အပိုင်း ၂၄

2.9K 322 17
                                    

[Unicode]

"‌အဆင်ပြေသလိုနေပါ။ အိမ်မှာ ကျွန်တော် တစ်ယောက်တည်းရယ်။ မိဘတွေက ဗိုလ်မှူးဖိုးကွန်းလမ်းဘက်မှာနေတာ။မီမီကတော့ ခြေရင်းအိမ်က"

ခြံသော့ကိုငုံ့ဖွင့်နေရင်း ကြယ်ရောင် တရစပ် ရှင်းပြနေသည်။ နေဝန်းရံခဖြစ်စေ သူရိန်မင်းခေါင်ဖြစ်စေ ထိုသူက ကြယ်ရောင့်ဧည့်သည်ဖြစ်သည်ပဲ။ ဧည့်သည်တစ်ယောက်ဒုက္ခရောက်နေတာကိုတော့ ကူညီကောင်းပါရဲ့။

အိမ်ထဲရောက်တဲ့အထိ မီမီက တောက်လျှောက် လိုက်လာသည်။ ကြယ်ရောင့်ကို မကျေနပ်သည့်ပုံ နှုတ်ခမ်းပါးပါးလေးကို စူထော်ထားသည်။

"အချစ်လေး ဘာလဲ ကိုကို့အိမ်မှာနေမလို့လား"

"သေနာ"

ကြယ်ရောင်စနောက်လိုက်မိသည်ကို မီမီက သုံးလေးချက်ထုသည်။

"မီမီရာ …"

"ငါ အများကြီး မပြောချင်ဘူးနော် ကြယ်ကြယ် နင်အမှတ်မရှိသေးရင်တောင် ငါက လက်ပိုက်ကြည့်မနေနိုင်ဘူး"

"အင်းပါ မီမီရာ။ ငါ့ကိုယ်ငါ နိုင်ပါတယ်"

"နိုင်ရင် ပြီးတာပဲ။ သွားမယ်"

"ထမင်းလာစားဦးမှာလား"

"မစားဘူး"

မီမီတစ်ယောက် စိတ်ကောက်သွားချေပြီ။ ဘယ်တတ်နိုင်ပါ့မလဲ ကိုယ်တိုင်ကလည်း အမှတ်မရှိပဲကိုး။ သူရိန်ကတော့ တစ်ခွန်းတစ်ပါဒမှ ဝင်မပြောပေ။

"အပေါ်ထပ်မှာ နေရမယ် ကိုသူရိန်"

"ဟုတ်ကဲ့"

အပေါ်ထပ်လှေခါးတွေကိုတက်ပြီး ကြယ်ရောင့်အခန်းထဲဝင်လိုက်သည်။ အရင်လို ရှုပ်ပွမနေတော့ဘဲ သန့်ရှင်းနေပြီ။ ကြယ်ရောင် ထိုအခန်းမှာ မနေတာလည်း ကြာပြီ။ ဆေးရုံက ပြန်ဆင်းလာကတည်းက မမကြီးလရောင်ခြယ်လည်း အိမ်ထောင်ပြုသွားတာမို့ အမှတ်တရတွေ အများကြီးရှိတဲ့ ထိုအခန်းကို ကျောခိုင်းပစ်ခဲ့သည်။ ကြယ်ရောင့်မိဘတွေက ဖိနပ်ဆိုင် ပင်ရင်းဖွင့်ထားသည့် ဗိုလ်မှူးဖိုးကွန်းလမ်းကအိမ်မှာသာအနေများတာမို့ ကြယ်ရောင်တစ်ယောက်သာ အိမ်ဟောင်းမှာကျန်ခဲ့သည်။

သူ့ကိုဗဟိုပြုသော ရပ်ဝန်း... (Uni, Zawgyi)- CompletedWhere stories live. Discover now