part(1) uniocde💚💚

588 40 3
                                        

🥀🦁🐰အတိတ်ကောက်ကြောင်း🥀🐰🦁

အပိုင်း(၁) 

(၂၀၀၇) ခုနှစ် ဧပြီလ

စက်ဘီးလေး စီးပြီး ကျောင်းကပြန်လာသည့် အသက်(၁၇)နှစ်အရွယ်အထက်တန်းကျောင်းသားလေး ရှောင်ကျန့် တစ်ယောက် အိမ်ရှေ့တွင် ရပ်ထားသည့် ကားလေးကို ကြည့်ပြီး သက်ပြင်းချမိသည်။ ကားထဲမှ ယာဉ်မောင်းနေရာတွင် ထိုင်နေသည့် ဦးလေးကြီးက ပြုံးပြနေသည်ကိုမြင်တော့ ခေါင်းညိတ်နှုတ်ဆက်ပြရုံသာ ပြုံးပြပြီး အိမ်ထဲသို့ ဝင်လာခဲ့၏ ။ ခြံထဲတွင် ဖခင်ဖြစ်သူက အမျိုးသမီးတစ်ယောက်နှင့် မျက်နှာချင်းဆိုင်ရပ်၍ စကားပြောနေသည်။ မတွေ့တာ ကြာပြီဖြစ်သည့် ထိုအမျိုးသမီးကို ရှောင်ကျန့် လှမ်းတွေဝေငေးမောနေမိသည်။

*သူမက တစ်ချိန်က ကျွန်တော် သိပ်ချစ်ခဲ့ရတဲ့ မေမေ*

#လွန်ခဲ့သောသုံးနှစ်ခန့်က ထိုခြံဝင်းကြီးထဲတွင် မိသားစုလေး စုံစုံလင်လင်ဖြင့် ယခုကဲ့သို့ ရပ်နေခဲ့ဖူးသည်။ ယခုနှင့် မတူညီတာက ရှောင်ကျန့်၏ မိခင် လက်ထဲမှာ အထုတ်အပိုးများဖြင့်။

               "ကျွန်မ ဆက်ပြီး သည်းမခံနိုင်တော့ဘူး...ကျွန်မတို့ လမ်းခွဲရအောင်....ကျွန်မက နွေးထွေးပြီး အေးချမ်းတဲ့ မိသားစုတစ်ခုကို လိုချင်တာ....အခုလိုမျိုး...ယောကျာ်းက ဒဏ်ရာတွေနဲ့ ပြန်လာမှာလား
....တစ်ခုခုဖြစ်လာမှာလား...ပူလောင်နေရတဲ့ ဘဝမျိုး  နဲ့ နေချင်တာ မဟုတ်ဘူး"

          "မိန်းမရယ် ကိုယ်တောင်းပန်ပါတယ်"

          "တောင်းပန်တာ မလိုချင်ဘူး....ရဲအလုပ်ကသာ ထွက်လာခဲ့ပေးရင်ရပြီ...မဟုတ်ရင် ကျွန်မတို့ လမ်းခွဲကြမယ်"

          "မိန်းမရယ်"

*အဲ့ဒီချိန်က တွန့်ဆုတ်နေခဲ့တဲ့ အဖေ့ရဲ့  အဖြေက လမ်းခွဲဖို့ ဖြစ်လာခဲ့တယ်.... စိတ်ပျက် အားငယ်ပြီး ရပ်နေခဲ့တဲ့ အဖေ့ကို သနားမိခဲ့သလို...နေ့နေ့ ညည  အဖေ ပြန်မလာမချင်း စိတ်ပူနေရတဲ့ အမေ့ရဲ့ခံစားချက် ကိုလည်း နားလည်မိသလိုလိုပါပဲ*

          "လာသား အမေတို့ သွား‌ရအောင်"

*ဒါပေမဲ့ အဖေ ကိုယ်လေးကို တွန်းတိုက်ရင်း အနားလျှောက်လာပြီး ကျွန်တော့် လက်ကို လာဆွဲခဲ့တဲ့ အမေ့လက်ကို ရုန်းကန်ခဲ့မိတယ်*

🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰Where stories live. Discover now