🥀🦁🐰အတိတ်ကောက်ကြောင်း🥀🐰🦁
အပိုင်း(၁၁)
ဝမ်ကျိုးချန်တစ်ယောက် အမှုစစ်ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် အမှုစစ် စူးရှဲ့၏ ရုံးခန်းထဲ၌ တွေ့ဆုံစကားပြောနေသည်။အမှုစစ် စူးရှဲ့က ဝမ်ကျိုးချန်ယူလာသည့် စာရွက်စာတမ်းများအားဖတ်ရှုနေ၏ ။
"သိပ်မပြည့်စုံတဲ့ သုံးသပ်ချက်တွေပဲ"
"ဒါပေမဲ့ အသတ်ခံရတယ်လို့ ယူဆလို့ရတာမို့ စုံစမ်းကြည့်သင့်တယ်လို့ ထင်ပါတယ်"
အမှုစစ် စူးရှဲ့က အားကစားသူဌေး၏ အမှုကို လူသတ်မှုဟု သတ်မှတ်လိုခြင်း မရှိသည့် အနေအထားကြောင့် ဝမ်ကျိုးချန်က ထပ်မံ ရှင်းပြလိုက်ခြင်းဖြစ်၏ ။ သို့သော် တစ်ဖက်လူက လုံးဝ လက်ခံပေးချင်ပုံမရပေ။
"ကိုယ့်ဘာသာ သတ်မသေခင် အစားမစားရဘူးလို့ သတ်မှတ်ထားတာမျိုးမှမရှိတာ"
"စိတ်ပညာအရ ဒါက ပုံမှန်မဟုတ်တဲ့ အနေအထားတစ်ခုပါ.....လူနှစ်ရက်စာလောက်မြင့်တဲ့ နေရာမှာ ကြိုးဆွဲချသေရင် အနည်းဆုံးတော့ တက်သွားတဲ့ အထောက်ကူ ပစ္စည်းတစ်ခုကတော့ ပတ်ဝန်းကျင်မှာကျန်ခဲ့ရမယ်လေ.....ပြီးတော့ ကြိုးကလည်း အရပ်မှီလောက်အောင် မရှည်ပါဘူး"
"ဒါက အသေးစားထင်မြင်ချက်တစ်ခုပါပဲ"
အကွက်ကျကျရှင်းပြနေသော်လည်း ပယ်ချနေသော အမှုစစ်စူးရှဲ့အား စိတ်မရှည်ဖြစ်လာသည့် ဝမ်ကျိုးချန်က တပ်ထားသည့် မျက်မှန်ကို မာန်ပါပါပြင်လိုက်ပြီး ရှေ့တစ်လှမ်းတိုး၍ ပြန်ပြောလိုက်သည်။ ရပ်နေရတာလည်း နာရီဝက်လောက်ရှိပြီမို့ စိတ်ကလည်း သိပ်မရှည်ချင်တော့ပေ။
"လူအသက်တစ်ချောင်း သေဆုံးသွားတာပါ....သူ့ရဲ့သေဆုံးမှုအတွက် တရားမျှတမှု ရှိမရှိ အသေးစား သုံးသပ်ချက်လေးက အစ အရေးပါပါတယ်"
" မင်းပြောသလိုပဲ ထားပါတော့.....
မမေ့ပါနဲ့ ငါတို့အဖွဲ့က မှောင်ခိုအဖွဲ့ကို ဖမ်းဖို့အဖွဲ့ထားတဲ့ အဖွဲ့ပါ....ခုအမှုက ငါတို့နဲ့မသက်ဆိုင်ဘူး"
YOU ARE READING
🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰
Actionမြန်မာ _ တရုတ် ပူးပေါင်း စစ်ဆင်ရေး ရဲစုံထောက် fic လေးပါရှင့်။ ရင်ခုန်စိတ်လှုပ်ရှားစရာလေးတွေနဲ့ ကြိုဆိုပါတယ်ရှင့်။
