🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰
အပိုင်း(၈)
ရှောင်ကျန့်တို့ သုံးယောက် ပင်လယ်ကမ်းခြေမြို့လေးသို့ ရောက်သွားကြပြီး နောက်နေ့မနက်တွင် ရှောင်ကျန့်တို့၏ စခန်း၌လည်း ပြဿနာတစ်ခုနှင့်ရင်ဆိုင်နေရသည်။ စခန်းထဲတွင် အော်ဟစ်သောင်းကျန်းနေသော လူနှစ်ယောက်တွင် တစ်ယောက်က လက်ကျိုးထား၍ ကျောက်ပတ်တီးကိုင်ထားရသည်။
"အခု တရားခံကို ဖွက်ထားတဲ့သဘောလား......ကျွန်တော်တို့သူဌေးလက်ကို လိမ်ချိုးသွားတာ အားလုံးမြင်လိုက်ရတယ်....စုံထောက်
ဝမ်ရိပေါ်ကို ခုချက်ချင်းအရေးယူပေးပါ"
"ဖောင်ဖြည့်သွားလိုက်ပါ ကျွန်တော်တို့ အမှုကို သေချာစစ်ဆေးပေးပါ့မယ်"
စုံထောက်ဝမ်ရိကျိုးက အေးဆေးပြောနေသော်လည်း တစ်ဖက်လူက ပြဿနာရှာချင်နေပုံရသည်။ ၎င်း၏ သူဌေးဆိုသူက အခြားသူမဟုတ်ပေ။ ဝမ်ရိပေါ်တို့ စုံစမ်းစစ်ဆေးခဲ့သည့် မှောင်ခိုခေါင်းဆောင် ချန်လီ အမြဲဝင်ထွက်ခဲ့သည့် အားကစားရုံပိုင်ရှင် သူဌေးဟွမ်သာ ဖြစ်၏ ။ စုံထောက်ဝမ်ရိပေါ်နှင့် စကားအချေအတင်ဖြစ်ပြီး တိုက်ခိုက်ခဲ့ကြရင်း လက်ကို လိမ်၍ ခြိမ်းခြောက်ခဲ့သည်မျှလောက်ကို လက်ကျိုးသွားသည်ဟု ပြဿနာရှာနေကြခြင်း ဖြစ်သည်။
"စုံထောက်ဝမ်ရိပေါ်က အားကစားရုံသွားမယ်ဆိုတာတော့ သိထားပါတယ်....ချန်လီနဲ့ ပတ်သတ်တာမေးမြန်းဖို့အတွက်ပါ"
စုံထောက်ဝမ်ရိကျိုးက စကားကို သေချာ ဂရုစိုက်ပြောလိုက်၏ ။
"အဲ့ဒါပြောချင်တာလေ....အားကစားရုံဆိုတာ အားကစားလိုက်စားသူတိုင်း လာနိုင်တဲ့နေရာတစ်ခုပဲ.....မှောင်ခိုသမားလာဖူးတာနဲ့ မှောင်ခို လုပ်ငန်းလုပ်တယ်ထင်ပြီး စုံစမ်းနေတာက အဆင်မပြေဘူး....ကြည့်လေ နောက်ဆုံးတော့ ခုလိုပြဿနာတွေဖြစ်သွားတာပဲ"
"ကျွန်တော်ပြောတဲ့ထဲမှာ ချန်လီက မှောင်ခိုသမားလို့မပါခဲ့ပါဘူး....ဘယ်လိုသိသွားတာလဲ"
စုံထောက်ဝမ်ရိကျိုးက စီနီယာကျသူပီပီ တရားလို၏ စကားကို မေးခွန်းပြန်ထုတ်လိုက်သည်။ ထိုသူဌေးဆိုသူ၏ စကားအသွားအလာနှင့် ရှောင်ကျန့်တို့ စစ်ဆေးထားသလောက်အရ တွက်ချက်ကြည့်ရရင် အားကစားရုံကို စစ်ဆေးခြင်းကို နှောက်ယှက်ရန်အတွက် စုံထောက်ဝမ်ရိပေါ်အား ခုတုံးလုပ်ချင်နေကြပုံရ၏ ။
YOU ARE READING
🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰
Actionမြန်မာ _ တရုတ် ပူးပေါင်း စစ်ဆင်ရေး ရဲစုံထောက် fic လေးပါရှင့်။ ရင်ခုန်စိတ်လှုပ်ရှားစရာလေးတွေနဲ့ ကြိုဆိုပါတယ်ရှင့်။
