🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰
အပိုင်း(၉)
စခန်းရှိ ညဂျူတီသမားများအတွက် သီးသန့်ပြင်ဆင်ပေးထားသည့် ကျား ၊ မ အနားယူခန်းတွင် တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်ပြီး အစည်းအဝေး ထိုင်နေကြသည့် ရှောင်ကျန့်တို့ သုံးယောက်နားသို့ နောက်ဆုံးမှ ရောက်လာသည့် ဆူးခတ်က အအေးတစ်ယောက်တစ်ပုလင်းဝေပေးလိုက်၏ ။
"ဘာလို့ ကော်ဖီမဟုတ်ပဲ အအေးလဲ"
"မသောက်ရင်ပြန်ပေး"
ဝယ်ကျွေးသည်ကို အတွန့်တက်နေသော
ရှောင်ကျန့်၏ လက်ထဲက အအေးကို ဆူးခတ်ပြန်လုယူလိုက်ပြီး ရန်တွေ့လိုက်၏ ။
" အအေးလဲအအေးပေါ့ လူကြီး လက်ထဲကပြန်လုစရာလား"
ပြောပြောဆိုဆို ပြန်လုယူလိုက်သည့် ရှောင်ကျန့်က အအေးဗူးကို ဖောက်ပြီး ဝမ်ရိပေါ် လက်ထဲထည့်ပေးလိုက်ရင်း အားပေးစကားပါ ပြော၍ အလှူမုန့်နှင့် မျက်နှာ လုပ်လိုက်သည်။
"အဲ့ဒီ လူလိမ်သူဌေးကို ပညာပြဖို့ ငါတို့ တာဝန်ထား အအေးသောက်ပြီး စိတ်လျှော့လိုက်"
*သူဝယ်ပေးတာလား*
စိတ်ထဲက ပြောပြီး နှာခေါင်းရှုံ့လိုက်သည့် ဆူးခတ်အား အမှုစစ်ဝမ်ကျိုးချန် အကဲခတ်ကြည့်နေသည်။ ဆူးခတ်က ဘယ်လက်ကို လုံးဝအသုံးမပြုပဲ အအေးကိုပင် လက်တစ်ဖက်ထဲသုံး၍ ဖောက်နေသည်ကို ဘဝင်မကျချင်။ အဖွဲ့သား၏ အခက်အခဲကို သိဖို့လိုသည်ဟု ယူဆထား၍ သတိပြုမိနေခြင်းလည်း ဖြစ်၏ ။
"မင်းရဲ့လက်"
"လက်ဘာဖြစ်လို့လဲ....ဩ ဒီလက်ကောက်လား....လှတယ်မို့လား....It is made of lacquer (ယွန်းထည်နဲ့ လုပ်တာ )တရုတ်လိုမပြောတတ်လို့"
လူလည်မလေးဆူးခတ်က အမှုစစ်ဝမ်ကျိုးချန်က သူ၏ လက်ဒဏ်ရာကို စိတ်ဝင်စားနေသည်အား စကားလမ်းကြောင်းလွှဲရန် ဘယ်ဘက်လက်တွင် ဝတ်ထားသည့် ယွန်းထည်ဖြင့်ပြုလုပ်ထားသော လက်ကောက်အား ထောင်ပြလိုက်၏ ။ ပြီးနောက် ယုံကြည်အောင်လည်း စကားဆက်ပြောလိုက်သည်။
YOU ARE READING
🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰
Actionမြန်မာ _ တရုတ် ပူးပေါင်း စစ်ဆင်ရေး ရဲစုံထောက် fic လေးပါရှင့်။ ရင်ခုန်စိတ်လှုပ်ရှားစရာလေးတွေနဲ့ ကြိုဆိုပါတယ်ရှင့်။
