🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰
အပိုင်း(7)
တောမြို့လေးမို့ ဓလေ့နှင့်အညီ တည်ဆောက်ထားသည့် အိမ်လေးထဲရှိ ထမင်း စားပွဲရှေ့တွင် စုံထောက် ဝမ်ရိပေါ် ၊စုံထောက်ရှောင်ကျန် ၊ ဆူးခတ်တို့ သုံးယောက်ထိုင်နေပြီး အသက် (၅၀)ကျော်အရွယ် အိမ်ရှင် ဦးကြီးလင်မယားက စားသောက် ဖွယ်ရာများ ချပေးနေသည်။
"ဒီနေ့ ရေဘဝဲ ရလာတာနဲ့ အတော်ပဲ
.....များများသုံးဆောင်ကြ....အားမနာနဲ့နော်"
"ဝါး...ရေဘဝဲတွေ အန်တီတို့ကိုယ်တိုင်ဖမ်းကြတာလား....သမီးက ငါးဖမ်းရတာ အရမ်းဝါသနာပါတာ"
"ဟုတ်လား....ကြိုက်ရင်များများစားနော် အားမနာနဲ့ ကလေးတို့...."
"ခုလို အိမ်မှာ နားခွင့်ရော စားသောက်ဖို့ရော အစစအရာရာကူညီပေးလို့ ကျေးဇူးပါရှင့်"
"အားမနာနဲ့ ပူတုန်းလေးစားကြပါ"
ပြောပြောဆိုဆိုဖြင့် အိမ်ရှင် အန်တီကြီးက မီးဖိုခန်းထဲ ဟင်းယူဖို့ ပြန်ဝင်သွား၏ ။
" ငါး ဖမ်းဖို့ ရေးကူးတတ်လို့လား"
ဆူးခတ်၏ ဖော်ရွေစွာ နှုတ်ဆက်ခြင်းကို စုံထောက်ဝမ်ရိပေါ်က ရန်စလိုက်သည်။
"မကူးတတ်လဲ ငါးဖမ်းလို့ရတဲ့နည်းတွေမှပေါလို့"
"ရိပေါ် မင်းဘယ်လို့သူများကို အဲ့လို ပြောလိုက်တာလဲ... လူပုရင် ဉာဏ်ကူရမှာမို့ နည်းလမ်းတွေပေါမှာပေါ့...မသိဘူးလား"
ရှောင်ကျန့်က ဆူးခတ် ဘက်မှကူပြောလိုလို
နှင့် ပုသည်ဟု ဝင်ပြောလိုက်တော့ ဆူးခတ်နှာခေါင်းရှုံ့သွားရှာ၏ ။ သို့သော် အနိုင်မခံ အရှုံးမပေး ဆက်ပြိုင်ပြောလိုက်သည်။
"အဲ့ဒီလို ဉာဏ်ကြီးရှင်ကျွန်မကို အဖွဲ့ထဲအေးဆေးဝင်ခွင့်ပြုရင် ချက်ချင်းသော့ ဖွင့်နည်းပြောပြမယ်"
"ငါအလျှင်မလိုပါဘူး....ကြည့်....ဒီလိုလေးပါးစပ်ဟလိုက်ရင်..."
ရှောင်ကျန့်က ပါးစပ်လေးဟပြလိုက်သည်နှင့်
ဝမ်ရိပေါ်က ရေဘဝဲကို အသင့် ခွံ့ကျွေးလိုက်ရာ ရှောင်ကျန်က ဆူးခတ်အား အားရပါးရစားပြပြီး အနိုင်ပိုင်းပြလိုက်၏ ။
ВЫ ЧИТАЕТЕ
🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰
Боевикမြန်မာ _ တရုတ် ပူးပေါင်း စစ်ဆင်ရေး ရဲစုံထောက် fic လေးပါရှင့်။ ရင်ခုန်စိတ်လှုပ်ရှားစရာလေးတွေနဲ့ ကြိုဆိုပါတယ်ရှင့်။
