part (13) Uniocde 💚💚

83 7 0
                                        

🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰

အပိုင်း(၁၃)

ဆေးရုံရှိ လူနာခုတင်ပေါ်တွင် သတိမေ့နေသည့် ရှောင်ကျန့်အား ဝမ်ရိပေါ်က လူနာစောင့်ပေးနေသည်။ ရှောင်ကျန့်၏ မျက်နှာနှင့် ကိုယ်ခန္ဓာကိုယ်ရှိ နေရာအချို့  မှန်ကွဲများ ထိရှထားသည်များကို ဆေးကုသမှုပေးထားသည်။

                "ဘာပဲဖြစ်ဖြစ် ဒါက ကြိုတင်ကြံစည်ထားတာပဲ.... အဲ့ဒီအဆောင်မှာရှိနေတဲ့ ကလေးအားလုံးကို့ လေ့လာရေးခရီးပို့ထားတယ်"

လူနာစောင့်နေရာတွင် ထိုင်စောင့်နေသည့် ဆူးခတ်တစ်ယောက် မကျေမနပ်ဖြစ်နေသည့် ခံစားချက်များကို ထုတ်ပြောလိုက်သည်။

                "အမိန့်စောင့်လိုက်တာက အချိန်ပေးလိုက်သလိုဖြစ်သွားတာ....ဒါပေမဲ့ အမိန့်ကို မစောင့်လို့လည်းမရပြန်ဘူး"

             "ဟုတ်တယ်"

ဆူးခတ်၏ စကားကို ခုတင်ဘေးတွင် ထိုင်နေသည့် ဝမ်ရိပေါ်က ထောက်ခံလိုက်၏ ။

                 "အစီအစဉ်တွေ အားလုံးကြိုသိနေတယ်ဆိုတာ ငါတို့ အနီးနားမှာရှိနေတယ် ဆိုတဲ့ သဘောပဲ...ငါတို့နဲ့အနီးဆုံးမှာ"

                "ခု ဘာဆက်လုပ်ကြမလဲ"

                 "ရှာရမှာပေါ့....ငါတို့နားမှာရှိနေတာ သူကိုယ်တိုင်လား...သူ့ပါတနာလားဆိုတာ"

ဆူးခတ်၏ မေးခွန်းက ဝမ်ရိပေါ်က ပြန်အဖြေပေးလိုက်သည်။ ရှောင်ကျန့်ထိခိုက်သွား၍ ဒေါသအလွန်ထွက်နေပုံပင်။

                "အဲ့ဒါ ဘာကို ပြောချင်တာလဲ .....
ပတ်ဝန်းကျင်မှာ သူလျိုရှိနေတယ်ဆိုတဲ့သဘောလား"

                 "သာမာန် အဖွဲ့အစည်း သာမန် စစ်ဆင်ရေးမှ မဟုတ်တာ ငါတို့ သတိပိုထားရမယ်....လူတိုင်းကို ယုံကြည်လို့ မဖြစ်တော့ဘူး...မင်းလည်း ပိုသတိထားရမယ်...."

ဝမ်ရိပေါ်က သတိမေ့နေသည့် ရှောင်ကျန့်၏ ဘေးနားတွင် ထိုင်နေပြီး ဆူးခတ်၏ မေးခွန်းများကို ပြန်ဖြေရင်း သတိပေးစကားဆိုလိုက်သည်။

                 "အစ်ကိုကို စောင့်ပေးလိုက်ပါဦး....
ကျွန်မ ချင်ချင်အခန်း ခဏသွားဦးမယ်....  သူသတိရနေပြီတဲ့ သူ့ကိုမေးစရာတွေရှိတယ်"

🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰Место, где живут истории. Откройте их для себя