part(3) Uniocde💚💚

230 30 4
                                        

🥀🦁🐰အတိတ်ကောက်ကြောင်း🥀🐰🦁

အပိုင်း(၃)

ညနေခင်း ရပ်ကွက် လမ်းကြားလေးထဲသို့ အမှိုက်ရှင်းသည့် ကား လေးက ပုံမှန် အချက်ပေးသံဖြင့် အချိန်မှန်ရောက်လာသည်။ လမ်းထိတ်တွင် ထားရှိသည့် အမှိုက်ပုံးကြီးထဲမှ အမှိုက်များအား ကားပေါ်တင်နေကြသည့် သန့်ရှင်းရေးဝန်ထမ်းနှစ်ဦးက အလုပ်မြန်မြန်ပြီးဖို့အတွက် တက်ညီလက်ညီဆောင်ရွက်နေကြ၏ ။

              "ဒေါက်ဖိနပ်လေးပဲ....အသစ်လေးရှိသေးတယ်"

              "ဒီဘက်မှာတစ်ဖက်....အား အမေ့ ခြေထောက်ကြီး...."

ကြောက်လန့်တကြား အော်ဟစ်လိုက်သည့် သန့်ရှင်းရေးဝန်ထမ်း၏ လက်ထဲတွင် အနီရောင် ဒေါက်ဖိနပ် လှလှလေးသာမက အမျိုးသမီး ခြေထောက် တစ်ဖက်ပါလာသည်။ သန့်ရှင်းရေး ဝန်ထမ်း၏ ကြောက်လန့် တကြားအော်သံကြောင့် ဝန်ထမ်းနှစ်ဦးအပြင် ကားဆရာ နှင့် ရပ်ကွက်ထဲက လမ်းသွား လမ်းလာအချို့ အနီးနားသို့ ချဉ်းကပ်လာကြ၏ ။ လုပ်ရဲကိုင်ရဲသည့် ယောကျာ်းတစ်ဦးက ထိုခြေထောက်ကို ဆွဲထုတ်လိုက်ချိန်တွင် ငယ်ငယ်ရွယ်ရွယ် အမျိုးသမီးလေး တစ်ဦး၏ ရုပ်အလောင်းပါ ပါလာခဲ့သည်။ အလောင်းကိုမြင်တော့ ပတ်ဝန်းကျင်ရှိ လူအားလုံး ကြောက်လန့် တကြားဖြစ်သွားကြ၏ ။ အကြောင်းအရင်းကတော့ ထိုအမျိုးသမီး၏ အလောင်းတွင် မျက်နှာ တစ်ခုလုံး ‌ခွဲစိပ်ဓားဒဏ်ရာများနှင့် ပြည့်နှက်နေသောကြောင့်ဖြစ်သည်။ သို့သော် သွေးမရှိလောက်အောင် ခမ်းခြောက်နေသည့် အလောင်းက လောလော လတ်လတ်သေထားခြင်းမျိုးတော့ မဟုတ်ပေ။ ပတ်ဝန်းကျင်တွင် ထင်ကြေးပေး ပြောဆိုနေကြသည့် အသံများ ၊ ရဲတပ်ဖွဲ့ အား ဖုန်းခေါ်နေသည့် အသံများဖြင့် ဆူညံသွား၏ ။

အခင်းဖြစ်သည့် နေရာသို့ တာဝန်ရှိသူများ ရောက်ရှိလာသည်နှင့် ထိုပတ်ဝန်းကျင်အား တားမြစ်ဧရိယာအဖြစ် စည်းဝိုင်းတားကြသူများ ၊ ဆေးအဖွဲ့က အလောင်းအား ထမ်းစင်ပေါ်ရွှေ့ကြသူများ ၊ အလောင်းနှင့် ပတ်ဝန်းကျင် အနေအထားများအား မှတ်တမ်းယူသူ နှင့် တာဝန်ရှိသူများ ရောက်လာကြ၏ ။ အားလုံးကလည်း ကိုဗစ်ပြီးဆုံးခါစမို့ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ကာကွယ်မှုများကို ဂရုတစိုက်ရှိကြသည်။

🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰Where stories live. Discover now