part (20) Uniocde 💚💚

111 13 9
                                        

🥀🦁🐰အတိတ်ကောက်ကြောင်း🥀🐰🦁

အပိုင်း(၂၀)

အခင်းဖြစ်သည့် နေရာမှ ဆူးခတ်အား လူနာတင်ကားဖြင့်  ခေါ်ဆောင်သွားသည့်နောက်သို့ ရှောင်ကျန့် နှင့် ဝမ်ရိပေါ်လိုက်ပါသွားသည်။ အမှုစစ် ဝမ်ကျိုးချန်က အမှုအတွက် ဖြေရှင်းရန် ကျန်နေခဲ့သည်။ ရှောင်ကျန့်တို့ နှစ်ယောက် ခွဲစိပ်ခန်းရှေ့တွင် စိုးရိမ်စိတ်များဖြင့် ထိုင်စောင့်နေခဲ့ကြသည်။
ထိုအချိန် ရှောင်ကျန့်ထံ ဖုန်းဝင်လာ၍ လက်ခံစကားပြောရန် နေရာမှ ထထွက်သွားခဲ့သည်။
ဖုန်းပြောပြီး ပြန်လာသည့် ရှောင်ကျန့်၏ မျက်နှာမကောင်းပေ။

             "ဘာဖြစ်လို့လဲ"

              "ချန်ကောဆီက ဖုန်းလာတယ်"

              "အခြေအနေဘယ်လိုလဲ"

              "ငါတို့ တစ်ဖွဲ့လုံး စစ်ဆေးခံရလိမ့်မယ်....စခန်းကို သတင်းပို့ပြီး လာစုံစမ်းတာဆိုပေမဲ့ လူသတ်မှု ဖြစ်သွားလို့ ရုံးချုပ်က စစ်ဆေးခိုင်းတာတဲ့"

               "ဟူး ထင်တဲ့အတိုင်းပါပဲလား....ကျန်ကော ကျွန်တော်တို့....."

သက်ပြင်းချလိုက်ပြီး ဖြစ်သွားသည့် အဖြစ်အပျက်များအား ရင်ဖွင့်ဖို့ ပြင်လိုက်သည့် ဝမ်ရိပေါ်အား စကားဆက်မပြောဖို့ ရှောင်ကျန့်က သတိပေးလိုက်သည်။

                "သတိထား စကားပြော မမှားအောင် ခုကတည်းက သတိထားရမယ်"

               "အင်း"

               "တည်းခိုတဲ့နေရာမှာ မင်းနဲ့ငါ အမှုအတွက် တိုင်ပင်ရင်း စကားများပြီး မင်းဒေါသထွက်သွားလို့ အောက်ထပ်ကိုဆင်းသွားခဲ့တာ"

              "ဒါပေမဲ့"

              "မင်းသရဲကြောက်တတ်တာကအစ ပြောပြဖို့ မလိုဘူး ချန်ကောကိုလည်း ခုနက ပြောလိုက်ပြီးပြီ ဆူးခတ်က ငါတို့ဖြစ်တာမသိဘူး အဆင်ပြေတယ်"

              "ရုံးချုပ်က ဘယ်သူတွေ လာမှာလဲ"

              "ဘုကလန့် အမှုစစ်ပေါ့"

               "အမှုစစ် စူးရှဲ့လား"

               "အင်း"

🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰Dove le storie prendono vita. Scoprilo ora