အပိုင်း( ၂၁ )

3.1K 218 2
                                    

ခပ်မှိန်မှိန် ညအိပ်မီးရောင်သည် သွင်ရိပ်ကို အိပ်ပျော်ရန် မပံ့ပိုးနိုင်ပါ။ အလှဘီရိုပေါ် တင်ထားသော ဌက်ရုပ်၊ ကြယ်ရုပ်တို့ ထည့်ထားသော ဖန်ပုလင်းကို ငေးကြည့်နေမိသည်။ ခြံထဲရှိ ခွေးမှာ အချိန်မတော် ထဟောင်နေ၏။ နာရီလက်တံလှည့်သံမှာလည်း တဂျက်ဂျက်။ မေမေနှင့်မမရတီမှာ အိပ်မောကျနေပြီ။ သွင်ရိပ်မှာတော့ ကော်ဖီသောက်ထားသလို အိပ်မပျော်နိုင်သဖြင့် ဖုန်းဖွင့်ကြည့်လိုက်သည်။
အသည်းပုံstickerမှတ်ထားသော မမဆိုသည့်နာမည်၏ SMS boxထဲ ဝင်ကြည့်တော့ စာတိုများမှာ သွင်ရိပ်ဘက်မှသာ ဆက်တိုက်ပို့ထားသည်။ ပြန်စာများ လုံးဝမရှိပေ။ နေ့တိုင်းလိုလို စာပို့သော်လည်း မမမှူးက အရေးမလုပ်။ ဘာတုံ့ပြန်မှုမှမပေး။ မအားဘူးဆိုရင်တောင် သွင်ရိပ်ကို အနည်းဆုံး အကျိုးသင့်အကြောင်းသင့် ရှင်းပြလျှင် နားလည်ပေးမိမည်။ ယခုတော့ သွင်ရိပ်မှာ အိမ်လိုက်သွားရန်လည်းမဝံ့ရဲ မမက ဖုန်းအဆက်အသွယ်မလုပ်တော့ နေ့စဥ် အရူးလို မျော်နေမိသည်။ ချောင်းသာမှ ပြန်လာတည်းက မမပစ်ထားသည်မှာ အရမ်းကြာလွန်းနေပြီဖြစ်သည်။
💬သွင်ရိပ် မမကို လွမ်းလိုက်တာ💬
💬ဂွတ်နှိုက်မမ၊ အိပ်မက်လှလှမက်ပါစေ💬
သွင်ရိပ် SMSနှစ်ကြောင်းပို့၍ မမဆီမှ ပြန်စာရနိုနိုး စောင့်မျှော်နေမိသည်။
💬လမ်းခွဲကြမယ်၊ မင်း ငါ့ကို မနှောက်ယှက်ပါနဲ့တော့၊ ငါတို့ကိစ္စအဆုံးသတ်သွားပြီ💬
ရုတ်တရက် ဝင်လာသော စာကြောင့် သွင်ရိပ်လန့်သွားရသည်။ ပြန်စာလုံးဝမပေးသည့်မမသည် စာပြန်ပို့လာတော့လည်း လမ်းခွဲစကားဖြစ်နေသည်။ သွင်ရိပ်အသည်းကို ခပ်ပြင်းပြင်း ရိုက်ချပစ်လိုက်သလို အတော်နာသွားသည်။
💬မမဘာတွေပြောနေတာလဲ၊ သွင်ရိပ်ကို မနောက်ပါနဲ့၊ သွင်ရိပ်ငိုမှာနော်💬
သွင်ရိပ် အလန့်တကြား ထရပ်၍ မမကို စာပြန်ပို့လိုက်သည်။ မမက စာထပ်မပို့တော့သဖြင့် မျက်ရည်အလိုလိုကျလာ၏။ မမဖုန်းကို ခေါ်လိုက်ပြီး ဖုန်းကိုင်ပါစေဟု မျှော်လင့်သော်လည်း ဖြစ်မလာပါ။ မမက ဖုန်းစက်ပိတ်ပစ်လိုက်လေသည်။ သွင်ရိပ် ဆောက်တည်ရာမဲ့ကာ အရုပ်ကြိုးပြတ်သလို ကြမ်းပြင်ပေါ် ထိုင်ချမိသွားသည်။ အသံတိတ်ကြိတ်ငိုမိသည်မှာ မိုးစင်စင်လင်းတဲ့အထိ။ တစ်ညလုံး တမှေးမှ မအိပ်ပျော်ခဲ့။ ငိုရလွန်း၍ မျက်လုံးပင် နာလာသည်။
~
ဤနေ့ သွင်ရိပ်အလုပ်မသွားမိ။ မနက်စာလည်း ထွက်မစားချင်။ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိသဖြင့် အခန်းထဲ၌သာ နေရင်း မမနှင့်သွင်ရိပ်၏အမှတ်တရများကို ပြန်လည်တွေးတောသတိရနေမိသည်။ မမက သွင်ရိပ်ကို အကြောင်းပြချက်မရှိ ထားရစ်ခဲ့နိုင်ပေမဲ့ သွင်ရိပ်ကတော့ လွယ်လွယ်မမေ့ဖျောက်နိုင်ပါ။ မေမေက အခန်းတံခါးလာခေါက်နေ၏။
"သွင်ရိပ်ရေ အပြင်မှာ ဧည့်သည်ရောက်နေတယ်ကွယ့်၊ လှလှပပပြင်ဆင်ပြီး ထွက်ခဲ့နော်၊ မကြာစေနဲ့”
“ဟုတ်ကဲ့မေမေ”
ငိုသံမပါအောင် အတတ်နိုင်ဆုံးထိန်းပြောရင်း သွင်ရိပ် မှန်ရှေ့သို့ ထွက်လာသည်။ သွင်ရိပ်မျက်နှာမှာ နီရဲမို့အစ်နေကာ မျက်လုံးတောင် သိပ်မပွင့်ချင်ပေ။ မေမေက ပြင်ဆင်ခဲ့ရန် ပြောသော်လည်း သွင်ရိပ် ဘာမှပြင်ချင်စိတ်မရှိ။ အဝတ်အစားလဲချင်စိတ်လည်း မရှိပါ။ ထိုကြောင့် ဟောင်းနွမ်းသောအဝတ်အစား၊ ဆံပင်မသပ်မရပ်၊ မျက်နှာပြောင်ဖြင့်ပင် ဒီတိုင်း ထွက်လာခဲ့သည်။ ဧည့်ခန်းထဲ၌ လူစုံတက်စုံ ထိုင်နေကြသော သူတို့ကြောင့် သွင်ရိပ်မှာ အခန်းထဲ ပြန်ပြေးဝင်ရမလို ရှေ့ဆက်မရမလို တွေဝေနေသည်။
ဧည့်စားပွဲပေါ် အုန်းပွဲ၊ငှက်ပျောပွဲများ နေရာယူထား၏။ ကိုရဲရင့်မှာ တိုက်ပုံနှင့်ပုဆိုးဝတ်ထားပြီး ဒေါ်တေးမာလာနှင့်အတူ ထိုင်နေသည်။ ရပ်မိရပ်ဖလူကြီးများလည်း ရှိနေကြပြီး မေမေတို့က ကော်ဖီဖြင့် ဧည်ခံထားလေသည်။
"ပြင်ဆင်ပြီးမှထွက်လာပါဆို ဒီကောင်မလေးကတော့''
“ရပါတယ်၊ လာလေ၊ ထိုင်ပါ''
မေမေက အားနာနေပြီး ဒေါ်တေးမာလာက လာထိုင်ရန် ခေါ်နေသဖြင့် မေမေ့ဘေးတွင် ရို့ရို့လေး သွားထိုင်လိုက်သည်။
"ကျွန်မတို့အချင်းချင်းသိနေကြတော့ အထူးတလည် မိတ်ဆက်ဖို့ မလိုပါဘူးလေ၊ အရင်က ကိစ္စတွေကို ဂရုမထားဘဲ ကျွန်မသမီးလေးကို အခုလိုလာတောင်းရမ်းတော့ တကယ်ဝမ်းသာမိတယ်''
“ကျွန်မသားလေးက လူရွေးတော်ပါတယ်၊ မမြင့်မာချိုသမီးက ဗိုင်းကောင်းကျောက်ဖိ
ရိုးရိုးအေးအေးလေးဆိုတော့ ဘယ်သားရှင်က ချွေးမ မတော်ချင်ဘဲနေမလဲ၊ တစ်ခုတော့ ရှိတာပေါ့ရှင်၊ သွင်ရိပ်ချိုက သဘာဝဆန့်ကျင်နေတဲ့ ယောက်ျားလျာကောင်မလေးတစ်ယောက်နဲ့ အရင်က ပတ်သက်ခဲ့ဖူးတယ်ဆိုတဲ့သတင်းမျိုးတော့ ကြားမိတယ်၊ ဒါပေမဲ့ ကျွန်မကတော့ မိန်းမချင်းတွေမို့ စိတ်ထဲတော့ မထားပါဘူး၊ သားလေးနဲ့ လက်ထပ်ပြီးရင်သာ သားလေးအပေါ်မှာ ဇနီးဝတ္တရားမပျက်ကွက်ဘဲ သစ္စာရှိပေးနိုင်ဖို့ လိုပါတယ်၊ ကျွန်မက သဘာဝဆန့်ကျင်တာမျိုး လက်မခံနိုင်ဘူး၊ ကျွန်မသမီးက ဒါမျိုးလုပ်ရင်လဲ ကန့်ကွက်မှာမို့ မမြင့်မာချိုလဲ သတိထားပေါ့ရှင်”
“အို! ပေါက်ပေါက်ရှာရှာ ကျွန်မလဲ သဘာဝဆန့်ကျင်တာမျိုး လက်မခံနိုင်ပါဘူးလေ”
ဒေါ်တေးမာလာက သွင်ရိပ်ကို ပညာသားပါပါစော်ကားလာသဖြင့် သွင်ရိပ်ခေါင်းငုံ့လိုက်သည်။ ဤအတိုင်းဆိုလျှင် ဒေါ်တေးမာလာက မမမှူးနှင့်သွင်ရိပ်ကိုလည်း သဘောတူပေးမည်မဟုတ်။ သွင်ရိပ် ကိုရဲရင့်ကို လှမ်းကြည့်လိုက်သည်။ ဤလူက အလွန်မျက်နှာပြောင်လွန်း၏။ လက်မခံပါဟု အပြတ်ငြင်းထားလျက် လူကြီးများကို ရအောင် နားဖောက်ပြီး လာတောင်းရမ်းသည်။
“ဒါကတော့ ကျွန်တော်တို့ဘက်က တောင်းရမ်းငွေပါဗျ၊ လိုသေးရင် ထပ်တင်တောင်းမှာပါ”
မေမေက ငွေထုပ်အိတ်ကို ဖွင့်ကြည့်၍ ဝမ်းသာနေ၏။ သွင်ရိပ်ကတော့ ကြည့်ပင်မကြည့်ချင်ပါ။
“လက်ခံရမှာပေါ့ရှင်၊ ဒီလိုဥစ္စာပေါရုပ်ချော လူတော်လူကောင်းလေးကို ငြင်းစရာဘာရှိလဲ”
“မေမေ’’
မေမေက သွင်ရိပ်သဘောထားမမေးဘဲ လက်ခံတယ်ချည်းဇွတ်လုပ်နေသဖြင့် သွင်ရိပ်အံ့ဩရသည်။ မေမေက သွင်ရိပ်ကို လုံးဝမငြင်းရန် မျက်နှာရိပ်ပြနေသဖြင့် ငိုချင်လာသည်။
"ဒါဆို ရက်ကောင်းရက်မြတ်ရွေးပြီး မင်္ဂလာပွဲကို မြန်နိုင်သမျှအမြန်ဆုံးစီစဉ်ကြတာပေါ့''
သွင်ရိပ် ဘာမှကို ပြောဆိုချင်စိတ်မရှိသလို ဘာမှလည်း လုပ်ချင်စိတ်မရှိ။ အသည်းကွဲနေ၍ ချောင်ကပ်ငိုချင်နေမိတာပဲသိတော့သည်။ ဆက်ထိုင်နေချင်စိတ်မရှိသဖြင့် သွင်ရိပ်ထထွက်လာသည်။ မေမေက ဧည့်သည်များကို ဆက်ဧည့်ခံနေရာမှ သွင်ရိပ်နောက်လိုက်ပြီး ခပ်တိုးတိုးသတိပေးလာသည်။
“သွင်ရိပ် ညည်းဘာအချိုးချိုးတာလဲ”
မေမေက သွင်ရိပ်ကို ဟိုအရင်ကအတိုင်း ကြမ်းတမ်းစွာ ပြောဆိုလာသဖြင့် အံ့ဩသွားရသည်။
"ငြင်းလို့မရဘူးသွင်ရိပ်၊ သူတို့က မေမေ့အကြွေးတွေလည်းဆပ်ပေးပြီး ကိုမျိုးနိုင်ကိုလည်း ထောင်က အမြန်ဆုံးလွတ်အောင် ကူညီပေးမယ်တဲ့၊ တင်တောင်းငွေကလဲ များတယ်၊ အခွင့်အရေးရတုန်း သမီးအသုံးချရမယ်၊ မေမေ့စကားနားထောင် မဟုတ်ရင် သမီးအဖြစ် အသိအမှတ်မပြုတော့ဘူး”
မေမေက ပိုက်ဆံကြောင့် သွင်ရိပ်အပေါ် ရစ်သီးနေသဖြင့် ဝမ်းနည်းနာကျင်မိသည်။ သွင်ရိပ် ဘာမှမပြောတော့ဘဲ အခန်းထဲသို့ မျက်ရည်ကျလျက် ပြေးဝင်လာခဲ့မိသည်။ ကုတင်ပေါ်၌ ခေါင်းအုံးမျက်နှာအပ်လျက် ရှိုက်ကြီးတငင်ငိုကြွေးမိသည်။ သွင်ရိပ်ခံစားချက်ကို မည်သူမှ နားလည်နိုင်မည်မဟုတ်။ မည်သူတစ်ဦးမျှ သွင်ရိပ်ဘက်တွင် မရပ်တည်ပေးကြပါ။
~
အဝတ်အစားသစ်ဝယ်ရန် Super Marketရှိ အဝတ်ဆိုင်၌ နေ့သစ်အင်္ကျီရွေးနေမိသည်။ တစ်ထည်ပြီးတစ်ထည် စိတ်တိုင်းကျ သေချာရွေးဝယ်၍ အဝတ်ဆိုင်ထဲမှ ထွက်လာကာ ကားပါကင်ဘက်၌ သွင်ရိပ်ကို တွေ့လိုက်သဖြင့် လှမ်းနှုတ်ဆက်လိုက်သည်။ သွင်ရိပ်က လှည့်ကြည့်လာပြီး မျက်နှာပျက်နေ၏။ အရပ်မြင့်မြင့်ကောင်လေးတစ်ဦးက ကားထဲမှ ထွက်လာပြီး သွင်ရိပ်ဘေးတွင် ရပ်လိုက်သဖြင့် နေ့သစ်မျက်မှောင်ကြုတ်၍ အနားသို့ သွားလိုက်သည်။
“သွင်ရိပ် ဘယ်သူလဲ၊ အသိမိတ်ဆွေလား”
ကောင်လေးက နေ့သစ်ကို စူးစမ်းစွာ ကြည့်ရင်း သွင်ရိပ်ကို မေးနေ၏။ သွင်ရိပ်က မဆိုစလောက်လေး ခေါင်းညိတ်ကာ သက်ပြင်းခိုးချနေ၏။ မည်သို့မှအဆင်မပြေကြောင်း မျက်နှာ၌ ပေါ်နေသည်။
“ဒါဆို တစ်ခါတည်း ဖိတ်စာပေးလိုက်တာပေါ့၊ ဖြစ်အောင် လာခဲ့ပေးပါဗျ”
ကောင်လေးက အိတ်ထဲမှ ဖိတ်စာတစ်စောင်ယူထုတ်ပြီး နေ့သစ်ကို ပေးလာသည်။ နေ့သစ်ဖတ်ကြည့်လိုက်တော့ သွငိရိပ်၏မင်္ဂလာဖိတ်စာဖြစ်နေ၍ ဟင်ခနဲ ဖြစ်သွားသည်။ သေချာဖတ်ကြည့်လိုက်တော့ ကောင်လေးမှာ မှူး၏မောင်လေးဖြစ်နေပြီး မောင်ဆက်ပိုင်(ခ)ရဲရင့်ဟု အံ့ဖွယ်ရေးထား၏။ ဆုံးသွားသည့် မှူး၏မောင်လေးအဖြစ် လူသိခံ မိတ်ဆက်ထားသည်။
“အဓိပ္ပါယ်မရှိတာ သွင်ရိပ် မင်းဘာတွေလုပ်နေတာလဲ”
‘”သွင်ရိပ်လဲ မသိတော့ဘူး၊ ဘာတစ်ခုမှ မတွေးတတ်တော့ပါဘူး၊ မမ သွင်ရိပ်ကို ထားခဲ့တယ်”
သွင်ရိပ်က ကလေးလို အိခနဲ ငိုချလိုက်တော့ နေ့သစ် ရဲရင့်ကို ကြည့်လိုက်သည်။ ရဲရင့်က ဒေါသထိန်းသလို အံကြိတ်ထားပြီး မကျေမနပ်ဖြစ်နေ၏။
“ဒီကုန်တိုက်ပိုင်ရှင်ကို မင်္ဂလာပွဲဖိတ်စာသွားဖိတ်ရဦးမို့ ခွင့်ပြုပါဦး၊ သွင်ရိပ် သွားမယ်”
ရဲရင့်က သွင်ရိပ်လက်ကို ဆောင့်ဆွဲကာ ခေါ်သွားသဖြင့် နေ့သစ် အံ့ဩစွာ ကြည့်ရင်း ကျန်ခဲ့သည်။ မှူး ဤအကြောင်းများ သိလျှင် မည်သို့ တုံ့ပြန်မလဲဟုပင် မခန့်မှန်းတတ်ပါ။ သွင်ရိပ်ကို ရဲရင့်နှင့် လက်မထပ်စေချင်သဖြင့် ဤအခြေအနေကို တားရန် မှူးကို ပြောပြမှဖြစ်မည်ဟု တွေး၍ ကားကို မြို့ပြင်ဘက်သို့ အရှိန်ပြင်းစွာ မောင်းလာခဲ့သည်။ မှူးကို ပိတ်ထားသော အိမ်မည်းရှေ့ရောက်တော့ ကားကို ခပ်လှမ်းလှမ်း၌ ထိုးရပ်ကာ အခြေအနေအကဲခတ်ကြည့်လိုက်သည်။ အစောင့်တစ်ဦးမှမရှိဘဲ တိတ်ဆိတ်နေသည်။ နေ့သစ် ခဲလုံးကောက်၍ အရိပ်အခြေကြည့်ကာ အိမ်မည်းအနီးချည်းကပ်သည်။ သော့ခလောက်ကို ခဲဖြင့် ထုကာ သော့အိမ်ဖျက်လိုက်သည်။
"မှူး၊ မှူး အထဲမှာ ရှိနေလား”
"ရှိမှာပေါ့ညီလေး”
အသံမှာ နောက်မှ ထွက်လာသဖြင့် နေ့သစ်အလန့်တကြားလှည့်ကြည့်လိုက်သည်။ ယောက်ျားသုံးဦးက နေ့သစ်ကို ပိတ်ရပ်ထား၏။ ထိုလူတို့မှာ လူမိုက်ပုံစံများနှင့် မတူသည့်အပြင် ရုပ်သိပ်မကြမ်းလှ။ မှူးတို့ကုမ္ပဏီရှိ ဝန်ထမ်းများလားဟုပင် အထင်မှတ်ရအောင် ငယ်ရွယ်ပြီး သပ်ရပ်လှပါသည်။ မှူးဆေးရုံတက်ရစဥ်က အခန်းရှေ့၌ လာစောင့်ပေးသော လူတစ်ဦးပါသဖြင့် နေ့သစ်မှတ်မိနေသည်။ နေ့သစ် ခဲလုံးပစ်ချ၍ လက်သီးဖြင့် ပစ်ထိုးလိုက်သည်။ ထိုလူက လှမ်းရှောင်ပြီး အခြားတစ်ယောက်က နေ့သစ်မျက်နှာကို ခွပ်ခနဲ ပိတ်ထိုးလိုက်သည်။ နေ့သစ် နောက်လှန်သွား၏။ လူနှစ်ဦးက နေ့သစ်လက်နှစ်ဖက်ကို တစ်ဖက်ဆီမှ တုပ်နှောင်လိုက်သဖြင့် ရုန်းရခက်သွားသည်။
"အပြင်မှာ ဘာတွေဖြစ်နေကြတာလဲ၊ ဘယ်သူလဲ”
မှူးက သစ်တံခါးကို တဘုန်းဘုန်းထုရိုက်ကာ မေးလာသဖြင့် နေ့သစ် တံခါးကို ခေါင်းမှီကာ အော်ပြောလိုက်သည်။ အခြားတစ်ဦးက တစ်နေရာသို့ ဖုန်းဆက်အကြောင်းကြားနေ၏။ ခဏကြာတော့ အိမ်မည်းရှေ့သို့ ကားတစ်စီးရောက်လာပြီး ကားပေါ်မှ ဦးလေးထွန်းဆင်းလာသည်။
"ဦးလေးထွန်း မှူးကို လွတ်ပေးပါဗျာ၊ ဘာလို့ ပိတ်ထားကြတာလဲ”
“မှူးအတွက်ပါ၊ မောင်ရင်ဝင်မပါချင်ပါနဲ့၊ ဒါက မိဘနဲ့သားသမီးကြားက ပြဿနာမို့ ဦးလေးရော မောင်ရင်ရော ဝင်ပါပိုင်ခွင့်မရှိဘူး၊ မှူးလေးက တစ်ယောက်တည်းနေတာ နေသားကျနေပါပြီ’’
‘’အဓိပ္ပါယ်မရှိတာဦးလေးထွန်းရာ မှူးကို အခုလိုလုပ်တာ မှူးပျော်နေမယ်ထင်လား၊ စိတ်ဒဏ်ရာဗျ”
“သူ့ကို မှူးနဲ့အတူပိတ်ထားလိုက် မှူးလေးအဖော်ရအောင်လို့ ဘာပြဿနာမှမတက်စေနဲ့”
ဦးလေးထွန်းက အိမ်တံခါးသော့ဖွင့်လိုက်တော့ ယောက်ျားနှစ်ဦးက နေ့သစ်ကို အိမ်မည်းထဲသို့ တွန်းထည့်လိုက်သည်။ နေ့သစ် ကြမ်းခင်းပေါ် လဲကျသွား၏။ မှူးက နေ့သစ်ဘေးသို့ စိုးရိမ်တကြီးရောက်လာသည်။
“ဦးလေးထွန်း ဘယ်လိုလုပ်လိုက်တာလဲ၊ မာမီခိုင်းတာနဲ့ပဲ အမှားအမှန်မခွဲတော့ဘူးလား၊ မိဘက သားသမီးကို အိမ်ထဲ ပိတ်လှောင်ထားတာလည်း ရာဇဝတ်မှုမြှောက်တာပဲ၊ မှူးအရုပ်မဟုတ်ဘူး၊ သက်ရှိလူသားပါ ခံစားတတ်တယ် မှူးကိစ္စမှာ နေ့သစ်ကိုပါ ဆွဲမထည့်နဲ့ လွတ်ပေးလိုက်”
“ခဏပါပဲမှူးလေး၊ ခဏပဲ သည်းခံလိုက်ပါကွယ်၊ ပြီးရင် မှူးလွတ်လပ်ရမှာပါ”
ဦးလေးထွန်းက တံခါးပြန်ပိတ်ကာ သော့ခတ်လိုက်သဖြင့် နေ့သစ် ငေးကြောင်နေမိသည်။ မှူးက နေ့သစ်ကို ထူပေးကာ စားပွဲခုံဆီခေါ်သွားပြီး မျက်နှာဒဏ်ရာဆေးထည့်ပေးလာသည်။ နေ့သစ် မှူးကို အားနာစွာ ငေးကြည့်နေမိသည်။
“ကိုယ် မှူးကို မကူညီနိုင်ဘူး၊ ကိုယ်အသုံးမကျဘူးကွာ”
မှူးက နေ့သစ်၏ကွဲနေသော နှုတ်ခမ်းကို ဂွမ်းစဖြင့် အသာတို့ပေးလာတော့ နေ့သစ် ဝမ်းနည်း၍ မျက်ရည်ဝဲလာသည်။ ဤအခြေအနေကြောင့် အရင်ချိန်များကို သတိရမိသည်။
“နာလို့လား’’
မှူးက ခပ်တည်တည်မေးရင်း ညိုမည်းနေသော ပါးမှ ဒဏ်ရာကို ဆေးဆက်လိမ်းပေးနေသည်။
“သွင်ရိပ်တို့မိသားစုအဆင်ပြေရဲ့လား၊ သွင်ရိပ်ဘယ်လိုနေလဲ နေ့သစ်သိလား၊ မာမီက ယုတ်မာလွန်းတဲ့သူတော့မဟုတ်ပေမဲ့ မှူးကြောင့် သွင်ရိပ်ကို ဒုက္ခပေးမှာ စိတ်ပူမိတယ်”
သွင်ရိပ်က ရဲရင့်နှင့် လက်ထပ်တော့မည်ဟု သိလျှင် မှူးနာကျင်ရမလား၊ မှူး မည်သို့တုံ့ပြန်မလဲ နေ့သစ် မခန့်မှန်းတတ်ခဲ့။ နေရင်းထိုင်ရင်း မှူးကို စိတ်သောကလည်း မရောက်စေချင်ပါ။
“ကိုယ်မသိဘူး၊ ကိုယ် သွင်ရိပ်နဲ့ မဆုံတာကြာပြီ”
မှူးက သက်ပြင်းသဲ့သဲ့ချ၍ သံပြတင်းပေါက်ဆီသို့ ထထွက်သွားကာ အပြင်သို့ ငေးကြည့်နေသည်။
“ထွက်ပေါက်မရှိတဲ့ ဒီအိမ်ထဲမှာ နေ့သစ်နေတတ်ပါ့မလား၊ မှူးကတော့ ငယ်ငယ်လေးထဲက လှောင်ချိုင့်ထဲမှာ နေခဲ့ရတော့ အကျင့်ဖြစ်နေပြီ၊ ထူးပြီး မကြောက်တတ်တော့ဘူး’’
ခပ်မဲ့မဲ့လေးပြုံးနေသည့် မှူးကို ကြည့်ရင်း နေ့သစ် စိတ်မကောင်းဖြစ်နေမိသည်။ ဤစကားများ၌ မျက်ရည်ဘယ်နှစ်စက်များ ကျသွားပြီလဲ နေ့သစ်မမြင်ရပေမဲ့ ခံစားမိနေသည်။
~
အစောင့်များ လာပို့ထားသည့် နေ့လယ်စာထမင်းဘူးကို မှူးဖွင့်ကြည့်လိုက်သည်။ စားဖွယ်များမှာ စုံလင်နေပြီး အချိုတည်းစရာ မုန့်နှင့်သီးနှံများပင် ပါသေး၏။ ကြီးကြီးမြလက်ရာဟု အမြင်နှင့်တင် ခံစားမိသဖြင့် မှူးမှာ အပိတ်ခံထားရသော်လည်း အစားအသောက်မပျက်ခဲ့ပေ။ အော်ဟစ်အကူအညီတောင်းလည်း သနားကာ တံခါးဖွင့်ပေးမည့်သူမရှိဟု သိနေသဖြင့် မှူး ငယ်စဥ်ကလို အားကုန်မခံတော့ပါ။ တံခါးပွင့်လာမည့်နေ့ကို တိတ်ဆိတ်စွာ စောင့်နေလိုက်သည်။ မှူးကို မည်မျှကြာကြာ မာမီပိတ်ထားမလဲ မာမီဘာများလုပ်နိုင်မလဲ မှူးသိချင်သည်။ မှူး မာမီ့ကို လုံးဝမကြောက်ပါ။
နေ့သစ်က ထမင်းစားချင်စိတ်ပျောက်နေသလို ငုတ်တုတ်ထိုင်နေသည်။ မှူး ရေခဲသေတ္တာ၌ ကပ်ထားသော ရေးမှတ်ထားသည့် စာရွက်ပိုင်းများကို ကြည့်၍ ရက်၊လများကို ရေတွက်နေမိသည်။ ထိုစဥ် တံခါးမကြီးမှာ ကျွီခနဲ ပွင့်လာ၏။ အလင်းရောင်များ အခန်းထဲ ဝင်လာပြီး ဦးလေးထွန်းက တံခါးဝတွင် ရပ်နေသည်။
"အိမ်ပြန်ကြမယ်မှူးလေး၊ အခုလွတ်လပ်ပြီ”
နေ့သစ်နှင့်မှူး အကြည့်ချင်းဆုံသွားသည်။ မှူး ခနဲ့ပြုံး၍ ဦးလေးထွန်းရှေ့ သွားရပ်ကာ လက်ပိုက်လိုက်သည်။
"သွင်ရိပ်ဘာဖြစ်သွားပြီလဲ၊ အဲဒီကလေးကို ဘာလုပ်လိုက်ကြပြီလဲ”
ဦးလေးထွန်းက မှူးကို ဂရုဏာသက်သလို ကြည့်၍ သက်ပြင်းရှိုက်လိုက်သဖြင့် မှူး မျက်ခုံးတွန့်ချိုးလိုက်သည်။
"နောက်မှတွေ့ရအောင်နေ့သစ်၊ မှူးသွားတော့မယ်”
မှူး နေ့သစ်ကို နှုတ်ဆက်၍ ဦးလေးထွန်းနှင့်အတူ ကားဖြင့် အိမ်ပြန်လိုက်လာခဲ့သည်။ မှူးစိတ်များ လေးလံနေ၏။ ဘယ်လို supriseမျိုးမှ မှူးအတွက် သတင်းကောင်းမဟုတ်နိုင်ဟု ကြိုသိနေသည်။ သီရိမြုံစံအိမ်၏ ဆင်ဝင်အောက်၌ ကားတစ်စီးမှာ အလှဆင်ထား၏။ မင်္ဂလာကားဆိုလျှင် မည်သူလဲဟု မှူးမစဥ်းစားတတ်ပေ။ တုတ်ကောက်မပါတော့ အနည်းငယ်ထိန်းလျှောက်ကာ မှူး အိမ်ထဲသို့ ဝင်လာသည်။
မှူး ဧည့်ခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။ မင်္ဂလာစုံတွဲတစ်တွဲမှာ ဒက်ဒီနှင့်မာမီကို ထိုင်ကန်တော့နေပြီး ပြိုင်တူလှည့်ကြည့်လာ၏။ သတို့သားက ရဲရင့်ဖြစ်ပြီး သတို့သမီးကို အကြည့်ရောက်မိတော့ အလွန်အံ့ဩကာ ဘာကြီးလဲ၊ ဘာပါလိမ့်ဟု တဒင်္ဂ ဝေခွဲရခက်နေခဲ့သည်။ မာမီက ခန့်မှန်းရခက်စွာ ပြုံးနေ၏။ လေဖြန်းနေသော ဒက်ဒီကလည်း ထိုင်နိုင်နေခဲ့ပြီ။
“ဒီလင်ဒီမယား အိုအောင်မင်းအောင် ပေါင်းရပါစေကွယ်”
မာမီ၏ ဆုပေးသံကြောင့် မှူး ငယ်ထိပ်တည့်တည့်သို့ မိုးကြိုးပစ်ခံလိုက်ရသလို ခေါင်းထဲ မိုက်ခနဲ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။ သွင်ရိပ်က မှူးကို အငိုမျက်လုံးဖြင့် ပြူးကြည့်နေ၏။ မှူး အံကြိတ်ပစ်လိုက်သည်။
"မမကတော့ ဘယ်တွေ သွားနေတာလဲဗျာ၊ ကျွန်တော့်မင်္ဂလာပွဲတောင် မတက်ဘူး၊ ဒီနေ့ပဲ မမအတွက် မိသားစုဝင်အသစ်လေး ကျွန်တော်ခေါ်လာခဲ့တယ်၊ မမ လက်ဖွဲ့ပေးရမှာနော်’’
မှူး လဲကျမလို ယိုင်သွားတော့ ကြီးကြီးမြက မှူးဆီ အပြေးလာပြီး ရွှေရောင်တုတ်ကောက်လေးပေးသည်။ ကြီးကြီးမြက မှူးလေးစိတ်လျှော့ဟု တိုးတိတ်စွာ ဖျောင်းဖျနေသဖြင့် ပေါက်ကွဲလုဆဲဆဲ ဒေါသမီးတောင်ကြီးမှာ အတွင်း၌ အုံဖွဲ့လှောင်မြိုက်နေ၏။ မျက်ရည်မကျမိအောင် အစွမ်းကုန် ထိန်းချုပ်ရင်း တုတ်ကောက်ကို အသံမြည်အောင် တဒေါက်ဒေါက်ထောက်ကာ အပေါ်ဆုံးထပ်သို့ တက်လာခဲ့သည်။ အပေါ်ဆုံးထပ်ရောက်တော့ ဟောခန်းဘက် ထွက်လာပြီး မှန်နံရံကို တုတ်ကောက်ဖြင့် အားကုန် လွှဲရိုက်ပစ်လိုက်သည်။ မှန်အထူကြီးမှာ အစိပ်စိပ်အမြွှာမြွာ ကွဲကြေသွားပြီး မှူးပါးပြင်သို့ မျက်ရည်တို့ အထိန်းအကွပ်မဲ့စွာ ကျဆင်းလာသည်။ မာမီက မှူးနောက်မှ လိုက်လာပြီး ပခုံးတွင် လက်လာတင်သဖြင့် မှူး ရုန်းဖယ်ကာ လှည့်ကြည့်လိုက်သည်။ ကြီးကြီးမြကလည်း မှူးကို စိတ်မချစွာ ခပ်လှမ်းလှမ်း၌ ရပ်နေ၏။
“မှန်နံရံအသစ်ပြန်လဲဖို့ ကိုထွန်းဝေကို ပြောလိုက်ပါဦးမမြ”
ကြီးကြီးမြက မှူးကို စိတ်မချစွာ ကြည့်ရင်း အောက်ထပ်သို့ ပြန်ဆင်းသွားသည်။
"မာမီ ဘယ်လိုများ လုပ်ရက်ရတာလဲ”
“အို! မာမီဘာလုပ်မိလို့လဲမှူးရဲ့”
‘’မာမီ့စနစ်ဆိုတာ မှူးကောင်းကောင်းသိတယ်၊ မာမီကလေ မှူးတို့မောင်နှမအပေါ်မှာ စာနာစိတ်ကင်းမဲ့လွန်းတယ်၊ မှူး မာမီ့ကို အရမ်းမုန်းတယ်သိလား”
“မှူးရယ် မာမီက မှူးဘဝနစ်မွှန်းမှာစိုးလို့ အဲဒီအမျိုးယုတ်မိသားစုလက်ထဲ မာမီ့သမီးလေးကို မထည့်ပေးနိုင်ပါဘူး၊ မှူးက မာမီချစ်ရတဲ့ အဖိုးတန်သမီးလေးမို့ မာမီအတ္တကြီးရမှာပဲ”
“မှူးဘာမှမကြားချင်ဘူး”
မှူး ပေါက်ကွဲအော်ဟစ်လိုက်ရင်း ရှော့ဖြစ်ကာ ကော်ဇောခင်းပေါ်သို့ လဲကျပြီး သတိလစ်သွားသည်။
~
လျှပ်စစ်မီးရောင်မှာ မှူးအခန်းအနှံ့ လင်းထိန်နေ၏။ မှူးက ကုတင်ပေါ်၌ လဲလျောင်းနေပြီး လက်တွင် dripချိတ်ထားရသည်။ ကြီးကြီးမြက ခုံတွင် မှီထိုင်ရင်း မှူးကို စောင့်အိပ်နေ၏။ မှူး အားယူ ထထိုင်၍ လက်မှ အပ်ကို ဆွဲဖြုတ်လိုက်တော့ ကြီးကြီးမြက လန့်နိုးသွားသည်။
“အို! မှူးလေး မဖြုတ်နဲ့လေကွယ်၊ စိတ်ကြီးလွန်းလိုက်တာ”
ကြီးကြီးမြက မှူးကို တားမမီတော့သဖြင့် ရင်ဘတ်ကို ဖိကာ ရေရွတ်နေသည်။
“မှူးလေး ဘာစားမလဲ၊ ထမင်းစားမလား၊ မှူးလေးကြိုက်တဲ့ဟင်းတွေချည်း ရွေးချက်ထားတာကွယ့်”
“မှူး ဘာမှမစားချင်ဘူး၊ ပင်ပန်းနေလို့ တစ်ယောက်ထဲပဲ အနားယူချင်တယ်”
“အင်းပါကွယ်၊ ခေါင်းတွေဘာတွေ မူးရင် ကြိတ်မခံနေဘဲ ပြောနော်မှူးလေး၊ ကြီးမြရှိတယ်”
ကြီးကြီးမြက စိတ်မချစွာ ထွက်သွားတော့ မှူး သက်ပြင်းချမိသည်။ ပါးပေါ်၌ မျက်ရည်ကြွေဆင်းနေပြီး နှုတ်ခမ်းမှာ မဲ့ပြုံးနေသည်။ တွေးမိတိုင်း ဒေါသစိတ်လေးတိုးထွက်လာတော့ တစ်ခုခုကို စိတ်ရှိလက်ရှိ ရိုက်ခွဲဖျက်ဆီးပစ်ချင်လာသည်။ ခပ်ပြင်းပြင်း တောက်ခေါက်ပစ်လိုက်ပြီး ကုတင်ပေါ်မှ ထကာ ပြတင်းအနီး၌ သွားရပ်၍ အပြင်သို့ ကြည့်လိုက်သည်။ ခြံထဲ၌ မီးများ လင်းနေပြီး ခြံစောင့်မှာ သွားလာနေသည်။ လရောင်အလင်းမှာ လျှပ်စစ်မီးကို မထိုးဖောက်နိုင်သဖြင့် ကွယ်ပျောက်နေသည်။
====
ဆက်ရန်။
#ကြွေ
ခပ္မွိန္မွိန္ ညအိပ္မီးေရာင္သည္ သြင္ရိပ္ကို အိပ္ေပ်ာ္ရန္ မပံ့ပိုးနိုင္ပါ။ အလွဘီရိုေပၚ တင္ထားေသာ ဌက္႐ုပ္၊ ၾကယ္႐ုပ္တို႔ ထည့္ထားေသာ ဖန္ပုလင္းကို ေငးၾကည့္ေနမိသည္။ ၿခံထဲရွိ ေခြးမွာ အခ်ိန္မေတာ္ ထေဟာင္ေန၏။ နာရီလက္တံလွည့္သံမွာလည္း တဂ်က္ဂ်က္။ ေမေမႏွင့္မမရတီမွာ အိပ္ေမာက်ေနၿပီ။ သြင္ရိပ္မွာေတာ့ ေကာ္ဖီေသာက္ထားသလို အိပ္မေပ်ာ္နိုင္သျဖင့္ ဖုန္းဖြင့္ၾကည့္လိုက္သည္။
အသည္းပုံstickerမွတ္ထားေသာ မမဆိုသည့္နာမည္၏ SMS boxထဲ ဝင္ၾကည့္ေတာ့ စာတိုမ်ားမွာ သြင္ရိပ္ဘက္မွသာ ဆက္တိုက္ပို႔ထားသည္။ ျပန္စာမ်ား လုံးဝမရွိေပ။ ေန႕တိုင္းလိုလို စာပို႔ေသာ္လည္း မမမႉးက အေရးမလုပ္။ ဘာတုံ႕ျပန္မႈမွမေပး။ မအားဘူးဆိုရင္ေတာင္ သြင္ရိပ္ကို အနည္းဆုံး အက်ိဳးသင့္အေၾကာင္းသင့္ ရွင္းျပလွ်င္ နားလည္ေပးမိမည္။ ယခုေတာ့ သြင္ရိပ္မွာ အိမ္လိုက္သြားရန္လည္းမဝံ့ရဲ မမက ဖုန္းအဆက္အသြယ္မလုပ္ေတာ့ ေန႕စဥ္ အ႐ူးလို ေမ်ာ္ေနမိသည္။ ေခ်ာင္းသာမွ ျပန္လာတည္းက မမပစ္ထားသည္မွာ အရမ္းၾကာလြန္းေနၿပီျဖစ္သည္။
💬သြင္ရိပ္ မမကို လြမ္းလိုက္တာ💬
💬ဂြတ္ႏွိုက္မမ၊ အိပ္မက္လွလွမက္ပါေစ💬
သြင္ရိပ္ SMSႏွစ္ေၾကာင္းပို႔၍ မမဆီမွ ျပန္စာရနိုနိုး ေစာင့္ေမွ်ာ္ေနမိသည္။
💬လမ္းခြဲၾကမယ္၊ မင္း ငါ့ကို မႏွောက္ယွက္ပါနဲ႕ေတာ့၊ ငါတို႔ကိစၥအဆုံးသတ္သြားၿပီ💬
႐ုတ္တရက္ ဝင္လာေသာ စာေၾကာင့္ သြင္ရိပ္လန့္သြားရသည္။ ျပန္စာလုံးဝမေပးသည့္မမသည္ စာျပန္ပို႔လာေတာ့လည္း လမ္းခြဲစကားျဖစ္ေနသည္။ သြင္ရိပ္အသည္းကို ခပ္ျပင္းျပင္း ရိုက္ခ်ပစ္လိုက္သလို အေတာ္နာသြားသည္။
💬မမဘာေတြေျပာေနတာလဲ၊ သြင္ရိပ္ကို မေနာက္ပါနဲ႕၊ သြင္ရိပ္ငိုမွာေနာ္💬
သြင္ရိပ္ အလန့္တၾကား ထရပ္၍ မမကို စာျပန္ပို႔လိုက္သည္။ မမက စာထပ္မပို႔ေတာ့သျဖင့္ မ်က္ရည္အလိုလိုက်လာ၏။ မမဖုန္းကို ေခၚလိုက္ၿပီး ဖုန္းကိုင္ပါေစဟု ေမွ်ာ္လင့္ေသာ္လည္း ျဖစ္မလာပါ။ မမက ဖုန္းစက္ပိတ္ပစ္လိုက္ေလသည္။ သြင္ရိပ္ ေဆာက္တည္ရာမဲ့ကာ အ႐ုပ္ႀကိဳးျပတ္သလို ၾကမ္းျပင္ေပၚ ထိုင္ခ်မိသြားသည္။ အသံတိတ္ႀကိတ္ငိုမိသည္မွာ မိုးစင္စင္လင္းတဲ့အထိ။ တစ္ညလုံး တေမွးမွ မအိပ္ေပ်ာ္ခဲ့။ ငိုရလြန္း၍ မ်က္လုံးပင္ နာလာသည္။
~
ဤေန႕ သြင္ရိပ္အလုပ္မသြားမိ။ မနက္စာလည္း ထြက္မစားခ်င္။ ဘာမွလုပ္ခ်င္ကိုင္ခ်င္စိတ္မရွိသျဖင့္ အခန္းထဲ၌သာ ေနရင္း မမႏွင့္သြင္ရိပ္၏အမွတ္တရမ်ားကို ျပန္လည္ေတြးေတာသတိရေနမိသည္။ မမက သြင္ရိပ္ကို အေၾကာင္းျပခ်က္မရွိ ထားရစ္ခဲ့နိုင္ေပမဲ့ သြင္ရိပ္ကေတာ့ လြယ္လြယ္မေမ့ေဖ်ာက္နိုင္ပါ။ ေမေမက အခန္းတံခါးလာေခါက္ေန၏။
"သြင္ရိပ္ေရ အျပင္မွာ ဧည့္သည္ေရာက္ေနတယ္ကြယ့္၊ လွလွပပျပင္ဆင္ၿပီး ထြက္ခဲ့ေနာ္၊ မၾကာေစနဲ႕”
“ဟုတ္ကဲ့ေမေမ”
ငိုသံမပါေအာင္ အတတ္နိုင္ဆုံးထိန္းေျပာရင္း သြင္ရိပ္ မွန္ေရွ႕သို႔ ထြက္လာသည္။ သြင္ရိပ္မ်က္ႏွာမွာ နီရဲမို႔အစ္ေနကာ မ်က္လုံးေတာင္ သိပ္မပြင့္ခ်င္ေပ။ ေမေမက ျပင္ဆင္ခဲ့ရန္ ေျပာေသာ္လည္း သြင္ရိပ္ ဘာမွျပင္ခ်င္စိတ္မရွိ။ အဝတ္အစားလဲခ်င္စိတ္လည္း မရွိပါ။ ထိုေၾကာင့္ ေဟာင္းႏြမ္းေသာအဝတ္အစား၊ ဆံပင္မသပ္မရပ္၊ မ်က္ႏွာေျပာင္ျဖင့္ပင္ ဒီတိုင္း ထြက္လာခဲ့သည္။ ဧည့္ခန္းထဲ၌ လူစုံတက္စုံ ထိုင္ေနၾကေသာ သူတို႔ေၾကာင့္ သြင္ရိပ္မွာ အခန္းထဲ ျပန္ေျပးဝင္ရမလို ေရွ႕ဆက္မရမလို ေတြေဝေနသည္။
ဧည့္စားပြဲေပၚ အုန္းပြဲ၊ငွက္ေပ်ာပြဲမ်ား ေနရာယူထား၏။ ကိုရဲရင့္မွာ တိုက္ပုံႏွင့္ပုဆိုးဝတ္ထားၿပီး ေဒၚေတးမာလာႏွင့္အတူ ထိုင္ေနသည္။ ရပ္မိရပ္ဖလူႀကီးမ်ားလည္း ရွိေနၾကၿပီး ေမေမတို႔က ေကာ္ဖီျဖင့္ ဧည္ခံထားေလသည္။
"ျပင္ဆင္ၿပီးမွထြက္လာပါဆို ဒီေကာင္မေလးကေတာ့''
“ရပါတယ္၊ လာေလ၊ ထိုင္ပါ''
ေမေမက အားနာေနၿပီး ေဒၚေတးမာလာက လာထိုင္ရန္ ေခၚေနသျဖင့္ ေမေမ့ေဘးတြင္ ရို႔ရို႔ေလး သြားထိုင္လိုက္သည္။
"ကြၽန္မတို႔အခ်င္းခ်င္းသိေနၾကေတာ့ အထူးတလည္ မိတ္ဆက္ဖို႔ မလိုပါဘူးေလ၊ အရင္က ကိစၥေတြကို ဂ႐ုမထားဘဲ ကြၽန္မသမီးေလးကို အခုလိုလာေတာင္းရမ္းေတာ့ တကယ္ဝမ္းသာမိတယ္''
“ကြၽန္မသားေလးက လူေ႐ြးေတာ္ပါတယ္၊ မျမင့္မာခ်ိဳသမီးက ဗိုင္းေကာင္းေက်ာက္ဖိ
ရိုးရိုးေအးေအးေလးဆိုေတာ့ ဘယ္သားရွင္က ေခြၽးမ မေတာ္ခ်င္ဘဲေနမလဲ၊ တစ္ခုေတာ့ ရွိတာေပါ့ရွင္၊ သြင္ရိပ္ခ်ိဳက သဘာဝဆန့္က်င္ေနတဲ့ ေယာက္်ားလ်ာေကာင္မေလးတစ္ေယာက္နဲ႕ အရင္က ပတ္သက္ခဲ့ဖူးတယ္ဆိုတဲ့သတင္းမ်ိဳးေတာ့ ၾကားမိတယ္၊ ဒါေပမဲ့ ကြၽန္မကေတာ့ မိန္းမခ်င္းေတြမို႔ စိတ္ထဲေတာ့ မထားပါဘူး၊ သားေလးနဲ႕ လက္ထပ္ၿပီးရင္သာ သားေလးအေပၚမွာ ဇနီးဝတၱရားမပ်က္ကြက္ဘဲ သစၥာရွိေပးနိုင္ဖို႔ လိုပါတယ္၊ ကြၽန္မက သဘာဝဆန့္က်င္တာမ်ိဳး လက္မခံနိုင္ဘူး၊ ကြၽန္မသမီးက ဒါမ်ိဳးလုပ္ရင္လဲ ကန့္ကြက္မွာမို႔ မျမင့္မာခ်ိဳလဲ သတိထားေပါ့ရွင္”
“အို! ေပါက္ေပါက္ရွာရွာ ကြၽန္မလဲ သဘာဝဆန့္က်င္တာမ်ိဳး လက္မခံနိုင္ပါဘူးေလ”
ေဒၚေတးမာလာက သြင္ရိပ္ကို ပညာသားပါပါေစာ္ကားလာသျဖင့္ သြင္ရိပ္ေခါင္းငုံ႕လိုက္သည္။ ဤအတိုင္းဆိုလွ်င္ ေဒၚေတးမာလာက မမမႉးႏွင့္သြင္ရိပ္ကိုလည္း သေဘာတူေပးမည္မဟုတ္။ သြင္ရိပ္ ကိုရဲရင့္ကို လွမ္းၾကည့္လိုက္သည္။ ဤလူက အလြန္မ်က္ႏွာေျပာင္လြန္း၏။ လက္မခံပါဟု အျပတ္ျငင္းထားလ်က္ လူႀကီးမ်ားကို ရေအာင္ နားေဖာက္ၿပီး လာေတာင္းရမ္းသည္။
“ဒါကေတာ့ ကြၽန္ေတာ္တို႔ဘက္က ေတာင္းရမ္းေငြပါဗ်၊ လိုေသးရင္ ထပ္တင္ေတာင္းမွာပါ”
ေမေမက ေငြထုပ္အိတ္ကို ဖြင့္ၾကည့္၍ ဝမ္းသာေန၏။ သြင္ရိပ္ကေတာ့ ၾကည့္ပင္မၾကည့္ခ်င္ပါ။
“လက္ခံရမွာေပါ့ရွင္၊ ဒီလိုဥစၥာေပါ႐ုပ္ေခ်ာ လူေတာ္လူေကာင္းေလးကို ျငင္းစရာဘာရွိလဲ”
“ေမေမ’’
ေမေမက သြင္ရိပ္သေဘာထားမေမးဘဲ လက္ခံတယ္ခ်ည္းဇြတ္လုပ္ေနသျဖင့္ သြင္ရိပ္အံ့ဩရသည္။ ေမေမက သြင္ရိပ္ကို လုံးဝမျငင္းရန္ မ်က္ႏွာရိပ္ျပေနသျဖင့္ ငိုခ်င္လာသည္။
"ဒါဆို ရက္ေကာင္းရက္ျမတ္ေ႐ြးၿပီး မဂၤလာပြဲကို ျမန္နိုင္သမွ်အျမန္ဆုံးစီစဥ္ၾကတာေပါ့''
သြင္ရိပ္ ဘာမွကို ေျပာဆိုခ်င္စိတ္မရွိသလို ဘာမွလည္း လုပ္ခ်င္စိတ္မရွိ။ အသည္းကြဲေန၍ ေခ်ာင္ကပ္ငိုခ်င္ေနမိတာပဲသိေတာ့သည္။ ဆက္ထိုင္ေနခ်င္စိတ္မရွိသျဖင့္ သြင္ရိပ္ထထြက္လာသည္။ ေမေမက ဧည့္သည္မ်ားကို ဆက္ဧည့္ခံေနရာမွ သြင္ရိပ္ေနာက္လိုက္ၿပီး ခပ္တိုးတိုးသတိေပးလာသည္။
“သြင္ရိပ္ ညည္းဘာအခ်ိဳးခ်ိဳးတာလဲ”
ေမေမက သြင္ရိပ္ကို ဟိုအရင္ကအတိုင္း ၾကမ္းတမ္းစြာ ေျပာဆိုလာသျဖင့္ အံ့ဩသြားရသည္။
"ျငင္းလို႔မရဘူးသြင္ရိပ္၊ သူတို႔က ေမေမ့အေႂကြးေတြလည္းဆပ္ေပးၿပီး ကိုမ်ိဳးနိုင္ကိုလည္း ေထာင္က အျမန္ဆုံးလြတ္ေအာင္ ကူညီေပးမယ္တဲ့၊ တင္ေတာင္းေငြကလဲ မ်ားတယ္၊ အခြင့္အေရးရတုန္း သမီးအသုံးခ်ရမယ္၊ ေမေမ့စကားနားေထာင္ မဟုတ္ရင္ သမီးအျဖစ္ အသိအမွတ္မျပဳေတာ့ဘူး”
ေမေမက ပိုက္ဆံေၾကာင့္ သြင္ရိပ္အေပၚ ရစ္သီးေနသျဖင့္ ဝမ္းနည္းနာက်င္မိသည္။ သြင္ရိပ္ ဘာမွမေျပာေတာ့ဘဲ အခန္းထဲသို႔ မ်က္ရည္က်လ်က္ ေျပးဝင္လာခဲ့မိသည္။ ကုတင္ေပၚ၌ ေခါင္းအုံးမ်က္ႏွာအပ္လ်က္ ရွိုက္ႀကီးတငင္ငိုေႂကြးမိသည္။ သြင္ရိပ္ခံစားခ်က္ကို မည္သူမွ နားလည္နိုင္မည္မဟုတ္။ မည္သူတစ္ဦးမွ် သြင္ရိပ္ဘက္တြင္ မရပ္တည္ေပးၾကပါ။
~
အဝတ္အစားသစ္ဝယ္ရန္ Super Marketရွိ အဝတ္ဆိုင္၌ ေန႕သစ္အကၤ်ီေ႐ြးေနမိသည္။ တစ္ထည္ၿပီးတစ္ထည္ စိတ္တိုင္းက် ေသခ်ာေ႐ြးဝယ္၍ အဝတ္ဆိုင္ထဲမွ ထြက္လာကာ ကားပါကင္ဘက္၌ သြင္ရိပ္ကို ေတြ႕လိုက္သျဖင့္ လွမ္းႏႈတ္ဆက္လိုက္သည္။ သြင္ရိပ္က လွည့္ၾကည့္လာၿပီး မ်က္ႏွာပ်က္ေန၏။ အရပ္ျမင့္ျမင့္ေကာင္ေလးတစ္ဦးက ကားထဲမွ ထြက္လာၿပီး သြင္ရိပ္ေဘးတြင္ ရပ္လိုက္သျဖင့္ ေန႕သစ္မ်က္ေမွာင္ၾကဳတ္၍ အနားသို႔ သြားလိုက္သည္။
“သြင္ရိပ္ ဘယ္သူလဲ၊ အသိမိတ္ေဆြလား”
ေကာင္ေလးက ေန႕သစ္ကို စူးစမ္းစြာ ၾကည့္ရင္း သြင္ရိပ္ကို ေမးေန၏။ သြင္ရိပ္က မဆိုစေလာက္ေလး ေခါင္းညိတ္ကာ သက္ျပင္းခိုးခ်ေန၏။ မည္သို႔မွအဆင္မေျပေၾကာင္း မ်က္ႏွာ၌ ေပၚေနသည္။
“ဒါဆို တစ္ခါတည္း ဖိတ္စာေပးလိုက္တာေပါ့၊ ျဖစ္ေအာင္ လာခဲ့ေပးပါဗ်”
ေကာင္ေလးက အိတ္ထဲမွ ဖိတ္စာတစ္ေစာင္ယူထုတ္ၿပီး ေန႕သစ္ကို ေပးလာသည္။ ေန႕သစ္ဖတ္ၾကည့္လိုက္ေတာ့ သြငိရိပ္၏မဂၤလာဖိတ္စာျဖစ္ေန၍ ဟင္ခနဲ ျဖစ္သြားသည္။ ေသခ်ာဖတ္ၾကည့္လိုက္ေတာ့ ေကာင္ေလးမွာ မႉး၏ေမာင္ေလးျဖစ္ေနၿပီး ေမာင္ဆက္ပိုင္(ခ)ရဲရင့္ဟု အံ့ဖြယ္ေရးထား၏။ ဆုံးသြားသည့္ မႉး၏ေမာင္ေလးအျဖစ္ လူသိခံ မိတ္ဆက္ထားသည္။
“အဓိပၸါယ္မရွိတာ သြင္ရိပ္ မင္းဘာေတြလုပ္ေနတာလဲ”
‘”သြင္ရိပ္လဲ မသိေတာ့ဘူး၊ ဘာတစ္ခုမွ မေတြးတတ္ေတာ့ပါဘူး၊ မမ သြင္ရိပ္ကို ထားခဲ့တယ္”
သြင္ရိပ္က ကေလးလို အိခနဲ ငိုခ်လိဳက္ေတာ့ ေန႕သစ္ ရဲရင့္ကို ၾကည့္လိုက္သည္။ ရဲရင့္က ေဒါသထိန္းသလို အံႀကိတ္ထားၿပီး မေက်မနပ္ျဖစ္ေန၏။
“ဒီကုန္တိုက္ပိုင္ရွင္ကို မဂၤလာပြဲဖိတ္စာသြားဖိတ္ရဦးမို႔ ခြင့္ျပဳပါဦး၊ သြင္ရိပ္ သြားမယ္”
ရဲရင့္က သြင္ရိပ္လက္ကို ေဆာင့္ဆြဲကာ ေခၚသြားသျဖင့္ ေန႕သစ္ အံ့ဩစြာ ၾကည့္ရင္း က်န္ခဲ့သည္။ မႉး ဤအေၾကာင္းမ်ား သိလွ်င္ မည္သို႔ တုံ႕ျပန္မလဲဟုပင္ မခန့္မွန္းတတ္ပါ။ သြင္ရိပ္ကို ရဲရင့္ႏွင့္ လက္မထပ္ေစခ်င္သျဖင့္ ဤအေျခအေနကို တားရန္ မႉးကို ေျပာျပမွျဖစ္မည္ဟု ေတြး၍ ကားကို ၿမိဳ႕ျပင္ဘက္သို႔ အရွိန္ျပင္းစြာ ေမာင္းလာခဲ့သည္။ မႉးကို ပိတ္ထားေသာ အိမ္မည္းေရွ႕ေရာက္ေတာ့ ကားကို ခပ္လွမ္းလွမ္း၌ ထိုးရပ္ကာ အေျခအေနအကဲခတ္ၾကည့္လိုက္သည္။ အေစာင့္တစ္ဦးမွမရွိဘဲ တိတ္ဆိတ္ေနသည္။ ေန႕သစ္ ခဲလုံးေကာက္၍ အရိပ္အေျခၾကည့္ကာ အိမ္မည္းအနီးခ်ည္းကပ္သည္။ ေသာ့ခေလာက္ကို ခဲျဖင့္ ထုကာ ေသာ့အိမ္ဖ်က္လိုက္သည္။
"မႉး၊ မႉး အထဲမွာ ရွိေနလား”
"ရွိမွာေပါ့ညီေလး”
အသံမွာ ေနာက္မွ ထြက္လာသျဖင့္ ေန႕သစ္အလန့္တၾကားလွည့္ၾကည့္လိုက္သည္။ ေယာက္်ားသုံးဦးက ေန႕သစ္ကို ပိတ္ရပ္ထား၏။ ထိုလူတို႔မွာ လူမိုက္ပုံစံမ်ားႏွင့္ မတူသည့္အျပင္ ႐ုပ္သိပ္မၾကမ္းလွ။ မႉးတို႔ကုမၸဏီရွိ ဝန္ထမ္းမ်ားလားဟုပင္ အထင္မွတ္ရေအာင္ ငယ္႐ြယ္ၿပီး သပ္ရပ္လွပါသည္။ မႉးေဆး႐ုံတက္ရစဥ္က အခန္းေရွ႕၌ လာေစာင့္ေပးေသာ လူတစ္ဦးပါသျဖင့္ ေန႕သစ္မွတ္မိေနသည္။ ေန႕သစ္ ခဲလုံးပစ္ခ်၍ လက္သီးျဖင့္ ပစ္ထိုးလိုက္သည္။ ထိုလူက လွမ္းေရွာင္ၿပီး အျခားတစ္ေယာက္က ေန႕သစ္မ်က္ႏွာကို ခြပ္ခနဲ ပိတ္ထိုးလိုက္သည္။ ေန႕သစ္ ေနာက္လွန္သြား၏။ လူႏွစ္ဦးက ေန႕သစ္လက္ႏွစ္ဖက္ကို တစ္ဖက္ဆီမွ တုပ္ႏွောင္လိုက္သျဖင့္ ႐ုန္းရခက္သြားသည္။
"အျပင္မွာ ဘာေတြျဖစ္ေနၾကတာလဲ၊ ဘယ္သူလဲ”
မႉးက သစ္တံခါးကို တဘုန္းဘုန္းထုရိုက္ကာ ေမးလာသျဖင့္ ေန႕သစ္ တံခါးကို ေခါင္းမွီကာ ေအာ္ေျပာလိုက္သည္။ အျခားတစ္ဦးက တစ္ေနရာသို႔ ဖုန္းဆက္အေၾကာင္းၾကားေန၏။ ခဏၾကာေတာ့ အိမ္မည္းေရွ႕သို႔ ကားတစ္စီးေရာက္လာၿပီး ကားေပၚမွ ဦးေလးထြန္းဆင္းလာသည္။
"ဦးေလးထြန္း မႉးကို လြတ္ေပးပါဗ်ာ၊ ဘာလို႔ ပိတ္ထားၾကတာလဲ”
“မႉးအတြက္ပါ၊ ေမာင္ရင္ဝင္မပါခ်င္ပါနဲ႕၊ ဒါက မိဘနဲ႕သားသမီးၾကားက ျပႆနာမို႔ ဦးေလးေရာ ေမာင္ရင္ေရာ ဝင္ပါပိုင္ခြင့္မရွိဘူး၊ မႉးေလးက တစ္ေယာက္တည္းေနတာ ေနသားက်ေနပါၿပီ’’
‘’အဓိပၸါယ္မရွိတာဦးေလးထြန္းရာ မႉးကို အခုလိုလုပ္တာ မႉးေပ်ာ္ေနမယ္ထင္လား၊ စိတ္ဒဏ္ရာဗ်”
“သူ႕ကို မႉးနဲ႕အတူပိတ္ထားလိုက္ မႉးေလးအေဖာ္ရေအာင္လို႔ ဘာျပႆနာမွမတက္ေစနဲ႕”
ဦးေလးထြန္းက အိမ္တံခါးေသာ့ဖြင့္လိုက္ေတာ့ ေယာက္်ားႏွစ္ဦးက ေန႕သစ္ကို အိမ္မည္းထဲသို႔ တြန္းထည့္လိုက္သည္။ ေန႕သစ္ ၾကမ္းခင္းေပၚ လဲက်သြား၏။ မႉးက ေန႕သစ္ေဘးသို႔ စိုးရိမ္တႀကီးေရာက္လာသည္။
“ဦးေလးထြန္း ဘယ္လိုလုပ္လိုက္တာလဲ၊ မာမီခိုင္းတာနဲ႕ပဲ အမွားအမွန္မခြဲေတာ့ဘူးလား၊ မိဘက သားသမီးကို အိမ္ထဲ ပိတ္ေလွာင္ထားတာလည္း ရာဇဝတ္မႈျမႇောက္တာပဲ၊ မႉးအ႐ုပ္မဟုတ္ဘူး၊ သက္ရွိလူသားပါ ခံစားတတ္တယ္ မႉးကိစၥမွာ ေန႕သစ္ကိုပါ ဆြဲမထည့္နဲ႕ လြတ္ေပးလိုက္”
“ခဏပါပဲမႉးေလး၊ ခဏပဲ သည္းခံလိုက္ပါကြယ္၊ ၿပီးရင္ မႉးလြတ္လပ္ရမွာပါ”
ဦးေလးထြန္းက တံခါးျပန္ပိတ္ကာ ေသာ့ခတ္လိုက္သျဖင့္ ေန႕သစ္ ေငးေၾကာင္ေနမိသည္။ မႉးက ေန႕သစ္ကို ထူေပးကာ စားပြဲခုံဆီေခၚသြားၿပီး မ်က္ႏွာဒဏ္ရာေဆးထည့္ေပးလာသည္။ ေန႕သစ္ မႉးကို အားနာစြာ ေငးၾကည့္ေနမိသည္။
“ကိုယ္ မႉးကို မကူညီနိုင္ဘူး၊ ကိုယ္အသုံးမက်ဘဴးကြာ”
မႉးက ေန႕သစ္၏ကြဲေနေသာ ႏႈတ္ခမ္းကို ဂြမ္းစျဖင့္ အသာတို႔ေပးလာေတာ့ ေန႕သစ္ ဝမ္းနည္း၍ မ်က္ရည္ဝဲလာသည္။ ဤအေျခအေနေၾကာင့္ အရင္ခ်ိန္မ်ားကို သတိရမိသည္။
“နာလို႔လား’’
မႉးက ခပ္တည္တည္ေမးရင္း ညိုမည္းေနေသာ ပါးမွ ဒဏ္ရာကို ေဆးဆက္လိမ္းေပးေနသည္။
“သြင္ရိပ္တို႔မိသားစုအဆင္ေျပရဲ႕လား၊ သြင္ရိပ္ဘယ္လိုေနလဲ ေန႕သစ္သိလား၊ မာမီက ယုတ္မာလြန္းတဲ့သူေတာ့မဟုတ္ေပမဲ့ မႉးေၾကာင့္ သြင္ရိပ္ကို ဒုကၡေပးမွာ စိတ္ပူမိတယ္”
သြင္ရိပ္က ရဲရင့္ႏွင့္ လက္ထပ္ေတာ့မည္ဟု သိလွ်င္ မႉးနာက်င္ရမလား၊ မႉး မည္သို႔တုံ႕ျပန္မလဲ ေန႕သစ္ မခန႔္မွန္းတတ္ခဲ့။ ေနရင္းထိုင္ရင္း မႉးကို စိတ္ေသာကလည္း မေရာက္ေစခ်င္ပါ။
“ကိုယ္မသိဘူး၊ ကိုယ္ သြင္ရိပ္နဲ႕ မဆုံတာၾကာၿပီ”
မႉးက သက္ျပင္းသဲ့သဲ့ခ်၍ သံျပတင္းေပါက္ဆီသို႔ ထထြက္သြားကာ အျပင္သို႔ ေငးၾကည့္ေနသည္။
“ထြက္ေပါက္မရွိတဲ့ ဒီအိမ္ထဲမွာ ေန႕သစ္ေနတတ္ပါ့မလား၊ မႉးကေတာ့ ငယ္ငယ္ေလးထဲက ေလွာင္ခ်ိဳင့္ထဲမွာ ေနခဲ့ရေတာ့ အက်င့္ျဖစ္ေနၿပီ၊ ထူးၿပီး မေၾကာက္တတ္ေတာ့ဘူး’’
ခပ္မဲ့မဲ့ေလးၿပဳံးေနသည့္ မႉးကို ၾကည့္ရင္း ေန႕သစ္ စိတ္မေကာင္းျဖစ္ေနမိသည္။ ဤစကားမ်ား၌ မ်က္ရည္ဘယ္ႏွစ္စက္မ်ား က်သြားၿပီလဲ ေန႕သစ္မျမင္ရေပမဲ့ ခံစားမိေနသည္။
~
အေစာင့္မ်ား လာပို႔ထားသည့္ ေန႕လယ္စာထမင္းဘူးကို မႉးဖြင့္ၾကည့္လိုက္သည္။ စားဖြယ္မ်ားမွာ စုံလင္ေနၿပီး အခ်ိဳတည္းစရာ မုန့္ႏွင့္သီးႏွံမ်ားပင္ ပါေသး၏။ ႀကီးႀကီးျမလက္ရာဟု အျမင္ႏွင့္တင္ ခံစားမိသျဖင့္ မႉးမွာ အပိတ္ခံထားရေသာ္လည္း အစားအေသာက္မပ်က္ခဲ့ေပ။ ေအာ္ဟစ္အကူအညီေတာင္းလည္း သနားကာ တံခါးဖြင့္ေပးမည့္သူမရွိဟု သိေနသျဖင့္ မႉး ငယ္စဥ္ကလို အားကုန္မခံေတာ့ပါ။ တံခါးပြင့္လာမည့္ေန႕ကို တိတ္ဆိတ္စြာ ေစာင့္ေနလိုက္သည္။ မႉးကို မည္မွ်ၾကာၾကာ မာမီပိတ္ထားမလဲ မာမီဘာမ်ားလုပ္နိုင္မလဲ မႉးသိခ်င္သည္။ မႉး မာမီ့ကို လုံးဝမေၾကာက္ပါ။
ေန႕သစ္က ထမင္းစားခ်င္စိတ္ေပ်ာက္ေနသလို ငုတ္တုတ္ထိုင္ေနသည္။ မႉး ေရခဲေသတၱာ၌ ကပ္ထားေသာ ေရးမွတ္ထားသည့္ စာ႐ြက္ပိုင္းမ်ားကို ၾကည့္၍ ရက္၊လမ်ားကို ေရတြက္ေနမိသည္။ ထိုစဥ္ တံခါးမႀကီးမွာ ကြၽီခနဲ ပြင့္လာ၏။ အလင္းေရာင္မ်ား အခန္းထဲ ဝင္လာၿပီး ဦးေလးထြန္းက တံခါးဝတြင္ ရပ္ေနသည္။
"အိမ္ျပန္ၾကမယ္မႉးေလး၊ အခုလြတ္လပ္ၿပီ”
ေန႕သစ္ႏွင့္မႉး အၾကည့္ခ်င္းဆုံသြားသည္။ မႉး ခနဲ႕ၿပဳံး၍ ဦးေလးထြန္းေရွ႕ သြားရပ္ကာ လက္ပိုက္လိုက္သည္။
"သြင္ရိပ္ဘာျဖစ္သြားၿပီလဲ၊ အဲဒီကေလးကို ဘာလုပ္လိုက္ၾကၿပီလဲ”
ဦးေလးထြန္းက မႉးကို ဂ႐ုဏာသက္သလို ၾကည့္၍ သက္ျပင္းရွိုက္လိုက္သျဖင့္ မႉး မ်က္ခုံးတြန့္ခ်ိဳးလိုက္သည္။
"ေနာက္မွေတြ႕ရေအာင္ေန႕သစ္၊ မႉးသြားေတာ့မယ္”
မႉး ေန႕သစ္ကို ႏႈတ္ဆက္၍ ဦးေလးထြန္းႏွင့္အတူ ကားျဖင့္ အိမ္ျပန္လိုက္လာခဲ့သည္။ မႉးစိတ္မ်ား ေလးလံေန၏။ ဘယ္လို supriseမ်ိဳးမွ မႉးအတြက္ သတင္းေကာင္းမဟုတ္နိုင္ဟု ႀကိဳသိေနသည္။ သီရိၿမဳံစံအိမ္၏ ဆင္ဝင္ေအာက္၌ ကားတစ္စီးမွာ အလွဆင္ထား၏။ မဂၤလာကားဆိုလွ်င္ မည္သူလဲဟု မႉးမစဥ္းစားတတ္ေပ။ တုတ္ေကာက္မပါေတာ့ အနည္းငယ္ထိန္းေလွ်ာက္ကာ မႉး အိမ္ထဲသို႔ ဝင္လာသည္။
မႉး ဧည့္ခန္းတံခါးကို ဆြဲဖြင့္လိုက္သည္။ မဂၤလာစုံတြဲတစ္တြဲမွာ ဒက္ဒီႏွင့္မာမီကို ထိုင္ကန္ေတာ့ေနၿပီး ၿပိဳင္တူလွည့္ၾကည့္လာ၏။ သတို႔သားက ရဲရင့္ျဖစ္ၿပီး သတို႔သမီးကို အၾကည့္ေရာက္မိေတာ့ အလြန္အံ့ဩကာ ဘာႀကီးလဲ၊ ဘာပါလိမ့္ဟု တဒဂၤ ေဝခြဲရခက္ေနခဲ့သည္။ မာမီက ခန့္မွန္းရခက္စြာ ၿပဳံးေန၏။ ေလျဖန္းေနေသာ ဒက္ဒီကလည္း ထိုင္နိုင္ေနခဲ့ၿပီ။
“ဒီလင္ဒီမယား အိုေအာင္မင္းေအာင္ ေပါင္းရပါေစကြယ္”
မာမီ၏ ဆုေပးသံေၾကာင့္ မႉး ငယ္ထိပ္တည့္တည့္သို႔ မိုးႀကိဳးပစ္ခံလိုက္ရသလို ေခါင္းထဲ မိုက္ခနဲ ရင္ထဲ ဒိန္းခနဲ ျဖစ္သြားသည္။ သြင္ရိပ္က မႉးကို အငိုမ်က္လုံးျဖင့္ ျပဴးၾကည့္ေန၏။ မႉး အံႀကိတ္ပစ္လိုက္သည္။
"မမကေတာ့ ဘယ္ေတြ သြားေနတာလဲဗ်ာ၊ ကြၽန္ေတာ့္မဂၤလာပြဲေတာင္ မတက္ဘူး၊ ဒီေန႕ပဲ မမအတြက္ မိသားစုဝင္အသစ္ေလး ကြၽန္ေတာ္ေခၚလာခဲ့တယ္၊ မမ လက္ဖြဲ႕ေပးရမွာေနာ္’’
မႉး လဲက်မလို ယိုင္သြားေတာ့ ႀကီးႀကီးျမက မႉးဆီ အေျပးလာၿပီး ေ႐ႊေရာင္တုတ္ေကာက္ေလးေပးသည္။ ႀကီးႀကီးျမက မႉးေလးစိတ္ေလွ်ာ့ဟု တိုးတိတ္စြာ ေဖ်ာင္းဖ်ေနသျဖင့္ ေပါက္ကြဲလုဆဲဆဲ ေဒါသမီးေတာင္ႀကီးမွာ အတြင္း၌ အုံဖြဲ႕ေလွာင္ၿမိဳက္ေန၏။ မ်က္ရည္မက်မိေအာင္ အစြမ္းကုန္ ထိန္းခ်ဳပ္ရင္း တုတ္ေကာက္ကို အသံျမည္ေအာင္ တေဒါက္ေဒါက္ေထာက္ကာ အေပၚဆုံးထပ္သို႔ တက္လာခဲ့သည္။ အေပၚဆုံးထပ္ေရာက္ေတာ့ ေဟာခန္းဘက္ ထြက္လာၿပီး မွန္နံရံကို တုတ္ေကာက္ျဖင့္ အားကုန္ လႊဲရိုက္ပစ္လိုက္သည္။ မွန္အထူႀကီးမွာ အစိပ္စိပ္အႁမႊာႁမြာ ကြဲေၾကသြားၿပီး မႉးပါးျပင္သို႔ မ်က္ရည္တို႔ အထိန္းအကြပ္မဲ့စြာ က်ဆင္းလာသည္။ မာမီက မႉးေနာက္မွ လိုက္လာၿပီး ပခုံးတြင္ လက္လာတင္သျဖင့္ မႉး ႐ုန္းဖယ္ကာ လွည့္ၾကည့္လိုက္သည္။ ႀကီးႀကီးျမကလည္း မႉးကို စိတ္မခ်စြာ ခပ္လွမ္းလွမ္း၌ ရပ္ေန၏။
“မွန္နံရံအသစ္ျပန္လဲဖို႔ ကိုထြန္းေဝကို ေျပာလိုက္ပါဦးမျမ”
ႀကီးႀကီးျမက မႉးကို စိတ္မခ်စြာ ၾကည့္ရင္း ေအာက္ထပ္သို႔ ျပန္ဆင္းသြားသည္။
"မာမီ ဘယ္လိုမ်ား လုပ္ရက္ရတာလဲ”
“အို! မာမီဘာလုပ္မိလို႔လဲမႉးရဲ႕”
‘’မာမီ့စနစ္ဆိုတာ မႉးေကာင္းေကာင္းသိတယ္၊ မာမီကေလ မႉးတို႔ေမာင္ႏွမအေပၚမွာ စာနာစိတ္ကင္းမဲ့လြန္းတယ္၊ မႉး မာမီ့ကို အရမ္းမုန္းတယ္သိလား”
“မႉးရယ္ မာမီက မႉးဘဝနစ္မႊန္းမွာစိုးလို႔ အဲဒီအမ်ိဳးယုတ္မိသားစုလက္ထဲ မာမီ့သမီးေလးကို မထည့္ေပးနိုင္ပါဘူး၊ မႉးက မာမီခ်စ္ရတဲ့ အဖိုးတန္သမီးေလးမို႔ မာမီအတၱႀကီးရမွာပဲ”
“မႉးဘာမွမၾကားခ်င္ဘူး”
မႉး ေပါက္ကြဲေအာ္ဟစ္လိုက္ရင္း ေရွာ့ျဖစ္ကာ ေကာ္ေဇာခင္းေပၚသို႔ လဲက်ၿပီး သတိလစ္သြားသည္။
~
လွ်ပ္စစ္မီးေရာင္မွာ မႉးအခန္းအႏွံ႕ လင္းထိန္ေန၏။ မႉးက ကုတင္ေပၚ၌ လဲေလ်ာင္းေနၿပီး လက္တြင္ dripခ်ိတ္ထားရသည္။ ႀကီးႀကီးျမက ခုံတြင္ မွီထိုင္ရင္း မႉးကို ေစာင့္အိပ္ေန၏။ မႉး အားယူ ထထိုင္၍ လက္မွ အပ္ကို ဆြဲျဖဳတ္လိုက္ေတာ့ ႀကီးႀကီးျမက လန့္နိုးသြားသည္။
“အို! မႉးေလး မျဖဳတ္နဲ႕ေလကြယ္၊ စိတ္ႀကီးလြန္းလိုက္တာ”
ႀကီးႀကီးျမက မႉးကို တားမမီေတာ့သျဖင့္ ရင္ဘတ္ကို ဖိကာ ေရ႐ြတ္ေနသည္။
“မႉးေလး ဘာစားမလဲ၊ ထမင္းစားမလား၊ မႉးေလးႀကိဳက္တဲ့ဟင္းေတြခ်ည္း ေ႐ြးခ်က္ထားတာကြယ့္”
“မႉး ဘာမွမစားခ်င္ဘူး၊ ပင္ပန္းေနလို႔ တစ္ေယာက္ထဲပဲ အနားယူခ်င္တယ္”
“အင္းပါကြယ္၊ ေခါင္းေတြဘာေတြ မူးရင္ ႀကိတ္မခံေနဘဲ ေျပာေနာ္မႉးေလး၊ ႀကီးျမရွိတယ္”
ႀကီးႀကီးျမက စိတ္မခ်စြာ ထြက္သြားေတာ့ မႉး သက္ျပင္းခ်မိသည္။ ပါးေပၚ၌ မ်က္ရည္ေႂကြဆင္းေနၿပီး ႏႈတ္ခမ္းမွာ မဲ့ၿပဳံးေနသည္။ ေတြးမိတိုင္း ေဒါသစိတ္ေလးတိုးထြက္လာေတာ့ တစ္ခုခုကို စိတ္ရွိလက္ရွိ ရိုက္ခြဲဖ်က္ဆီးပစ္ခ်င္လာသည္။ ခပ္ျပင္းျပင္း ေတာက္ေခါက္ပစ္လိုက္ၿပီး ကုတင္ေပၚမွ ထကာ ျပတင္းအနီး၌ သြားရပ္၍ အျပင္သို႔ ၾကည့္လိုက္သည္။ ၿခံထဲ၌ မီးမ်ား လင္းေနၿပီး ၿခံေစာင့္မွာ သြားလာေနသည္။ လေရာင္အလင္းမွာ လွ်ပ္စစ္မီးကို မထိုးေဖာက္နိုင္သျဖင့္ ကြယ္ေပ်ာက္ေနသည္။
====
ဆက္ရန္။
#ေႂကြ


ရင်ထဲက မှူး/ရင္ထဲက မႉးWhere stories live. Discover now