အပိုင်း၄၃

2.5K 265 41
                                    

[ Unicode]

"မမရဲ့ အချစ်ဦး ခေတ်သုတလျှံဆိုတာ ကျွန်တော့်ရဲ့ ဦးလေးအရင်းပါ"

ခန့်ထည်ဝါဝင့် ဆုပ်ကိုင်ထားသည့် သူမလက်ကို မီမီ ဆတ်ခနဲ ရုန်းလိုက်မိသည်။ သူက မီမီ့လက်ကို လှမ်းဆွဲကာ တင်းတင်းကျပ်ကျပ် ထပ်မံဆုပ်ကိုင်ပြန်သည်။

"မမုန်းပါနဲ့လား။ နည်းနည်းလောက် ရှင်းပြတာ နားထောင်ပေးပါဦး"

"ဘာပဲဖြစ်ဖြစ် လူယုတ်မာကောင်ရဲ့အမျိုးကို အခုချက်ချင်း အိမ်ပြင် ဆွဲထုတ်ချင်လာပြီ"

ကြယ်ရောင်က အံကြိတ်ကာ ပြောသည်။

"ဦးငယ်လည်း နာကျင်ခဲ့ရပါတယ်"

"ဘာ!!"

လူသုံးယောက်ရဲ့ အာမေဋိတ်သံများက လှောင်ပြောင်ရိပ်အပြင် ရွံရှာမှုများပါ ပါဝင်နေသည် ။

"နည်းနည်းလောက် နားထောင်ပေးပါ။ အဲ့ဒီညက ဦးငယ်ရဲ့အပြစ်ဆိုတာ မှန်ပေမယ့် မကို အဲ့လို ယုတ်မာဖို့ ဦးငယ်က ဘယ်တုန်းကမှ မတွေးခဲ့ပါဘူး။ အဲ့ဒါကြောင့် မရဲ့ ပါပါးက တရားမစွဲခဲ့ဘူး မဟုတ်လား"

"အင်း."

မီမီက နာကျင်စွာပြုံး၍ ဖြေ၏။ သူမနှင့် သူမပါပါးရဲ့ ဆက်ဆံရေးက ထိုဖြစ်ရပ်မတိုင်ခင်မှာ သိပ်ကို နွေးထွေး ရင်းနှီးခဲ့သည်။ ထိုဖြစ်ရပ်အပြီးမှာတော့ သူမက ခေတ်သုတလျှံကို တရားစွဲဖို့ သူမပါပါးကို တိုက်တွန်းခဲ့ပေမယ့် လုံးဝတရားစွဲဆိုခြင်း မပြုခဲ့ချေ။ မည်မျှပင် အချစ်ဦးဖြစ်သော်ငြား၊ လူရည်သန့်ဖြစ်သော်ငြား ကိုယ်ကျင့်တရားညစ်ထေးမှုကြောင့် ပတ်သတ်မိသည့် သူမကိုယ်သူမပင် ရွံရှာနေမိသည်။ အနည်းဆုံး တောင်းပန်စကား ကြားချင်ပေမယ့် ပါပါးက ထိုသူနှင့် ယနေ့တိုင် ပေးမတွေ့ခဲ့ပါ။ မာမားကတော့ သမီးရဲ့ သိက္ခာတရားအတွက်လို့ နှစ်သိမ့်သော်လည်း မိဘနဲ့သူမကြားရှိ အက်ကွဲကြောင်းတစ်ခုက ဘယ်တော့မှ အကောင်းအတိုင်း ပြန်ဖြစ်မှာ မဟုတ်တော့။

"ငါ့ပါပါး တရားမစွဲခဲ့တာက ငါ့သိက္ခာအတွက်တဲ့လေ။ ဟက်… အလကားပါ သူ့သူငယ်ချင်းကို လွယ်လွယ်ခွင့်လွှတ်လိုက်တာ သမီးရင်းထက် ပိုချစ်လို့နေမှာပေါ့"

သူ့ကိုဗဟိုပြုသော ရပ်ဝန်း... (Uni, Zawgyi)- CompletedWhere stories live. Discover now