🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰
အပိုင်း(၂၃)
ခွင့်ယူထားသည့် ရက်ကုန်ဆုံးသွားပြီးနောက်
ဆူးခတ် နှင့် ဝမ်ရိပေါ်တို့ အလုပ်ပြန်ဝင်ကြသည်။ မနက်မိုးလင်းသည်နှင့် ခေါင်းချင်းဆိုင်ပြီး ဆွေးနွေးနေကြသည့် ရှောင်ကျန့်တို့ လေးယောက်လုံး မျက်နှာ မကောင်းကြပေ။ ယနေ့က ပင်လယ်ရွာ အမှုအတွက် ခုံးရုံးမှ တရားဝင် အမိန့်ထုတ်ပြန်မည့်နေ့မို့ ဆူးခတ်အတွက် စိုးရိမ်နေကြခြင်း ဖြစ်သည်။
"ငါ့ရဲ့ အမှုစစ် ရုံးခန်းမှာ အလုပ်လာလုပ်ကြပါလား အိမ်ကနေလာရတာ ဝေးလို့"
"အဲ့ဒီ့ ရုံးမှာ အမှုစစ် စူးရှဲ့ မရှိတဲ့နေ့ အလုပ်လာ လုပ်မယ်"
"မင်းကလဲ"
"ငါသူ့ကို သဘောမကျဘူး....ပြီးတော့ ကျန့်ကောရဲ့ အဖေနဲ့ ငါ့အဒေါ်ကို သတ်ခဲ့တာ ဟွာ့သန်းရှုံ့ဆိုတာကို ငါတို့ မတင်ပြထားဘဲ သိနေတာကိုလည်း မသင်္ကာဘူး"
အမှုစစ် ဝမ်ကျိုးချန် နှင့် ဝမ်ရိပေါ်တို့ စကားအပြန်အလှန်ပြောနေကြချိန် ဆူးခတ်က စကားဝင်မပြောပဲ စာဖတ်နေသည်။ ရှောင်ကျန့်ကတော့ ဝမ်ရိပေါ်၏ စကားကို ထောက်ခံလိုက်သည်။
"ငါ ဒီရက်ပိုင်း အမှုတွက် သုံးသပ်ထားတာလေးရှိတယ်"
"ပြောပြ"
"ချင်ချင်က ဒေါက်တာ
ဝမ်ဟောက်ရွှမ်းနဲ့ တွဲခဲ့ဖူးတယ်....ချန်လီနဲ့ရောပဲ....အဲ့ဒီနောက်ပိုင်း မိန်းကလေးတွေ ပျောက်သွားကြတဲ့ စာရင်းထဲမှာ ချင်ချင်လည်း ပါသွားခဲ့တယ်....ဘာလို့ပါသွား ခဲ့တာလည်း သိလား'
"ဒေါက်တာ ဝမ်ဟောက်ရွှမ်းကို သံသယဝင်ခံရအောင် တမင်တကာလုပ်တာ"
ရှောင်ကျန့်၏ စကားကို ဝမ်ရိပေါ်က တန်းဖြေလိုက်သည်။ ရှောင်ကျန့်က ခေါင်းညိတ်ပြပြီးစကားဆက်ပြောလိုက်သည်။
"ချန်လီက ဘာလို့ ဆူးခတ်ကို ပြန်ပေးဆွဲတာလဲ သိလား.... သေချာပေါက် ငါတို့ တွေ သူ့နောက်ကိုလိုက်လာအောင် လုပ်ချင်လို့ပဲ....... ငါတို့ သူ့နောက်လိုက်လာလို့ ဟွာသန်းရှုံ့က ထွက်လာခဲ့တာပဲ"
ВЫ ЧИТАЕТЕ
🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰
Боевикမြန်မာ _ တရုတ် ပူးပေါင်း စစ်ဆင်ရေး ရဲစုံထောက် fic လေးပါရှင့်။ ရင်ခုန်စိတ်လှုပ်ရှားစရာလေးတွေနဲ့ ကြိုဆိုပါတယ်ရှင့်။
