part (19) Uniocde 💚💚

108 15 11
                                        

🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰

အပိုင်း (၁၉)

လမ်းကြားလေးထဲမှ ရိပ်ခနဲ မြင်လိုက်ရသည့် အရိပ်ကြောင့် ဝမ်ရိပေါ် တစ်ယောက် အရဲစွန့်ပြီး သွားကြည့်လိုက်မိသည်။

"အား"

တစ်ချက်မျှသာအော်နိုင်ပြီး ပုံလျှက်သား လဲကျသွားသည့် ဝမ်ရိပေါ်အား အနက်ရောင် ဝတ်ရုံ ဖားဖားလျားလျား ဝတ်ထားသည့် လူနှစ်ယောက်မှ နောက်ဖေးလမ်းကြားထဲသို့ ခေါ်ဆောင်သွားခဲ့ကြသည်။ သရဲတွေတော့ မဖြစ်နိုင်တာ သေချာ၏ ။

####....####....####.....####....####....####

"ငြိမ်ငြိမ်မနေဘူးလား"

နှုတ်ခမ်းလေးကိုထိလိုက် သက်ပြင်းချလိုက်
ကွတ်ပျစ်ပေါ်တွင် ထိုင်လိုက် ထလိုက်ဖြင့် စိတ်မတည်မငြိမ်ဖြစ်နေသော ရှောင်ကျန့်အား အမှုစစ်ဝမ်ကျိုးချန်က မျက်စိနောက်လာ၍ အော်လိုက်ခြင်းဖြစ်သည်။

"ငါရင်ထဲ နေလို့မကောင်းလို့ပါ"

"ဘာလို့လဲ မင်းတို့ နမ်းမိသွားလို့လား"

"ဘယ်လို မေးလိုက်တာလဲ"

ရှက်စိတ်ဖြင့် ထအော်လိုက်သော ရှောင်ကျန့်ကြောင့် မမေးသင့်တာကိုမေးပြီး ရေခဲချောင်းစားနေသော ဝမ်ကျိုးချန်က အော်ခံလိုက်ရမှ လန့်သွား၍ မျက်လုံးလေး ပြူးကြောင်
ကြောင်ဖြစ်သွားသည်။

"တိုးတိုးအော်ပါ....ဖြစ်နိုင်တာပဲလေ
သူက ကြောက်လို့ ပေါင်ပေါ်ပြေးတက်လာတယ်.....မင်းကိုဖက်လိုက်တဲ့အချိန်မှာ မီးကလည်းပျက်နေတော့ မတော်တဆ ထိမိသွားနိုင်တာပဲလေ....ဒါနဲ့ ငါမေးချင်တာရှိတယ်"

"ဘာကိုလဲ"

"ပါးကိုလား နှုတ်ခမ်းလား"

"ပါးစပ်ပိတ်ထား"

ရှောင်ကျန့်တစ်ယောက် ဝမ်ကျိုးချန်အား
စားလက်စ ရေခဲထုတ်ဖြင့် ပစ်ပေါက်လိုက်သည်။

"ငါက အမှုစစ်နော် ရိုသေမှု
မရှိလိုက်တာ"

"ဪ မဟုတ်တာတွေ မေးတဲ့မင်းက အရမ်းလိမ်မာ ယဉ်ကျေးတာကိုး"

🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰Место, где живут истории. Откройте их для себя