part (22) Uniocde 💚💚

108 15 6
                                        

🥀🦁🐰အတိတ်ကောက်ကြောင်း🥀🐰🦁

အပိုင်း(၂၂)

တစ်ပတ်ဆိုသည့် အတောအတွင်း ဆူးခတ် ဆေးရုံက ဆင်းပြီး အလုပ်ကို ခွင့်ယူထားသည်။ ဝမ်ရိပေါ်လည်း သာမန်ဖျားရုံမျှသာ ဖြစ်သော်လည်း အလုပ်နားထား၏ ။ စုံစမ်းစစ်ဆေးရေးအမှုများကို ဝမ်ကျိုးချန် နှင့် ရှောင်ကျန့် တို့ နှစ်ဦးသာ တာဝန်ယူထားရသည် ။ ပင်လယ်ရွာအမှုအတွက် ခုံရုံးဖွဲ့၍ စစ်ဆေးမှု ရလဒ်ကလည်းကောင်းမွန်၏ ။ တစ်ဖွဲ့လုံး ထုချေလွှာရေးတင်ရသည်။

               "ထမင်းစားမယ် ရိပေါ်ကော"

အောက်ထပ်တွင် မိသားစုထမင်းဆိုင်လေး၌ စားသုံးသူနည်းပါချိန်လေး နေ့လယ်စာ ပြင်နေသည့် ဆူးခတ်က လှမ်းခေါ်၍ ဝမ်ရိပေါ် အောက်ထပ်ကို ဆင်းလာသည်။

               "အဖေနဲ့ အမေရော ဘယ်သွားလဲ"

               "ခေါ်ရတာ မရှက်ဘူးလား.....
အသည်းယားစရာကြီး ညနေအတွက် ဟင်းသီးဟင်းရွက်သွားဝယ်တယ်"

               "ရှက်စရာလား....သူငယ်ချင်း ရဲ့ မိဘလည်း ကိုယ့်မိဘပဲပေါ့"

                "မနိုင်ဘူး"

                 "မနိုင်ရင် ချထားလေ"

ထုံးစံအတိုင်း သုံးယောက်က တစ်လှည့်စီ လှည့်ပတ်ရန်ဖြစ်နေကြသည်။ ယခုလည်း နှစ်ယောက်တည်းရှိတာ နှစ်ယောက်တည်း ရန်ဖြစ်နေ၏ ။

                 "အဲ့ဒါ အကဲပိုနေတဲ့ ရိပေါ်ကောကို ‌ပြောရမှာ ဒါနဲ့  ခုနက အစ်ကို ဖုန်းဆက်တယ်"

                 "ဘာတဲ့လဲ စုံစမ်းတာ သတင်းထူးလို့လား"

ရှောင်ကျန့်ထံမှ ဖုန်းလာသည်ဆို၍ ဝမ်ရိပေါ်က အကြောင်းအရင်းမေးကြည့်တော့ ဆူးခတ်က မျက်နှာမဲ့ပြလိုက်သည်။

               "မဟုတ်ဘူး......ရိပေါ်ကောကို  ထမင်းစားပြီး ဆေးသောက်ဖို့ သတိပေးပါတဲ့"

ဝမ်ရိပေါ်၏ မျက်နှာလေး ပြုံးသွားပြီး ကျေနပ်အားရနေသလိုပင်။

               "ကျေနပ်နေတာပဲ ဒါနဲ့ ရိပေါ်ကော
.... လွန်ခဲ့တဲ့ လေးနှစ် အသည်းအစားထိုးခံထားရတာဆို အခု သက်သာလား"

🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰Where stories live. Discover now