part (18) Uniocde 💚💚

104 16 20
                                        

🥀🦁🐰အတိတ်ကောက်ကြောင်း🥀🐰🦁

အပိုင်း(၁၈)

ညနေစောင်း ပင်လယ်ရွာလေးကို ဆိုက်ကပ်လာသည့် သင်္ဘော‌ပေါ်တွင် ရှောင်ကျန့်နှင့် ဝမ်ရိပေါ်တို့လိုက်ပါလာသည်။

              "အမွေစိန် မင်း.... မကျွမ်းကျင်တဲ့အရပ်မှာ မဆင်မခြင်ပြေးလိုက်သွားရလား....မင်းတွက် ကျန့်ကော ဘယ်လောက်စိတ်ပူနေလည်းသိလား"

သင်္ဘောပြေးဆင်းလာသည်နှင့် ဆူငေါက်လိုက်သည့် ဝမ်ရိပေါ်စကားကြောင့် ဆူးခတ်မျက်နှာငယ်လေးဖြစ်သွားသည်။ ခေါင်းလေးငုံ့ထားလိုက်ပြီး နေရာမှာတင်မလှုပ်ပဲရပ်နေခဲ့၏ ။

              "တောင်းပန်ပါတယ် သဲလွန်စများ
ရမလားဆိုပြီး လိုက်သွားခဲ့မိတယ်"

              "လူဘာမှမဖြစ်ရင်ရပြီ....လူဘာမှမဖြစ်ရင်ရပြီ"

ရှောင်ကျန့်က ဆူးခတ်ကို နှစ်သိမ့်စကားပြောပြီး ဖတ်ထားလိုက်သည်။

              "အခုကစပြီး မင်း ငါတို့နောက်မှာပဲနေတော့ ချန်လီက မင်းကိုပဲ ချဉ်းကပ်လာတာမို့ သတိပိုရှိရမယ်"

ဖက်ထားတာကိုခွာပြီး အခြေအနေကို ပြောပြလိုက်သည့် ရှောင်ကျန့်အား ဆူးခတ်က ခေါင်းညိတ်ပြလိုက်သည်။ ၎င်းတို့ စကားပြောနေသော မြင်ကွင်းကို တည်းခိုသည့် စားသောက်ဆိုင်၏ ဒုတိယထပ်ရှိ အခန်းထဲမှ သတင်းထောက် ကျင်းကွမ်းယောင်က ရပ်ကြည့်နေခဲ့သည်။

               "ရောက်လာပြီပဲ....."

အခြေအနေအားလုံးကို ခန်းစီး လိုက်ကာအကွယ်မှာ ရပ်၍ ကြည့်နေသည့် သတင်းထောက် ကျင်းကွမ်းယောင်က တစ်ကိုယ်တည်း  ပြောဆိုပြီးနောက် တစ်စုံတစ်ယောက်အား ဖုန်းဆက်လိုက်သည်။

              "အဒေါ်ကြီး မှာထားတဲ့အတိုင်း ပီပီပြင်ပြင်လုပ်ပါ....လုံးဝ မမှားယွင်းပါစေနဲ့"

ကျင်းကွမ်းယောင်က ဖုန်းပြောပြီးသည်နှင့် တည်းခိုသည့် ဆိုင်ခန်းဘက်သို့ လာနေကြသည့် ရှောင်ကျန့်တို့အား လှမ်းကြည့်လိုက်သည်။

              "အခုချိန်က ပုံပြင်ပြောရမဲ့ အချိန်ပဲ"

ရှောင်ကျန့်တို့ လေးယောက်ကတော့ ၎င်းတို့ကိုစောင့်ကြည့်နေသည့်  ကျင်းကွမ်းယောင်အား သတိမထားမိပဲ ဆိပ်ကမ်းမှ တည်းခိုဆောင်သို့ ထွက်လာခဲ့ကြသည်။ လမ်းတစ်လျှောက် ဖြတ်သွားရင်း လမ်းဘေးတွင် ငါးခြောက်လှန်းနေသည့် အမျိုးသမီး အချို့၏ တီးတိုး စကားသံများက ပျံ့လွင့်နေ၏ ။

🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰Donde viven las historias. Descúbrelo ahora