အပိုင်း( ၁၈ )

3.4K 254 0
                                    

ညဥ့်သည် အလွန်အေး၏။ အဲကွန်းမဖွင့်ထားပါဘဲ ရာသီဥတုအေးစိမ့်နေသည်။ မှူး၏ခြေတစ်ဖက်မှာ တဆစ်ဆစ်နာကျင်ကိုက်ခဲနေသဖြင့် မှူးမှာ ညနက်လည်း အိပ်မရပါ။ အားယူ ထထိုင်၍ ညာဘက်ခြေထောက်ကို အဝတ်အသာလှန်ကြည့်လိုက်တော့ မှူးခြေထောက်မှာ ဖောရောင်နေသည်။
"အ...ကျွတ်ကျွတ်”
ခြေထောက်မှာ မိုးအေးသောကြောင့်ဖြစ်နိုင်သလို လမ်းလျှောက်များသောကြောင့်လည်းဖြစ်နိုင်သည်။ အနာဟောင်းပြန်ထလာသလို မခံမရပ်နိုင်အောင် နာကျင်လွန်းသဖြင့် ညည်းတွားမိသည်။ မှူးမှာ သက်သာမလိုဖြင့် အခြေအနေပြန်ဆိုးလာ၍ နောက်ကျ အသွားအလာဆင်ခြင်ရတော့မည်။ ဖုန်းအသံမြည်လာ၏။ ဖုန်းမျက်နှာပြင်တွင် သွင်ရိပ်ဟု ပေါ်နေသဖြင့် မှူး နာရီလှမ်းကြည့်လိုက်သည်။ ညဥ့်ဆယ်နာရီရှိပြီ။ သွင်ရိပ်က ယခုချိန်ထိ မအိပ်သေးဘဲ ဖုန်းခေါ်နေသဖြင့် မှူး မျက်မှောင်ကြုတ်လိုက်ရင်း ဖုန်းကိုင်လိုက်သည်။
"ကြွက်ဖြူလေး အခုထိ မအိပ်သေးဘူးလား၊ ဘယ်ချိန်ရှိနေပြီလဲ”
"ကြွက်ဖြူလေးမဟုတ်ပါဘူး၊ သွင်ရိပ်ပါမမ”
မှူး ခြေထောက်နာနေလျက် ရယ်ချင်သွားသည်။ စနောက်မှန်းမသိ အဖြူထည်လေးပင်။
"ဟုတ်ပါပြီသွင်ရိပ်၊ ဒီအချိန်ကြီးဖုန်းခေါ်တာ ဘာများပြောမလို့လဲ”
သွင်ရိပ်မှာ ပြောရဲသလို မပြောရဲသလို နှုတ်ဆိတ်နေသဖြင့် မှူးမျက်မှောင်ကြုတ်လိုက်သည်။
“သွင်ရိပ်၊ မမကို ပြောစမ်း၊ ဘာဖြစ်နေတာလဲ”
"မနက်တုန်းက မမ ဘာလို့ သွင်ရိပ်ကို ကိုကိုနဲ့ ပြန်ခိုင်းရတာလဲ၊ မမမွေးနေ့မှာ သွင်ရိပ် တစ်နေ့လုံး မမနဲ့ အတူရှိနေချင်တာကို စိတ်ထဲမှာ တစ်မျိုးပဲ၊ သွင်ရိပ် ဝမ်းနည်းတယ်''
သွင်ရိပ်အသံမှာ ရှိုက်သံတစ်ဝက်ရောနေသဖြင့် မှူးအံ့ဩသွားသည်။
"သွင်ရိပ် မငိုနဲ့ မျက်ရည်အခုသုတ်လိုက် မမပြောတာ ကြားလား”
“ဟုတ် ကြားပါတယ်မမ၊ မျက်ရည်သုတ်လိုက်ပါပြီ”
“မမပြောတာ သေချာနားထောင်၊ မွေးနေ့ဆိုတာ မမအတွက် သာမန်နေ့တစ်နေ့ပါပဲ၊ ဒီလောက်ထိ ကြီးကျယ်ပြီး အဓိပ္ပါယ်ရှိတဲ့ နေ့တစ်နေ့မဟုတ်ဘူး၊ အသက်တစ်နှစ် ပိုကြီးသွားတာကလွဲပြီး မထူးခြားဘူး၊ မမ ကလေးကို နေ့သစ်နဲ့ ထားခဲ့တယ်ဆိုတာကလေ ခေါ်လာပြီး လက်လွတ်စပယ်လုပ်တာမျိုးမဟုတ်ဘူး၊ မမမအားလို့လေ၊ ပြီးတော့ နေ့သစ်က ယုံရလို့ပါ”
"ဘုရားမှာ ကိုကိုနဲ့ လာဆုံတာကျရော မမခေါ်ထားတာလား၊ ကိုကိုနဲ့ ဘာတွေပြောနေကြတာလဲဟင်”
‘’အမေးအမြန်းထူလိုက်တာသွင်ရိပ်ရယ်၊ မမစကားအများကြီးပြောနေရတာမကြိုက်ဘူးနော်”
"မမက ကိုကို့ကို ချစ်နေသေးတာလားဟင်”
“မင်း ဘယ်လိုမေးလိုက်တာလဲ၊ မင်း မမကို မယုံဘူးလား၊ နေ့သစ်ကို ချစ်နေသေးတယ်ဆိုရင်
မမ နေ့သစ်ကို ရွေးချယ်မှာပေါ့၊ မင်းကို ဘာလို့ရွေးချယ်ရမှာလဲ၊ အဓိပ္ပါယ်မရှိတာ”
ခြေထောက်ဒဏ်ရာနာသည့်အပြင် သွင်ရိပ်ကပါ မယုံသလို မေးလာသဖြင့် မှူး ဒေါသထောင်းခနဲထွက်လာသည်။ အနူးအညံ့များ၊ ချိုချိုသာသာများလည်း မပြောနိုင်တော့။
“မမက ကိုကို့ကို မုန်းနေသေးလို့ အရွဲတိုက်ချင်လို့ သွင်ရိပ်ကို ချစ်ဟန်ဆောင်နေတယ်ဆိုဘယ်လိုလုပ်မလဲ၊ သွင်ရိပ်ရူးသွားလိမ့်မယ်၊ သွင်ရိပ် မမကို ဆုံးရှုံးရမှာ ကြောက်တယ်”
"သွင်ရိပ်အမြင်မှာ မမက ဒီလောက်တောင် ဆိုးသွမ်းနေခဲ့တာလား၊ မမဝန်ခံပါတယ်၊ မမအရင်က သွင်ရိပ်ကို အသုံးချပြီး နေ့သစ်ကို နာကျင်အောင် လုပ်ခဲ့တယ်၊ နမ်းခဲ့တာကလဲ နေ့သစ်အထင်လွဲအောင်လို့ပဲ၊ သွင်ရိပ်တို့အိမ်ထောင်ရေးကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ဖျက်ဆီးခဲ့တယ်၊ အဲဒီအချိန်တုန်းက မမစိတ်ထဲမှာ မမခံစားရသလို နေ့သစ်ကို ပြန်ခံစားစေချင်တဲ့စိတ်ပဲရှိတယ်၊ ဒါပေမဲ့လေ မမကို ဆေးရုံမှာ သွင်ရိပ်လာပြုစုပေးတော့ မမရှက်မိတယ်၊ မမက သွင်ရိပ်လောက်တောင် ခွင့်လွတ်ပေးတတ်စိတ်မရှိပါလားတွေးမိတော့ သွင်ရိပ်ကို လေးစားမိတယ်၊ သဘောကျမိတယ်၊ သွင်ရိပ်ကြောင့်ပဲ မမက နေ့သစ်ကို ခွင့်လွတ်ပေးဖို့ အကြိမ်ကြိမ်တွေးခဲ့ပြီး ဆုံးဖြတ်ခဲ့တာ”

"သွင်ရိပ်ကြောက်တယ်မမ၊ ကိုကိုက ပြောတယ်၊ မမကို ပျော်ရွှင်အောင် မထားနိုင်ရင် မမကို ပြန်ယူမယ်တဲ့၊ သွင်ရိပ်ဘယ်လိုလုပ်ရမှာလဲ၊ သွင်ရိပ်က ကိုကိုနဲ့ယှဥ်ရင် လိုအပ်ချက်များတယ်”
“ အတွေးလွန်နေပြီကလေး၊ ငိုမနေနဲ့တော့”
မှူးပြောမှ သွင်ရိပ်မှာ ပိုငိုနေသည်။
ဒီကလေးနားလည်အောင် ဒီထက်ပိုပြီး မှူးမရှင်းပြတတ်တော့ပါ။ မှူးကို ပိုချစ်လာအောင်လည်း မစွမ်းဆောင်တတ်ပေ။ မှူးက အချစ်နှင့် ပတ်သက်လာလျှင် အရည်အချင်းမရှိ။ မှူး ဒီကလေးကို ဘယ်လောက်ချစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် အသိဆုံး။ သို့သော် ဒီအချစ်ကို မှူးမဖော်ပြတတ်သလို ပို၍ ပြောလည်း မပြောပြတတ်တော့ပါ။
"မှူးလေးရေ ကြီးကြီးမြပါ၊ တံခါးဖွင့်ပါဦးကွယ်၊ အရမ်းအရေးကြီးနေလို့''
မှူးအခန်းရှေ့၌ ကြီးကြီးမြက ညအချိန်မတော် လာခေါ်နေ၏။ အရေးကြီးကိစ္စဖြစ်မည် သေချာ၏။
"သွင်ရိပ် မမ,မအားတော့လို့ ဒါပဲနော်၊ good night”
မှူး ဖုန်းချကာ ကုတင်ပေါ်မှ ခြေချတော့ ခြေထောက်မှာ အားမပြုနိုင်အောင် သိပ်နာနေသည်။
"အား...ကျွတ် ကျွတ်''
ကုတင်ဘေး၌ ထောင်ထားသော ချိုင်းထောက်နှစ်ဖက်ကို ဆွဲယူ၍ ချိုင်းထောက်ဖြင့် ထောက်ကာ မှူး တံခါးထဖွင့်ပေးလိုက်သည်။ ကြီးကြီးမြက မျက်စိမျက်နှာပျက်နေ၍ စိတ်ပူသွားရသည်။
"ကြီးကြီးမြ၊ ဘာဖြစ်လို့လဲဟင်''
"ဆရာ အလုပ်မှာ ညနက်ကြီး ရေချိုးပြီး မူးလဲသွားလို့တဲ့၊ အလုပ်က ဖုန်းဆက်တယ်ကွယ်၊ အခုဆေးရုံတင်လိုက်ပြီတဲ့၊ ကြီးကြီးမြတို့ လိုက်သွားကြရမယ်’’
မှူး ရင်ထဲ ထိတ်သွားသည်။ ချိုင်းထောက်အားပြု၍ ရှေ့မှ သွားတော့ ကြီးကြီးမြက မှူးလက်ကို လာတွဲသည်။
"မှူးလေးခြေထောက်က လမ်းလျှောက်လို့ မရတော့ဘူးလားကွယ်၊ အဆင်ပြေပါ့မလား”
"နည်းနည်းပြန်နာနေလို့ပါ၊ လမ်းလျှောက်လို့တော့ ရပါသေးတယ်၊ မာမီရော အိမ်မှာ ရှိလား”
"မှူးမာမီ ဆေးရုံကို လိုက်သွားပြီကွယ့်၊ တကယ်လို့ မှူးအဆင်မပြေရင် ကြီးကြီးမြပဲ လိုက်သွားလိုက်မယ်''
"ဟင့်အင်း၊ မှူးသွားနိုင်တယ်၊ မှူးအဆင်ပြေပါတယ်''
မှူး ချိုင်းထောက်ဖြင့် အပေါ်ဆုံးထပ်မှ ရအောင် ဆင်းလာခဲ့သည်။ လှေကားထစ်များ၌ အလွန်သတိထားဆင်းရ၏။ ခြံထဲတွင် ဦးလေးထွန်းက ကားအဆင်သင့်ပြင်၍ စောင့်နေသည်။ မှူးတို့ ကားနောက်ခန်းတွင် ဝင်ထိုင်ကာ ဆေးရုံရောက်ရန် စိတ်စောနေမိသည်။ ဆေးရုံရောက်တော့ မှူးမှာ ချိုင်းထောက်ဖြင့် ခရီးမတွင်လှဟု ခံစားမိသည်။ ဦးလေးထွန်းက မှူးကို ကူထိန်းပေးကာ လူနာခန်းသို့ ခေါ်လာြပီး တံခါးတွန်းဖွင့်လိုက်သည်။ မာမီက ဝမ်းနည်းတကြီး ရှိုက်ငိုနေသဖြင့် မှူး အခန်းဝမှ ငေးကြောင်ရပ်ကြည့်နေမိသည်။ မာမီက မှူးကို မြင်တော့ ငိုကာ ပြေးဖက်လေ၏။ မှူး ချိုင်းထောက်အားပြု၍ ရှေ့သို့ ခြေလှမ်းတိုးရင်း ဒက်ဒီကို ကြည့်နေမိသည်။ ဒက်ဒီက ကုတင်ပေါ် လဲလျောင်းနေပြီး လက်ချောင်းများ ကောက်ကွေးနေသည်။ နှုတ်ခမ်းတစ်ခြမ်းရွဲ့နေပြီး စကားပြောမရ။ ဒက်ဒီက မှူးကို တစ်ခုခုပြောရန် ကြိုးစားနေသဖြင့် မှူးအံ့အားသင့်နေမိသည်။
"မှူးဒယ်ဒီ…မှူးဒယ်ဒီ လေဖြတ်သွားပြီမှူးရဲ့ အဟင့်”
မှူး အလွန်တုန်လှုပ်ကာ အံ့အားသင့်ရင်း ဆွံ့အ,နေမိသည်။
"စကားပြောလို့လဲ မရတော့ဘူး၊ မာမီတို့ ဘယ်လိုလုပ်ကြမလဲမှူးရယ်''
မှူးမျက်ဝန်း၌ မျက်ရည်တို့ ပြည့်လျှံလာြပီး နှုတ်ခမ်းထောင့်စွန်းမှာ အနည်းငယ်တွန့်ချိုးသွားသည်။ ဒါ ကံ...ကံ၏အကျိုး၊ ဝဋ်လည်တာဟု စိတ်ရှိလက်ရှိအော်ပြောလိုက်ချင်ပေမဲ့ မှူးမပြောထွက်နိုင်ခဲ့ မပြောရက်ခဲ့ပါ။ စကားလုံးများ လည်ချောင်းဝ၌ ဆို့နစ်နေကာ မျက်ရည်များအဆက်မပြတ်ကျလာသည်။
မှူးတို့မောင်နှမကို ဒုက္ခိတအဖြစ်ဆက်ဆံပြီး ကြက်ကလေးငှက်ကလေးလို စွန့်ပစ်ခဲ့သည့် အကျိုးဆက်အဖြစ် ဒယ်ဒီလည်း မှူးခံစားခဲ့ရသလို ပြန်ခံစားရတော့မည်။ မှူးပျော်မနေဘဲ ရင်ကွဲမတတ် နာကျင်နေတာ ဘယ်သူသိနိုင်မှာလဲ။
~
နေ့သစ် ကော်ဖီဆိုင်ရှေ့တွင် ကားရပ်လိုက်သည်။ မိုးပြေးလေးများသည် ခပ်ဖွဲဖွဲကျနေ၏။ ထီးဖွင့်ဆောင်း၍ ကားပေါ်မှ ဆင်းလိုက်တော့ သွင်ရိပ်ကို ကော်ဖီဆိုင်ဝ၌ နေ့သစ်လှမ်းတွေ့လိုက်သည်။ သွင်ရိပ်က မျက်ရည်ဝဲနေပြီး နေ့သစ်ကို မျက်နှာငယ်ဖြင့် ကြည့်လာသည်။ သွင်ရိပ်က မိုးဖွဲများထဲ ပြေးထွက်သွားသဖြင့် နေ့သစ်အူကြောင်ကြောင်ရပ်ကြည့်နေမိသည်။ ဘာများဖြစ်တာပါလိမ့်ဟု တွေးရင်း ထီးကို ကော်ဖီဆိုင်အဝဘေးတွင် ချိတ်ကာ ကော်ဖီဆိုင်ထဲ၌ မှူးကို ရှာလိုက်သည်။
မှူးက တွေ့ရန် ဖုန်းဆက်ခေါ်သဖြင့် နေ့သစ်လာခဲ့ခြင်းဖြစ်သည်။ မထင်မှတ်ဘဲ သွင်ရိပ်ကို မျက်နှာမကောင်းသောပုံစံဖြင့် လာတွေ့နေ၍ အံ့ဩရသည်။
နေ့သစ်လှမ်းကြည့်လိုက်တော့ မှူးက ဆိုင်၏ဘယ်ဘက်ထောင့်စားပွဲ၌ ကော်ဖီတစ်ခွက်မှာကာ စာအုပ်တစ်အုပ်ထိုင်ဖတ်နေသည်။ မှူးကို ဘေးစောင်းအနေထားဖြင့် တွေ့လိုက်တော့ နေ့သစ်ပြုံးကာ မှူးရှေ့မှ ခုံတွင် ဝင်ထိုင်လိုက်သည်။
"ရောက်လာပြီလား”
"မှူးတစ်ယောက်တည်းလား၊ သွင်ရိပ်ရော မပါဘူးလား”
"အင်းလေ၊ ဘယ်နှစ်ယောက်တွေ့လို့လဲ၊ မှူးတစ်ယောက်ထဲပဲပေါ့”
မှူးက ဖတ်လက်စစာအုပ်ကို ဘေးချ၍ ခပ်သွက်သွက်ပြောသဖြင့် နေ့သစ်ကြောင်သွားသည်။ သွင်ရိပ်က မှူးနှင့်အတူလာခဲ့ခြင်းမဟုတ်ဘူးလားဟူသည့် မေးခွန်းမှာ ခေါင်းထဲ ရောက်လာ၏။ နေ့သစ် စားပွဲထိုးကို cappuccinoတစ်ခွက်မှာလိုက်သည်။ မှူးက နေ့သစ်ကို မျက်နှာချင်းဆိုင်ကြည့်လာ၏။
"ဒက်ဒီလေဖြတ်သွားတယ်”
“ဟင်! ဘယ်တုန်းကလဲမှူးရဲ့၊ ဘယ်လိုဖြစ်ရတာလဲ”
“တစ်ပတ်ကျော်ပြီ၊ အခုတော့ ဆေးရုံမှာပဲ၊ အဲဒါကြောင့် ရဲရင့်က လုပ်ငန်းစုကို ဦးစီးလုပ်ဆောင်နေပေမဲ့ လုပ်ငန်းတွေကများတော့ သူလဲ မနိုင်ဘူး၊ မှူးလဲ တတ်နိုင်သလောက် ကူညီပေးနေတာ”
"မှူးအတွက် ခက်ခဲမှာပဲ၊ ကိုယ်တကယ်စိတ်မကောင်းပါဘူး၊ ကိုယ်ကူညီနိုင်တာရှိရင် ပြောပါ’’
"အလှကုန်Productသစ်ကြော်ညာအတွက် ပိုစတာပုံရိုက်ဖို့ စီစဥ်ထားတာ၊ ဌားထားတဲ့ဓာတ်ပုံဆရာက ပိုက်ဆံကြိုယူပြီး ပြေးသွားတယ်လေ၊ ပြပွဲကလဲ နီးနေပြီဆိုတော့ အခုမှ ဓာတ်ပုံဆရာထပ်ဌားဖို့က ချက်ချင်းအဆင်မပြေဘူး၊ မှူးအသိထဲမှာလဲ နေ့သစ်ပဲရှိတော့ အကူအညီတောင်းကြည့်တာပါ”
"ကျေးဇူးတင်ပါတယ်နော် ကိုယ့်ကိုသတိရပေးလို့လေ၊ ဟိုအရင်ချိန်တွေတုန်းကသာ မှူး ဒီလိုမျိုး ကိုယ့်ကို''
“တော်ပါတော့၊ မှူး အဲလိုတွေ ပြန်ပြောနေရတာမကြိုက်ဘူး”
မှူးက နေ့သစ်စကားမဆုံးခင် ဟန့်တားလာတော့ မချင့်မရဲဖြစ်သွားမိသည်။
“ဒီတော့ အလုပ်လက်ခံမှာလား လက်မခံဘူးလား၊ နင် လိုရင်းပဲပြော”
မှူး၏စိတ်မရှည်ပုံကို သဘောကျမိ၍ နေ့သစ် ပြုံးကာ ခေါင်းညိတ်လိုက်သည်။ စားပွဲထိုးလာချပေးသော ကော်ဖီကို သောက်လိုက်သည်။ မှူးက အပြင်ဘက်မှ မိုးဖွဲများကို လှမ်းကြည့်နေ၏။
"မှူး သွင်ရိပ်နဲ့ အဆင်ပြေတယ်မဟုတ်လား”
“ပြေပါတယ်''
"သေချာလို့လား၊ မှူးတစ်ယောက်တည်း ပြေနေတာမဟုတ်ဘူးမလား”
မှူးက နေ့သစ်ကို ဘာစကားလဲဆိုသည့်အကြည့်မျိုးဖြင့် ကြည့်လာ၏။
"နေ့သစ်ပြောချင်တာက မှူးကပဲ ပြေနေပြီး သွင်ရိပ်က အဆင်မပြေဘူးလို့ပြောချင်တာလား”
"မဟုတ်ပါဘူး၊ ကိုယ်စကားမှားသွားတယ်၊ မှူးစိတ်ထဲမထားပါနဲ့”
"ဆေးရုံကို သွားရဦးမှာမို့ မှူးပြန်တော့မယ်၊ အလုပ်လက်ခံပေးလို့ ကျေးဇူးတင်တယ်၊ အလုပ်ကိစ္စမနက်ဖြန်မှ ဆက်သွယ်လိုက်မယ်”
မှူးက ဘေး၌ ထောင်ထားသည့် ရွှေရောင်တုတ်ကောက်ယူ၍ အားပြုထရပ်ကာ မတုံ့မဆိုင်း ထွက်သွားသည်။ နေ့သစ် မှူးကို မတ်တပ်ရပ်ကာ ငေးကျန်ခဲ့သည်။ မှူး၏ညာခြေထောက်မှာ ပတ်တီးစီးထားရပြီး လမ်းလျှောက်လိုက်တိုင်းမှာ ထော့နဲ့နေ၏။ ငယ်ရွယ်လှပသောမိန်းမတစ်ယောက်မှာ ဤကဲ့သို့ တုတ်ကောက်ဖြင့် လမ်းလျှောက်နေရ၍ နေ့သစ်အားနာပြီး စိတ်မကောင်းဖြစ်ရသည်။ ဒေါက်ဖိနပ်ကြိုက်သောမိန်းမက ဖိနပ်အပါးစီးထားရ၏။ မှူးအကြောင်းသိနေတော့ လိုက်ပို့ပေးမိမည်ဟုပင် မပြောရဲခဲ့ပါ။
“မှူးပြောခဲ့ဖူးသလို မောင်က မှူးကို မြင်တိုင်း အပြစ်ရှိတဲ့စိတ်နဲ့ တစ်သက်လုံးနေသွားရတော့မှာပါ”
~
မိုးရေစက်များမှာ ကိုယ်ပေါ်သို့ တဖျောက်ဖျောက် ကြွေကျနေသည်။ မျက်ရည်စက်တို့မှာ မိုးရေနှင့် ရောယှက်ကာ မြေပြင်ပေါ်သို့ ဝမ်းနည်းစွာ ခုန်ဆင်းနေသည်။ ခိုက်ခိုက်တုန်အောင် ချမ်းနေကာ နှုတ်ခမ်းပါးလေးမှာ ပြာနှမ်းနေလေသည်။ မဟုတ်ပါဘူးဟု အကြိမ်ကြိမ်သတိပေးနေလည်း ဝမ်းနည်းအားငယ်စိတ်သာ ကြီးစိုးဝင်ရောက်လာသည်။ မမမှူးနောက်ကို မရည်ရွယ်ဘဲ တိတ်တိတ်လေး လိုက်ချောင်းမိရင်း မထင်မှတ်စရာများ တွေ့ခဲ့ရသည်။
ဘာကြောင့်များ သွင်ရိပ်ကို တကယ်မချစ်ဘူးလို့ပဲ ထင်နေမိတာလဲ။ ဘာကြောင့်များ ကိုကိုက မမမှူးကို ပြန်ယူသွားလိမ့်မယ်ဆိုပြီး တစ်ချိန်လုံးတွေးပူနေမိရတာလဲ။ မမမှာ သွင်ရိပ်ကို ပေးဖို့ အချိန်မရှိပေမဲ့ ကိုကိုနဲ့ တကူးတကချိန်းတွေ့ဖို့ မမမှာ အချိန်ရှိနေတယ်။
ကားတစ်စီးသည် ဘေးမှ ဖြတ်မောင်းသွား၏။ ရေစက်အချို့မှာ သွင်ရိပ်ကိုယ်ကို လာစင်သည်။ ၎င်းကားပေါ်၌ မမမှူးပါသွားသဖြင့် သွင်ရိပ်ငေးကြည့်ရင်း မိုးသည်းထဲ၌ ရပ်ကျန်ခဲ့သည်။
====
ဆက်ရန်။
#ကြွေ
ညဥ့္သည္ အလြန္ေအး၏။ အဲကြန္းမဖြင့္ထားပါဘဲ ရာသီဥတုေအးစိမ့္ေနသည္။ မႉး၏ေျခတစ္ဖက္မွာ တဆစ္ဆစ္နာက်င္ကိုက္ခဲေနသျဖင့္ မႉးမွာ ညနက္လည္း အိပ္မရပါ။ အားယူ ထထိုင္၍ ညာဘက္ေျခေထာက္ကို အဝတ္အသာလွန္ၾကည့္လိုက္ေတာ့ မႉးေျခေထာက္မွာ ေဖာေရာင္ေနသည္။
"အ...ကြၽတ္ကြၽတ္”
ေျခေထာက္မွာ မိုးေအးေသာေၾကာင့္ျဖစ္နိုင္သလို လမ္းေလွ်ာက္မ်ားေသာေၾကာင့္လည္းျဖစ္နိုင္သည္။ အနာေဟာင္းျပန္ထလာသလို မခံမရပ္နိုင္ေအာင္ နာက်င္လြန္းသျဖင့္ ညည္းတြားမိသည္။ မႉးမွာ သက္သာမလိုျဖင့္ အေျခအေနျပန္ဆိုးလာ၍ ေနာက္က် အသြားအလာဆင္ျခင္ရေတာ့မည္။ ဖုန္းအသံျမည္လာ၏။ ဖုန္းမ်က္ႏွာျပင္တြင္ သြင္ရိပ္ဟု ေပၚေနသျဖင့္ မႉး နာရီလွမ္းၾကည့္လိုက္သည္။ ညဥ့္ဆယ္နာရီရွိၿပီ။ သြင္ရိပ္က ယခုခ်ိန္ထိ မအိပ္ေသးဘဲ ဖုန္းေခၚေနသျဖင့္ မႉး မ်က္ေမွာင္ၾကဳတ္လိုက္ရင္း ဖုန္းကိုင္လိုက္သည္။
"ႂကြက္ျဖဴေလး အခုထိ မအိပ္ေသးဘူးလား၊ ဘယ္ခ်ိန္ရွိေနၿပီလဲ”
"ႂကြက္ျဖဴေလးမဟုတ္ပါဘူး၊ သြင္ရိပ္ပါမမ”
မႉး ေျခေထာက္နာေနလ်က္ ရယ္ခ်င္သြားသည္။ စေနာက္မွန္းမသိ အျဖဴထည္ေလးပင္။
"ဟုတ္ပါၿပီသြင္ရိပ္၊ ဒီအခ်ိန္ႀကီးဖုန္းေခၚတာ ဘာမ်ားေျပာမလို႔လဲ”
သြင္ရိပ္မွာ ေျပာရဲသလို မေျပာရဲသလို ႏႈတ္ဆိတ္ေနသျဖင့္ မႉးမ်က္ေမွာင္ၾကဳတ္လိုက္သည္။
“သြင္ရိပ္၊ မမကို ေျပာစမ္း၊ ဘာျဖစ္ေနတာလဲ”
"မနက္တုန္းက မမ ဘာလို႔ သြင္ရိပ္ကို ကိုကိုနဲ႕ ျပန္ခိုင္းရတာလဲ၊ မမေမြးေန႕မွာ သြင္ရိပ္ တစ္ေန႕လုံး မမနဲ႕ အတူရွိေနခ်င္တာကို စိတ္ထဲမွာ တစ္မ်ိဳးပဲ၊ သြင္ရိပ္ ဝမ္းနည္းတယ္''
သြင္ရိပ္အသံမွာ ရွိုက္သံတစ္ဝက္ေရာေနသျဖင့္ မႉးအံ့ဩသြားသည္။
"သြင္ရိပ္ မငိုနဲ႕ မ်က္ရည္အခုသုတ္လိုက္ မမေျပာတာ ၾကားလား”
“ဟုတ္ ၾကားပါတယ္မမ၊ မ်က္ရည္သုတ္လိုက္ပါၿပီ”
“မမေျပာတာ ေသခ်ာနားေထာင္၊ ေမြးေန႕ဆိုတာ မမအတြက္ သာမန္ေန႕တစ္ေန႕ပါပဲ၊ ဒီေလာက္ထိ ႀကီးက်ယ္ၿပီး အဓိပၸါယ္ရွိတဲ့ ေန႕တစ္ေန႕မဟုတ္ဘူး၊ အသက္တစ္ႏွစ္ ပိုႀကီးသြားတာကလြဲၿပီး မထူးျခားဘူး၊ မမ ကေလးကို ေန႕သစ္နဲ႕ ထားခဲ့တယ္ဆိုတာကေလ ေခၚလာၿပီး လက္လြတ္စပယ္လုပ္တာမ်ိဳးမဟုတ္ဘူး၊ မမမအားလို႔ေလ၊ ၿပီးေတာ့ ေန႕သစ္က ယုံရလို႔ပါ”
"ဘုရားမွာ ကိုကိုနဲ႕ လာဆုံတာက်ေရာ မမေခၚထားတာလား၊ ကိုကိုနဲ႕ ဘာေတြေျပာေနၾကတာလဲဟင္”
‘’အေမးအျမန္းထူလိုက္တာသြင္ရိပ္ရယ္၊ မမစကားအမ်ားႀကီးေျပာေနရတာမႀကိဳက္ဘူးေနာ္”
"မမက ကိုကို႔ကို ခ်စ္ေနေသးတာလားဟင္”
“မင္း ဘယ္လိုေမးလိုက္တာလဲ၊ မင္း မမကို မယုံဘူးလား၊ ေန႕သစ္ကို ခ်စ္ေနေသးတယ္ဆိုရင္
မမ ေန႕သစ္ကို ေ႐ြးခ်ယ္မွာေပါ့၊ မင္းကို ဘာလို႔ေ႐ြးခ်ယ္ရမွာလဲ၊ အဓိပၸါယ္မရွိတာ”
ေျခေထာက္ဒဏ္ရာနာသည့္အျပင္ သြင္ရိပ္ကပါ မယုံသလို ေမးလာသျဖင့္ မႉး ေဒါသေထာင္းခနဲထြက္လာသည္။ အႏူးအညံ့မ်ား၊ ခ်ိဳခ်ိဳသာသာမ်ားလည္း မေျပာနိုင္ေတာ့။
“မမက ကိုကို႔ကို မုန္းေနေသးလို႔ အ႐ြဲတိုက္ခ်င္လို႔ သြင္ရိပ္ကို ခ်စ္ဟန္ေဆာင္ေနတယ္ဆိုဘယ္လိုလုပ္မလဲ၊ သြင္ရိပ္႐ူးသြားလိမ့္မယ္၊ သြင္ရိပ္ မမကို ဆုံးရႈံးရမွာ ေၾကာက္တယ္”
"သြင္ရိပ္အျမင္မွာ မမက ဒီေလာက္ေတာင္ ဆိုးသြမ္းေနခဲ့တာလား၊ မမဝန္ခံပါတယ္၊ မမအရင္က သြင္ရိပ္ကို အသုံးခ်ၿပီး ေန႕သစ္ကို နာက်င္ေအာင္ လုပ္ခဲ့တယ္၊ နမ္းခဲ့တာကလဲ ေန႕သစ္အထင္လြဲေအာင္လို႔ပဲ၊ သြင္ရိပ္တို႔အိမ္ေထာင္ေရးကို တမင္ရည္႐ြယ္ခ်က္ရွိရွိနဲ႕ဖ်က္ဆီးခဲ့တယ္၊ အဲဒီအခ်ိန္တုန္းက မမစိတ္ထဲမွာ မမခံစားရသလို ေန႕သစ္ကို ျပန္ခံစားေစခ်င္တဲ့စိတ္ပဲရွိတယ္၊ ဒါေပမဲ့ေလ မမကို ေဆး႐ုံမွာ သြင္ရိပ္လာျပဳစုေပးေတာ့ မမရွက္မိတယ္၊ မမက သြင္ရိပ္ေလာက္ေတာင္ ခြင့္လြတ္ေပးတတ္စိတ္မရွိပါလားေတြးမိေတာ့ သြင္ရိပ္ကို ေလးစားမိတယ္၊ သေဘာက်မိတယ္၊ သြင္ရိပ္ေၾကာင့္ပဲ မမက ေန႕သစ္ကို ခြင့္လြတ္ေပးဖို႔ အႀကိမ္ႀကိမ္ေတြးခဲ့ၿပီး ဆုံးျဖတ္ခဲ့တာ”

"သြင္ရိပ္ေၾကာက္တယ္မမ၊ ကိုကိုက ေျပာတယ္၊ မမကို ေပ်ာ္႐ႊင္ေအာင္ မထားနိုင္ရင္ မမကို ျပန္ယူမယ္တဲ့၊ သြင္ရိပ္ဘယ္လိုလုပ္ရမွာလဲ၊ သြင္ရိပ္က ကိုကိုနဲ႕ယွဥ္ရင္ လိုအပ္ခ်က္မ်ားတယ္”
“ အေတြးလြန္ေနၿပီကေလး၊ ငိုမေနနဲ႕ေတာ့”
မႉးေျပာမွ သြင္ရိပ္မွာ ပိုငိုေနသည္။
ဒီကေလးနားလည္ေအာင္ ဒီထက္ပိုၿပီး မႉးမရွင္းျပတတ္ေတာ့ပါ။ မႉးကို ပိုခ်စ္လာေအာင္လည္း မစြမ္းေဆာင္တတ္ေပ။ မႉးက အခ်စ္ႏွင့္ ပတ္သက္လာလွ်င္ အရည္အခ်င္းမရွိ။ မႉး ဒီကေလးကို ဘယ္ေလာက္ခ်စ္ေၾကာင္း ကိုယ့္ကိုယ္ကိုယ္ အသိဆုံး။ သို႔ေသာ္ ဒီအခ်စ္ကို မႉးမေဖာ္ျပတတ္သလို ပို၍ ေျပာလည္း မေျပာျပတတ္ေတာ့ပါ။
"မႉးေလးေရ ႀကီးႀကီးျမပါ၊ တံခါးဖြင့္ပါဦးကြယ္၊ အရမ္းအေရးႀကီးေနလို႔''
မႉးအခန္းေရွ႕၌ ႀကီးႀကီးျမက ညအခ်ိန္မေတာ္ လာေခၚေန၏။ အေရးႀကီးကိစၥျဖစ္မည္ ေသခ်ာ၏။
"သြင္ရိပ္ မမ,မအားေတာ့လို႔ ဒါပဲေနာ္၊ good night”
မႉး ဖုန္းခ်ကာ ကုတင္ေပၚမွ ေျခခ်ေတာ့ ေျခေထာက္မွာ အားမျပဳနိုင္ေအာင္ သိပ္နာေနသည္။
"အား...ကြၽတ္ ကြၽတ္''
ကုတင္ေဘး၌ ေထာင္ထားေသာ ခ်ိဳင္းေထာက္ႏွစ္ဖက္ကို ဆြဲယူ၍ ခ်ိဳင္းေထာက္ျဖင့္ ေထာက္ကာ မႉး တံခါးထဖြင့္ေပးလိုက္သည္။ ႀကီးႀကီးျမက မ်က္စိမ်က္ႏွာပ်က္ေန၍ စိတ္ပူသြားရသည္။
"ႀကီးႀကီးျမ၊ ဘာျဖစ္လို႔လဲဟင္''
"ဆရာ အလုပ္မွာ ညနက္ႀကီး ေရခ်ိဳးၿပီး မူးလဲသြားလို႔တဲ့၊ အလုပ္က ဖုန္းဆက္တယ္ကြယ္၊ အခုေဆး႐ုံတင္လိုက္ၿပီတဲ့၊ ႀကီးႀကီးျမတို႔ လိုက္သြားၾကရမယ္’’
မႉး ရင္ထဲ ထိတ္သြားသည္။ ခ်ိဳင္းေထာက္အားျပဳ၍ ေရွ႕မွ သြားေတာ့ ႀကီးႀကီးျမက မႉးလက္ကို လာတြဲသည္။
"မႉးေလးေျခေထာက္က လမ္းေလွ်ာက္လို႔ မရေတာ့ဘူးလားကြယ္၊ အဆင္ေျပပါ့မလား”
"နည္းနည္းျပန္နာေနလို႔ပါ၊ လမ္းေလွ်ာက္လို႔ေတာ့ ရပါေသးတယ္၊ မာမီေရာ အိမ္မွာ ရွိလား”
"မႉးမာမီ ေဆး႐ုံကို လိုက္သြားၿပီကြယ့္၊ တကယ္လို႔ မႉးအဆင္မေျပရင္ ႀကီးႀကီးျမပဲ လိုက္သြားလိုက္မယ္''
"ဟင့္အင္း၊ မႉးသြားနိုင္တယ္၊ မႉးအဆင္ေျပပါတယ္''
မႉး ခ်ိဳင္းေထာက္ျဖင့္ အေပၚဆုံးထပ္မွ ရေအာင္ ဆင္းလာခဲ့သည္။ ေလွကားထစ္မ်ား၌ အလြန္သတိထားဆင္းရ၏။ ၿခံထဲတြင္ ဦးေလးထြန္းက ကားအဆင္သင့္ျပင္၍ ေစာင့္ေနသည္။ မႉးတို႔ ကားေနာက္ခန္းတြင္ ဝင္ထိုင္ကာ ေဆး႐ုံေရာက္ရန္ စိတ္ေစာေနမိသည္။ ေဆး႐ုံေရာက္ေတာ့ မႉးမွာ ခ်ိဳင္းေထာက္ျဖင့္ ခရီးမတြင္လွဟု ခံစားမိသည္။ ဦးေလးထြန္းက မႉးကို ကူထိန္းေပးကာ လူနာခန္းသို႔ ေခၚလာၿပီး တံခါးတြန္းဖြင့္လိုက္သည္။ မာမီက ဝမ္းနည္းတႀကီး ရွိုက္ငိုေနသျဖင့္ မႉး အခန္းဝမွ ေငးေၾကာင္ရပ္ၾကည့္ေနမိသည္။ မာမီက မႉးကို ျမင္ေတာ့ ငိုကာ ေျပးဖက္ေလ၏။ မႉး ခ်ိဳင္းေထာက္အားျပဳ၍ ေရွ႕သို႔ ေျခလွမ္းတိုးရင္း ဒက္ဒီကို ၾကည့္ေနမိသည္။ ဒက္ဒီက ကုတင္ေပၚ လဲေလ်ာင္းေနၿပီး လက္ေခ်ာင္းမ်ား ေကာက္ေကြးေနသည္။ ႏႈတ္ခမ္းတစ္ျခမ္း႐ြဲ႕ေနၿပီး စကားေျပာမရ။ ဒက္ဒီက မႉးကို တစ္ခုခုေျပာရန္ ႀကိဳးစားေနသျဖင့္ မႉးအံ့အားသင့္ေနမိသည္။
"မႉးဒယ္ဒီ…မႉးဒယ္ဒီ ေလျဖတ္သြားၿပီမႉးရဲ႕ အဟင့္”
မႉး အလြန္တုန္လႈပ္ကာ အံ့အားသင့္ရင္း ဆြံ႕အ,ေနမိသည္။
"စကားေျပာလို႔လဲ မရေတာ့ဘူး၊ မာမီတို႔ ဘယ္လိုလုပ္ၾကမလဲမႉးရယ္''
မႉးမ်က္ဝန္း၌ မ်က္ရည္တို႔ ျပည့္လွ်ံလာၿပီး ႏႈတ္ခမ္းေထာင့္စြန္းမွာ အနည္းငယ္တြန႔္ခ်ိဳးသြားသည္။ ဒါ ကံ...ကံ၏အက်ိဳး၊ ဝဋ္လည္တာဟု စိတ္ရွိလက္ရွိေအာ္ေျပာလိုက္ခ်င္ေပမဲ့ မႉးမေျပာထြက္နိုင္ခဲ့ မေျပာရက္ခဲ့ပါ။ စကားလုံးမ်ား လည္ေခ်ာင္းဝ၌ ဆို႔နစ္ေနကာ မ်က္ရည္မ်ားအဆက္မျပတ္က်လာသည္။
မႉးတို႔ေမာင္ႏွမကို ဒုကၡိတအျဖစ္ဆက္ဆံၿပီး ၾကက္ကေလးငွက္ကေလးလို စြန႔္ပစ္ခဲ့သည့္ အက်ိဳးဆက္အျဖစ္ ဒယ္ဒီလည္း မႉးခံစားခဲ့ရသလို ျပန္ခံစားရေတာ့မည္။ မႉးေပ်ာ္မေနဘဲ ရင္ကြဲမတတ္ နာက်င္ေနတာ ဘယ္သူသိနိုင္မွာလဲ။
~
ေန႕သစ္ ေကာ္ဖီဆိုင္ေရွ႕တြင္ ကားရပ္လိုက္သည္။ မိုးေျပးေလးမ်ားသည္ ခပ္ဖြဲဖြဲက်ေန၏။ ထီးဖြင့္ေဆာင္း၍ ကားေပၚမွ ဆင္းလိုက္ေတာ့ သြင္ရိပ္ကို ေကာ္ဖီဆိုင္ဝ၌ ေန႕သစ္လွမ္းေတြ႕လိုက္သည္။ သြင္ရိပ္က မ်က္ရည္ဝဲေနၿပီး ေန႕သစ္ကို မ်က္ႏွာငယ္ျဖင့္ ၾကည့္လာသည္။ သြင္ရိပ္က မိုးဖြဲမ်ားထဲ ေျပးထြက္သြားသျဖင့္ ေန႕သစ္အူေၾကာင္ေၾကာင္ရပ္ၾကည့္ေနမိသည္။ ဘာမ်ားျဖစ္တာပါလိမ့္ဟု ေတြးရင္း ထီးကို ေကာ္ဖီဆိုင္အဝေဘးတြင္ ခ်ိတ္ကာ ေကာ္ဖီဆိုင္ထဲ၌ မႉးကို ရွာလိုက္သည္။
မႉးက ေတြ႕ရန္ ဖုန္းဆက္ေခၚသျဖင့္ ေန႕သစ္လာခဲ့ျခင္းျဖစ္သည္။ မထင္မွတ္ဘဲ သြင္ရိပ္ကို မ်က္ႏွာမေကာင္းေသာပုံစံျဖင့္ လာေတြ႕ေန၍ အံ့ဩရသည္။
ေန႕သစ္လွမ္းၾကည့္လိုက္ေတာ့ မႉးက ဆိုင္၏ဘယ္ဘက္ေထာင့္စားပြဲ၌ ေကာ္ဖီတစ္ခြက္မွာကာ စာအုပ္တစ္အုပ္ထိုင္ဖတ္ေနသည္။ မႉးကို ေဘးေစာင္းအေနထားျဖင့္ ေတြ႕လိုက္ေတာ့ ေန႕သစ္ၿပဳံးကာ မႉးေရွ႕မွ ခုံတြင္ ဝင္ထိုင္လိုက္သည္။
"ေရာက္လာၿပီလား”
"မႉးတစ္ေယာက္တည္းလား၊ သြင္ရိပ္ေရာ မပါဘူးလား”
"အင္းေလ၊ ဘယ္ႏွစ္ေယာက္ေတြ႕လို႔လဲ၊ မႉးတစ္ေယာက္ထဲပဲေပါ့”
မႉးက ဖတ္လက္စစာအုပ္ကို ေဘးခ်၍ ခပ္သြက္သြက္ေျပာသျဖင့္ ေန႕သစ္ေၾကာင္သြားသည္။ သြင္ရိပ္က မႉးႏွင့္အတူလာခဲ့ျခင္းမဟုတ္ဘူးလားဟူသည့္ ေမးခြန္းမွာ ေခါင္းထဲ ေရာက္လာ၏။ ေန႕သစ္ စားပြဲထိုးကို cappuccinoတစ္ခြက္မွာလိုက္သည္။ မႉးက ေန႕သစ္ကို မ်က္ႏွာခ်င္းဆိုင္ၾကည့္လာ၏။
"ဒက္ဒီေလျဖတ္သြားတယ္”
“ဟင္! ဘယ္တုန္းကလဲမႉးရဲ႕၊ ဘယ္လိုျဖစ္ရတာလဲ”
“တစ္ပတ္ေက်ာ္ၿပီ၊ အခုေတာ့ ေဆး႐ုံမွာပဲ၊ အဲဒါေၾကာင့္ ရဲရင့္က လုပ္ငန္းစုကို ဦးစီးလုပ္ေဆာင္ေနေပမဲ့ လုပ္ငန္းေတြကမ်ားေတာ့ သူလဲ မနိုင္ဘူး၊ မႉးလဲ တတ္နိုင္သေလာက္ ကူညီေပးေနတာ”
"မႉးအတြက္ ခက္ခဲမွာပဲ၊ ကိုယ္တကယ္စိတ္မေကာင္းပါဘူး၊ ကိုယ္ကူညီနိုင္တာရွိရင္ ေျပာပါ’’
"အလွကုန္Productသစ္ေၾကာ္ညာအတြက္ ပိုစတာပုံရိုက္ဖို႔ စီစဥ္ထားတာ၊ ဌားထားတဲ့ဓာတ္ပုံဆရာက ပိုက္ဆံႀကိဳယူၿပီး ေျပးသြားတယ္ေလ၊ ျပပြဲကလဲ နီးေနၿပီဆိုေတာ့ အခုမွ ဓာတ္ပုံဆရာထပ္ဌားဖို႔က ခ်က္ခ်င္းအဆင္မေျပဘူး၊ မႉးအသိထဲမွာလဲ ေန႕သစ္ပဲရွိေတာ့ အကူအညီေတာင္းၾကည့္တာပါ”
"ေက်းဇူးတင္ပါတယ္ေနာ္ ကိုယ့္ကိုသတိရေပးလို႔ေလ၊ ဟိုအရင္ခ်ိန္ေတြတုန္းကသာ မႉး ဒီလိုမ်ိဳး ကိုယ့္ကို''
“ေတာ္ပါေတာ့၊ မႉး အဲလိုေတြ ျပန္ေျပာေနရတာမႀကိဳက္ဘူး”
မႉးက ေန႕သစ္စကားမဆုံးခင္ ဟန႔္တားလာေတာ့ မခ်င့္မရဲျဖစ္သြားမိသည္။
“ဒီေတာ့ အလုပ္လက္ခံမွာလား လက္မခံဘူးလား၊ နင္ လိုရင္းပဲေျပာ”
မႉး၏စိတ္မရွည္ပုံကို သေဘာက်မိ၍ ေန႕သစ္ ၿပဳံးကာ ေခါင္းညိတ္လိုက္သည္။ စားပြဲထိုးလာခ်ေပးေသာ ေကာ္ဖီကို ေသာက္လိုက္သည္။ မႉးက အျပင္ဘက္မွ မိုးဖြဲမ်ားကို လွမ္းၾကည့္ေန၏။
"မႉး သြင္ရိပ္နဲ႕ အဆင္ေျပတယ္မဟုတ္လား”
“ေျပပါတယ္''
"ေသခ်ာလို႔လား၊ မႉးတစ္ေယာက္တည္း ေျပေနတာမဟုတ္ဘူးမလား”
မႉးက ေန႕သစ္ကို ဘာစကားလဲဆိုသည့္အၾကည့္မ်ိဳးျဖင့္ ၾကည့္လာ၏။
"ေန႕သစ္ေျပာခ်င္တာက မႉးကပဲ ေျပေနၿပီး သြင္ရိပ္က အဆင္မေျပဘူးလို႔ေျပာခ်င္တာလား”
"မဟုတ္ပါဘူး၊ ကိုယ္စကားမွားသြားတယ္၊ မႉးစိတ္ထဲမထားပါနဲ႕”
"ေဆး႐ုံကို သြားရဦးမွာမို႔ မႉးျပန္ေတာ့မယ္၊ အလုပ္လက္ခံေပးလို႔ ေက်းဇူးတင္တယ္၊ အလုပ္ကိစၥမနက္ျဖန္မွ ဆက္သြယ္လိုက္မယ္”
မႉးက ေဘး၌ ေထာင္ထားသည့္ ေ႐ႊေရာင္တုတ္ေကာက္ယူ၍ အားျပဳထရပ္ကာ မတုံ႕မဆိုင္း ထြက္သြားသည္။ ေန႕သစ္ မႉးကို မတ္တပ္ရပ္ကာ ေငးက်န္ခဲ့သည္။ မႉး၏ညာေျခေထာက္မွာ ပတ္တီးစီးထားရၿပီး လမ္းေလွ်ာက္လိုက္တိုင္းမွာ ေထာ့နဲ႕ေန၏။ ငယ္႐ြယ္လွပေသာမိန္းမတစ္ေယာက္မွာ ဤကဲ့သို႔ တုတ္ေကာက္ျဖင့္ လမ္းေလွ်ာက္ေနရ၍ ေန႕သစ္အားနာၿပီး စိတ္မေကာင္းျဖစ္ရသည္။ ေဒါက္ဖိနပ္ႀကိဳက္ေသာမိန္းမက ဖိနပ္အပါးစီးထားရ၏။ မႉးအေၾကာင္းသိေနေတာ့ လိုက္ပို႔ေပးမိမည္ဟုပင္ မေျပာရဲခဲ့ပါ။
“မႉးေျပာခဲ့ဖူးသလို ေမာင္က မႉးကို ျမင္တိုင္း အျပစ္ရွိတဲ့စိတ္နဲ႕ တစ္သက္လုံးေနသြားရေတာ့မွာပါ”
~
မိုးေရစက္မ်ားမွာ ကိုယ္ေပၚသို႔ တေဖ်ာက္ေဖ်ာက္ ေႂကြက်ေနသည္။ မ်က္ရည္စက္တို႔မွာ မိုးေရႏွင့္ ေရာယွက္ကာ ေျမျပင္ေပၚသို႔ ဝမ္းနည္းစြာ ခုန္ဆင္းေနသည္။ ခိုက္ခိုက္တုန္ေအာင္ ခ်မ္းေနကာ ႏႈတ္ခမ္းပါးေလးမွာ ျပာႏွမ္းေနေလသည္။ မဟုတ္ပါဘူးဟု အႀကိမ္ႀကိမ္သတိေပးေနလည္း ဝမ္းနည္းအားငယ္စိတ္သာ ႀကီးစိုးဝင္ေရာက္လာသည္။ မမမႉးေနာက္ကို မရည္႐ြယ္ဘဲ တိတ္တိတ္ေလး လိုက္ေခ်ာင္းမိရင္း မထင္မွတ္စရာမ်ား ေတြ႕ခဲ့ရသည္။
ဘာေၾကာင့္မ်ား သြင္ရိပ္ကို တကယ္မခ်စ္ဘူးလို႔ပဲ ထင္ေနမိတာလဲ။ ဘာေၾကာင့္မ်ား ကိုကိုက မမမႉးကို ျပန္ယူသြားလိမ့္မယ္ဆိုၿပီး တစ္ခ်ိန္လုံးေတြးပူေနမိရတာလဲ။ မမမွာ သြင္ရိပ္ကို ေပးဖို႔ အခ်ိန္မရွိေပမဲ့ ကိုကိုနဲ႕ တကူးတကခ်ိန္းေတြ႕ဖို႔ မမမွာ အခ်ိန္ရွိေနတယ္။
ကားတစ္စီးသည္ ေဘးမွ ျဖတ္ေမာင္းသြား၏။ ေရစက္အခ်ိဳ႕မွာ သြင္ရိပ္ကိုယ္ကို လာစင္သည္။ ၎ကားေပၚ၌ မမမႉးပါသြားသျဖင့္ သြင္ရိပ္ေငးၾကည့္ရင္း မိုးသည္းထဲ၌ ရပ္က်န္ခဲ့သည္။
====
ဆက္ရန္။
#ေႂကြ

ရင်ထဲက မှူး/ရင္ထဲက မႉးजहाँ कहानियाँ रहती हैं। अभी खोजें