🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰
အပိုင်း (၁၄)
ဆူးခတ်တစ်ယောက် အိမ်ချင်မူးတူးဖြင့် အသံလာရာဘက်ကို လှမ်းကြည့်လိုက်သည်။ သူမကြည့်ရတာ အမူးပြေသေးပုံတော့ မပေါ်ပေ။ သို့သော် ဟွာ့သန်းရှုံ့အား မြင်သွားသည်နှင့် လက်ညိုးထိုး၍ လှမ်းမေးလိုက်၏ ။
"သူက ဘာလို့ ဒီရောက်နေတာလဲ"
သူမ၏ အပြုအမှုကြောင့် ဟွာ့သန်းရှုံ့တစ်ယောက် ဆူးခတ်က မိမိအားရိပ်မိသွားပြီဟု နားလည်လိုက်ပြီး မဲ့ပြုံးပြုံးလိုက်သည်။ ၎င်းအား လုံးဝမသိသည့် ဝမ်ရိပေါ်က ဘေးနားတွင် ရှိနေသည်မို့ ရိပ်မိသွားလည်း ဂရုစိုက်စရာမလိုဘူးဟု တွေးမိပုံပင်။ ဝမ်ရိပေါ်အား ဓားစာခံ လုပ်လိုက်လျှင် ရပြီမဟုတ်ပါလား။ ထို့ကြောင့် ဆူးခတ်ဆက်ပြောမည့် စကားကိုသာ အေးဆေးတည်ငြိမ်စွာ နားထောင်နေလိုက်သည်။ အိမ်ရှေ့မှာ ရောက်နေသည့် အမည်မသိ ဧည့်သည်အား ဆူးခတ်က သိသည်ဟူသော စကားကြောင့် ရှောင်ကျန့်က သေချာရဲ့လားဟု ပြန်မေးခွန်းထုတ်လိုက်သည်။
"မင်းက သူ့ကိုသိလို့လား"
"အင်း သိတယ်လေ"
မိမိအား နှစ်လိုဖွယ်ပြုံးကြည့်လိုက်ပြီး ခေါင်းညိတ်ပြန်ဖြေလိုက်သည့် ဆူးခတ်စကားကြောင့် ဟွာသန်းရှုံ့တစ်ယောက် မျက်ခုံးပင့်သွားသည်။ တစ်ချိန်ထဲမှာပင် ဟွာ့သန်းရှုံ့၏ စိတ်ထဲ၌ သူမဘာလို့ ပြုံးပြနေတာလည်း မှတ်မိသွားတာလား? မမှတ်မိတာလား ? ဝေခွဲမရ ဖြစ်သွားသည်။ ဆူးခတ် သူမ အဘယ့်ကြောင့် ရယ်ပြုံးနေတာလဲ။
"မန်ထို မန်ထို"
"မန်...မန် မန်ထို...ဟုတ်လား"
ရယ်ရယ်မောမော ပြန်ဖြေလိုက်သည့်
ဆူးခတ် စကားကြောင့် ရှောင်ကျန့် နားမလည်နိုင်ဖြစ်သွားပြီး စကားများပင် ထစ်အသွားသည်။သူမ၏ စကားကြားတော့ အပေါက်ဝတွင် ရပ်ကြည့်နေသည့် ဟွာ့သန်းရှုံလည်း နားမလည်ဖြစ်သွားပြီး မျက်ခုံးပင့်သွား၏ ။
"ဟုတ်တယ်လေ မန်ထို...မန်ထို ပေါက်စီ ကြော်ငြာတဲ့ ဦးလေးကြီး မဟုတ်ဘူးလား"
ВЫ ЧИТАЕТЕ
🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰
Боевикမြန်မာ _ တရုတ် ပူးပေါင်း စစ်ဆင်ရေး ရဲစုံထောက် fic လေးပါရှင့်။ ရင်ခုန်စိတ်လှုပ်ရှားစရာလေးတွေနဲ့ ကြိုဆိုပါတယ်ရှင့်။
