အပိုင်း( ၂၈ )

3.5K 217 0
                                    

ကြမ်းပြင်ပေါ် ပေကျံနေသော သွေးကွက်များကို ရေစိုအဝတ်ဖြင့် မှူးသုတ်သည်။ ဖရိုဖရဲဖန်ကွဲစများ အမှိုက်ပုံးထဲသို့ ထည့်သည်။ အရက်ပြန်ပုလင်းနှင့်ကြိုးကိုလည်း အမြန်ကောက်ရှင်းရသည်။ နေ့သစ်က ရဲရင့်ကို အရက်ပြန်တိုက်ခဲ့သဖြင့် ရဲရင့်အဆိပ်သင့်ခဲ့ခြင်းဖြစ်သည်။ အိမ်နောက်ဖေးတွင် သွားပစ်ပြီး ခြေရာလက်ရာမပျက်အောင် ပြန်လုပ်သည်။ စားပွဲပေါ်မှ ဓာတ်ပုံအယ်ဘမ်အထပ်လိုက်ကို ခပ်ဆွေးဆွေး လှန်ကြည့်ရင်း မှူးပါးပြင်သို့ မျက်ရည်ပေါက်ခနဲကြွေဆင်းလာသည်။ ဓာတ်ပုံများမှာ မှူး၌ပင် မရှိသော မှူးပုံများဖြစ်၏။
မျက်ရည်များ ထိန်းချုပ်ရန် အောက်နှုတ်ခမ်းကို ခပ်တင်းတင်းဖိကိုက်ရင်း ဧည့်ဆိုဖာတွင် လျော့တိလျော့ရဲ လာထိုင်လိုက်သည်။ ကားတစ်စီးမှာ ခြံထဲ မောင်းဝင်လာ၏။ နေ့သစ် ပြန်ရောက်လာသည်။ မှူးကို မြင်တော့ အံ့ဩနေ၏။ အမူးပြေနေပုံလည်း ရသည်။
"မှူး ဘာမှမစားရသေးဘူးမဟုတ်လား၊ ဗိုက်ဆာနေမှာပဲ၊ မောင်ခေါက်ဆွဲပြုတ်လုပ်ပေးမယ်၊ ခဏလေး”
နေ့သစ်က ပြန်ရောက်ချင်း မီးဖိုချောင်ထဲသို့ ပြေးဝင်သွားသည်။ သိပ်မကြာ ခေါက်ဆွဲပန်းကန်လုံးမှာ မှူးရှေ့ ရောက်လာသည်။ မှူး အဆာလွန်နေမည်စိုး၍ စားစရာများ ခဏခဏပို့ပေးခဲ့တာတွေ၊ ဖုန်းဆက်ပြီး ထမင်းစားတော့လေ အလုပ်ပင်ပန်းလား ကျန်းမာရေးဂရုစိုက် စသော ဂရုစိုက်စကားတွေကို မှူးက အပိုဟု မြင်ခဲ့သည်။ မှူး လိုအပ်သမျှ ဖြည့်ဆည်းပေးချင်သည့်သူ့ကို အရာရာငြင်းပယ်ပစ်ရင်း မာနထားခဲ့သည်။ ခေါင်းငုံ့အနစ်နာခံသည့် သူ့ကို အမြဲတမ်းဆူပူအော်ဟစ်နေမိနေပြီး တစ်ခါမှ အလျှော့မပေးမိဘဲ ဆက်တိုက်အနိုင်ယူခဲ့သည်။
မှူးက ဘာလို့များ မောင့်ကို ဒီလောက်တောင် အနိုင်ယူခဲ့မိပါလိမ့်၊ မှူးက ဘာလို့များ မောင့်ကို အရမ်းမချစ်ပေးခဲ့မိပါလိမ့်ဟူသည့် အတွေးတို့ ဝင်လာတော့ အလွန်စိတ်မကောင်းဖြစ်မိသည်။
မှူး ခေါက်ဆွဲပန်းကန်ဆွဲယူ၍ ငုံ့စားလိုက်သည်။ ဟိုအရင်လို စိတ်ထဲရှိသည့်အတိုင်း စားချင်စိတ်မရှိကြောင်းပြော၍ ရပ်ပစ်ရန် မှူးတုံ့နှေးနေသည်။
“ဒီကိစ္စနဲ့ပတ်သက်လို့ ရဲတွေ လာမေးခဲ့ရင် မသိဘူးလို့ဖြေပါ၊ ဘာမှအငြင်းစကားမကြားချင်လို့ မှူးပြောတဲ့အတိုင်းလုပ် မှူးစကားနားထောင် မဟုတ်ရင် မှူးကို ထပ်တွေ့ရမယ်မထင်နဲ့”
မှူး ခေါက်ဆွဲပန်းကန်ကို ဆက်ငုံ့စားပြီး ပြန်တော့မယ်ဟု ပြော၍ ထထွက်လာသည်။
~
ဆေးရုံပြတင်းပေါက်မှတစ်ဆင့် အောက်ဘက်သို့ သွင်ရိပ်ငုံ့ကြည့်နေမိသည်။ မနေ့ညတည်းက မမ ဆေးရုံသို့ မလာပါ။ ဖုန်းလည်း ဆက်မရ။ ရဲများမေးလာလျှင် ဘာမှမသိဟု မမက သွင်ရိပ်ကို ဖြေခိုင်းထားသည်။
တစ်ညလုံး မအိပ်ထားရသဖြင့် မျက်လုံးအိမ်တို့ ကျိန်းစပ်နေသည်။ မျက်ရိုးလည်း ကိုက်နေ၏။ ကိုရဲရင့်က ကုတင်ပေါ် dripချိတ်ထားရသည်။ သတိပြန်မလည်လာသေးပေ။ မဆင့်ဆင့်မိုးက ကိုရဲရင့်လက်ကိုင်ကာ တရှုံ့ရှုံ့ငိုနေ၏။ သူတို့ပတ်သက်မှုကိုလည်း ဖွင့်မပြောရသေး။ မဆင့်ဆင့်မိုးက သွင်ရိပ်သူငယ်ချင်းဟု ဒက်ဒီ့ကို အလွယ်ပြောပြထားမိသည်။
သူနာပြုအစ်မကြီးတစ်ဦး အခန်းထဲသို့ ဝင်လာသည်။ ဆေးစာရွက်များပိုက်ထား၏။ ဦးမင်းသော်က သွင်ရိပ်ကို ခေါ်နေကြောင်း လာပြောသည်။ မနေ့က ဒက်ဒီမူးလဲသွား၍ ဆေးရုံတွင် တစ်ခါတည်း အခန်းယူထားရသည်။ သွင်ရိပ် အချိန်မဆွဲဘဲ ဘေးအခန်းသို့ ခပ်သွက်သွက်ထွက်လာသည်။ အခန်းထဲ၌ ဒေါ်တေးမာလာက ဦးမင်းသော်ကို ဆေးတိုက်နေ၏။ သွင်ရိပ် ခေါင်းငုံ့ကာ ဝင်သွားလိုက်သည်။
"ရဲရင့်ကို အခုလို ဖြစ်အောင် ဘယ်သူလုပ်တာလဲ၊ ဒက်ဒီ့ကို တစ်ခုခုဖုံးကွယ်ထားတယ်မဟုတ်လား၊ မကွယ်ဝှက်ဘဲ မလိမ်ဘဲ အမှန်အတိုင်းပြောသွင်ရိပ်”
"သွင် သွင်ရိပ်မသိပါဘူးဒက်ဒီ”
အညာပေါ်မည်စိုး၍ မျက်လုံးချင်းမဆုံရဲသဖြင့် ခေါင်းကို ဇွတ်အတင်းငုံ့ထားမိသည်။ ကြောက်နေမိ၏။
"ဒက်ဒီဘာလုပ်တာလဲ၊ တရားခံသိရင် ရဲကို အကြောင်းကြားပြီး ဖမ်းခိုင်းမလို့လား”
တိကျပြတ်သားလွန်းသည့်အသံနှင့်အတူ အခန်းထဲ ဝင်ရောက်လာသည့်မမကြောင့် သွင်ရိပ်အားတက်သွားသည်။ မမက သွင်ရိပ်ဘေးတွင် အတူယှဉ်လာရပ်၍ အတောက်ပဆုံးပြုံးပြသည်။
"ရဲရင့်ဆေးရုံတက်နေရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အပြင်လူတွေအသိမပေးဖို့ တာဝန်ကျဆရာဝန်နဲ့သူနာပြုကို ပြောထားပြီးပြီ၊ မီဒီယာတွေ မသိနိုင်တာကြောင့် ဒက်ဒီသိပ်မစိုးရိမ်ပါနဲ့၊ ရဲတွေ မသိတာမို့ အမှုကိစ္စတွေ ခေါင်းထဲ ထည့်စရာမလိုပါဘူး''
ဦးမင်းသော်က မျက်မှောင်ကြုတ်ပြီး မမကို မမှိန်မသုန်ကြည့်နေသည်။ မမက အကြည့်ကို နားလည်နေပုံဖြင့် ဟက်ခနဲရယ်သည်။
"မဟုတ်မှလွဲရော မှူးက ရဲရင့်ကို သတ်ဖို့ ကြံစည်တာလို့ သံသယဝင်နေတာတော့မဟုတ်ပါဘူးနော်၊ မှူးကို မကောင်းဆိုးဝါးတစ်ကောင်လို မြင်နေတာလား၊ ဒက်ဒီထင်ရင်လည်း ထင်သလိုပါပဲ၊ မှူးကတော့ ဘာမှပြောစရာမရှိဘူး''
"မဟုတ်ပါစေနဲ့လို့ ဒက်ဒီက ဆုတောင်းနေရတာပါ၊ ပြီးတော့ ဒက်ဒီက သွင်ရိပ်ကို အတင်းစစ်မေးနေတာမဟုတ်ဘူး၊ ဖုံးကွယ်ထားတာရှိတယ်ထင်လို့ မေးနေတာ''
"ဖုံးကွယ်ထားတာရှိတယ်ဆိုရင်တောင် အဲဒီကိစ္စကို ကာယကံရှင်ဆီက ကိုယ်တိုင်ကြားတာ ပိုကောင်းလိမ့်မယ်၊ မှူးတို့က ကြားဝင်ပြီးမပြောချင်ဘူး''
"ဘာကိစ္စလဲမှူး၊ မာမီတောင် သိချင်လာပြီ''
"ရဲရင့်သတိရလာမှ မေးကြည့်ကြပါ၊ ဒါဆို မှူးအိမ်ပြန်ပြီ၊ နေ့လယ် ထမင်းဘူးလာပို့ပေးမယ်၊ သွားရအောင်သွင်ရိပ်''
"ဟုတ်ကဲ့မမ၊ ဒက်ဒီနဲ့မာမီ သွင်ရိပ်သွားတော့မယ်နော်''
သွင်ရိပ် ဒက်ဒီတို့ကိုနှုတ်ဆက်ရင်း မမနှင့်အတူထွက်လာသည်။ အခန်းပြင်ရောက်မှ မမက ရပ်၍ သွင်ရိပ်မှေးကို အသာဆွဲမော့ကြည့်လေသည်။
"မတွေ့တာ ဘယ်လောက်ကြာသေးလို့ ဒီလိုမျိုး မျက်နှာက ဖြူဆုတ်ပြီး ချောင်ကျနေရတာလဲ၊ တစ်ရက်တည်းနဲ့ မင်းအရမ်းပိန်သွားတယ်ကလေး”
"ညက အိပ်ရေးနည်းနည်းပျက်သွားလို့ပါမမရဲ့၊ သွင်ရိပ်နေကောင်းပါတယ်''
“ဟုတ်လို့လား၊ တစ်ရေးမှတောင် မအိပ်ရသေးဘူးမလား၊ ဒီအကောင်သေးလေးကတော့”
မမက အမှန်ပြောနေသဖြင့် သွင်ရိပ်ခေါင်းငုံ့လိုက်မိသည်။
"မမရဲ့မိသားစုပြဿနာတွေကြောင့် သွင်ရိပ်အရမ်းပင်ပန်းမှာပဲ၊ မမအားနာပါတယ်ကွယ်”
“သွင်ရိပ်က ဘယ်လိုခက်ခဲပင်ပန်းမှုမျိုးမှမကြောက်ဘူး၊ သွင်ရိပ်ကြောက်တာတစ်ခုက မမနဲ့ ဝေးရမှာကိုပဲ”
မမက ပါးချိုင့်ထင်အောင် ပြုံး၍ သွင်ရိပ်ကို အသာဖက်ပေးလာသည်။ ဤအခိုက်သည် သိပ်ကြည်နူးဖွယ်ရာမို့ မမကိုယ်ငွေ့လေးကို ကျေနပ်စွာ ထွေးပွေ့မိသည်။
~
ပြည့်ပြည့်က စာရင်းစာအုပ်ပေါ် ဘောပင်ဖြင့် ဟိုဟိုဒီဒီရေးမှတ်နေသည်။ မှူးက ခုံ၌ ထိုင်ရင်း သစ်ခွပန်းများအကြောင်း မေးမြန်းစပ်စုနေသည်။ ပြည့်ပြည့်က သစ်ခွအကြောင်း အားရပါးရပြောပြနေကာ တစ်လ၏ ဝင်ငွေနှင့် အမြတ်ဘယ်လောက်ကျန်သည်ကအစ အသေးစိတ်ပြောပြနေသဖြင့် မှူးစိတ်ဝင်တစားနားထောင်နေမိ၏။
"ခြံက ဒီထက်ကျယ်ရင် ပိုကောင်းမှာပဲ၊ ရေလှောင်ကန်အပြင် သဘာဝဆန်ဆန် အိမ်သေးသေးလေးတစ်လုံးဆောက်လိုက်ရင် အရမ်းလှသွားမှာ”
"အမယ်လေး မြေနေရာသာရှိသေးရင် သွင်ရိပ်က ပန်းတွေ ထပ်စိုက်ဦးမှာအစ်မရဲ့၊ ဒီနားနေဆောင်ကိုတောင် လိုအပ်လို့ ဆောက်ထားတာ၊ နို့မို့ဆိုရင် တစ်ခြံလုံးကို ပန်းစိုက်မလားပဲ၊ ပြည့်တို့ကတော့ ပင်ပန်းတာပေါ့''
ပြည့်ပြည့်က လက်ဖျားခါပြီး ညည်းတွားပြောဆိုနေသည်။ သွင်ရိပ် အခန်းထဲမှ ထွက်လာသဖြင့် မှူးလှည့်ကြည့်လိုက်သည်။
"သွေးပေါင်ကျနေလို့ အခန်းထဲမှာ လဲနေပါလို့ ဆရာဝန်မှာထားတာကို ဘာလို့ထွက်လာပြန်တာတုန်း''
သွင်ရိပ်က ခပ်လှမ်းလှမ်းမှ ခုံတစ်လုံး ဆွဲယူလာပြီး မှူးတို့စားပွဲဝိုင်း၌ ဝင်ထိုင်သည်။ နဂိုအသားအရေမှာ ဖွေးဆွတ်သည့်ကြားထဲ ယခုတော့ သွေးမရှိသလို ဖြူဖျော့နေသည်။ လူကလည်း ပိန်သေး၏။ မျက်တောင်များမှာ အားမရှိသော ဓာတ်ခဲလေးလို။ လေတိုက်လျှင် လဲမည့်ပုံစံပေါက်နေ၏။
"သွင်ရိပ်တို့ ဈေးသွားဝယ်ပြီး ဟင်းချက်ရင် ကောင်းမယ်ထင်တယ်၊ ဆေးရုံသွားရင် ထမင်းဘူးယူသွားကြမယ်လေမမ''
"ထမင်းဘူးက ဒီနေ့ ကြီးကြီးမြကိုယ်တိုင်ပို့ပေးမှာလို့ မမကို ဖုန်းဆက်ပြီးပြီ၊ သူများအတွက် ပူမနေနဲ့၊ ကိုယ်တိုင်ပဲ နေကောင်းအောင်နေ''
"ကြီးကြီးမြက အသက်ကြီးပြီလေ၊ ထမင်းဘူးပါလိုက်ပို့ပေးရမယ်ဆိုရင် ပင်ပန်းမှာပေါ့''
"ကြီးကြီးမြကို ကူဖို့ မမ သီရိမြုံကို သွားလိုက်မယ်၊ သွင်ရိပ်က သက်တောင့်သက်သာနားနေ ကြားလား”
သွင်ရိပ်က မှူးစကားလက်မခံဘဲ သနားကမားအမူအရာလေးဖြင့် ကြည့်သည်။
"အတူလိုက်ခဲ့မယ်နော်၊ မမနဲ့ အပြင်သွားဖို့ သွင်ရိပ် အင်္ကျီတောင် လဲဝတ်ထားပြီးပြီကို’’
သွင်ရိပ်က ကြိမ်ဖန်များစွာ တောင်းဆိုနေသဖြင့် မှူးလက်ခံလိုက်ရသည်။ ဤအတိုင်းဆို ထားခဲ့ရန်လည်း စိတ်သိပ်မချချင်။ ကားကို ဖြည်းဖြည်းမောင်း၍ သီရိမြုံသို့ ထွက်လာသည်။ ဖုန်းဝင်လာသဖြင့် မှူး စပီကာဖွင့်၍ တင်ထားလိုက်သည်။
"Hello မှူး၊ မာမီပါ''
"ဟုတ်၊ မာမီပြောလေ''
"မောင်ရဲရင့်သတိရလာပြီ၊ ပြီးတော့ မောင်ရဲရင့်ကို တရားခံမေးဖို့ဆိုပြီး ရဲတွေ ဆေးရုံရောက်နေတယ်”
"မှူး အခုချက်ချင်းလာခဲ့မယ်၊ ရဲတွေကို ရဲရင့်နဲ့ မပေးတွေ့နဲ့ဦး၊ မာမီတတ်နိုင်သလောက် အခြေအနေထိန်းထားပေးပါ၊ မှူးကို စောင့်နော်''
မှူး ကားကို ပြန်ကွေ့ချကာ ဆေးရုံဘက်သို့ ဦးတည်မောင်းလိုက်သည်။ စိတ်များ အလွန်လောနေမိ၏။ ရဲရင့်က နေ့သစ်ကို တရားခံအဖြစ် အမှုဖွင့် ဖမ်းခိုင်းမှာ မှူးသိပ်စိုးရိမ်နေခဲ့သည်။
====
ဆက်ရန်။
#ကြွေ
ၾကမ္းျပင္ေပၚ ေပက်ံေနေသာ ေသြးကြက္မ်ားကို ေရစိုအဝတ္ျဖင့္ မႉးသုတ္သည္။ ဖရိုဖရဲဖန္ကြဲစမ်ား အမွိုက္ပုံးထဲသို႔ ထည့္သည္။ အရက္ျပန္ပုလင္းႏွင့္ႀကိဳးကိုလည္း အျမန္ေကာက္ရွင္းရသည္။ ေန႕သစ္က ရဲရင့္ကို အရက္ျပန္တိုက္ခဲ့သျဖင့္ ရဲရင့္အဆိပ္သင့္ခဲ့ျခင္းျဖစ္သည္။ အိမ္ေနာက္ေဖးတြင္ သြားပစ္ၿပီး ေျခရာလက္ရာမပ်က္ေအာင္ ျပန္လုပ္သည္။ စားပြဲေပၚမွ ဓာတ္ပုံအယ္ဘမ္အထပ္လိုက္ကို ခပ္ေဆြးေဆြး လွန္ၾကည့္ရင္း မႉးပါးျပင္သို႔ မ်က္ရည္ေပါက္ခနဲေႂကြဆင္းလာသည္။ ဓာတ္ပုံမ်ားမွာ မႉး၌ပင္ မရွိေသာ မႉးပုံမ်ားျဖစ္၏။
မ်က္ရည္မ်ား ထိန္းခ်ဳပ္ရန္ ေအာက္ႏႈတ္ခမ္းကို ခပ္တင္းတင္းဖိကိုက္ရင္း ဧည့္ဆိုဖာတြင္ ေလ်ာ့တိေလ်ာ့ရဲ လာထိုင္လိုက္သည္။ ကားတစ္စီးမွာ ၿခံထဲ ေမာင္းဝင္လာ၏။ ေန႕သစ္ ျပန္ေရာက္လာသည္။ မႉးကို ျမင္ေတာ့ အံ့ဩေန၏။ အမူးေျပေနပုံလည္း ရသည္။
"မႉး ဘာမွမစားရေသးဘူးမဟုတ္လား၊ ဗိုက္ဆာေနမွာပဲ၊ ေမာင္ေခါက္ဆြဲျပဳတ္လုပ္ေပးမယ္၊ ခဏေလး”
ေန႕သစ္က ျပန္ေရာက္ခ်င္း မီးဖိုေခ်ာင္ထဲသို႔ ေျပးဝင္သြားသည္။ သိပ္မၾကာ ေခါက္ဆြဲပန္းကန္လုံးမွာ မႉးေရွ႕ ေရာက္လာသည္။ မႉး အဆာလြန္ေနမည္စိုး၍ စားစရာမ်ား ခဏခဏပို႔ေပးခဲ့တာေတြ၊ ဖုန္းဆက္ၿပီး ထမင္းစားေတာ့ေလ အလုပ္ပင္ပန္းလား က်န္းမာေရးဂ႐ုစိုက္ စေသာ ဂ႐ုစိုက္စကားေတြကို မႉးက အပိုဟု ျမင္ခဲ့သည္။ မႉး လိုအပ္သမွ် ျဖည့္ဆည္းေပးခ်င္သည့္သူ႕ကို အရာရာျငင္းပယ္ပစ္ရင္း မာနထားခဲ့သည္။ ေခါင္းငုံ႕အနစ္နာခံသည့္ သူ႕ကို အၿမဲတမ္းဆူပူေအာ္ဟစ္ေနမိေနၿပီး တစ္ခါမွ အေလွ်ာ့မေပးမိဘဲ ဆက္တိုက္အနိုင္ယူခဲ့သည္။
မႉးက ဘာလို႔မ်ား ေမာင့္ကို ဒီေလာက္ေတာင္ အနိုင္ယူခဲ့မိပါလိမ့္၊ မႉးက ဘာလို႔မ်ား ေမာင့္ကို အရမ္းမခ်စ္ေပးခဲ့မိပါလိမ့္ဟူသည့္ အေတြးတို႔ ဝင္လာေတာ့ အလြန္စိတ္မေကာင္းျဖစ္မိသည္။
မႉး ေခါက္ဆြဲပန္းကန္ဆြဲယူ၍ ငုံ႕စားလိုက္သည္။ ဟိုအရင္လို စိတ္ထဲရွိသည့္အတိုင္း စားခ်င္စိတ္မရွိေၾကာင္းေျပာ၍ ရပ္ပစ္ရန္ မႉးတုံ႕ႏွေးေနသည္။
“ဒီကိစၥနဲ႕ပတ္သက္လို႔ ရဲေတြ လာေမးခဲ့ရင္ မသိဘူးလို႔ေျဖပါ၊ ဘာမွအျငင္းစကားမၾကားခ်င္လို႔ မႉးေျပာတဲ့အတိုင္းလုပ္ မႉးစကားနားေထာင္ မဟုတ္ရင္ မႉးကို ထပ္ေတြ႕ရမယ္မထင္နဲ႕”
မႉး ေခါက္ဆြဲပန္းကန္ကို ဆက္ငုံ႕စားၿပီး ျပန္ေတာ့မယ္ဟု ေျပာ၍ ထထြက္လာသည္။
~
ေဆး႐ုံျပတင္းေပါက္မွတစ္ဆင့္ ေအာက္ဘက္သို႔ သြင္ရိပ္ငုံ႕ၾကည့္ေနမိသည္။ မေန႕ညတည္းက မမ ေဆး႐ုံသို႔ မလာပါ။ ဖုန္းလည္း ဆက္မရ။ ရဲမ်ားေမးလာလွ်င္ ဘာမွမသိဟု မမက သြင္ရိပ္ကို ေျဖခိုင္းထားသည္။
တစ္ညလုံး မအိပ္ထားရသျဖင့္ မ်က္လုံးအိမ္တို႔ က်ိန္းစပ္ေနသည္။ မ်က္ရိုးလည္း ကိုက္ေန၏။ ကိုရဲရင့္က ကုတင္ေပၚ dripခ်ိတ္ထားရသည္။ သတိျပန္မလည္လာေသးေပ။ မဆင့္ဆင့္မိုးက ကိုရဲရင့္လက္ကိုင္ကာ တရႈံ႕ရႈံ႕ငိုေန၏။ သူတို႔ပတ္သက္မႈကိုလည္း ဖြင့္မေျပာရေသး။ မဆင့္ဆင့္မိုးက သြင္ရိပ္သူငယ္ခ်င္းဟု ဒက္ဒီ့ကို အလြယ္ေျပာျပထားမိသည္။
သူနာျပဳအစ္မႀကီးတစ္ဦး အခန္းထဲသို႔ ဝင္လာသည္။ ေဆးစာ႐ြက္မ်ားပိုက္ထား၏။ ဦးမင္းေသာ္က သြင္ရိပ္ကို ေခၚေနေၾကာင္း လာေျပာသည္။ မေန႕က ဒက္ဒီမူးလဲသြား၍ ေဆး႐ုံတြင္ တစ္ခါတည္း အခန္းယူထားရသည္။ သြင္ရိပ္ အခ်ိန္မဆြဲဘဲ ေဘးအခန္းသို႔ ခပ္သြက္သြက္ထြက္လာသည္။ အခန္းထဲ၌ ေဒၚေတးမာလာက ဦးမင္းေသာ္ကို ေဆးတိုက္ေန၏။ သြင္ရိပ္ ေခါင္းငုံ႕ကာ ဝင္သြားလိုက္သည္။
"ရဲရင့္ကို အခုလို ျဖစ္ေအာင္ ဘယ္သူလုပ္တာလဲ၊ ဒက္ဒီ့ကို တစ္ခုခုဖုံးကြယ္ထားတယ္မဟုတ္လား၊ မကြယ္ဝွက္ဘဲ မလိမ္ဘဲ အမွန္အတိုင္းေျပာသြင္ရိပ္”
"သြင္ သြင္ရိပ္မသိပါဘူးဒက္ဒီ”
အညာေပၚမည္စိုး၍ မ်က္လုံးခ်င္းမဆုံရဲသျဖင့္ ေခါင္းကို ဇြတ္အတင္းငုံ႕ထားမိသည္။ ေၾကာက္ေနမိ၏။
"ဒက္ဒီဘာလုပ္တာလဲ၊ တရားခံသိရင္ ရဲကို အေၾကာင္းၾကားၿပီး ဖမ္းခိုင္းမလို႔လား”
တိက်ျပတ္သားလြန္းသည့္အသံႏွင့္အတူ အခန္းထဲ ဝင္ေရာက္လာသည့္မမေၾကာင့္ သြင္ရိပ္အားတက္သြားသည္။ မမက သြင္ရိပ္ေဘးတြင္ အတူယွဥ္လာရပ္၍ အေတာက္ပဆုံးၿပဳံးျပသည္။
"ရဲရင့္ေဆး႐ုံတက္ေနရတဲ့ကိစၥနဲ႕ ပတ္သက္ၿပီး အျပင္လူေတြအသိမေပးဖို႔ တာဝန္က်ဆရာဝန္နဲ႕သူနာျပဳကို ေျပာထားၿပီးၿပီ၊ မီဒီယာေတြ မသိနိုင္တာေၾကာင့္ ဒက္ဒီသိပ္မစိုးရိမ္ပါနဲ႕၊ ရဲေတြ မသိတာမို႔ အမႈကိစၥေတြ ေခါင္းထဲ ထည့္စရာမလိုပါဘူး''
ဦးမင္းေသာ္က မ်က္ေမွာင္ၾကဳတ္ၿပီး မမကို မမွိန္မသုန္ၾကည့္ေနသည္။ မမက အၾကည့္ကို နားလည္ေနပုံျဖင့္ ဟက္ခနဲရယ္သည္။
"မဟုတ္မွလြဲေရာ မႉးက ရဲရင့္ကို သတ္ဖို႔ ႀကံစည္တာလို႔ သံသယဝင္ေနတာေတာ့မဟုတ္ပါဘူးေနာ္၊ မႉးကို မေကာင္းဆိုးဝါးတစ္ေကာင္လို ျမင္ေနတာလား၊ ဒက္ဒီထင္ရင္လည္း ထင္သလိုပါပဲ၊ မႉးကေတာ့ ဘာမွေျပာစရာမရွိဘူး''
"မဟုတ္ပါေစနဲ႕လို႔ ဒက္ဒီက ဆုေတာင္းေနရတာပါ၊ ၿပီးေတာ့ ဒက္ဒီက သြင္ရိပ္ကို အတင္းစစ္ေမးေနတာမဟုတ္ဘူး၊ ဖုံးကြယ္ထားတာရွိတယ္ထင္လို႔ ေမးေနတာ''
"ဖုံးကြယ္ထားတာရွိတယ္ဆိုရင္ေတာင္ အဲဒီကိစၥကို ကာယကံရွင္ဆီက ကိုယ္တိုင္ၾကားတာ ပိုေကာင္းလိမ့္မယ္၊ မႉးတို႔က ၾကားဝင္ၿပီးမေျပာခ်င္ဘူး''
"ဘာကိစၥလဲမႉး၊ မာမီေတာင္ သိခ်င္လာၿပီ''
"ရဲရင့္သတိရလာမွ ေမးၾကည့္ၾကပါ၊ ဒါဆို မႉးအိမ္ျပန္ၿပီ၊ ေန႕လယ္ ထမင္းဘူးလာပို႔ေပးမယ္၊ သြားရေအာင္သြင္ရိပ္''
"ဟုတ္ကဲ့မမ၊ ဒက္ဒီနဲ႕မာမီ သြင္ရိပ္သြားေတာ့မယ္ေနာ္''
သြင္ရိပ္ ဒက္ဒီတို႔ကိုႏႈတ္ဆက္ရင္း မမႏွင့္အတူထြက္လာသည္။ အခန္းျပင္ေရာက္မွ မမက ရပ္၍ သြင္ရိပ္ေမွးကို အသာဆြဲေမာ့ၾကည့္ေလသည္။
"မေတြ႕တာ ဘယ္ေလာက္ၾကာေသးလို႔ ဒီလိုမ်ိဳး မ်က္ႏွာက ျဖဴဆုတ္ၿပီး ေခ်ာင္က်ေနရတာလဲ၊ တစ္ရက္တည္းနဲ႕ မင္းအရမ္းပိန္သြားတယ္ကေလး”
"ညက အိပ္ေရးနည္းနည္းပ်က္သြားလို႔ပါမမရဲ႕၊ သြင္ရိပ္ေနေကာင္းပါတယ္''
“ဟုတ္လို႔လား၊ တစ္ေရးမွေတာင္ မအိပ္ရေသးဘူးမလား၊ ဒီအေကာင္ေသးေလးကေတာ့”
မမက အမွန္ေျပာေနသျဖင့္ သြင္ရိပ္ေခါင္းငုံ႕လိုက္မိသည္။
"မမရဲ႕မိသားစုျပႆနာေတြေၾကာင့္ သြင္ရိပ္အရမ္းပင္ပန္းမွာပဲ၊ မမအားနာပါတယ္ကြယ္”
“သြင္ရိပ္က ဘယ္လိုခက္ခဲပင္ပန္းမႈမ်ိဳးမွမေၾကာက္ဘူး၊ သြင္ရိပ္ေၾကာက္တာတစ္ခုက မမနဲ႕ ေဝးရမွာကိုပဲ”
မမက ပါးခ်ိဳင့္ထင္ေအာင္ ၿပဳံး၍ သြင္ရိပ္ကို အသာဖက္ေပးလာသည္။ ဤအခိုက္သည္ သိပ္ၾကည္ႏူးဖြယ္ရာမို႔ မမကိုယ္ေငြ႕ေလးကို ေက်နပ္စြာ ေထြးေပြ႕မိသည္။
~
ျပည့္ျပည့္က စာရင္းစာအုပ္ေပၚ ေဘာပင္ျဖင့္ ဟိုဟိုဒီဒီေရးမွတ္ေနသည္။ မႉးက ခုံ၌ ထိုင္ရင္း သစ္ခြပန္းမ်ားအေၾကာင္း ေမးျမန္းစပ္စုေနသည္။ ျပည့္ျပည့္က သစ္ခြအေၾကာင္း အားရပါးရေျပာျပေနကာ တစ္လ၏ ဝင္ေငြႏွင့္ အျမတ္ဘယ္ေလာက္က်န္သည္ကအစ အေသးစိတ္ေျပာျပေနသျဖင့္ မႉးစိတ္ဝင္တစားနားေထာင္ေနမိ၏။
"ၿခံက ဒီထက္က်ယ္ရင္ ပိုေကာင္းမွာပဲ၊ ေရေလွာင္ကန္အျပင္ သဘာဝဆန္ဆန္ အိမ္ေသးေသးေလးတစ္လုံးေဆာက္လိုက္ရင္ အရမ္းလွသြားမွာ”
"အမယ္ေလး ေျမေနရာသာရွိေသးရင္ သြင္ရိပ္က ပန္းေတြ ထပ္စိုက္ဦးမွာအစ္မရဲ႕၊ ဒီနားေနေဆာင္ကိုေတာင္ လိုအပ္လို႔ ေဆာက္ထားတာ၊ နို႔မို႔ဆိုရင္ တစ္ၿခံလုံးကို ပန္းစိုက္မလားပဲ၊ ျပည့္တို႔ကေတာ့ ပင္ပန္းတာေပါ့''
ျပည့္ျပည့္က လက္ဖ်ားခါၿပီး ညည္းတြားေျပာဆိုေနသည္။ သြင္ရိပ္ အခန္းထဲမွ ထြက္လာသျဖင့္ မႉးလွည့္ၾကည့္လိုက္သည္။
"ေသြးေပါင္က်ေနလို႔ အခန္းထဲမွာ လဲေနပါလို႔ ဆရာဝန္မွာထားတာကို ဘာလို႔ထြက္လာျပန္တာတုန္း''
သြင္ရိပ္က ခပ္လွမ္းလွမ္းမွ ခုံတစ္လုံး ဆြဲယူလာၿပီး မႉးတို႔စားပြဲဝိုင္း၌ ဝင္ထိုင္သည္။ နဂိုအသားအေရမွာ ေဖြးဆြတ္သည့္ၾကားထဲ ယခုေတာ့ ေသြးမရွိသလို ျဖဴေဖ်ာ့ေနသည္။ လူကလည္း ပိန္ေသး၏။ မ်က္ေတာင္မ်ားမွာ အားမရွိေသာ ဓာတ္ခဲေလးလို။ ေလတိုက္လွ်င္ လဲမည့္ပုံစံေပါက္ေန၏။
"သြင္ရိပ္တို႔ ေဈးသြားဝယ္ၿပီး ဟင္းခ်က္ရင္ ေကာင္းမယ္ထင္တယ္၊ ေဆး႐ုံသြားရင္ ထမင္းဘူးယူသြားၾကမယ္ေလမမ''
"ထမင္းဘူးက ဒီေန႕ ႀကီးႀကီးျမကိုယ္တိုင္ပို႔ေပးမွာလို႔ မမကို ဖုန္းဆက္ၿပီးၿပီ၊ သူမ်ားအတြက္ ပူမေနနဲ႕၊ ကိုယ္တိုင္ပဲ ေနေကာင္းေအာင္ေန''
"ႀကီးႀကီးျမက အသက္ႀကီးၿပီေလ၊ ထမင္းဘူးပါလိုက္ပို႔ေပးရမယ္ဆိုရင္ ပင္ပန္းမွာေပါ့''
"ႀကီးႀကီးျမကို ကူဖို႔ မမ သီရိၿမဳံကို သြားလိုက္မယ္၊ သြင္ရိပ္က သက္ေတာင့္သက္သာနားေန ၾကားလား”
သြင္ရိပ္က မႉးစကားလက္မခံဘဲ သနားကမားအမူအရာေလးျဖင့္ ၾကည့္သည္။
"အတူလိုက္ခဲ့မယ္ေနာ္၊ မမနဲ႕ အျပင္သြားဖို႔ သြင္ရိပ္ အကၤ်ီေတာင္ လဲဝတ္ထားၿပီးၿပီကို’’
သြင္ရိပ္က ႀကိမ္ဖန္မ်ားစြာ ေတာင္းဆိုေနသျဖင့္ မႉးလက္ခံလိုက္ရသည္။ ဤအတိုင္းဆို ထားခဲ့ရန္လည္း စိတ္သိပ္မခ်ခ်င္။ ကားကို ျဖည္းျဖည္းေမာင္း၍ သီရိၿမဳံသို႔ ထြက္လာသည္။ ဖုန္းဝင္လာသျဖင့္ မႉး စပီကာဖြင့္၍ တင္ထားလိုက္သည္။
"Hello မႉး၊ မာမီပါ''
"ဟုတ္၊ မာမီေျပာေလ''
"ေမာင္ရဲရင့္သတိရလာၿပီ၊ ၿပီးေတာ့ ေမာင္ရဲရင့္ကို တရားခံေမးဖို႔ဆိုၿပီး ရဲေတြ ေဆး႐ုံေရာက္ေနတယ္”
"မႉး အခုခ်က္ခ်င္းလာခဲ့မယ္၊ ရဲေတြကို ရဲရင့္နဲ႕ မေပးေတြ႕နဲ႕ဦး၊ မာမီတတ္နိုင္သေလာက္ အေျခအေနထိန္းထားေပးပါ၊ မႉးကို ေစာင့္ေနာ္''
မႉး ကားကို ျပန္ေကြ႕ခ်ကာ ေဆး႐ုံဘက္သို႔ ဦးတည္ေမာင္းလိုက္သည္။ စိတ္မ်ား အလြန္ေလာေနမိ၏။ ရဲရင့္က ေန႕သစ္ကို တရားခံအျဖစ္ အမႈဖြင့္ ဖမ္းခိုင္းမွာ မႉးသိပ္စိုးရိမ္ေနခဲ့သည္။
====


ရင်ထဲက မှူး/ရင္ထဲက မႉးWhere stories live. Discover now