part (27) Uniocde 💚💚

169 15 8
                                        

🥀🦁🐰အတိတ်ကောက်ကြောင်း🥀🐰🦁

အပိုင်း (၂၇)

အလုံပိတ်ထားသည့် သံလှောင်ခန်းထဲတွင် ဆူးခတ် သတိမေ့နေသည်။ ဝမ်ရိပေါ်ကိုလည်း သီးသန့် အခန်းထဲတွင် ပိတ်လှောင်ထား၏ ။

အချိန်က ညနေစောင်းလာသည့်တိုင် ပြန်
မရောက်သေးသည့် သူငယ်ချင်းနှင့် ညီမကို စောင့်နေသော ရှောင်ကျန့်တစ်ယောက် စိတ်မချဖြစ်လာသည်။ ဖုန်းခေါ်တော့လည်း စက်ပိတ်ထားသည်ဟု ဖြေနေသည့် အနေအထားက စိုးရိမ်စိတ်ကို မြင့်တက်လာစေသည်။ ညစာစားဖို့ ပြင်ဆင်နေကြသည့် ရှောင်ကျန့်
၏ မိဘနှစ်ပါးလည်း အခြေအနေကို နားစွင့်နေကြ၏ ။

"သူတို့ တစ်ခုခုဖြစ်နေပြီထင်တယ် ကျွန်တော် စခန်းကို ပြန်လိုက်ဦးမယ်"

"အခြေအနေထူးရင် ဖုန်းဆက်ဦးနော်သား"

"ဟုတ်ကဲ့ သူတို့ပြန်လာရင်လည်း ဖုန်းဆက်ပေးဦးနော် အမေ တံခါးပိတ်ထားကြပါ"

ရှောင်ကျန့်တစ်ယောက် မိခင်အား နှုတ်ဆက် ၍ စခန်းကို သွားဖို့ အိမ်ပြင်ပြေးထွက်လာခဲ့သည်။

ရဲစခန်းကို ရောက်သည်နှင့် ရှောင်ကျန့် စခန်းမှူး၏ အခန်းသို့ အမြန်ဝင်သွားခဲ့သည်။ ထိတ်ထိတ်ပျာပျာ ဖြစ်လာသည့် ရှောင်ကျန့်ကို ကြည့်ရင်း စခန်းမှု ထိုင်ရာမှ ထရပ်လိုက်သည်။

"တစ်ခုခုဖြစ်ခဲ့လို့လား အားကျန့်"

ဖခင်နှင့် စီနီယာ ဂျူနီယာတော်စပ်သူမို့ ရင်းနှီးကျွမ်းဝင်မှု အပြည့်ရှိသည့် စခန်းမှူးက အများမမြင်ကွယ်ရာတွင်တော့ အားကျန့်ဟု ခေါ်တတ်သည်။

"ကျွန်တော့်လူတွေ တစ်ခုခုဖြစ်နေပြီထင်တယ် စခန်းမှူး ညနေကတည်းက ‌တစ်ယောက်မှ ဆက်သွယ်မရတော့ဘူး"

"အမှုစစ် ဝမ်ကျိုးချန်ရောလား"

"ဟုတ်ကဲ့"

"ကျင်းကွမ်းယောင်ကို ဖမ်းထားတာနဲ့များ ပတ်သတ်နေမလား"

"ဟုတ်ကဲ့ အရမ်းထူးဆန်းနေပါတယ် သူတို့ကို လိုက်ရှာဖို့ လူအင်အားထုတ်ပေးပါ စခန်းမှူး"

🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰Where stories live. Discover now