးကို မနက်ဖြန်အိမ်ခေါ်လာခဲ့၊ ဒက်ဒီစကားပြောကြည့်မယ်၊ ကြားလားရဲရင့်''
“ဟုတ်၊ ဟုတ်ကဲ့ဒယ်ဒီ''
ဒက်ဒီက ဝှီးချဲဘီးလေးလှည့်ရင်း ဧည့်ခန်းမှ ထွက်သွားသည်။ ရဲရင့်က မှူးကို ကျေးဇူးတင်စွာ ကြည့်၍ ပြုံးနေသဖြင့် မှူးပြုံးလိုက်သည်။
~
လွန်ခဲ့သောပတ်က ရဲရင့်နှင့်ဆင့်ဆင့်မိုးတို့ တရားရုံးတွင် လက်မှတ်ရေးထိုးကာ လက်ထပ်လိုက်ကြသည်။ ဧည့်ခံပွဲမကျင်းပတော့ဘဲ မိဘမဲ့ကျောင်းများ၊ ဘိုးဘွားရိပ်သာများတွင် မင်္ဂလာအလှူအဖြစ် လှူသည်။ မှူးလည်း ကူညီပေးဖြစ်၏။ ဆင့်ဆင့်မိုးမှာလည်း ကိုယ်ဝန်ဆောင်အင်္ကျီဝတ်ရတဲ့အထိ ဗိုက်ရှိလာသည်။ ရဲရင့်တို့လင်မယားမှာ သီရိမြုံ၌ နေကြသည်။ သွင်ရိပ်နှင့်ဆင့်ဆင့်မိုးမှာ သူငယ်ချင်းလို ခင်နေကြပြီး တိုင်ပင်ဖော်တိုင်ပင်ဖက်ဖြစ်နေကြသည်။ ပတ်ဝန်းကျင်က အတင်းပြောတာရှိသော်လည်း မှူး သွင်ရိပ်ကို ဂရုမစိုက်ရန် မှာထားသည်။
မှူး ဒက်ဒီ့တို့ကုမ္ပဏီမှ ပြန်လာတော့ ဆင့်ဆင့်မိုးက ခြံထဲ တံမြက်စည်းလှဲနေသည်။ အခြားမိသားစုဝင်များကို မတွေ့ရပေ။ မှူး ရွှေရောင်တုတ်ကောက်လေးထောက်၍ အပေါ်ဆုံးထပ်သို့ တက်လာခဲ့သည်။ အခန်းတံခါးဖွင့်လိုက်တော့ ပူဖောင်းပေါက်သံမှာ ဖောက်ခနဲ။ မှူး လန့်သွားရ၏။
“မမ၊ ဟီး”
သွင်ရိပ်က တံခါးဝတွင် ကိတ်မုန့်ကိုင်ကာ မှူးကို ကြိုရပ်စောင့်နေ၏။ ရောင်စုံပူဖောင်းများ အခန်းအနှံ့ချိတ်ဆွဲထားပြီး အခန်းနံရံတစ်လျှောက်တွင် အသည်းပုံstickerများကပ်ကာ မှူးနာမည် ရေးထိုးထားသည်။ နှင်းဆီပွင့်ချပ်များ အခန်းထဲ ပြန့်ကျဲနေ၏။ မှူး ဝေ့ကြည့်လိုက်သည်။
“ဒီနေ့က ဘာနေ့မှမဟုတ်ပါဘူး၊ ဒီလိုပြင်ထားတာ မသိရင် သွင်ရိပ်မှာ ကလေးရှိလို့ ပျော်နေသလိုပဲ”
“တကယ်ရှိရင် မမက တာဝန်ယူမှာလား”
‘’ဘယ်လို!’’
‘’ဟုတ်တယ်လေမမရဲ့၊ သွင်ရိပ်က မမနဲ့ပဲ တူတူအိပ်တာ၊ ကိုယ်ဝန်ရှိရင် မမနဲ့ ရတာပဲဖြစ်မှာပေါ့၊ မမက သွင်ရိပ်ကို တာဝန်မယူချင်လို့လား၊ စားပြီး ထွေးထုတ်မယ်ပေါ့...အဟင့် သွင်ရိပ်ကိုက ကံဆိုးတာပါ”
မှူး ရှက်နေသည်ကိုရိပ်မိပြီး အတင်းကြီးလိုက်စနောက်နေတော့သည်။ မှူး သွင်ရိပ်လက်မောင်းကို ဖြန်းခနဲရိုက်လိုက်သည်။
"တော်တော့ကြွက်ကလေး၊ လူကြီးကို နောက်မနေနဲ့”
"နောက်ပါဘူးနော်၊ တကယ်ကြီးလို့ တာဝန်ယူမှာလား ဟင် ဟင်လို့ ဟိဟိ''
သွင်ရိပ်က ပြုံးစစအမူအရာဖြင့် မှူးအင်္ကျီစကို မထိတထိလာဆွဲရင်း စနောက်နေပြန်သည်။
"လျှောက်ပြောမနေနဲ့၊ ဒီအမှိုက်တွေအကုန်ရှင်း၊ မင်းသိရဲ့လား၊ မမ ဒါမျိုးတွေ မကြိုက်ဘူး''
“သွင်ရိပ်ပျော်လို့ပါမမရဲ့၊ ဒက်ဒီက သွင်ရိပ်ကို မမနဲ့ သဘောတူလိုက်ပြီလို့”
သွင်ရိပ်က မှူးကို ဝမ်းသာအားရ ပြေးဖက်ကာ ပြောလာသဖြင့် မှူးပြုံးနေမိသည်။
~
ပန်းဆိုင်၌ ဘုရားပန်းနှစ်စည်းဝယ်ကြသည်။ ဖိနပ်အပ်သည့်နေရာတွင် ဖိနပ်အပ်ထားခဲ့ကာ သွင်ရိပ်တို့ လှေကားထစ်တွေအတိုင်း ဘုရားပေါ်သို့ တက်လာကြသည်။ ဘုရား၌ သီတင်းကျွတ်ပွဲတော်ရက်နီး၍ သာမန်ထက် လူအများစည်ကားနေသည်။ လူကွဲသွားမည်စိုးသဖြင့် သွင်ရိပ် မမမှူးလက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားရသည်။ ရန်ကုန်၌ မည်မျှအနေကြာသော်လည်း သွားနေကျနေရာမဟုတ်လျှင် သွင်ရိပ် လူကြောက်ပါသည်။ သေချာလည်လည်ဝယ်ဝယ်သွားတတ်လှသည်မဟုတ်လှပါ။
အရပ်လေးမျက်နှာမှ တိုက်ခတ်သောလေများကြောင့် စေတီတော်၌ ခေါင်းလောင်းသံမြည်နေသည်။ အတော်လေးကို နားဝင်ချိုလွန်းနေ၏။ မမက ဖယောင်းတိုင်ထုပ် ဖောက်ကာ ဆီမီးပူဇော်နေသဖြင့် သွင်ရိပ် ဘေးမှ ကူညီပေးနေမိသည်။ ဘုရား အရင်ကန်တော့ပြီးမှ မမက ပန်း၊ ဆီမီး၊ သစ်သီးများ ဂြိုလ်ခွင်၌ ကပ်လှူပူဇော်သည်။ ဘုရားကန်တော့နေသည့် မမအမူအရာမှာ သိပ်လည်း အေးချမ်း၏။ သွင်ရိပ်တို့ ဘုရားကန်တော့ပြီးသော် ကောင်းကင်ကို မော့ကြည့်မိသည်။ ရောင်စုံမီးပန်းမီးကြယ်လေးများ လှပလွန်း၍ သွင်ရိပ် အငေးသား မော့ကြည့်မိသည်။ လေမှာလည်း လတ်ဆတ်လွန်းလှ၏။
“ကောင်းကင်မှာ လှလိုက်တာမမရယ်၊ သွင်ရိပ်သိပ်သဘောကျတာပဲ”

စည်းနှောင်ထားသော မမဆံနွယ်ရှည်အချို့သည် လေထဲ တလူလူဝဲလွင့်နေ၏။ မမက ခပ်ပြုံးပြုံး လက်ပိုက်ရပ်ကြည့်နေသည်။ သွင်ရိပ် မမလက်မောင်းကို ခေါင်းလေး မှီကာ တိုးဝေ့လိုက်သည်။
"သွင်ရိပ်လေ သစ်ခွခြံက ကျန်တဲ့အမြတ်ငွေတွေကို လတိုင်း ဘဏ်မှာ စုထားတယ်သိလား”
"ဟုတ်လား၊ လိုချင်တာရှိတယ်ပေါ့''
"မမနဲ့အတူတူ မြန်မာပြည်အနှံ့ဘုရားဖူးသွားချင်တယ်၊ ပုဂံကို ဦးဆုံးသွားချင်လို့”
“ရည်မှန်းချက်ကြီးပဲ၊ ပိုက်ဆံများများစုမိပြီး မြန်မြန်အကောင်ထည်ဖော်နိုင်ပါစေလို့ မမ ဆုတောင်းပေးမယ်နော်”
မမက ခပ်ပြုံးပြုံးလှမ်းပြောသဖြင့် သွင်ရိပ်အသည်းယားသွားပြီး မမလက်မောင်းကို ဖျစ်ညစ်လိုက်သည်။ မမက ရောင်စုံမီးကြယ်လေးများကို ငေးကြည့်နေရာမှ စောင်းငဲ့ကြည့်လာသည်။
“ဒက်ဒီနဲ့မာမီက မမတို့ကိုမကန့်ကွက်တော့ဘူးဆိုရင်တောင် သွင်ရိပ်ရဲ့မေမေကရော လက်ခံပါ့မလားမသိဘူး၊ သွင်ရိပ်မှာလဲ မိသားစုအသိုင်းဝိုင်းရှိသေးတယ်လေ”
“သွင်ရိပ် မေမေ့အိမ်မပြန်ဖြစ်တာကြာပြီ၊ မေမေကလဲ သွင်ရိပ်ဖုန်းဆက်တိုင်း အိမ်လာခဲ့ဖို့ မခေါ်ဘူး၊ သွင်ရိပ်ကို ကိုရဲရင့်နဲ့ ပေးစားပြီးတော့ အဆက်အသွယ်ဖြတ်လိုက်သလိုပါပဲ၊ မေမေက သွင်ရိပ်ဘာလုပ်လုပ် စိတ်မဝင်စားပါဘူးမမရယ်၊ အဲဒီအတွက် မမ မတွေးလဲ ရပါတယ်၊ မေမေကန့်ကွက်လာခဲ့ရင်လဲ သွင်ရိပ်က မမကို စဥ်းစားစရာမလိုအောင် ရွေးချယ်မှာ”
မမက ပါးချိုင့်ထင်နေအောင် ပြုံးနေသည်။ သိပ်လှလွန်း၍ သွင်ရိပ်ငေးသွားသည်။
"ဟိုမှာကြည့်ပါဦး၊ မီးပုံးပျံပဲ၊ သီတင်းကျွတ်ရင် လွတ်ဖို့ စမ်းကြည့်နေတာထင်တယ်”
မမက မိုးပေါ် လက်ညိုးထိုးပြ၏။ မီးပုံးပျံမှာ တဖြည်းဖြည်း အပေါ်သို့ တက်နေသည်။ ညလေမှာ မကြမ်းသော်လည်း အေးစိမ့်နေသည်။ မီးပုံးပျံမှာ လေနှင်ရာသို့ သွားနေသည်။ လောင်စာကုန်လျှင် မည်သည့်အရပ်တွင် ကျသွားမလဲ သွင်ရိပ်သိချင်နေမိသည်။ အချိန်အနည်းငယ်ကြာတော့ သွင်ရိပ်တို့ ဘုရားပေါ်မှ လက်တွဲ၍ အတူဆင်းလာကြသည်။
"ဘုရားသွားတာဖြစ်ဖြစ် တရားစခန်းဝင်တာဖြစ်ဖြစ် သတ်သတ်လွတ်စားတာဖြစ်ဖြစ် ဘယ်သွားသွား ဘာလုပ်လုပ် အမြဲအတူလုပ်ကြမယ်နော်မမ၊ သွင်ရိပ်တို့ ရေစက်ဖန်တီးကြမယ်၊ ကြားရဲ့လားမမ”
"ကြားပါတယ်ရှင်၊ အောက်လည်း ကြည့်လျှောက်ပါဦး၊ ခေါ်ကျနေဦးမယ်၊ ဒီသောကြာသမီး စကားကိုများတယ်''
ဘုရားဇောင်းတန်း လှေကားဆင်းနေ၍ မမက သွင်ရိပ်လိမ့်ကျမည်စိုးကာ ဆူငေါက်ပါတော့သည်။
"ဒီစနေသမီးမမကတော့နော်၊ စွာကိုစွာလွန်းတယ်''
မမစကားအတိုင်း အရွှန်းဖောက်ပြီး စနောက်ပြန်ပြောလိုက်တော့ မမက မျက်စောင်းလှည့်ထိုးသည်။ သွင်ရိပ်ရင်ထဲ၌ သစ်ခွပန်းရောင်စုံများ အခိုင်လိုက် ပွင့်နေကြလေ၏။
====
ဆက်ရန်။
#ကြွေအပိုင္း( ၂၉ )
ေဆး႐ုံေရာက္ေတာ့ မႉး သြင္ရိပ္ကို ထားခဲ့ကာ ရဲရင့္အခန္းသို႔ ထြက္လာသည္။ ရဲမ်ားက ရဲရင့္အခန္းမွ ထြက္လာၾကသည္။ ရဲမ်ားက မာမီ့ကို ႏႈတ္ဆက္ကာ ျပန္သြားေတာ့ မႉးဆြံ႕အ,ေနမိသည္။ မႉး ေဇာေခြၽးမ်ား ျပန္စြာ ရဲရင့္အခန္းထဲ ဝင္သြားလိုက္သည္။ ရဲရင့္က ကုတင္ေပၚ မွီထိုင္ေနသည္။
“မႉး မာမီ မႉးဒက္ဒီ ေဆး႐ုံဆင္းဖို႔ကိစၥစီစဥ္လိုက္ဦးမယ္၊ ေမာင္ႏွမႏွစ္ေယာက္ရန္မျဖစ္ဘဲ ေအးေအးေဆးေဆးစကားေျပာၾကကြယ္၊ မင္းတို႔ဒက္ဒီကို ေသြးတိုးေအာင္ မလုပ္ၾကနဲ႕''
မာမီက သတိေပးကာ အခန္းထဲမွ ထြက္သြားသည္။ မႉး တံခါးျပန္ပိတ္လိုက္ေတာ့ ဆင့္ဆင့္မိုးက ေရခ်ိဳးခန္းတြင္ ပုန္းေနရာမွ ထြက္လာသျဖင့္ အံ့ဩသြားရသည္။ ဆင့္ဆင့္မိုးက ရဲရင့္ေဘးတြင္ သြားရပ္ကာ မႉးကို ၿပဳံးျပေနသည္။ ရဲရင့္က ဆင့္ဆင့္မိုးလက္ကို ဆုပ္ကိုင္လိုက္သည္။
"ကြၽန္ေတာ္ မမနဲ႕ အေပးအယူလုပ္ခ်င္တယ္''
"အေပးအယူ”
"ဟုတ္တယ္မမ၊ ကြၽန္ေတာ္ ရဲေတြကို ဘယ္လိုေျဖလိုက္လဲ၊ မမသိခ်င္လား”
မႉး ဘာမွျပန္မေျဖဘဲ ရဲရင့္မ်က္လုံးကို စိုက္ၾကည့္လိုက္သည္။
"ေန႕သစ္ေဇာ္ အဲဒီေကာင္ ကြၽန္ေတာ့္ကို အေသသတ္ဖို႔ ႀကိဳးစားတာ၊ မမ အခ်ိန္မီေရာက္မလာခဲ့ရင္ ကြၽန္ေတာ္အသက္မရွင္နိုင္ဘူးထင္တယ္၊ အဲဒီေကာင္႐ူးေနတာမမ၊ သူနဲ႕ပတ္သက္ေနတာ မမအတြက္လဲ အႏၱရာယ္မ်ားတယ္၊ အဲဒီေကာင္ကိုေရွာင္ မမကို ကြၽန္ေတာ္သတိေပးတာ”
မႉး အလိုက္သင့္ေခါင္းညိတ္၍ သက္ျပင္းခ်လိဳက္သည္။
"ကြၽန္ေတာ္ ရဲေတြကို ေျဖခဲ့တာက ကြၽန္ေတာ္ အရက္မူးၿပီး အရက္ျပန္မွားေသာက္မိတယ္လို႔ေလ၊ ဘယ္သူမွ မလုပ္ႀကံပါဘူးလို႔''
“မမဆီက ဘာလိုခ်င္တာလဲ၊ အားလုံးလုပ္ေပးမယ္၊ ရာထူးအာဏာဆိုရင္ေတာ့ အစကတည္းက မင္းကို ေပးၿပီးသားပါ၊ မမက ဘာမွယူမွာမဟုတ္ဘူး၊ ဒက္ဒီ့ကုမၸဏီကို မမဦးစီးမွာမဟုတ္ဘူး”
ရဲရင့္က ဆင့္ဆင့္မိုးကို လွမ္းၾကည့္ၿပီး ၿပဳံးသည္။
"မိုးနဲ႕ကြၽန္ေတာ့္ကို ဒက္ဒီသေဘာတူေအာင္ မိုးကို သီရိၿမဳံစံအိမ္ရဲ႕မိသားစုဝင္အျဖစ္ ဒက္ဒီလက္ခံလာေအာင္ မမေျပာေပးပါ၊ ဒါ မမကို ေတာင္းဆိုတဲ့ အေပးအယူပါပဲဗ်ာ”
ဆင့္ဆင့္မိုးက မႉးကို အားကိုးတႀကီးၾကည့္ေနသည္။ ရဲရင့္ကလည္း မ်က္ရည္ဝဲေန၏။ မႉးၿပဳံး၍ ရဲရင့္ပခုံးကို ကိုင္လိုက္ေတာ့ ရဲရင့္က မမဟုေခၚကာ မႉးပခုံးကို ဖက္လာသည္။ ရဲရင့္က မႉးကို အထင္လြဲကာ ရန္မူမိသည့္အတြက္ ေတာင္းပန္ေၾကာင္း အထပ္ထပ္ေျပာသည္။ ဆင့္ဆင့္မိုးကို ကူညီေပးခဲ့၍ မႉးကို ေက်းဇူးတင္ေနသည္။
"မင္းတို႔ႏွစ္ေယာက္ကိစၥကို မမေျပာေပးမွာပါ၊ ဒက္ဒီလက္ခံတဲ့အထိေပါ့၊ ၿပီးေတာ့ မင္းနဲ႕သြင္ရိပ္က လင္မယားအရာမျမႇောက္ခဲ့ဘူးဆိုတာ မင္းက ဒက္ဒီ့ကို ေသခ်ေျပာျပ သြင္ရိပ္က ရိုးအလို႔ မင္းတို႔လွည့္စားတာ ခံခဲ့ရတာ၊ မာမီက ရာထူးနဲ႕ ၿခိမ္းေျခာက္ၿပီး တြန္းအားေပးလို႔ မင္းလိုက္လုပ္ တာျဖစ္တဲ့အတြက္ မမ မင္းကို အျမင္မၾကည္တာမ်ိဳးမရွိေတာ့ပါဘူး၊ မင္းက မမေမာင္ေလးပဲ”
“ကြၽန္ေတာ္ မမကို ေက်းဇူးတင္ပါတယ္ဗ်ာ”
မႉး ရဲရင့္တို႔ကို ႏႈတ္ဆက္၍ ထြက္လာေတာ့ ညာဘက္ေျခေထာက္မွာ ဆစ္ခနဲနာလာသည္။ လမ္းေလွ်ာက္မ်ား၍ ဒဏ္ျပန္ျဖစ္သလားမသိ။ သိသိသာသာနာလာ၏။ သြင္ရိပ္ကို Receptionအနီး၌ ထားခဲ့သည္မို႔ ရွာရန္ ထြက္လာခဲ့သည္။ သြင္ရိပ္က မႉးထားသည့္ေနရာအတိုင္း ငုတ္တုတ္ထိုင္ေစာင့္ေနသျဖင့္ မႉး ခပ္ေဝးေဝးမွ ၾကည့္ကာ ၿပဳံးလိုက္သည္။
~
ဤေန႕ ရဲရင့္ ေဆး႐ုံမွ ဆင္းလာမည္ဟု ၾကားသည္။ မႉး ဤအေတာအတြင္း သစ္ခြၿခံ၌သာ ေနျဖစ္၏။ သစ္ခြၿခံတြင္ သြင္ရိပ္ကို ၿခံအလုပ္မ်ား ကူေပးရင္း ထမင္းကို ဆိုင္တြင္ ပါဆယ္စားလိုက္သည္မ်ား၏။ အိုးခြက္ပန္းကန္သိပ္မစုံ၍ ကိုယ္တိုင္သိပ္မခ်က္စားျဖစ္ၾကပါ။ သီရိၿမဳံကိုလည္း မေရာက္ျဖစ္။ ယမင္းက မႉးရွိေနေတာ့ မၾကာမၾကာလာလည္တတ္သည္။ သူ႕သားႏွစ္ဦးမွာ အေတာ္ႀကီးေနၿပီမို႔ သူ႕မွာ အရင္လို သိပ္ထိန္းစရာမလိုသျဖင့္ လြတ္လပ္ေနသည္။ ဤေန႕ေတာ့ မႉး သြင္ရိပ္ႏွင့္အတူ ေသာ္ကၿမိဳင္သို႔ လာခဲ့သည္။ အဓိကမွာ ရဲရင့္ကိစၥကို ကူညီေပးမည္ဟု ကတိေပးထားသျဖင့္ ကူညီရမည္။ ဆင့္ဆင့္မိုးလည္း OGသြားျပၿပီး ယခု သားေယာက္်ားေလးသိရေတာ့ တူေလးဟူသည့္ အသိျဖင့္ မႉးရင္ခုန္ေနမိသည္။ ရဲရင့္ကိုလည္း အဆင္ေျပသြားေစခ်င္မိသည္။
မႉးတို႔ သီရိၿမဳံေရာက္ေတာ့ အိမ္တြင္ လူစုံတက္စုံရွိေနသည္။ မာမီကေတာ့ မႉးတို႔ကို ထမင္းစားေခၚသည္။ ဒက္ဒီကေတာ့ မႉးျပန္လာ၍ ဝမ္းသာေနပုံရ၏။ မႉးမိဘသည္ မႉးအေပၚ အရင္ထက္ ႏြေးေထြးလာေၾကာင္း အသိစိတ္၌ မႉးခံစားမိပါသည္။ စကားေျပာေနစဥ္ ရဲရင့္ကို ဧည့္ခန္းအျပင္၌ ေစာင့္ခိုင္းထားလိုက္သည္။
"ဒက္ဒီ့မွာ ေျမးတစ္ေယာက္ရလာမယ္ဆိုရင္ ဒက္ဒီလက္ခံနိုင္မလားဆိုတာ မႉးသိခ်င္တယ္”
ဒက္ဒီက ေရႏြေးၾကမ္းေသာက္ေနရင္း သြင္ရိပ္ကို လွမ္းၾကည့္သည္။ မာမီကလည္း ထိုနည္းအတိုင္း တအံ့တဩျဖစ္ေန၍ မႉးမ်က္ေမွာင္ၾကဳတ္လိုက္သည္။ သြင္ရိပ္က မႉးလက္ကို ခ်ိတ္ကာ ထိုင္ေနရင္း ေခါင္းတဆတ္ဆတ္ခါေတာ့၏။
“သြင္ရိပ္မွာ ကိုယ္ဝန္မရွိပါဘူး၊ အထင္မလြဲပါနဲ႕၊ ကိုရဲရင့္နဲ႕သြင္ရိပ္က အဲလိုဆက္ဆံေရးမ်ိဳးမရွိသလို အိမ္ေထာင္ဘက္အစစ္ေတြ မဟုတ္ပါဘူး၊ သြင္ရိပ္က မမမႉးကိုပဲ ခ်စ္တာပါ”
သြင္ရိပ္အသံမွာ အဖ်ားခတ္တိမ္ဝင္သြားသည္။ ဒက္ဒီက သက္ျပင္းဟင္းခနဲခ်ကာ မႉးကို ၾကည့္၏။
“ရဲရင့္မွာ ခ်စ္သူေကာင္မေလးရွိတယ္၊ ရဲရင့္ေဆး႐ုံတက္တုန္းက သြင္ရိပ္သူငယ္ခ်င္းဆိုၿပီး လာၾကည့္ေပးတဲ့ညီမေလးဆင့္ဆင့္မိုးမွာ ရဲရင့္နဲ႕ ရတဲ့ ရင္ေသြးရွိေနတယ္၊ ဒက္ဒီနဲ႕မာမီ ရဲရင့္ကို ဖိအားမေပးၾကပါနဲ႕၊ ဂုဏ္သိကၡာအတြက္ သူ႕ခ်စ္သူကို သီရိၿမဳံရဲ႕ေခြၽးမအျဖစ္ လက္ခံေပးေစခ်င္တယ္”
"ဒက္ဒီ ကြၽန္ေတာ္ေတာင္းပန္ပါတယ္၊ ဒက္ဒီ့ကို စိတ္ပ်က္ေစမိၿပီ''
ရဲရင့္က အခန္းထဲ ေျပးဝင္လာၿပီး ဒက္ဒီေရွ႕ ဒူးေထာက္ကာ ေတာင္းပန္သည္။
"ျဖစ္ၿပီးတာေတြ ဘာတတ္နိုင္မွာလဲ၊ မင္းေကာင္မေလးကို မနက္ျဖန္အိမ္ေခၚလာခဲ့၊ ဒက္ဒီစကားေျပာၾကည့္မယ္၊ ၾကားလားရဲရင့္''
“ဟုတ္၊ ဟုတ္ကဲ့ဒယ္ဒီ''
ဒက္ဒီက ဝွီးခ်ဲဘီးေလးလွည့္ရင္း ဧည့္ခန္းမွ ထြက္သြားသည္။ ရဲရင့္က မႉးကို ေက်းဇူးတင္စြာ ၾကည့္၍ ၿပဳံးေနသျဖင့္ မႉးၿပဳံးလိုက္သည္။
~
လြန္ခဲ့ေသာပတ္က ရဲရင့္ႏွင့္ဆင့္ဆင့္မိုးတို႔ တရား႐ုံးတြင္ လက္မွတ္ေရးထိုးကာ လက္ထပ္လိုက္ၾကသည္။ ဧည့္ခံပြဲမက်င္းပေတာ့ဘဲ မိဘမဲ့ေက်ာင္းမ်ား၊ ဘိုးဘြားရိပ္သာမ်ားတြင္ မဂၤလာအလႉအျဖစ္ လႉသည္။ မႉးလည္း ကူညီေပးျဖစ္၏။ ဆင့္ဆင့္မိုးမွာလည္း ကိုယ္ဝန္ေဆာင္အကၤ်ီဝတ္ရတဲ့အထိ ဗိုက္ရွိလာသည္။ ရဲရင့္တို႔လင္မယားမွာ သီရိၿမဳံ၌ ေနၾကသည္။ သြင္ရိပ္ႏွင့္ဆင့္ဆင့္မိုးမွာ သူငယ္ခ်င္းလို ခင္ေနၾကၿပီး တိုင္ပင္ေဖာ္တိုင္ပင္ဖက္ျဖစ္ေနၾကသည္။ ပတ္ဝန္းက်င္က အတင္းေျပာတာရွိေသာ္လည္း မႉး သြင္ရိပ္ကို ဂ႐ုမစိုက္ရန္ မွာထားသည္။
မႉး ဒက္ဒီ့တို႔ကုမၸဏီမွ ျပန္လာေတာ့ ဆင့္ဆင့္မိုးက ၿခံထဲ တံျမက္စည္းလွဲေနသည္။ အျခားမိသားစုဝင္မ်ားကို မေတြ႕ရေပ။ မႉး ေ႐ႊေရာင္တုတ္ေကာက္ေလးေထာက္၍ အေပၚဆုံးထပ္သို႔ တက္လာခဲ့သည္။ အခန္းတံခါးဖြင့္လိုက္ေတာ့ ပူေဖာင္းေပါက္သံမွာ ေဖာက္ခနဲ။ မႉး လန့္သြားရ၏။
“မမ၊ ဟီး”
သြင္ရိပ္က တံခါးဝတြင္ ကိတ္မုန့္ကိုင္ကာ မႉးကို ႀကိဳရပ္ေစာင့္ေန၏။ ေရာင္စုံပူေဖာင္းမ်ား အခန္းအႏွံ႕ခ်ိတ္ဆြဲထားၿပီး အခန္းနံရံတစ္ေလွ်ာက္တြင္ အသည္းပုံstickerမ်ားကပ္ကာ မႉးနာမည္ ေရးထိုးထားသည္။ ႏွင္းဆီပြင့္ခ်ပ္မ်ား အခန္းထဲ ျပန့္က်ဲေန၏။ မႉး ေဝ့ၾကည့္လိုက္သည္။
“ဒီေန႕က ဘာေန႕မွမဟုတ္ပါဘူး၊ ဒီလိုျပင္ထားတာ မသိရင္ သြင္ရိပ္မွာ ကေလးရွိလို႔ ေပ်ာ္ေနသလိုပဲ”
“တကယ္ရွိရင္ မမက တာဝန္ယူမွာလား”
‘’ဘယ္လို!’’
‘’ဟုတ္တယ္ေလမမရဲ႕၊ သြင္ရိပ္က မမနဲ႕ပဲ တူတူအိပ္တာ၊ ကိုယ္ဝန္ရွိရင္ မမနဲ႕ ရတာပဲျဖစ္မွာေပါ့၊ မမက သြင္ရိပ္ကို တာဝန္မယူခ်င္လို႔လား၊ စားၿပီး ေထြးထုတ္မယ္ေပါ့...အဟင့္ သြင္ရိပ္ကိုက ကံဆိုးတာပါ”
မႉး ရွက္ေနသည္ကိုရိပ္မိၿပီး အတင္းႀကီးလိုက္စေနာက္ေနေတာ့သည္။ မႉး သြင္ရိပ္လက္ေမာင္းကို ျဖန္းခနဲရိုက္လိုက္သည္။
"ေတာ္ေတာ့ႂကြက္ကေလး၊ လူႀကီးကို ေနာက္မေနနဲ႕”
"ေနာက္ပါဘူးေနာ္၊ တကယ္ႀကီးလို႔ တာဝန္ယူမွာလား ဟင္ ဟင္လို႔ ဟိဟိ''
သြင္ရိပ္က ၿပဳံးစစအမူအရာျဖင့္ မႉးအကၤ်ီစကို မထိတထိလာဆြဲရင္း စေနာက္ေနျပန္သည္။
"ေလွ်ာက္ေျပာမေနနဲ႕၊ ဒီအမွိုက္ေတြအကုန္ရွင္း၊ မင္းသိရဲ႕လား၊ မမ ဒါမ်ိဳးေတြ မႀကိဳက္ဘူး''
“သြင္ရိပ္ေပ်ာ္လို႔ပါမမရဲ႕၊ ဒက္ဒီက သြင္ရိပ္ကို မမနဲ႕ သေဘာတူလိုက္ၿပီလို႔”
သြင္ရိပ္က မႉးကို ဝမ္းသာအားရ ေျပးဖက္ကာ ေျပာလာသျဖင့္ မႉးၿပဳံးေနမိသည္။
~
ပန္းဆိုင္၌ ဘုရားပန္းႏွစ္စည္းဝယ္ၾကသည္။ ဖိနပ္အပ္သည့္ေနရာတြင္ ဖိနပ္အပ္ထားခဲ့ကာ သြင္ရိပ္တို႔ ေလွကားထစ္ေတြအတိုင္း ဘုရားေပၚသို႔ တက္လာၾကသည္။ ဘုရား၌ သီတင္းကြၽတ္ပြဲေတာ္ရက္နီး၍ သာမန္ထက္ လူအမ်ားစည္ကားေနသည္။ လူကြဲသြားမည္စိုးသျဖင့္ သြင္ရိပ္ မမမႉးလက္ကို ခပ္တင္းတင္းဆုပ္ကိုင္ထားရသည္။ ရန္ကုန္၌ မည္မွ်အေနၾကာေသာ္လည္း သြားေနက်ေနရာမဟုတ္လွ်င္ သြင္ရိပ္ လူေၾကာက္ပါသည္။ ေသခ်ာလည္လည္ဝယ္ဝယ္သြားတတ္လွသည္မဟုတ္လွပါ။
အရပ္ေလးမ်က္ႏွာမွ တိုက္ခတ္ေသာေလမ်ားေၾကာင့္ ေစတီေတာ္၌ ေခါင္းေလာင္းသံျမည္ေနသည္။ အေတာ္ေလးကို နားဝင္ခ်ိဳလြန္းေန၏။ မမက ဖေယာင္းတိုင္ထုပ္ ေဖာက္ကာ ဆီမီးပူေဇာ္ေနသျဖင့္ သြင္ရိပ္ ေဘးမွ ကူညီေပးေနမိသည္။ ဘုရား အရင္ကန္ေတာ့ၿပီးမွ မမက ပန္း၊ ဆီမီး၊ သစ္သီးမ်ား ၿဂိဳလ္ခြင္၌ ကပ္လႉပူေဇာ္သည္။ ဘုရားကန္ေတာ့ေနသည့္ မမအမူအရာမွာ သိပ္လည္း ေအးခ်မ္း၏။ သြင္ရိပ္တို႔ ဘုရားကန္ေတာ့ၿပီးေသာ္ ေကာင္းကင္ကို ေမာ့ၾကည့္မိသည္။ ေရာင္စုံမီးပန္းမီးၾကယ္ေလးမ်ား လွပလြန္း၍ သြင္ရိပ္ အေငးသား ေမာ့ၾကည့္မိသည္။ ေလမွာလည္း လတ္ဆတ္လြန္းလွ၏။
“ေကာင္းကင္မွာ လွလိုက္တာမမရယ္၊ သြင္ရိပ္သိပ္သေဘာက်တာပဲ”

စည္းႏွောင္ထားေသာ မမဆံႏြယ္ရွည္အခ်ိဳ႕သည္ ေလထဲ တလူလူဝဲလြင့္ေန၏။ မမက ခပ္ၿပဳံးၿပဳံး လက္ပိုက္ရပ္ၾကည့္ေနသည္။ သြင္ရိပ္ မမလက္ေမာင္းကို ေခါင္းေလး မွီကာ တိုးေဝ့လိုက္သည္။
"သြင္ရိပ္ေလ သစ္ခြၿခံက က်န္တဲ့အျမတ္ေငြေတြကို လတိုင္း ဘဏ္မွာ စုထားတယ္သိလား”
"ဟုတ္လား၊ လိုခ်င္တာရွိတယ္ေပါ့''
"မမနဲ႕အတူတူ ျမန္မာျပည္အႏွံ႕ဘုရားဖူးသြားခ်င္တယ္၊ ပုဂံကို ဦးဆုံးသြားခ်င္လို႔”
“ရည္မွန္းခ်က္ႀကီးပဲ၊ ပိုက္ဆံမ်ားမ်ားစုမိၿပီး ျမန္ျမန္အေကာင္ထည္ေဖာ္နိုင္ပါေစလို႔ မမ ဆုေတာင္းေပးမယ္ေနာ္”
မမက ခပ္ၿပဳံးၿပဳံးလွမ္းေျပာသျဖင့္ သြင္ရိပ္အသည္းယားသြားၿပီး မမလက္ေမာင္းကို ဖ်စ္ညစ္လိုက္သည္။ မမက ေရာင္စုံမီးၾကယ္ေလးမ်ားကို ေငးၾကည့္ေနရာမွ ေစာင္းငဲ့ၾကည့္လာသည္။
“ဒက္ဒီနဲ႕မာမီက မမတို႔ကိုမကန႔္ကြက္ေတာ့ဘူးဆိုရင္ေတာင္ သြင္ရိပ္ရဲ႕ေမေမကေရာ လက္ခံပါ့မလားမသိဘူး၊ သြင္ရိပ္မွာလဲ မိသားစုအသိုင္းဝိုင္းရွိေသးတယ္ေလ”
“သြင္ရိပ္ ေမေမ့အိမ္မျပန္ျဖစ္တာၾကာၿပီ၊ ေမေမကလဲ သြင္ရိပ္ဖုန္းဆက္တိုင္း အိမ္လာခဲ့ဖို႔ မေခၚဘူး၊ သြင္ရိပ္ကို ကိုရဲရင့္နဲ႕ ေပးစားၿပီးေတာ့ အဆက္အသြယ္ျဖတ္လိုက္သလိုပါပဲ၊ ေမေမက သြင္ရိပ္ဘာလုပ္လုပ္ စိတ္မဝင္စားပါဘူးမမရယ္၊ အဲဒီအတြက္ မမ မေတြးလဲ ရပါတယ္၊ ေမေမကန့္ကြက္လာခဲ့ရင္လဲ သြင္ရိပ္က မမကို စဥ္းစားစရာမလိုေအာင္ ေ႐ြးခ်ယ္မွာ”
မမက ပါးခ်ိဳင့္ထင္ေနေအာင္ ၿပဳံးေနသည္။ သိပ္လွလြန္း၍ သြင္ရိပ္ေငးသြားသည္။
"ဟိုမွာၾကည့္ပါဦး၊ မီးပုံးပ်ံပဲ၊ သီတင္းကြၽတ္ရင္ လြတ္ဖို႔ စမ္းၾကည့္ေနတာထင္တယ္”
မမက မိုးေပၚ လက္ညိုးထိုးျပ၏။ မီးပုံးပ်ံမွာ တျဖည္းျဖည္း အေပၚသို႔ တက္ေနသည္။ ညေလမွာ မၾကမ္းေသာ္လည္း ေအးစိမ့္ေနသည္။ မီးပုံးပ်ံမွာ ေလႏွင္ရာသို႔ သြားေနသည္။ ေလာင္စာကုန္လွ်င္ မည္သည့္အရပ္တြင္ က်သြားမလဲ သြင္ရိပ္သိခ်င္ေနမိသည္။ အခ်ိန္အနည္းငယ္ၾကာေတာ့ သြင္ရိပ္တို႔ ဘုရားေပၚမွ လက္တြဲ၍ အတူဆင္းလာၾကသည္။
"ဘုရားသြားတာျဖစ္ျဖစ္ တရားစခန္းဝင္တာျဖစ္ျဖစ္ သတ္သတ္လြတ္စားတာျဖစ္ျဖစ္ ဘယ္သြားသြား ဘာလုပ္လုပ္ အၿမဲအတူလုပ္ၾကမယ္ေနာ္မမ၊ သြင္ရိပ္တို႔ ေရစက္ဖန္တီးၾကမယ္၊ ၾကားရဲ႕လားမမ”
"ၾကားပါတယ္ရွင္၊ ေအာက္လည္း ၾကည့္ေလွ်ာက္ပါဦး၊ ေခၚက်ေနဦးမယ္၊ ဒီေသာၾကာသမီး စကားကိုမ်ားတယ္''
ဘုရားေဇာင္းတန္း ေလွကားဆင္းေန၍ မမက သြင္ရိပ္လိမ့္က်မည္စိုးကာ ဆူေငါက္ပါေတာ့သည္။
"ဒီစေနသမီးမမကေတာ့ေနာ္၊ စြာကိုစြာလြန္းတယ္''
မမစကားအတိုင္း အ႐ႊန္းေဖာက္ၿပီး စေနာက္ျပန္ေျပာလိုက္ေတာ့ မမက မ်က္ေစာင္းလွည့္ထိုးသည္။ သြင္ရိပ္ရင္ထဲ၌ သစ္ခြပန္းေရာင္စုံမ်ား အခိုင္လိုက္ ပြင့္ေနၾကေလ၏။
====


"မသာ

ရင်ထဲက မှူး/ရင္ထဲက မႉးWhere stories live. Discover now