အပိုင်း( ၂၇ )

3.4K 225 0
                                    

Hoddieခေါင်းစွပ်အနက်ကို ဝတ်၍ ကားပါကင်၌ နေ့သစ်ရပ်စောင့်နေသည်။ ဤနေရာသည် ဦးမင်းသော်၏ကုမ္ပဏီဖြစ်၏။ ရဲရင့် ကားပါကင်သို့ ဆင်းလာတော့ နေ့သစ် ကားထဲ ဝင်လိုက်သည်။ ခဏကြာတော့ ရဲရင့်က ကားမှန်ကို လာခေါက်၏။ နေ့သစ်ကားမှာ ရဲရင့်ကားကို ပိတ်ရပ်ထားသဖြင့် လမ်းဖယ်ခိုင်းရန် ဖြစ်မည်။ နေ့သစ်ကားမှန်ချလိုက်တော့ ရဲရင့်က ခေါင်းငုံ့ကိုင်းကြည့်လာသည်။
“ခင်ဗျားကားဖယ်ပေးလို့ရမလား၊ ကျုပ်ကားထွက်ဖို့လိုတယ်”
“ကားက ဘာဖြစ်သွားလဲမသိဘူးဗျ၊ စက်နိုးလို့မရဘူး၊ ခင်ဗျားနိုးကြည့်ပေးလို့ရမလား”
နေ့သစ် ညစ်ကျယ်ကျယ်ပြုံးကာ ညာလိုက်တော့ ရဲရင့်က စိတ်ညစ်သွား၏။ ကောင်းပြီဟု လက်ခံကာ ကားထဲ ဝင်လာတော့ နေ့သစ် ရဲရင့်ခေါင်းကို နံပါတ်ဝမ်းတုတ်ဖြင့် ရိုက်ချလိုက်သည်။ ရဲရင့်က ယောက်ျားဖြစ်ပြီး ထင်သလောက် မသန်မာဘဲ တချက်တည်း မေ့လဲသွားသည်။ နေ့သစ် နှာခေါင်းစည်းတပ်၍ ရဲရင့်ကိုယ်ကို ဆွဲလဲကာ ကားမောင်းထွက်လာခဲ့သည်။ မည်သူမှမမြင်လိုက်။ ကားမှာ နေ့သစ်ခြံဝန်းတွင်း ရောက်လာသည်။ ရဲရင့်ကိုယ်ကို အိမ်ထဲ ဆွဲချကာ ကုလားထိုင်တွင် ခက်ခက်ခဲခဲ တွဲချည်နှောင်လိုက်သည်။ အသံမထွက်ရန် ပါးစပ်ကိုလည်း အဝတ်ဖြင့် ပိတ်ချည်ထား၏။ ပြီးနောက် နေ့သစ် ဧည့်ဆိုဖာတွင် ထိုင်ချကာ သောက်လက်စအရက်ပုလင်းကို ဘူးမော့လိုက်သည်။ စားပွဲပေါ် ပြန့်ကျဲနေသော မှူးဓာတ်ပုံများ တွေ့တော့ အတိတ်များကို သတိရမိသည်။
နေ့သစ်တွင် မှူး၏ဓာတ်ပုံများစွာရှိသည်။ သို့သော် မှူးဘက်က လိုလိုချင်ချင်အရိုက်ခံခဲ့သော ဓာတ်ပုံများမှာ ဆယ်ပုံထက်မပိုခဲ့။ ကျောင်းတည်းကနေ ယခုထိ ခိုးရိုက်ခဲ့သောပုံများဖြစ်သည်။ မှူးကို စိတ်ဖြတ်ရန် ကြိုးစားခဲ့သော်လည်း သတိရတိုင်း မှူးနောက် လိုက်ချောင်းကြည့်မိသည်။ မှူးမပါသည့် နေ့ရက်များဟူ၍ မရှိရလေအောင် နေ့သစ် မှူးကို အရိပ်တကြည့်ကြည့် နေခဲ့သည်။ ရဲရင့်က မှူးကို မျက်ရည်ကျရအောင် လုပ်သည်။ နာကျင်မှုများပေးသည်။
“ဒုန်း”
ထိုင်ခုံ လဲကျသံ ဒုန်းခနဲ မြည်သွားပြီး ရဲရင့်က ဝူးဝူးဝါးဝါးအော်ကာ ရုန်းကန်နေသည်။ နေ့သစ် ဤလူကို သတ်ပစ်မည်ဟူသည့် စိတ်ရိုင်းများ ဝင်နေ၏။
~
သစ်ခွခြံအနောက်ဘက် မြေကွက်လပ်တွင် သွင်ရိပ်က အလုပ်သမားများကို မြက်ရှင်းခိုင်းနေသည်။ မှူးကတော့ သွင်ရိပ်ဘေးတွင် ရပ်၍ လိုက်စူးစမ်းကြည့်နေမိသည်။ သွင်ရိပ်က ဤမြေကွက်တွင် သစ်ခွ တိုးချဲ့စိုက်ရမလား ရေသိုလှောင်ကန်ဆောက်ရမလား စသဖြင့် မှူးထံ အကြံတောင်းသေး၏။ ပြီးတော့ သွင်ရိပ်က ကုန်ကျစရိတ်များလည်း ခန့်မှန်းတွက်ချက်နေသဖြင့် သွင်ရိပ်က အလုပ်လုပ်ရာ၌ မညံ့ကြောင်း မှူးမြင်လာသည်။ ရင်းနှီးမြှုပ်နှံမှုနှင့်အမြတ်အသားတင်ငွေ အချိုးချတတ်သဖြင့် သွင်ရိပ်က စီးပွားရေးဖြင့် ကျောင်းမပြီးထားသော်လည်း ဘောဂဗေဒနားလည်သည်။ အူကြောင်ကြောင်ကောင်မလေးက စီးပွားရေးအမြင်လည်း ရှိနေ၍ ပြုံးမိရသည်။
“ရေလှောင်ကန်မဆောက်တော့ဘဲ မမအတွက် သီးသန့်ပန်းတစ်ခင်းပျိုးပေးမယ်လေ၊ မမကြိုက်လား”
သွင်ရိပ်က မှူးအနားကပ်ပြောနေသဖြင့် မှူး မျက်စလေးဖြင့် လှမ်းကြည့်လိုက်သည်။ ဖုန်းဝင်လာသဖြင့် ဘာမှပြန်မပြောဖြစ်တော့ဘဲ မှူးဖွင့်ကြည့်လိုက်သည်။ ရဲရင့်ဆက်ခြင်းဖြစ်၏။ မှူး ကိုင်လိုက်သည်။
"ဟယ်လိုမှူး၊ မှူး ချက်ချင်းဖုန်းကိုင်လို့ မောင်ပျော်သွားပြီကွာ”
ရဲရင့်ဖုန်းနံပါတ်ဖြစ်သော်လည်း ဖုန်းပြောနေသူမှာ နေ့သစ်မို့ ရုတ်တရက်ကြောင်သွားသည်။ နေ့သစ်အသံမှာ အာလေးလျှာလေးကာ အရက်မူးနေပုံမို့ မှူးမျက်မှောင်တွန့်ချိုးလိုက်သည်။ နေ့သစ်က မူးလာလျှင် အမှားအမှန် မခွဲခြားနိုင်ဘဲ အသိစိတ်ပျောက်ကာ အရူးလို လျှောက်လုပ်တတ်သည်။
“မောင်လေ မောင် ရဲရင့်ကို သတ်လိုက်ပြီမှူး၊ ဒီနေ့ကစပြီး မှူး ပျော်ရွှင်လိုက်တော့၊ မှူးကို အသိပေးတာ''
နေ့သစ်စကားကြောင့် မှူး တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းထသွားသည်။ စိတ်တိုလာ၏။
"နင် ဘယ်မှာလဲ၊ ငါ နင့်ကို ဘယ်မှာလဲလို့ မေးနေတယ်အရူး”
နေ့သစ်က အိမ်မှာဟု ဖြေလာတော့ မှူးချပစ်လိုက်သည်။ သွင်ရိပ်က မှူးလက်ကို လာဆွဲသဖြင့် မှူး သွင်ရိပ်ကို အကျိုးအကြောင်းပြောကာ အတူထွက်လာသည်။ တက္ကစီကားပင် မနည်းဌားလိုက်ရ၏။ နေ့သစ်အိမ်ရောက်တော့ ခြံတံခါးနှင့်အိမ်တံခါးမှာ စေ့ရုံစေ့ထား၏။ မှူးတို့ တွန်းဖွင့် ဝင်လာခဲ့သည်။
ရဲရင့်ပါးစပ်၌ အနီရင့်ရင့်သွေးများ ပေကာ သွေးအန်နေသည်။ နေ့သစ်က အရက်ပုလင်းမော့နေ၏။ သွင်ရိပ်က ရဲရင့်ဆီသို့ အပြေးသွားကာ ကြိုးဖြည်ပေးနေ၏။ မှူး မိုင်ကုန်အောင် စိတ်တိုနေ၍ နေ့သစ်ပါးပြင်ကို အရှိန်ပြင်းစွာ လွှဲရိုက်ချပစ်လိုက်သည်။ နေ့သစ်က အူတူတူပြန်ကြည့်နေ၍ မှူး နေ့သစ်အင်္ကျီကော်လံကို ဆုပ်ဆွဲလိုက်သည်။
"နင်ဘာလုပ်လိုက်တာလဲသိရဲ့လား၊ အဖေတစ်ယောက်ရဲ့သား အစ်မတစ်ယောက်ရဲ့မောင်လေး မိန်းမတစ်ယောက်ရဲ့ချစ်သူ လောကကြီးထဲတောင် မရောက်လာသေးတဲ့ကလေးတစ်ယောက်ရဲ့အဖေကို သတ်လိုက်တာ၊ နင့်ကို ငါမုန်းတယ်၊ နင်အရူးပဲ၊ နင့်မှာ ဦးနှောက်မရှိဘူး''
"ဒီကောင်က မှူးကို အနှောက်အယှက်တွေ စိတ်ဒုက္ခတွေပေးနေတာလေ၊ မှူးမမှတ်မိတော့ဘူးလား”
မှူး သူ့ရင်ဘတ်ကို စိတ်ဆိုးစွာ တွန်းပစ်လိုက်သည်။
"အနှောက်အယှက်ပေးတယ်ဆိုရင်တောင် နင့်ကိစ္စမို့လား၊ နင်နဲ့ဘာဆိုင်လဲ၊ ငါ့ကို ကူညီပါလို့ ပြောခဲ့လို့လား၊ အေးအေးဆေးဆေးမနေနိုင်ဘူးလား၊ သူက ငါ့မောင်လေး နင်စဉ်းစားဉာဏ်ရောရှိရဲ့လား”
“မမ ကိုရဲရင့် အသက်ရှူနေသေးတယ်”
သွင်ရိပ်က ရဲရင့်ပါးစပ်၌ ပေနေသော သွေးများကို အဝတ်စဖြင့် သုတ်ပေးရင်း လှမ်းပြောသည်။ နေ့သစ်က အရူးလို ခေါင်းခါနေ၏။ မှူး ဆေးရုံကားကို ဖုန်းအမြန်လှမ်းဆက်လိုက်သည်။
~
ဦးမင်းသော်နှင့်ဒေါ်တေးမာလာတို့နှစ်ဦးမှာ အရေးပေါ်ခွဲစိတ်ခန်းရှေ့ စိတ်လှုပ်ရှားစွာ စောင့်နေကြသည်။ သွင်ရိပ် မမမှူးကို မသိမသာလိုက်ရှာမိသည်။ မမက ဆေးရုံကားဖြင့် အတူလိုက်လာသော်လည်း ခဏကြာတော့ မတွေ့ရပါ။ ကိုကိုက ခွဲစိတ်ခန်း၏ဘေးဘက် နံရံထောင့်၌ ဆောင့်ကြောင့်ထိုင် ခေါင်းငုံ့နေသည်။ ကိုကို့ပုံစံမှာ အမူးပြေကာ အသိစိတ်ရှိနေပုံရသည်။ ထိုစဥ် လှေကားဘက်မှ ပြေးလာသော ခြေသံကြားရသဖြင့် သွင်ရိပ်လှမ်းကြည့်လိုက်သည်။ မဆင့်ဆင့်မိုးဖြစ်နေ၏။
"မ...မဆင့်ဆင့်မိုးက ဘယ်လိုလုပ်ပြီး''
"အစ်မတေးယစ်မှူးဖုန်းဆက်လို့ လိုက်လာခဲ့တာ၊ ကိုရဲ ဘာဖြစ်လို့လဲ၊ အဆင်ပြေရဲ့လားဟင်”
ဤအချိန်ကြီး မမမှူးက ဒက်ဒီတို့ကို မဆင့်ဆင့်မိုးကိုယ်ဝန်ကိစ္စအသိပေးတော့မလားဟု လန့်သွားမိသည်။
"ကိုရဲရင့်က Operationလုပ်နေပါတယ်၊ ဒက်ဒီတို့က အခြေအနေစောင့်နေကြတယ်ရှင့်”
ဤလိုအရေးကြီးချိန်၌ မမမှူး ဘယ်ရောက်ပြီး ဘာလုပ်နေလဲ မသိသဖြင့် စိုးရိမ်ရသည်။
====
ဆက်ရန်။
#ကြွေ
Hoddieေခါင္းစြပ္အနက္ကို ဝတ္၍ ကားပါကင္၌ ေန႕သစ္ရပ္ေစာင့္ေနသည္။ ဤေနရာသည္ ဦးမင္းေသာ္၏ကုမၸဏီျဖစ္၏။ ရဲရင့္ ကားပါကင္သို႔ ဆင္းလာေတာ့ ေန႕သစ္ ကားထဲ ဝင္လိုက္သည္။ ခဏၾကာေတာ့ ရဲရင့္က ကားမွန္ကို လာေခါက္၏။ ေန႕သစ္ကားမွာ ရဲရင့္ကားကို ပိတ္ရပ္ထားသျဖင့္ လမ္းဖယ္ခိုင္းရန္ ျဖစ္မည္။ ေန႕သစ္ကားမွန္ခ်လိဳက္ေတာ့ ရဲရင့္က ေခါင္းငုံ႕ကိုင္းၾကည့္လာသည္။
“ခင္ဗ်ားကားဖယ္ေပးလို႔ရမလား၊ က်ဳပ္ကားထြက္ဖို႔လိုတယ္”
“ကားက ဘာျဖစ္သြားလဲမသိဘူးဗ်၊ စက္နိုးလို႔မရဘူး၊ ခင္ဗ်ားနိုးၾကည့္ေပးလို႔ရမလား”
ေန႕သစ္ ညစ္က်ယ္က်ယ္ၿပဳံးကာ ညာလိုက္ေတာ့ ရဲရင့္က စိတ္ညစ္သြား၏။ ေကာင္းၿပီဟု လက္ခံကာ ကားထဲ ဝင္လာေတာ့ ေန႕သစ္ ရဲရင့္ေခါင္းကို နံပါတ္ဝမ္းတုတ္ျဖင့္ ရိုက္ခ်လိဳက္သည္။ ရဲရင့္က ေယာက္်ားျဖစ္ၿပီး ထင္သေလာက္ မသန္မာဘဲ တခ်က္တည္း ေမ့လဲသြားသည္။ ေန႕သစ္ ႏွာေခါင္းစည္းတပ္၍ ရဲရင့္ကိုယ္ကို ဆြဲလဲကာ ကားေမာင္းထြက္လာခဲ့သည္။ မည္သူမွမျမင္လိုက္။ ကားမွာ ေန႕သစ္ၿခံဝန္းတြင္း ေရာက္လာသည္။ ရဲရင့္ကိုယ္ကို အိမ္ထဲ ဆြဲခ်ကာ ကုလားထိုင္တြင္ ခက္ခက္ခဲခဲ တြဲခ်ည္ႏွောင္လိုက္သည္။ အသံမထြက္ရန္ ပါးစပ္ကိုလည္း အဝတ္ျဖင့္ ပိတ္ခ်ည္ထား၏။ ၿပီးေနာက္ ေန႕သစ္ ဧည့္ဆိုဖာတြင္ ထိုင္ခ်ကာ ေသာက္လက္စအရက္ပုလင္းကို ဘူးေမာ့လိုက္သည္။ စားပြဲေပၚ ျပန့္က်ဲေနေသာ မႉးဓာတ္ပုံမ်ား ေတြ႕ေတာ့ အတိတ္မ်ားကို သတိရမိသည္။
ေန႕သစ္တြင္ မႉး၏ဓာတ္ပုံမ်ားစြာရွိသည္။ သို႔ေသာ္ မႉးဘက္က လိုလိုခ်င္ခ်င္အရိုက္ခံခဲ့ေသာ ဓာတ္ပုံမ်ားမွာ ဆယ္ပုံထက္မပိုခဲ့။ ေက်ာင္းတည္းကေန ယခုထိ ခိုးရိုက္ခဲ့ေသာပုံမ်ားျဖစ္သည္။ မႉးကို စိတ္ျဖတ္ရန္ ႀကိဳးစားခဲ့ေသာ္လည္း သတိရတိုင္း မႉးေနာက္ လိုက္ေခ်ာင္းၾကည့္မိသည္။ မႉးမပါသည့္ ေန႕ရက္မ်ားဟူ၍ မရွိရေလေအာင္ ေန႕သစ္ မႉးကို အရိပ္တၾကည့္ၾကည့္ ေနခဲ့သည္။ ရဲရင့္က မႉးကို မ်က္ရည္က်ရေအာင္ လုပ္သည္။ နာက်င္မႈမ်ားေပးသည္။
“ဒုန္း”
ထိုင္ခုံ လဲက်သံ ဒုန္းခနဲ ျမည္သြားၿပီး ရဲရင့္က ဝူးဝူးဝါးဝါးေအာ္ကာ ႐ုန္းကန္ေနသည္။ ေန႕သစ္ ဤလူကို သတ္ပစ္မည္ဟူသည့္ စိတ္ရိုင္းမ်ား ဝင္ေန၏။
~
သစ္ခြၿခံအေနာက္ဘက္ ေျမကြက္လပ္တြင္ သြင္ရိပ္က အလုပ္သမားမ်ားကို ျမက္ရွင္းခိုင္းေနသည္။ မႉးကေတာ့ သြင္ရိပ္ေဘးတြင္ ရပ္၍ လိုက္စူးစမ္းၾကည့္ေနမိသည္။ သြင္ရိပ္က ဤေျမကြက္တြင္ သစ္ခြ တိုးခ်ဲ့စိုက္ရမလား ေရသိုေလွာင္ကန္ေဆာက္ရမလား စသျဖင့္ မႉးထံ အႀကံေတာင္းေသး၏။ ၿပီးေတာ့ သြင္ရိပ္က ကုန္က်စရိတ္မ်ားလည္း ခန့္မွန္းတြက္ခ်က္ေနသျဖင့္ သြင္ရိပ္က အလုပ္လုပ္ရာ၌ မညံ့ေၾကာင္း မႉးျမင္လာသည္။ ရင္းႏွီးျမႇုပ္ႏွံမႈႏွင့္အျမတ္အသားတင္ေငြ အခ်ိဳးခ်တတ္သျဖင့္ သြင္ရိပ္က စီးပြားေရးျဖင့္ ေက်ာင္းမၿပီးထားေသာ္လည္း ေဘာဂေဗဒနားလည္သည္။ အူေၾကာင္ေၾကာင္ေကာင္မေလးက စီးပြားေရးအျမင္လည္း ရွိေန၍ ၿပဳံးမိရသည္။
“ေရေလွာင္ကန္မေဆာက္ေတာ့ဘဲ မမအတြက္ သီးသန့္ပန္းတစ္ခင္းပ်ိဳးေပးမယ္ေလ၊ မမႀကိဳက္လား”
သြင္ရိပ္က မႉးအနားကပ္ေျပာေနသျဖင့္ မႉး မ်က္စေလးျဖင့္ လွမ္းၾကည့္လိုက္သည္။ ဖုန္းဝင္လာသျဖင့္ ဘာမွျပန္မေျပာျဖစ္ေတာ့ဘဲ မႉးဖြင့္ၾကည့္လိုက္သည္။ ရဲရင့္ဆက္ျခင္းျဖစ္၏။ မႉး ကိုင္လိုက္သည္။
"ဟယ္လိုမႉး၊ မႉး ခ်က္ခ်င္းဖုန္းကိုင္လို႔ ေမာင္ေပ်ာ္သြားၿပီကြာ”
ရဲရင့္ဖုန္းနံပါတ္ျဖစ္ေသာ္လည္း ဖုန္းေျပာေနသူမွာ ေန႕သစ္မို႔ ႐ုတ္တရက္ေၾကာင္သြားသည္။ ေန႕သစ္အသံမွာ အာေလးလွ်ာေလးကာ အရက္မူးေနပုံမို႔ မႉးမ်က္ေမွာင္တြန့္ခ်ိဳးလိုက္သည္။ ေန႕သစ္က မူးလာလွ်င္ အမွားအမွန္ မခြဲျခားနိုင္ဘဲ အသိစိတ္ေပ်ာက္ကာ အ႐ူးလို ေလွ်ာက္လုပ္တတ္သည္။
“ေမာင္ေလ ေမာင္ ရဲရင့္ကို သတ္လိုက္ၿပီမႉး၊ ဒီေန႕ကစၿပီး မႉး ေပ်ာ္႐ႊင္လိုက္ေတာ့၊ မႉးကို အသိေပးတာ''
ေန႕သစ္စကားေၾကာင့္ မႉး တစ္ကိုယ္လုံး ၾကက္သီးေမႊးညင္းထသြားသည္။ စိတ္တိုလာ၏။
"နင္ ဘယ္မွာလဲ၊ ငါ နင့္ကို ဘယ္မွာလဲလို႔ ေမးေနတယ္အ႐ူး”
ေန႕သစ္က အိမ္မွာဟု ေျဖလာေတာ့ မႉးခ်ပစ္လိုက္သည္။ သြင္ရိပ္က မႉးလက္ကို လာဆြဲသျဖင့္ မႉး သြင္ရိပ္ကို အက်ိဳးအေၾကာင္းေျပာကာ အတူထြက္လာသည္။ တကၠစီကားပင္ မနည္းဌားလိုက္ရ၏။ ေန႕သစ္အိမ္ေရာက္ေတာ့ ၿခံတံခါးႏွင့္အိမ္တံခါးမွာ ေစ့႐ုံေစ့ထား၏။ မႉးတို႔ တြန္းဖြင့္ ဝင္လာခဲ့သည္။
ရဲရင့္ပါးစပ္၌ အနီရင့္ရင့္ေသြးမ်ား ေပကာ ေသြးအန္ေနသည္။ ေန႕သစ္က အရက္ပုလင္းေမာ့ေန၏။ သြင္ရိပ္က ရဲရင့္ဆီသို႔ အေျပးသြားကာ ႀကိဳးျဖည္ေပးေန၏။ မႉး မိုင္ကုန္ေအာင္ စိတ္တိုေန၍ ေန႕သစ္ပါးျပင္ကို အရွိန္ျပင္းစြာ လႊဲရိုက္ခ်ပစ္လိုက္သည္။ ေန႕သစ္က အူတူတူျပန္ၾကည့္ေန၍ မႉး ေန႕သစ္အကၤ်ီေကာ္လံကို ဆုပ္ဆြဲလိုက္သည္။
"နင္ဘာလုပ္လိုက္တာလဲသိရဲ႕လား၊ အေဖတစ္ေယာက္ရဲ႕သား အစ္မတစ္ေယာက္ရဲ႕ေမာင္ေလး မိန္းမတစ္ေယာက္ရဲ႕ခ်စ္သူ ေလာကႀကီးထဲေတာင္ မေရာက္လာေသးတဲ့ကေလးတစ္ေယာက္ရဲ႕အေဖကို သတ္လိုက္တာ၊ နင့္ကို ငါမုန္းတယ္၊ နင္အ႐ူးပဲ၊ နင့္မွာ ဦးႏွောက္မရွိဘူး''
"ဒီေကာင္က မႉးကို အႏွောက္အယွက္ေတြ စိတ္ဒုကၡေတြေပးေနတာေလ၊ မႉးမမွတ္မိေတာ့ဘူးလား”
မႉး သူ႕ရင္ဘတ္ကို စိတ္ဆိုးစြာ တြန္းပစ္လိုက္သည္။
"အႏွောက္အယွက္ေပးတယ္ဆိုရင္ေတာင္ နင့္ကိစၥမို႔လား၊ နင္နဲ႕ဘာဆိုင္လဲ၊ ငါ့ကို ကူညီပါလို႔ ေျပာခဲ့လို႔လား၊ ေအးေအးေဆးေဆးမေနနိုင္ဘူးလား၊ သူက ငါ့ေမာင္ေလး နင္စဥ္းစားဉာဏ္ေရာရွိရဲ႕လား”
“မမ ကိုရဲရင့္ အသက္ရႉေနေသးတယ္”
သြင္ရိပ္က ရဲရင့္ပါးစပ္၌ ေပေနေသာ ေသြးမ်ားကို အဝတ္စျဖင့္ သုတ္ေပးရင္း လွမ္းေျပာသည္။ ေန႕သစ္က အ႐ူးလို ေခါင္းခါေန၏။ မႉး ေဆး႐ုံကားကို ဖုန္းအျမန္လွမ္းဆက္လိုက္သည္။
~
ဦးမင္းေသာ္ႏွင့္ေဒၚေတးမာလာတို႔ႏွစ္ဦးမွာ အေရးေပၚခြဲစိတ္ခန္းေရွ႕ စိတ္လႈပ္ရွားစြာ ေစာင့္ေနၾကသည္။ သြင္ရိပ္ မမမႉးကို မသိမသာလိုက္ရွာမိသည္။ မမက ေဆး႐ုံကားျဖင့္ အတူလိုက္လာေသာ္လည္း ခဏၾကာေတာ့ မေတြ႕ရပါ။ ကိုကိုက ခြဲစိတ္ခန္း၏ေဘးဘက္ နံရံေထာင့္၌ ေဆာင့္ေၾကာင့္ထိုင္ ေခါင္းငုံ႕ေနသည္။ ကိုကို႔ပုံစံမွာ အမူးေျပကာ အသိစိတ္ရွိေနပုံရသည္။ ထိုစဥ္ ေလွကားဘက္မွ ေျပးလာေသာ ေျခသံၾကားရသျဖင့္ သြင္ရိပ္လွမ္းၾကည့္လိုက္သည္။ မဆင့္ဆင့္မိုးျဖစ္ေန၏။
"မ...မဆင့္ဆင့္မိုးက ဘယ္လိုလုပ္ၿပီး''
"အစ္မေတးယစ္မႉးဖုန္းဆက္လို႔ လိုက္လာခဲ့တာ၊ ကိုရဲ ဘာျဖစ္လို႔လဲ၊ အဆင္ေျပရဲ႕လားဟင္”
ဤအခ်ိန္ႀကီး မမမႉးက ဒက္ဒီတို႔ကို မဆင့္ဆင့္မိုးကိုယ္ဝန္ကိစၥအသိေပးေတာ့မလားဟု လန့္သြားမိသည္။
"ကိုရဲရင့္က Operationလုပ္ေနပါတယ္၊ ဒက္ဒီတို႔က အေျခအေနေစာင့္ေနၾကတယ္ရွင့္”
ဤလိုအေရးႀကီးခ်ိန္၌ မမမႉး ဘယ္ေရာက္ၿပီး ဘာလုပ္ေနလဲ မသိသျဖင့္ စိုးရိမ္ရသည္။
====


ရင်ထဲက မှူး/ရင္ထဲက မႉးWhere stories live. Discover now