[Unicode]
ကျောင်းရှေ့မှာရပ်ထားတဲ့ပရာဒိုအနက်ရောင်ကြောင့် သူကျောင်းရောက်နေပြီဆိုတာသိသည်။ကားရှေ့ဖုံးပေါ်ကပ်ထားတဲ့မြန်မာနိုင်ငံအလံသေးသေးလေးကတလွင့်လွင့်။စစ်သား သားသမီးရယ်လို့ပြောစရာတောင်မလို။နေဝန်းရံခကားနောက်မှာစစ်တပ်ကကားတစ်စီးရပ်ထားသည်။ဘာလဲထပ်ပြီးကျောင်းပြောင်းလာတဲ့သူလား...။
အရင်ကစက်ဘီးကိုကျောင်းထဲမှာထားသည်။အခုနောက်ပိုင်းကျောင်းရှေ့ကစာရေးကိရိယာလေးတွေရောင်းတဲ့ဆိုင်ရှေ့အပ်ထားတာကြောင့် နေဝန်းရံခကိုလာကြိုတဲ့ကားနဲ့မလှမ်းမကမ်းမှာဖြစ်နေသည်။"ကြယ်ကြယ်နင်သွားနှင့်လိုက်တော့။ငါမုန့်ဈေးတန်းသွားဦးမယ်။လွယ်အိတ်ယူသွားပေး"
"လိုက်ခဲ့ရမလား"
"ဟင့်အင်းရတယ်"
ချီးထုတ်မမီမီနောက်လိုက်သွားရင်ကောင်းမလား။အပေါ်တက်ပြီးအတန်းထဲအရင်သွားရမလား။လှေခါးရင်းမှာပဲစောင့်နေရမလား။မေးခွန်းပေါင်းစုံနဲ့ခေါင်းထဲချာချာလည်နေတုန်းမှာပဲ မီမီကမုန့်ဈေးတန်းတောင် ရောက်လောက်ပြီ။
"အဆင်ပြေရဲ့လား"
ရုတ်တရက်ထွက်လာတဲ့အသံ။ဩရှရှနဲ့လူကြီးသံပဲ။အပေါ်ထပ်တက်တဲ့လှေခါးနဲ့ဆရာမနားနေဆောင်ကမျက်နှာချင်းဆိုင်။ဆရာမနားနေဆောင်ဘေးမှာတော့ခုံတွေ၊ခုံအကျိုးအပဲ့တွေထားတဲ့အခန်းတစ်ခန်းရှိသည်။အသံကထိုနေရာကထွက်လာတာ။
"ပြေပါတယ်ဖေဖေ"
အဲ့ဒါကျက်သရေတုံး ရန်ခ အသံမလား။သွားနားထောင်သင့်လား၊မသင့်ဘူးလား။ဒွိဟတွေနဲ့ပဲအခန်းနားတရွေ့ရွေ့ကပ်သွားလိုက်သည်။အသာချောင်းကြည့်လိုက်တော့ကျောပေးထားတဲ့ကျောပြင်၃ခုနဲ့လက်နောက်ပစ်ပြီးမတ်မတ်ရပ်နေတဲ့ နေဝန်းရံခ။ပခုံးပေါ်ကအပွင့်တွေအရ နေဝန်းရံခရှေ့ကပုဂ္ဂိုလ်ဟာ သူ့အဖေဖြစ်လိမ့်မည်။
"ကျောင်းမှာစာသင်ရတာဘယ်လိုလဲ။"
"ကောင်းပါတယ်ဖေဖေ"
"တောင်ငူမှာမပျော်ရင်၊ရန်ကုန်ပြန်သွားလို့ရတယ်။အချိန်မှီသေးတယ်။ပြန်သွားချင်လား။"
YOU ARE READING
သူ့ကိုဗဟိုပြုသော ရပ်ဝန်း... (Uni, Zawgyi)- Completed
Romance"ဆင်းရဲသည်ဖြစ်စေ....။ချမ်းသာသည်ဖြစ်စေ...။အမြင့်မှာပဲရှိရှိ...။အနိမ့်ကိုပဲကျကျ...။ အဲ့ဒီလူဟာ မင်းဖြစ်နေရင် လက်မလွှတ်ဘဲ အတူရင်ဆိုင်မှာပါ"