အပိုင်း ၃၈

3.2K 297 26
                                    

Unicode

(ဒီနေရာက ဖုန်းပြောနေတဲ့ အဆက်ပါ။ ဒါပမယ့် ဖုန်းပြောနေရင်း နေဝန်းက အတိတ်ကို ပြန်သတိရသွားတာမျိုး။
ဒီနေရာမှာ သူရိန်မင်းခေါင်အစစ်ကို မြင်ရမှာပါ ဘော်ဘော်တို့)

၂၀၀၇ခုနှစ်……။

ဖေဖေနဲ့မေမေက နယ်ဘက်ကို ပြောင်းရွှေ့မှာမို့ ဘွားဘွားအပါအဝင် တစ်အိမ်လုံး အလုပ်ရှုပ်နေသည်။  နေဝန်းနဲ့သူရိန်က အိမ်ရှေ့က ဘန်ဂလိုလေးထဲမှာ စာဖတ်နေလျက်ပင်။ ကိုကို မျက်နှာမကောင်းတာကို နေဝန်း ရိပ်မိနေသည်။ အမွှာတွေပင် ဖြစ်သော်ငြား ဖေဖေက အကြီးဖြစ်သည့် သူရိန့်ကိုသာ ပိုပိုသာသာချစ်ဟန်ပြသည်။ သူရိန်က နေဝန်းလို အေးစက်စက်ပုံ မဖြစ်နေဘဲ သွက်လက်ကာ အပေါင်းအသင်းဆန့်သည်။ အတန်းထဲမှာ အမြဲပထမရသူက သူရိန်ပဲ ဖြစ်သည်။ နေဝန်းက အနေအေးသည့်အလျှောက် တစ်သီးတစ်သန့် နေတတ်သူမို့ ဘယ်အခမ်းအနား၊ပွဲမဆို အမွှာနှစ်ယောက် ရှိပေမယ့် သူရိန့်ကိုသာ ခေါ်သွားပြီး ပွဲထုတ်လေ့ရှိသည်။ ယခုတစ်ခေါက် အပြောင်းအရွှေ့ကိုတော့ သူရိန်ကိုယ်တိုင်က မလိုက်ပါဟု ငြင်းသည်။

နေဝန်းတစ်ယောက် စာဖတ်နေသော်လည်း စာထဲ စိတ်မရောက်နိုင်ပေ။

"ကိုကို့ကို ခေါ်ရဲ့သားနဲ့။ ဘာလို့လိုက်မသွားတာလဲ"

"ဒီလိုပါပဲ ညီညီရာ။ သူငယ်ချင်းအသစ်လည်း ရထားလို့။ မင်းရော မလိုက်ချင်ဘူးလား"

"ခေါ်မှမခေါ်တာ"

သူရိန့်မျက်နှာ ကွက်ခနဲ ပျက်သွားသည်။ ဒါပေမယ့် ချက်ချင်းပင် မချိပြုံးပြုံးကာ နေဝန်းနဖူးကို ခပ်ဖွဖွ ထုသည်။

"ညီညီရာ မလိုက်ချင်စမ်းပါနဲ့။ အမွှာတွေဆိုတာ ဘယ်တော့မှ မခွဲရဘူးကွ"

"ကိုကိုကတော့ အပေါင်းအသင်းများတာကိုး။ ငါ့မှာက အပေါင်းအသင်းမှမရှိတာ"

"အဲ့ဒါတော့ မပူနဲ့ ငါ့ရဲ့ VIP ကို မင်းနဲ့မိတ်ဆက်ပေးမယ်"

"VIP တဲ့လား။ ဒါဆို ငါကရော"

စိတ်ဆိုးစိတ်ကောက်ရင် နှုတ်ခမ်းလည်းမဆူတတ်၊ မျက်မှောင်လည်း မကြုတ်တတ်ဘဲ မျက်နှာကြီးပိုမိုတည်တင်းလာသည့် နေဝန်းကို သူရိန်က ခေါင်းလေးပုတ်ကာချော့ရသည်။

သူ့ကိုဗဟိုပြုသော ရပ်ဝန်း... (Uni, Zawgyi)- CompletedWhere stories live. Discover now