🥀🦁🐰အတိတ်ကောက်ကြောင်း🥀🐰🦁
အပိုင်း (၁၅)
ဆူးခတ် နှင့် ရှောင်ကျန့် အိမ်ရှေ့ရောက်ချိန်က ည (၁၂)နာရီ ထိုးနေလေပြီ။ မီးမှိတ်ထားသည့် အိမ်ဆိုင်လေးက တိတ်ဆိတ်နေ၏ ။
"အိမ်သော့ အပိုရှိလား"
ဆူးခတ်က ခေါင်းညိတ်ပြလိုက်ပြီး အိမ်တံခါးကို ဖြည်းဖြည်းလေးဖွင့်လိုက်သည်။ ရှောင်ကျန့်တို့ အိမ်ပေါက်ဖွင့်ဝင်လိုက်ပြီး အိမ်အောက်ထပ် ဆိုင်ခန်းလေးထဲ မီးဖွင့်၍ လူသတ်သမား၏ အိမ်တွင် တွေ့ခဲ့ရသည့် CCTVမှတ်တမ်းထဲမှ ရှုထောင့်ကို လိုက်ရှာလိုက်ကြသည်။
"အစ်ကို ဒီနေရာပဲ ဖြစ်လိမ့်မယ်"
"ဘေးဖယ် ရှာကြည့်လိုက်မယ်...."
ရှောင်ကျန့်၏ အရပ်နှင့်ပင် မမှီနိုင်သည့် နေရာတွင် တပ်ထားသော လျို့ဝှက် ကင်မရာအား ရှောင်ကျန့် ခုံပေါ်တက်၍ ဖြုတ်လိုက်သည်။ ထိုအချိန် အိမ်အောက်ထပ်သို့ မိခင်ဖြစ်သူ စန်းရန် ဆင်းလာ၏ ။
"သား...."
"ဒေါ်လေး....မအိပ်သေးဘူးလား"
"အမေ"
တရေးနိုးထလာသည့် မိခင်ဖြစ်သူ အနားရောက်လာတော့ ရှောင်ကျန့် ပြုံးပြလိုက်သည်။ မိသားစုလည်း စိုးရိမ်ရသည်ဟု သိလိုက်ချိန်တွင် ရှောင်ကျန့် နှလုံးသားလည်း နူးညံ့သွားခဲ့ပုံပင်။ မိခင်အပေါ်တွင် စိမ်းကားမှုများလည်း မရှိတော့ပေ။
"အသံကြားလို့ ဆင်းလာတာ ....
သား အခု အိမ်ပြန်လာတာလား......မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတာပဲ"
စိုးရိမ်တကြီးဖြင့် မိမိ မျက်နှာမှ ဒဏ်ရာတွေကို ထိတွေ့ကြည့်ပြီး မေးမြန်လိုက်သည့် မိခင်အား
ရှောင်ကျန့် စိုက်ကြည့်နေရင်း မျက်ရည်များကျလာ၏ ။
"တောင်းပန်ပါတယ်....ကျွန်တော် ထွက်သွားလိုက်ရင် ဖြစ်ပြီလို့ ထင်ခဲ့တာ တောင်းပန်ပါတယ်"
မေးခွန်းများကို မဖြေပဲ ဖက်ထားလိုက်ပြီး တောင်းပန်လိုက်သည်ကို စန်းရန် ပြန်မမေးတော့ပဲ ငိုနေသောသားဖြစ်သူ၏ ကျောပြင်ကိုသာ အသာအယာ ပုတ်ပေး၍ နှစ်သိမ့်ပေးလိုက်သည်။ ထိုအချိန် စကားပြောသံနှင့် ငိုသံကြောင့် အပေါ်ထပ်မှ ဦးဟိန်းဆက်လည်း အောက်ထပ်သို့ ဆင်းလာ
၏ ။ ရှောင်ကျန့်တို့ သားအမိ ပြေလည်မှု ရနေသည်ကို ကြည့်ပြီး ဦးဟိန်းဆက်နှင့် ဆူးခတ်လည်း ပြုံးမိကြ၏ ။ ရှောင်ကျန့်ကမိခင်အား ဖက်ထားသည်ကို ခွာလိုက်ပြီး မျက်ရည်များသုတ်လိုက်ရင်း
ဦးဟိန်းဆက်အား ဦးညွှတ် နှုတ်ဆက်လိုက်သည်။
YOU ARE READING
🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰
Actionမြန်မာ _ တရုတ် ပူးပေါင်း စစ်ဆင်ရေး ရဲစုံထောက် fic လေးပါရှင့်။ ရင်ခုန်စိတ်လှုပ်ရှားစရာလေးတွေနဲ့ ကြိုဆိုပါတယ်ရှင့်။
