part (10) Uniocde 💚💚

190 18 4
                                        

🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰

အပိုင်း(၁၀)

ဧည့်ခန်း ဆိုဖာပေါ်တွင် ဖြစ်သလို အိပ်ပျော်နေမိသော ဝမ်ရိပေါ်တစ်ယောက် မနားတမ်း တီးနေသည့် ဘဲလ်တီးသံကြောင့် နိုးလာ၏ ။

             "မနက်အစောကြီး ဘယ်သူလဲ....
အင်း....အား...မူးလိုက်တာ ညကသောက်တာများသွားတယ်"

ဘီယာဗူးခွံများကြား အင်္ကျီဗလာမဲ့ အိပ်‌နေရာမှ   သန်းဝေရင်း ထလာသော ဝမ်ရိပေါ်တစ်ယောက် မည်သူမည်ဝါ မမေးတော့ပဲ တံခါးကိုသာ ဖွင့်ပေးလိုက်မိသည်။ ထိုအချိန် ဘဲလ်တီးသံကြောင့်  ရှောင်ကျန့်ကလည်း ခန္ဓာကိုယ် အောက်ပိုင်းအား တဘက်ပတ်၍ ‌ရေချိုးခန်းထဲမှ ထွက်လာသည်။

တံခါးဖွင့်လိုက်သည်နှင့် ဧည့်ခန်းဆိုဖာနားတွင် ပွစာကျဲနေသည့် ဘီယာဗူးခွံများနှင့် အစားအသောက်အချို့ရယ် ၊ အဝတ်အပေါ်ပိုင်း ဗလာမဲ့နေတဲ့ ကောင်လေးနှစ်ယောက်ကို မြင်တော့  ဆူးခတ်၏  မျက်လုံးများ ပြူးကျယ်သွားသည်။

               "မင်းက ဘာလိုလုပ်ပြီး ဒီအိမ်ကို သိတာလည်း"

ဝမ်ရိပေါ်၏ မေးခွန်းကို မဖြေပဲ ချက်ချင်းတံခါးပေါက်ပိတ်သွားသည့် ဆူးခတ်က အခန်းရှေ့တွင် ရပ်စောင့်နေလိုက်သည်။ ယောကျာ်းလေးနှစ်ယောက် အဝတ်ဗလာနဲ့ဆိုတော့ အတော်လေးလည်း ရင်ထိတ်သွားပုံပင်။

               "ဘာလို့ ရေချိုးနေရင်း ထွက်လာတာလဲ"

                "မင်းမနိုးသေးဘူးထင်လို့ တံခါးလာဖွင့်တာလေ"

မိမိအား ပြန်ဖြေရှင်းလိုက်သည့်ရှောင်ကျန့် စကားကြောင့် ဝမ်ရိပေါ်က ပခုံးတွန့်ပြလိုက်၏ ။

               "သူက အထင်လွဲသွားလောက်လား....နှစ်ယောက်လုံး အဝတ်ဗလာနဲ့ဆိုတော့"

               "ဘာတွေတွေးနေတာလဲ ပေါ်တိ...
ယောကျာ်းလေးနှစ်ယောက်ကို အထင်လွဲဖို့ဆိုတာက အဲ့လောက်မလွယ်ကူဘူး....လိင်တူချစ်သူဆိုတာ လူတိုင်းက လက်ခံတဲ့ အရာမျိုးမဟုတ်ဘူး"

*ငါအခု ဘာတွေပြောလိုက်တာလဲ*

ပြောပြီးမှ အတွေးထဲ မိမိဘာသာ ရှက်ပြီး နောင်တရနေသည့် ရှောင်ကျန့်စကားကို ခေါင်းတညိတ်ညိတ်နားထောင်ရင်း ဝမ်ရိပေါ်တစ်ယောက်  သိလိုသည့် ‌အရာတစ်ခုကို မရဲတရဲ မေးခွန်းထုတ်လိုက်၏ ။

🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰Место, где живут истории. Откройте их для себя