part (12) Uniocde 💚💚

130 17 3
                                        

🥀🦁🐰အတိတ်ကောက်ကြောင်း🥀🐰🦁

အပိုင်း (၁၂)

မြစ်ကမ်းဘေးရှိ အရိပ်ရစိုက်ပျိုးထားသည့် သစ်ပင်များက လရိပ်ကို ကွယ်ထားကြသည့်မို့ သစ်ပင်အောက်တွင် လဲကျနေသော ဆူးခတ်ကို မည်သူမျှ မမြင်ရပေ။ ထို့အတူ လူသတ်သမားအား လက်အုပ် ချီပြီး တိုးလျိုးတောင်းပန်နေသော ချင်ချင်နှင့် ၎င်းကို ဓားဖြင့်ချိန်ရွယ်လိုက်သည့်  ဟွာသန်းရှုံတို့ နှစ်ယောက်ကိုလည်း အဝေးမှ လှမ်းကြည့်လျှင်ပင် မည်သူမျှ မမြင်နိုင်ပေ။

လူနာတင်ကားနှင့် ရှောင်ကျန့်တို့ကားအမြန်ရောက်လာသည်နှင့် ‌မှုခင်းဆရာဝန် စုန့်ကျိရန်က သေဆုံးနေသော ဖေးရန်အား သယ်ဆောင်နိုင်ရန် အတွက် ဘေးသို့ ထရပ်ပေးလိုက်သည်။

              "ဆူးခတ်ရော"

အနီးနားတွင် ဆူးခတ်အား မမြင်၍ မေးလိုက်သည့် ရှောင်ကျန့်အား မှုခင်းဆရာဝန် စုန့်ကျိရန်က ဆူးခတ် ထွက်သွားဘက်ကို လက်ညိုးထိုးညွှန်ပြ၍ ပြန်ဖြေလိုက်၏ ။

                "သေဆုံးသူနဲ့ အတူရှိနေတဲ့ တစ်ယောက်က ထွက်ပြေးလာရင်း ဖုန်းကျကျန်ခဲ့တယ်ဆိုလို့ ကူရှာပေးဖို့ လိုက်သွားတယ်"

မှုခင်းဆရာဝန် စုန့်ကျိရန်က အသစ်ပြောင်းလာခါစမို့  ချင်ချင် အားမသိ၍ နာမည် ထည့်မပြောနိုင်ပေ။

             "ဒီကောင်မလေးကတော့ အကြောက် အလန့်မရှိဘူး....နှစ်ယောက်ထဲရှိနေတုန်းသေနေတာ အသက်ရှင်နေတဲ့သူက တရားခံဖြစ်နေရင် ဘယ်လိုလုပ်မလဲ...လိုက်သွားစရာလား"

            "ငါတို့ လိုက်သွားရအောင်"

ရှောင်ကျန့်တစ်ယောက် ဝမ်ရိပေါ်၏ စကားကြားမှ ၎င်း၏ ညီမအတွက် ပိုမို စိတ်ပူသွားပြီး မှုခင်းဆရာဝန် စုန့်ကျိရန် လက်ညိးညွှန်ပြသည့်နေရာကို ပြေးထွက်လာခဲ့သည်။ ၎င်းနောက်မှ ဝမ်ရိပေါ် နှင့် မှုခင်းဆရာဝန် စုန့်ကျိရန်တို့ နှစ်ယောက်လဲ ပြေးလိုက်သွားခဲ့၏ ။

ထိုအချိန်တွင် သစ်ပင်အောက်၌လည်း ခါးလေးညွှတ်ခါ လက်အုပ်ချီ၍ တောင်းပန်နေသော ချင်ချင်၏ လည်ပင်းအား ချိန်ရွယ်၍ ဟွာသန့်ရှုံက လက်ထဲမှ ဓားကို လေထဲမှာ မြှောက်လိုက်သည်။

🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰Where stories live. Discover now