အပိုင်း ၁၈

2.8K 338 17
                                    

[Unicode]

ဖေကြီးက ပြိုင်ဘီးဝယ်ပေးရမှာမို့ မျက်နှာက ရှုံ့မဲ့နေသည်။‌ရန်ကုန်မှာ ကျောင်းတက်နေတဲ့ မမကြီးကလည်း ပြန်ရောက်လာတာမို့ ကြယ်ရောင့်အတွက် အသာစီးရနေသည်။မမကြီးက နောက်ဆုံးနှစ်ရောက်နေပြီကို စာအသေအချာမလုပ်ဘဲ ဟင်းချက်သင်တန်းတွေ၊မုန့်ဖုတ်သင်တန်းတွေ၊စာဖိုမှူးသင်တန်းတွေကိုသာ မအားမလပ်ရအောင် သင်တန်းစုံတက်သည်။မီမီ့‌ပါပါးတရုတ်ကြီးဆီကလည်း တရုတ်အစားအစာလုပ်နည်းတွေ သင်သည်။မမကြီးအိမ်ပြန်ရောက်တာနဲ့ မီးဖိုထဲ စိတ်ကြိုက်ဝင်လုပ်တော့တာပဲ။

"သားအတွက် ဘဲကင်ပေးထားတယ်"

"တကယ် ! အား လောကကြီးမှာ မမကြီးလောက်ကောင်းတဲ့သူ မရှိတော့ဘူး။ မမကြီးကိုပဲအချစ်ဆုံး"

ကြယ်ရောင်က ထမင်းစားပွဲပြင်နေတဲ့ လရောင်ခြယ် ဆီ ပြေးဖက်တော့ စားပွဲမှာထိုင်နေတဲ့ လင်မယားနှစ်ယောက်က မျက်စောင်းထိုးသည်။

"မင်းစီးတဲ့ဖိနပ်တွေက ငါ့ဆိုင်ကနော် သားငယ်လေး။ အင်္ကျီတွေကလည်း မင်းမေကြီးဆိုင်က ။နေ့တိုင်း မင်းမေကြီးချက်တာ စားနေပြီးတော့ ခုမှအာခံနေတယ်။ စက်ဘီးမဝယ်ပေးတော့ဘူး"

"မမကြီးရေ…"

ကြယ်ရောင်က မမကြီးရေပဲရှိသေး လရောင်ခြယ်က စုထားတဲ့ပိုက်ဆံတွေ ထုတ်ဖို့စဉ်းစားနေပြီ။အသက်၇နှစ်လောက် ကွာဟတာမို့ လရောင်ခြယ်က အရမ်းအလိုလိုက်သည်။ ဖြစ်ချင်တာကို မရမချင်းလုပ်ပေးတာမျိုး။မီမီ့ကိုလည်း ညီမအရင်းလိုပင်ချစ်သည်။

"ဖေကြီးကလည်းနော် ဒီကလေးပဲရှိတာကို ဒီကလေးကိုမှ မဝယ်ပေးရင် ဘယ်သူ့သွားဝယ်ပေးမလဲ။ ဖေကြီးမဝယ်ပေးရင် သမီးဝယ်ပေးမယ်။ သား ဘာအရောင်လိုချင်လဲ"

"မရဘူး ဖေကြီးဆီကပဲလိုချင်တာ"

ကြယ်ရောင်ရစ်လေလေ ကြယ်ရောင့်အဖေက လငပုပ်ဖမ်းသလို မျက်နှာကြီးညိုမှောင်လာလေလေ။ ကြယ်ရောင်တို့အိမ်မှာ ခုနောက်ပိုင်းအကျင့်တစ်ခုရှိလာသည်။ မီမီနဲ့ နေဝန်းမပါရင် ထမင်းမစားဘဲ ရောက်လာသည်အထိစောင့်သည်။တခါတရံ ကိုစိုင်းကပါ ဝင်စားတတ်သေးသည်။မမကြီးက အဝေးရောက်နေတာမို့မသိ။

သူ့ကိုဗဟိုပြုသော ရပ်ဝန်း... (Uni, Zawgyi)- CompletedWhere stories live. Discover now