part (16) Uniocde 💚💚

123 17 4
                                        

🥀🦁🐰အတိတ်ကောက်ကြောင်း🥀🐰🦁

အပိုင်း(၁၆)

ထမင်းစားသောက်ပြီးသည်နှင့် ရှောင်ကျန့်တို့ မောင်နှမနှစ်ယောက် ဝမ်ရိပေါ်၏ အဝတ်အစားများကို ကူသယ်ပေးနေရ၏ ။

              "ဟိုဘက်အိမ်က ပစ္စည်းတွေများ အကုန်ယူလာတာလားကွာ"

အထုတ်အပိုး  အိတ်ကို ယူလာပြီး နေရာတွင် ချထားလိုက်ရင်း ညည်းတွားလိုက်သည့်  ရှောင်ကျန့်အား ဝမ်ရိပေါ်က ရေဘူးလှမ်းပေးလိုက်၏ ။

              "လိုအပ်တာလောက်ပါပဲ"

ထိုစကားကြောင့် ပင်ပန်းလာ၍ ခြေပစ်
လက်ပစ် ထိုင်နေရှာသည့် ဆူးခတ်က တံတွေးမြိုချလိုက်မိ၏ ။

*လိုအပ်တာမို့ပဲပေါ့....ခြေချစရာကို မရှိတော့ဘူး*

စိတ်ထဲက ကြိတ်‌တွေးလိုက်ပြီး ထိုင်ရာမှ ထလိုက်သည့် ဆူးခတ်အား ရှောင်ကျန့်က လှမ်းတားလိုက်သည်။

               "ဘယ်သွားမလို့လဲ"

               "မနက် ခရီးသွားရဦးမှာ အိပ်တော့မယ်"

               "ကျန်တာတွေ ဘယ်သူသယ်မှာလည်း"

                "ကျန်သေးတာလား....တစ်အိမ်လုံးရွှေ့လာတာလား ရိပေါ်ကောက"

                 "မအိပ်နဲ့ နောက်ဆုံးကျန်တဲ့ အထုတ်ကူသယ်ပေး.....အစ်ကိုက စေတနာနဲ့ပြောတာ ....ဒါက လက်လေ့ကျင့်ခန်း အတွက်  ထိရောက်တယ် ဟဲဟဲ"

                 "ဟင့်အင်း မလေ့ကျင့်ဘူး....သက်သာနေပြီ အစ်ကိုတို့ နှစ်ယောက်ပဲ ဗလတောင့်လာအောင် သွားသယ်လိုက်ပါ ဖိုက်တင်း"

               "ကောင်းပြီလေ အိပ်တော့...."

အပြန်အလှန် စကားပြောနေရာမှ အလျှော့ ပေးပြီး ပြန်ခိုင်းလိုက်သည့် ရှောင်ကျန့်အနား ဝမ်ရိပေါ် အမြန်ကပ်လာပြီး လေသံဖြင့် စကားဆိုလိုက်သည်။

               "အဲ့အထုတ်က သုံးယောက်သယ်မှ ဖြစ်မှာ အလေးကြီးပဲ"

ရှောင်ကျန့်က ဝမ်ရိအော်အား ခေါင်းခါပြလိုက်၏ ။ ဆူးခတ်ကလည်း အခန်းအပြင်ဘက် ထွက်လာခဲ့၏ ။

🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰Where stories live. Discover now