part (17) Uniocde 💚💚

99 14 3
                                        

🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰

အပိုင်း (၁၇)

အမှုစစ် စူးရှဲ့ တစ်ယောက် ရုံးခန်းသို့ ပြန်ရောက်သည်နှင့် အခန်းတံခါးကို လုံအောင်ပိတ်လိုက်သည်။ ထို့နောက်  အားကစားရုံ သူဌေးဟွမ် အမည်ဖြင့် ဝယ်ထားသည့် ချန်လီ၏ အိမ်မှ ရလာသည့် ဓာတ်ပုံအား ဖုန်းဖြင့် ဓာတ်ပုံ ရိုက်ကူးထားလိုက်သည်။ ထို့နောက် ဖုန်းထဲမှ မန်မိုရီကတ်ကို ထုတ်၍ စားပွဲခုံ အံဇွဲထဲရှိ ဘူးလေးထဲတွင် ထည့်သိမ်းလိုက်၏ ။ အမှုစစ် စူးရှဲ့လည်း တစ်နေ့ မိမိအား ထိခိုက်စရာဖြစ်လာလျှင် အသုံးချဖို့အတွက် ကြိုတင်ပြင်ဆင်ထားပုံရ၏ ။

               "ချန်လီက သူ့ရဲ့ ကြေကွဲဖွယ် ဇာတ်လမ်းကို ဖွင့်ချဖို့ ကြိုးစားနေတာပဲ.....ဒီဓာတ်ပုံမပါလဲ ပင်လယ်ရွာကို သွားစုံစမ်းနေကြပြီ....ဥက္ကဌဝမ်က ဘာလို့ တားဆီးဖို့ မကြိုးစားသေးတာလဲ မသိသေးတာများလား"

အမှုစစ် စူးရှဲ့တစ်ယောက် မိမိအသက် ကာကွယ်ရေးအတွက် ပြင်ဆင်ပြီးမှ ချန်လီက
ထိုဓာတ်ပုံအား လွယ်ကူသည့်နေရာတွင် ဖွက်ထားရသည့် အကြောင်းအရင်းကို သုံးသပ်လိုက်၏ ။

               "ဥက္ကဌဝမ်က ကောင်းကင်ကြီးကို လက်နဲ့ကာဖို့ ကြိုးစားနေပြီး....ချန်လီက အဲ့ဒီ ကာထားတဲ့ လက်ကို ရိုက်ချဖို့ကြိုးစားနေတယ်.....ငါကတော့ အကျိုးရှိတဲ့ လမ်းကို ရွေးဖို့လိုတယ်"

အမှုစစ် စူးရှဲ့ တစ်ယောက် ဓာတ်ပုံကို စာအိတ်ထဲထည့်သိမ်းလိုက်သည်။

                "ချန်လီကို အားနာပေမဲ့ သူက လမ်းတစ်ခုတော့ မဟုတ်ဘူး.....မကြာခင် ပေါက်ကွဲတော့မဲ့ ဗုံးတစ်လုံးပဲ.....ငါ့အသက်တော့ အပါခံလို့ မဖြစ်ဘူး.....အခုချိန်လောက်ဆိုရင် ပင်လယ်ရွာမှာ ချန်လီ အပြင် ဥက္ကဌဝမ်ရဲ့ လက်ပါးစေတွေလဲ ရောက်နေမှာပဲ ချန်လီ နိုင်ဖို့မလွယ်ကူဘူး ဒီဓာတ်ပုံကို ဥက္ကဌဝမ်လက်ထဲ ထည့်ပေးရမယ်"

သက်ပြင်းတချချဖြင့် အခြေအနေကိုတစ်ကိုယ်တည်း သုံးသပ် နေသည့် အမှုစစ်
စူးရှဲ့လည်း ဝမ်အိမ်တော်၏ အတိတ်ကဖြစ်ရပ်များကို သိနေသလိုပင်။ သိနေ၍သာ ဥက္ကဌဝမ်က  ပိုက်ဆံဖြင့် သိမ်းသွင်းထားခြင်းဖြစ်မည်။  ထို့မျှသာမက အမှုစစ် စူးရှဲ့က ချန်လီနှင့်လည်း ရင်းနှီးပုံရ၏ ။

🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰Where stories live. Discover now